< လုကာ 22 >

1 ပသခါအမည်ရှိသော အဇုမပွဲခံခါနီးတွင်၊
The feast of the unleavened bread, known as the Passover, was near.
2 ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံရကြသနည်းဟူမူကား၊ လူများတို့ကို ကြောက်ကြ၏။
The chief priest and the teachers of the Law were looking for an opportunity of destroying Jesus, for they were afraid of the people.
3 ထိုအခါ စာတန်သည် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်အထဲသို့ဝင်သည် ဖြစ်၍၊
Now Satan took possession of Judas, who was known as Iscariot, and who belonged to the Twelve;
4 ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ် သို့ အပ်ရမည်နည်းဟူ၍ တိုင်ပင်လေ၏။
and he went and discussed with the chief priests and officers in charge at the Temple the best way of betraying Jesus to them.
5 ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။
They were glad of this, and agreed to pay him.
6 ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ လူများမရှိစဉ်တွင် ကိုယ်တော်ကို အပ်ခြင်းငှါ အဆင်သင့်သော အချိန်ကာလကို ကြံလျက်နေ၏။
So Judas assented, and looked for an opportunity to betray Jesus to them, in the absence of a crowd.
7 ပသခါသိုးသငယ်ကို သတ်ရသောနေ့တည်းဟူသော အဇုမပွဲနေ့ရောက်သောအခါ၊
When the day of the Festival of the unleavened bread came, on which the Passover lambs had to be killed,
8 ကိုယ်တော်က၊ ငါတို့ စားဘို့ရာ သင်တို့သည်သွား၍ ပသခါပွဲကို ပြင်ဆင်ကြလော့ဟု ပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။
Jesus sent forward Peter and John, saying to them, ‘Go and make preparations for our eating the Passover.’
9 သူတို့ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊
‘Where do you wish us to make preparations?’ they asked.
10 ၁၀ ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူ နောက်သို့ လိုက်၍ သူဝင်သောအိမ်သို့ ဝင်ပြီးမှ၊
‘Listen,’ he answered, ‘when you have reached the city, a man carrying a pitcher of water will meet you; follow him into whatever house he enters;
11 ၁၁ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။
and you will say to the owner of the house “The teacher says to you – Where is the room where I am to eat the Passover with my disciples?”
12 ၁၂ ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
The man will show you a large upstairs room, set out; there make preparations.’
13 ၁၃ တပည့်တောတို့သည် သွား၍ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။
So Peter and John went on, and found everything just as Jesus had told them, and they prepared the Passover.
14 ၁၄ အချိန်ရောက်မှ တမန်တော်တကျိပ်နှစ်ပါးတို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊
When the time came, Jesus took his place at the table, and the apostles with him.
15 ၁၅ ငါသည် အသေမခံမှီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှါ အလွန်အလိုရှိလေပြီ။
‘I have most earnestly wished,’ he said, ‘to eat this Passover with you before I suffer.
16 ၁၆ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမှီတိုင်အောင် ယခုမှစ၍ ဤပွဲကို တဖန် ငါမစားရဟု မိန့်တော်မူလျက်၊
For I tell you that I will not eat it again, until it has had its fulfilment in the kingdom of God.’
17 ၁၇ ခွက်ဖလားကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကို ယူ၍ အချင်းချင်းဝေကြလော့။
Then, on receiving a cup, after saying the thanksgiving, he said, ‘Take this and share it among you.
18 ၁၈ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မှီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတဖန် ငါ မသောက်ရဟု မိန့်တော်မူ၏။
For I tell you that I will not, after today, drink of the fruit of the vine, until the kingdom of God has come.’
19 ၁၉ ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့ အလိုငှါ စွန့်သော ငါ၏ကိုယ် ဖြစ်၏။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။
Then Jesus took some bread, and, after saying the thanksgiving, broke it and gave to them, with the words, ‘This is my body.
20 ၂၀ ထိုနည်းတူညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။
21 ၂၁ သို့သော်လည်း ငါ့ကို အပ်နှံသောသူ၏လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။
Yet see! The hand of the man who is betraying me is beside me on the table!
22 ၂၂ ခွဲခန့်မှတ်သားတော်မူသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသော သူသည် အမင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။
True, the Son of Man is passing, by the way ordained for him, yet alas for that man by whom he is being betrayed!’
23 ၂၃ တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်းဟု အချင်းချင်း မေးမြန်းကြ၏။
Then they began questioning one another which of them it could be who was going to do this.
24 ၂၄ ထိုမှတပါး တပည့်တော်တို့သည် မိမိတို့တွင် အဘယ်သူသည် သာ၍ ကြီးမြတ်သနည်းဟု အချင်းချင်း ငြင်းခုံခြင်းရှိသည်ဖြစ်၍၊
And a dispute arose among them as to which of them was to be regarded as the greatest.
