< ယောရှု 13 >

1 ယောရှုသည် အို၍ အသက်ကြီးရင့်သောအခါ၊ ထာဝရဘုရားက၊ သင်သည် အို၍ အသက်ကြီးရင့်ပြီ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး၏။
Y siendo Josué ya viejo, entrado en días, el SEÑOR le dijo: Tú eres ya viejo, de edad avanzada, y queda aún muchísima tierra por poseer.
2 ကျန်သောမြေဟူမူကား၊ ဖိလိတ္တိပြည်မှစ၍ ဂေရှုရိပြည်တရှောက်လုံး၊
Esta es la tierra que queda: todos los términos de los filisteos, y toda Gesur;
3 အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသော ပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇော တိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊
desde el Nilo, que está delante de Egipto, hasta el término de Ecrón al norte, la cual es contada entre los cananeos; cinco provincias de los filisteos; los gazeos, asdodios, ascalonitas, geteos, y ecronitas; y los aveos;
4 တောင်မျက်နှာမှစ၍ အာမောရိပြည် အာဖက် မြို့တိုင်အောင်၊ ခါနနိပြည်တရှောက်လုံးနှင့် ဇိဒုန်ပြည် အနားမှာရှိသော မာရာပြည်၊
al mediodía toda la tierra de los cananeos, y Mehara que es de los de Sidón, hasta Afec, hasta el término del amorreo;
5 နေထွက်ရာဘက်၊ ဟေရမုန်တောင်ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တရှောက်လုံးကျန်သတည်း။
y la tierra de los giblitas, y todo el Líbano hacia donde sale el sol, desde Baal-gad a las raíces del monte de Hermón, hasta entrar en Hamat.
6 လေဗနုန်တောင်မှစ၍ မိသရဖေါသမိမ်မြို့တိုင် အောင်၊ တောင်ပေါ်၌နေသောသူနှင့် ဇိဒေါနိလူအပေါင်း တို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည်။ သို့ဖြစ်၍ ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့။
Todos los que habitan en las montañas desde el Líbano hasta las aguas calientes, todos los sidonios; yo los desarraigaré delante de los hijos de Israel; solamente repartirás tú por suerte el país a los israelitas por heredad, como te he mandado.
7 ယခုမှာ ဤပြည်ကို ဣသရေလအမျိုးကိုးမျိုးနှင့် မနာရှေအမျိုးတဝက်တို့အား အမွေဝေဖန်လော့။
Parte, pues, tú ahora esta tierra en heredad a las nueve tribus, y a la media tribu de Manasés.
8 ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ၏။
Porque la otra media recibió su heredad con los rubenitas y gaditas, la cual les dio Moisés del otro lado del Jordán al oriente, según que se la dio Moisés siervo del SEÑOR;
9 ထာဝရဘုရား၏ကျွန်မောရှေပေးသော မြေဟူမူ ကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး၊
desde Aroer, que está a la orilla del arroyo de Arnón, y la ciudad que está en medio del arroyo, y toda la campiña de Medeba, hasta Dibón;
10 ၁၀ အမ္မုန်ပြည်စွန်းတိုင်အောင်၊ ဟေရှဘုန်မြို့၌ မင်းပြုသော အာမောရိရှင်ဘုရင်ရှိဟုန် အစိုးရသောမြို့ ရှိသမျှ၊
y todas las ciudades de Sehón rey de los amorreos, el cual reinó en Hesbón, hasta los términos de los hijos de Amón;
11 ၁၁ ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူနေသောပြည်၊ ဟေရမုန်တောင်ရှိသမျှ၊ သာလကပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊
y Galaad, y los términos de Gesur, y de Maaca, y todo el monte de Hermón, y toda la tierra de Basán hasta Salca.
12 ၁၂ အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ မင်းပြုသော ဗာရှန် ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံးပါသတည်း။ ထိုမင်း တို့ကို မောရှေသည် လုပ်ကြံ၍ ပယ်ရှားလေ၏။
Todo el reino de Og en Basán, el cual reinó en Astarot y en Edrei, el cual había quedado del residuo de los refaítas; pues Moisés los hirió, y los echó de la tierra.
13 ၁၃ သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။
Mas a los de Gesur y Maaca no echaron los hijos de Israel; antes Gesur y Maaca habitaron entre los israelitas hasta hoy.
