< ဝတ်ပြုရာ 1 >

1 ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ၍၊
KAHEA mai la o Iehova ia Mose, olelo mai la hoi ia ia mai loko mai o ka halelewa o ke anaina, i mai la,
2 သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကို ဆောင်ခဲ့၍ ဆက်ရမည်။
E olelo aku oe i na mamo a Iseraela, e i aku hoi ia lakou, Ina e lawe kekahi kanaka o oukou i ka mohai ia Iehova, no na holoholona e lawe ai oukou i ka oukou mohai, no ka ohana bipi, a no ka ohana hipa,
3 နွားကို မီးရှို့ရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည်။
Ina o kana mohai he mohaikuni noloko o ka ohana bipi, e mohai oia i ke kane kina ole: e mohai aku hoi oia ia no kona makemake iho ma ka puka o ka halelewa o ke anaina, ma ke alo o Iehova.
4 ပူဇော်သော နွား၏ခေါင်းပေါ်မှာ မိမိလက်ကို တင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။
A e kau ae oia i kona lima maluna o ke poo o ka mohaikuni; a e maliuia nona e hooliloia i kalahala nona.
5 ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေး ကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
A e pepehi oia i ka bipi kane ma ke alo o Iehova; a o lawe mai na kahuna, ka Aarona mau keiki, i ke koko, a e pipi i ke koko a puni maluna iho o ke Kuahu, ka mea ma ka puka o ka halelewa o ke anaina.
6 ပူဇော်သောသူသည် ထိုအကောင်၏ အရေကို ချွတ်၍ အပိုင်းပိုင်း ဖြတ်ရမည်။
A e lole oia i ka ili o ka mohaikuni, a e okioki i ka mohai i mau apana.
7 အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊
A e kau ae na keiki a Aarona ke kahuna i ke ahi maluna o ke kuahu, a e kau pono i ka wahie maluna o ke ahi.
8 ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတများကို တင်ရမည်။
A e kau na kahuna, ka Aarona mau keiki i na apana, i ke poo, a me ke kaikea, a pono maluna o ka wahie ka mea maluna o ke ahi, ka mea maluna o ke kuahu.
9 ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တ ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
Aka e holoi oia i kona naau, a me kona mau wawae, me ka wai; a e kuni ke kahuna i na mea a pau maluna o ke kuahu, i mohaikuni, he inohai i kaumahaia ma ke ahi, he mea ala ono ia Iehova.
10 ၁၀ သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊
A ina no loko o ka ohana o na hipa, a o na kao kona mohai i mohaikuni, e lawe mai oia ia he kane kina ole,
11 ၁၁ ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင် မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
A e pepehi oia ia ia ma ka aoao kukulu akau ma ke alo o Iehova; a e pipi na kahuna ka Aarona mau keiki i kona koko a puni maluna o ke kuahu.
12 ၁၂ ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့်ဆီဥကို စုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ ရှိသော ထင်းမီးအပေါ်မှာ ခင်းရမည်။
A e okioki iho oia i mau apana una me kona poo a me kona konahua: a e kau ke kahuna ia mau mea a pono, maluna o ka wahie, ka mea maluna o ke ahi, ka mea maluna o ke kuahu.
13 ၁၃ ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင် ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တကောင် လုံးကို ဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
Aka e holoi oia i ka naau, a me kona mau wawae me ka wai; a e lawe pu mai ke kahuna a e kuni maluna iho o ke kuahu: he mohaikuni ia, he mohai i kaumahaia ma ke ahi, he mea ala ono ia Iehova.
14 ၁၄ ထာဝရဘုရားအား ငှက်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ ဆက်ရမည်။
A ina no na manu ka mohaikuni kona mohai ia Iehova, alaila e lawe mai oia i kana mohai no na kuhukuku, a i ole ia, no na nunu opiopio.
15 ၁၅ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည်။
A e lawe mai ke kahuna ia i ke kuahu, a e niki i kona poo, a e kuni aku ia ma ke kuahu, a e uwiia kona koko ma ka aoao o ke kuahu.
16 ၁၆ စာလုတ်မှစ၍ စာလုတ်၌ ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင် အရှေ့ဘက်နား၌ ပစ်ထားရမည်။
A e unuhi ae oia i kona opu a me kona haumia, a e holoi ae ia ma ka aoao o ke kuahu, ma ka hikina, ma kahi o ka lehu.
17 ၁၇ အတောင်ပါလျက် ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီး အပေါ်မှာ မီးရှို့ရမည်။ မီးရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
A e mahele oia ia ia me kona mau eheu, aole hoi e hookaawale loa; a e kuni ke kahuna ia ma ke kuahu maluna o ka wahie ka mea iluna o ke ahi; he mohaikuni ia, he mohai kaumahaia ma ke ahi, he mea ala ono ia Iehova.

< ဝတ်ပြုရာ 1 >