25 ၂၅ ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။
Jesus, however, said, ‘The kings of the Gentiles lord it over them, and their oppressors are styled “Benefactors.”
26 ၂၆ သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုး သောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။
But with you it must not be so. No, let the greatest among you become like the youngest, and him who leads like him who serves.
27 ၂၇ အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ် ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။
Which is the greater – the master at the table or his servant? Is not it the master at the table? Yet I myself am among you as one who serves.
28 ၂၈ ငါသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။
You are the men who have stood by me in my trials;
29 ၂၉ ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊
and, just as my Father has assigned me a kingdom, I assign you places,
30 ၃၀ သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။
so that you may eat and drink at my table in my kingdom, and be seated on twelve thrones as judges of the twelve tribes of Israel.
31 ၃၁ တဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည် အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊
Simon! Simon! listen. Satan demanded leave to sift you all like wheat,
32 ၃၂ သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရ ပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊
but I prayed for you, Simon, that your faith should not fail. And you, when you have returned to me, are to strengthen the others.’
33 ၃၃ ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းသို့၎င်း လိုက်ခြင်းငှါ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊
‘Master,’ said Peter, ‘with you I am ready to go both to prison and to death.’
34 ၃၄ သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
‘I tell you, Peter,’ replied Jesus, ‘the cock will not crow today until you have disowned all knowledge of me three times.’
35 ၃၅ တဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစုံတခုလိုသလောဟု မေးလျှင်၊ တစုံတခုမျှ မလိုပါဟု လျှောက်ကြသော်၊
Then he said to them all, ‘When I sent you out as my messengers, without either purse, or bag, or sandals, were you in need of anything?’ ‘No; nothing,’ they answered.
36 ၃၆ ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ထားမရှိသော သူသည် အဝတ်ကိုရောင်း၍ ထားကိုဝယ်စေ။
‘Now, however,’ he said, ‘he who has a purse must take it and his bag as well; and he who has not must sell his cloak and buy a sword.
37 ၃၇ အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။
For, I tell you, that passage of scripture must be fulfilled in me, which says – “He was counted among the godless”; indeed all that refers to me is finding its fulfilment.’
38 ၃၈ ထိုသူတို့ကလည်း၊ သခင်၊ ထားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။
‘Master,’ they exclaimed, ‘look, here are two swords!’ ‘Enough!’ said Jesus.
39 ၃၉ ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။
Jesus then went out, and made his way as usual to the Mount of Olives, followed by his disciples.
40 ၄၀ ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည် စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆု တောင်းကြလော့ဟု မိန့်တော်မူပြီးမှ၊
And, when he reached the spot, he said to them, ‘Pray that you may not fall into temptation.’
41 ၄၁ တပည့်တော်တို့နှင့် ကျောက်ခဲတပစ်လောက် ခွာသွား၍ ဒူးထောက်လျက်၊
Then he withdrew about a stone’s throw, and knelt down and began to pray.
42 ၄၂ အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။
‘Father,’ he said, ‘if it is your pleasure, spare me this cup; only, not my will but your be done.’
43 ၄၃ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။
Presently there appeared to him an angel from heaven, who strengthened him.
44 ၄၄ ပြင်းစွာသောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည် ကား၊ မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ ဖြစ်သတည်း။
And, as his anguish became intense, he prayed still more earnestly, while his sweat was like great drops of blood falling on the ground.
45 ၄၅ ထိုသို့ ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်း သောစိတ်ရှိသည်နှင့် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊
Then he rose from praying, and came to the disciples and found them sleeping for sorrow.
46 ၄၆ သင်တို့သည် အဘယ်ကြောင့် အိပ်ပျော်ကြသနည်း။ ထကြ။ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
‘Why are you asleep?’ he asked them. ‘Rise and pray so that you don’t fall into temptation.’
47 ၄၇ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူ အပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကို နမ်းခြင်းငှါ ချဉ်းကပ်လေ၏။
While he was still speaking, a crowd appeared in sight, led by the man called Judas, who was one of the Twelve. Judas approached Jesus, to kiss him;
48 ၄၈ ယေရှုကလည်း၊ ယုဒါ သင်သည် နမ်းခြင်းကို ပြုလျက် လူသားကိုအပ်သလောဟု မေးတော်မူ၏။
at which Jesus said to him, ‘Judas, is it by a kiss that you betray the Son of Man?’
49 ၄၉ ယေရှုနှင့်အတူပါသော သူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ထားနှင့် ခုတ်ရပါမည်လောဟု မေးလျှောက်ပြီးမှ၊
But when those who were round Jesus saw what was going to happen, they exclaimed, ‘Master, should we use our swords?’
