< မြည်တမ်းစကား 3 >

1 ငါသည် ဘုရားသခင်၏ အမျက်တော်ကြိမ်လုံး အောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။
Ja sam čovjek što upozna bijedu pod šibom gnjeva njegova.
2 ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက် ထဲသို့ ပို့ဆောင်တော်မူ၏။
Mene je odveo i natjerao da hodam u tmini i bez svjetlosti.
3 အကယ်စင်စစ်ငါ့ကို တနေ့လုံးအထပ်ထပ် ဒဏ်ခတ်တော်မူ၏။
I upravo mene bije i udara bez prestanka njegova ruka.
4 ငါ့အရေနှင့်အသားကို ဆွေးရိစေ၍ ငါ့အရိုး တို့ကိုလည်း ချိုးတော်မူ၏။
Iscijedio je moje meso, kožu moju, polomio kosti moje.
5 ငါ့တဘက်၌ တပ်တည်၍ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။
Načinio mi jaram, glavu obrubio tegobama.
6 သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။
Pustio me da živim u tminama kao mrtvaci vječiti.
7 ငါမထွက်နိုင်အောင် ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။
Zazidao me, i ja ne mogu izaći, otežao je moje okove.
8 ထိုမျှမကငါသည် ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။
Kada sam vikao i zapomagao, molitvu je moju odbijao.
9 ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။
Zazidao mi ceste tesanim kamenom, zakrčio je putove moje.
10 ၁၀ ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့၎င်း ဖြစ် တော်မူ၏။
Meni on bijaše medvjed koji vreba, lav u zasjedi.
11 ၁၁ ငါ့ကိုလမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။
U bespuća me vodio, razdirao, ostavljao me da umirem.
12 ၁၂ လေးတော်ကိုတင်၍ ပစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။
Napinjao je luk svoj i gađao me kao metu za svoje strelice.
13 ၁၃ မြှားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်း စေတော်မူ၏။
U slabine mi sasuo strelice, sinove svoga tobolca.
14 ၁၄ ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား။
Postao sam smiješan svome narodu, rugalica svakidašnja.
15 ၁၅ ခါးသောဆေးနှင့်ငါ့ကိုဖြည့်၍၊ ဒေါနနှင့်ယစ်မူး စေတော်မူ၏။
Gorčinom me hranio, pelinom me napajao.
16 ၁၆ ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော် မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။
Puštao me da zube kršim kamen grizući, zakapao me u pepeo.
17 ၁၇ ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွေ့တော်မူ သောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့ ၏။
Duši je mojoj oduzet mir i više ne znam što je sreća!
18 ၁၈ သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မြော်လင်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။
Rekoh: Dotrajao je život moj i nada koja mi od Jahve dolazi.
19 ၁၉ အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့် သည်းခြေအရည်ကို၎င်း အောက်မေ့တော်မူပါ။
Spomeni se bijede moje i stradanja, pelina i otrova!
20 ၂၀ ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည်။
Bez prestanka na to misli i sahne duša u meni.
21 ၂၁ ထိုသို့အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ၏။
To nosim u srcu i gojim nadu u sebi.
22 ၂၂ ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာ တော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။
Dobrota Jahvina nije nestala, milosrđe njegovo nije presušilo.
23 ၂၃ နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
Oni se obnavljaju svako jutro: tvoja je vjernost velika!
24 ၂၄ ငါ့ဝိညာဉ်၏ သဘောဟူမူကား၊ ထာဝရဘုရား သည် ငါ၏အဘို့ ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော် ကို ငါမြော်လင့်ပါ၏။
“Jahve je dio moj”, veli mi duša, “i zato se u nj pouzdajem.”
25 ၂၅ ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော် ကို ရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။
Dobar je Jahve onom koji se u nj pouzdaje, duši koja ga traži.
26 ၂၆ ကယ်တင်တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ်စွာ စောင့်၍ နေကောင်း၏။
Dobro je u miru čekati spasenje Jahvino!
27 ၂၇ လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း၏။
Dobro je čovjeku da nosi jaram za svoje mladosti.
28 ၂၈ ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။
Neka sjedi u samoći i šuti, jer mu On to nametnu;
29 ၂၉ မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။
neka usne priljubi uz prašinu, možda još ima nade!
30 ၃၀ ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင် ခြင်းနှင့်ပြည့်ဝစေ။
Neka pruži obraz onome koji ga bije, neka se zasiti porugom.
31 ၃၁ အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။
Jer Gospod ne odbacuje nikoga zauvijek:
32 ၃၂ ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။
jer ako i rastuži, on se smiluje po svojoj velikoj ljubavi.
33 ၃၃ ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။
Jer samo nerado on ponižava i rascvili sinove čovjeka.
34 ၃၄ ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု၊
Kad se gaze nogama svi zemaljski sužnjevi,
35 ၃၅ လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက်၌ ဖျက်ခြင်းအမှု၊
kad se izvrće pravica čovjeku pred licem Svevišnjeg,
36 ၃၆ သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ။
kad se krivica nanosi čovjeku u parnici, zar Gospod ne vidi?
