< ဝတ်ပြုရာ 27 >

1 တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
Y habló el SEÑOR a Moisés, diciendo:
2 လူသည် သစ္စာဂတိပြု၍ ပူဇော်လျှင်၊ ပူဇော်အပ်သော သူသည်၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရ ဘုရား၏ ဘဏ္ဍာတော် ဖြစ်ရမည်။
Habla a los hijos de Israel, y diles: Cuando alguno hiciere especial voto al SEÑOR, según la estimación de las personas que se hayan de redimir, así será tu estimación:
3 သင်သည် အဘယ်မျှ အဘိုးပြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။
En cuanto al macho de veinte años hasta sesenta, tu estimación será cincuenta siclos de plata, según el siclo del santuario.
4 မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည်။
Y si fuere hembra, la estimación será treinta siclos.
5 အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကို အကျပ်တဆယ် နှင့် အဘိုးပြတ်ရမည်။
Y si fuere de cinco años hasta veinte, tu estimación será respecto al macho veinte siclos, y a la hembra diez siclos.
6 အသက်တလမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဘိုး ပြတ်ရမည်။
Y si fuere de un mes hasta cinco años, tu estimación será en orden al macho, cinco siclos de plata; y por la hembra será tu estimación tres siclos de plata.
7 အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကို ဆယ်ငါးကျပ်၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည်။
Mas si fuere de sesenta años arriba, por el macho tu estimación será quince siclos, y por la hembra diez siclos.
8 သင်အဘိုးပြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ် သည် သစ္စာဂတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည်။
Pero si fuere más pobre que tu estimación, entonces comparecerá ante el sacerdote, y el sacerdote le apreciará; conforme a la facultad del votante le apreciará el sacerdote.
9 လူသည် တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။
Y si fuere animal de que se ofrece ofrenda al SEÑOR, todo lo que se diere de él al SEÑOR será santo.
10 ၁၀ ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင်၊ နှစ်ကောင် စလုံး သန့်ရှင်းရမည်။
No será mudado ni trocado, bueno por malo, ni malo por bueno; y si se permutare un animal por otro, él y el dado por él en cambio serán del santuario.
11 ၁၁ ထာဝရဘုရားအား မပူဇော်အပ်၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အား ပြ၍၊
Y si fuere algún animal inmundo, de que no se ofrece ofrenda al SEÑOR, entonces el animal será puesto delante del sacerdote,
12 ၁၂ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည် အတိုင်း အဘိုးရှိရမည်။
y el sacerdote lo apreciará, sea bueno o sea malo; conforme a la estimación del sacerdote, así será.
13 ၁၃ ပူဇော်သော သူသည် ရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ်၍ ပေးရမည်။
Y si lo hubieren de redimir, añadirán su quinto sobre tu estimación.
14 ၁၄ လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။
Y cuando alguno santificare su casa en santificación al SEÑOR, la apreciará el sacerdote, sea buena o sea mala; según la apreciare el sacerdote, así quedará.
15 ၁၅ ထိုအိမ်ကို သန့်ရှင်းစေသောသူ ရွေးလိုလျှင်၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ အိမ်ကို ယူရမည်။
Mas si el santificante redimiere su casa, añadirá a tu estimación el quinto del dinero sobre ella, y será suya.
16 ၁၆ လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ် ငါးဆယ်နှင့် အဘိုးပြတ် ရမည်။
Y si alguno santificare de la tierra de su posesión al SEÑOR, tu estimación será conforme a su sembradura; un homer de sembradura de cebada se apreciará en cincuenta siclos de plata.
17 ၁၇ ယုဘိလနှစ်မှစ၍ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ ပြတ်သည်အတိုင်း အဘိုးရှိရမည်။
Y si santificare su tierra desde el año del jubileo, conforme a tu estimación quedará.