50 ၅၀ တယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။
And one of them struck the high priest’s servant and cut off his right ear;
51 ၅၁ ယေရှုကလည်း၊ တန်စေဟု မိန့်တော်မူ၍ နားရွက်ကို လက်တော်နှင့်တို့သဖြင့် အနာကို ပျောက်စေ တော်မူ၏။
at which Jesus said, ‘Let me at least do this’; and, touching his ear, he healed the wound.
52 ၅၂ ထိုအခါ အထံတော်သို့ရောက်လာသော ယဇ်ပုရောဟိတ်အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့ အား ယေရှုက၊ သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကို ဘမ်းအံ့သောငှါ ထားနှင့် ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။
Then, turning to the chief priests and officers in charge at the Temple and the elders, who had come for him, he said, ‘Have you come out, as if after a robber, with swords and clubs?
53 ၅၃ ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဘမ်းမဆီးကြ။ သို့သော် လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်းဖြစ်၏ဟု မိန့်တော်မူ၏။
When I was with you day after day in the Temple Courts, you did not lay hands on me; but now your time has come, and the power of darkness.’
54 ၅၄ ထိုသူတို့သည် ကိုယ်တော်ကို ဘမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ဆောင်သွားကြ၏။ ပေတရု သည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။
Those who had taken Jesus prisoner took him away into the house of the high priest. Peter followed at a distance.
55 ၅၅ အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတို့အထဲ၌ ထိုင်နေ၏။
But, when they had lit a fire in the centre of the courtyard and had all sat down there, Peter seated himself in the middle of them.
56 ၅၆ ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါးမိန်းမတယောက်သည်မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုသော်၊
Presently a maidservant saw him sitting near the blaze of the fire. She looked carefully at him and said, ‘Why, this man was one of his companions!’
57 ၅၇ ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။
But Peter denied it. ‘I do not know him,’ he replied.
58 ၅၈ ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ် သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။
A little while afterwards someone else – a man – saw him and said, ‘Why, you are one of them!’ ‘No,’ Peter said, ‘I am not.’
59 ၅၉ တဖန် တနာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဘော် သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊
About an hour later another man declared positively, ‘This man also was certainly with him. Why, he is a Galilean!’
60 ၆၀ ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ၏။
But Peter said, ‘I do not know what you are speaking about.’ Instantly, while he was still speaking, a cock crowed.
61 ၆၁ ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊
And the Master turned and looked at Peter; and Peter remembered the words that the Master had said to him – ‘Before a cock has crowed today, you will disown me three times’;
62 ၆၂ ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
and he went outside and wept bitterly.
63 ၆၃ ယေရှုကို ကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကို ပြက်ယယ်ပြု၍ ရိုက်ပုတ်ကြ၏။
The men who held Jesus kept making sport of him and beating him.
64 ၆၄ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ၏။
They blindfolded him and then questioned him. ‘Now play the prophet,’ they said. ‘Who was it that struck you?’
65 ၆၅ အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့၍ ပြောဆိုကြသေး၏။
And they heaped many other insults on him.
66 ၆၆ မိုဃ်းလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် စည်းဝေး၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊
At daybreak the assembly of the elders of the people met – both the chief priests and the teachers of the Law – and took Jesus before their High Council.
67 ၆၇ သင်သည် ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောလျှင် သင်တို့ သည် မယုံ။
‘If you are the Christ,’ they said, ‘tell us so.’ ‘If I tell you,’ replied Jesus, ‘you will not believe me;
68 ၆၈ ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ၊ ငါ့ကို မလွှတ်ဘဲနေကြလိမ့်မည်။
and, if I question you, you will not answer.
69 ၆၉ နောက်၌ လူသားသည် ဘုရားသခင်၏ တန်ခိုးတော်လက်ျာဘက်၌ ထိုင်တော်မူလတံ့ဟု မိန့်တော်မူ သော်၊
But from this hour the Son of Man will be seated on the right hand of God Almighty.’
70 ၇၀ ထိုသူအပေါင်းတို့က၊ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ သားတော်မှန်သည်တကားဟု ဆိုကြလျှင်၊ သင်တို့ဆိုသည်အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။
‘Are you, then, the Son of God?’ they all asked. ‘It is true,’ answered Jesus, ‘I am.’
71 ၇၁ ထိုသူတို့ကလည်း၊ အဘယ်သက်သေလိုသေးသနည်း။ သူ၏စကားကို ငါတို့ကိုယ်တိုင် ကြားရပြီဟု ဆိုကြ၏။
At this they exclaimed, ‘Why do we want any more evidence? We have heard it ourselves from his own lips!’

< လုကာ 22 >