37 ၃၇ ထာဝရဘုရားမှာထားတော်မမူဘဲ၊ အဘယ်သူ သည် ပြော၍တစုံတခုကို ဖြစ်စေနိုင်သနည်း။
Tko je rekao nešto i zbilo se? Nije li Gospod to zapovjedio?
38 ၃၈ အမြင့်ဆုံးသော ဘုရား၏နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော။
Ne dolazi li iz usta Svevišnjega i dobro i zlo?
39 ၃၉ အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။
Na što se tuže živi ljudi? Svatko na svoj grijeh.
40 ၄၀ ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။
Ispitajmo, pretražimo pute svoje i vratimo se Jahvi.
41 ၄၁ ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။
Dignimo svoje srce i ruke svoje k Bogu koji je na nebesima.
42 ၄၂ အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။
Da, mi smo se odmetali, bili nepokorni, a ti, ti nisi praštao!
43 ၄၃ အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တဖန်အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက် တော်မူ၏။
Obastrt gnjevom svojim, gonio si nas, ubijao i nisi štedio.
44 ၄၄ အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုဃ်းတိမ်ဖြင့်ကိုယ်ကို ကွယ်ကာ တော်မူ၏။
Oblakom si se obastro da molitva ne prodre do tebe.
45 ၄၅ အကျွန်ုပ်တို့ကိုလူမျိုးတို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက်ကဲ့သို့၎င်း၊ ရွံစရာအရာကဲ့သို့၎င်း ဖြစ်စေတော်မူ၏။
Načinio si od nas smeće i odmet među narodima.
46 ၄၆ ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက်၌ နှုတ်ကိုဖွင့်ကြပါ၏။
Razjapili usta na nas svi neprijatelji naši.
47 ၄၇ အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့၎င်း ရောက်ကြပါပြီ။
Užas i jama bila nam sudbina, propast i zator!
48 ၄၈ ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊
Potoci suza teku iz očiju mojih zbog propasti Kćeri naroda mojega.
49 ၄၉ ငါမျက်စိသည်မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။
Moje oči liju suze bez prestanka, jer prestanka nema
50 ၅၀ ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့်၍ ရှုမှတ်တော်မမူမှီတိုင်အောင်၊ ငါ့မျက်ရည်သည် ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။
dok ne pogleda i ne vidi Jahve s nebesa.
51 ၅၁ ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါမျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။
Moje mi oko bol zadaje zbog kćeri svih mojega grada.
52 ၅၂ အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသောသူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကိုလိုက်၍ ရှာကြ၏။
Uporno me k'o pticu progone svi što me mrze, a bez razloga.
53 ၅၃ မြေတွင်း၌ ငါ့အသက်ကို ဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ၏။
U jamu baciše moj život i zatrpaše je kamenjem.
54 ၅၄ ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ၏။
Voda mi dođe preko glave, rekoh sam sebi: “Pogiboh!”
55 ၅၅ အိုထာဝရဘုရား၊ နက်သော မြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။
I tada zazvah ime tvoje, Jahve, iz najdublje jame.
56 ၅၆ အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။
Ti oču moj glas: “Ne začepljuj uši svoje na vapaje moje.”
57 ၅၇ အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ။
Bliz meni bijaše u dan vapaja mog, govoraše: “Ne boj se!”
58 ၅၈ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပြီ။
Ti si, Gospode, izborio pravdu za dušu moju, ti si život moj izbavio.
59 ၅၉ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။
Ti, Jahve, vidje kako me tlače, dosudi mi pravdu.
60 ၆၀ သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသော အကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။
Ti vidje svu osvetu njinu, sve podvale protiv mene.
61 ၆၁ အိုထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်း နှင့်မကောင်း သောအကြံရှိသမျှကို၎င်း၊
Čuo si, Jahve, podrugivanje njihovo, sve podvale protiv mene.
62 ၆၂ အကျွန်ုပ်တဘက်၌ ထသောသူတို့၏ အပြစ်တင် ခြင်း၊ အကျွန်ုပ်တဘက်၌ တနေ့လုံးကြံစည်ခြင်းကို၎င်း ကိုယ်တော်ကြားတော်မူပြီ။
Usne protivnika mojih i misli njine protiv mene su cio dan.
63 ၆၃ သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။
Kad sjede, kad ustaju, pogledaj samo: ja sam im pjesma-rugalica.
64 ၆၄ အိုထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။
Vrati im, Jahve, milo za drago, po djelu ruku njihovih.
65 ၆၅ သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။
Učini da srca im otvrdnu, udari ih prokletstvom svojim.
66 ၆၆ အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုဃ်းကောင်းကင်အောက်မှ သုတ်သင် ပယ်ရှင်းတော်မူပါ။
Goni ih gnjevno i sve ih istrijebi pod nebesima svojim, Jahve!

< မြည်တမ်းစကား 3 >