18 ၁၈ ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ နောင် ယုဘိလနှစ်မှီအောင် လိုသေးသော နှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက်၍ ပြတ်သော အဘိုးရင်းငွေကို လျှော့ရမည်။
Mas si después del jubileo santificare su tierra, entonces el sacerdote hará la cuenta del dinero conforme a los años que quedaren hasta el año del jubileo, y se rebajará de tu estimación.
19 ၁၉ မိမိလယ်ကို သန့်ရှင်းစေသော သူသည် ရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ လယ်ကို အပိုင်ယူရမည်။
Y si el que santificó la tierra quisiere redimirla, añadirá a tu estimación el quinto del dinero de ella, y se le quedará para él.
20 ၂၀ သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအား ရောင်းမိလျှင်၊ နောက်တဖန် မရွေးရ။-
Mas si él no redimiere la tierra, y la tierra se vendiere a otro, no la redimirá más;
21 ၂၁ ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။
sino que cuando saliere en el jubileo, la tierra será santa al SEÑOR, como tierra de anatema; la posesión de ella será del sacerdote.
22 ၂၂ လူသည် ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊-
Y si santificare alguno al SEÑOR la tierra que él compró, que no era de la tierra de su herencia,
23 ၂၃ ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။
entonces el sacerdote calculará con él la suma de tu estimación hasta el año del jubileo, y aquel día dará tu señalado precio, cosa consagrada al SEÑOR.
24 ၂၄ ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကို အရင်ပိုင်၍ ရောင်းသောသူ လက်သို့ ပြန်စေရမည်။
En el año del jubileo, volverá la tierra a aquel de quien él la compró, cuya era la herencia de la tierra.
25 ၂၅ အဘိုးပြတ်လေရာရာ၌ အကျပ်တော်အလိုက် ပြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။
Y todo lo que apreciares será conforme al siclo del santuario; el siclo tiene veinte óbolos.
26 ၂၆ ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ် ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။
Pero el primogénito de los animales, que por la primogenitura es del SEÑOR, nadie lo santificará; sea buey u oveja, del SEÑOR es.
27 ၂၇ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးပြတ်သည်အတိုင်း ရွေး၍၊ ငါးစုတစုကို ထပ်၍ ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးပြတ်သည်အတိုင်း ရောင်းရမည်။
Mas si fuere de los animales inmundos, lo redimirán conforme a tu estimación, y añadirán sobre ella su quinto; y si no lo redimieren, se venderá conforme a tu estimación.
28 ၂၈ သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည်။-
Pero ningún anatema, que alguno santificare al SEÑOR de todo lo que tuviere, de hombres y animales, y de las tierras de su posesión, no se venderá, ni se redimirá. Todo anatema será cosa santísima al SEÑOR.
29 ၂၉ လူကိုပင် ကျိန်ဆို၍ ပူဇော်လျှင်၊ နောက်တဖန် မရွေးရ၊ သတ်ရမည်။
Cualquier anatema de hombres que se consagrare no será redimido; indefectiblemente morirá.
30 ၃၀ စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။
Y todos los diezmos de la tierra, así de la simiente de la tierra como del fruto de los árboles, del SEÑOR son; es santidad al SEÑOR.
31 ၃၁ ဆယ်စုတစုကို ရွေးလိုလျှင်၊ အဘိုးရင်းနှင့်ငါးစုတစုကို ထပ်၍ ပေးရမည်။
Y si alguno quisiere redimir algo de sus diezmos, añadirá su quinto a ello.
32 ၃၂ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင် ဆယ်စုတစုသည်၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။
Y todo diezmo de vacas o de ovejas, de todo lo que pasa bajo la vara, el diezmo será santidad al SEÑOR.
33 ၃၃ ကောင်းသလော၊ ညံ့သလောဟု မမေးမစစ်ရ။ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံး သန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။
No mirará si es bueno o malo, ni lo trocará; y si lo trocare, ello y su trueque serán santificación; no se redimirá.
34 ၃၄ ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ၌ ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။
Estos son los mandamientos que ordenó el SEÑOR a Moisés, para los hijos de Israel, en el monte de Sinaí.

< ဝတ်ပြုရာ 27 >