14 ၁၄ လေဝိအမျိုးသား အမွေကိုမပေး။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော် သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း။
Pero a la tribu de Leví no dio heredad: los sacrificios del SEÑOR Dios de Israel son su heredad, como él les había dicho.
15 ၁၅ မောရှေသည်၊ ရုဗင်အမျိုးသား အဆွေအမျိုး အသီးသီးတို့အား အမွေပေးသောပြည်များ ဟူမူကား၊
Dio, pues, Moisés a la tribu de los hijos de Rubén conforme a sus familias;
16 ၁၆ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အ ကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင် တရှောက်လုံး၊
y fue el término de ellos desde Aroer, que está a la orilla del arroyo de Arnón, y la ciudad que está en medio del arroyo, y toda la campiña, hasta Medeba;
17 ၁၇ ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသော မြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊
Hesbón, con todas sus villas que están en la llanura; Dibón, y Bamot-baal, y Bet-baal-meón;
18 ၁၈ ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊
y Jahaza, y Cademot, y Mefaat,
19 ၁၉ ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်တွင်တောင်ပေါ် မှာရှိသော ဇာရက်ရှာဟာမြို့၊
y Quiriataim, y Sibma, y Zaret-sahar en el monte de Emec (monte del valle);
20 ၂၀ ဗက်ပေဂုရမြို့၊ အာဇုတ်ပိသကာမြို့၊ ဗက်ယေရှိ မုတ်မြို့၊
y Bet-peor, y Asdot-pisga, y Bet-jesimot;
21 ၂၁ လွင်ပြင်၌ရှိသမျှသော မြို့တို့နှင့်တကွ၊ ဟေရှဘုန် မြို့၌မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံ တရှောက်လုံးကို ပေးသတည်း။ ထိုရှင်ဘုရင်ကို၎င်း၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည်၌နေသော မိဒျန်မင်းကြီး ငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကို၎င်း၊ မောရှေ သည် လုပ်ကြံလေ၏။
y todas las ciudades de la campiña, y todo el reino de Sehón rey de los amorreos, que reinó en Hesbón, al cual hirió Moisés, y a los príncipes de Madián, Evi, Requem, y Zur, y Hur, y Reba, príncipes de Sehón que habitaban en aquella tierra.
22 ၂၂ ပရောဖက်လုပ်သော ဗောရသား ဗာလမ်ကို လည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့ သည် ထားနှင့်ကွပ်မျက်ကြ၏။
También mataron a cuchillo los hijos de Israel a Balaam adivino, hijo de Beor, con los demás que mataron.
23 ၂၃ ရုဗင်အမျိုးသား နေရာအပိုင်းအခြားကား၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း။ ဤရွေ့ကား၊ ရုဗင် အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာ များပေတည်း။
Y fueron los términos de los hijos de Rubén el Jordán con su término. Esta fue la herencia de los hijos de Rubén conforme a sus familias, estas ciudades con sus villas.
24 ၂၄ မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီး အသီးတို့အား အမွေပေးသော ပြည်များဟူမူကား၊
Dio asimismo Moisés a la tribu de Gad, a los hijos de Gad, conforme a sus familias.
25 ၂၅ ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည် တဝက်၊
Y el término de ellos fue Jazer, y todas las ciudades de Galaad, y la mitad de la tierra de los hijos de Amón hasta Aroer, que está delante de Rabá.
26 ၂၆ ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတော နိမ်မြို့တိုင်အောင်၎င်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ် တိုင်အောင်၎င်း ပါသောပြည်၊
Y desde Hesbón hasta Ramat-mizpa, y Betonim; y desde Mahanaim hasta el término de Debir;
27 ၂၇ ချိုင့်၌လည်း၊ ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ် မြို့၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော် ဒန်မြစ်အပိုင်းအခြား၊ ဂင်္နေသရက်အိုင်နားတိုင်အောင်၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ပိုင်သော နိုင်ငံကျန်ကြွင်းသမျှ ကို ပေးသတည်း။
y la campiña de Bet-aram, y Bet-nimra, y Sucot, y Zafón, resto del reino de Sehón, rey en Hesbón; el Jordán y su término hasta el cabo del mar de Cineret del otro lado del Jordán al oriente.
28 ၂၈ ဤရွေ့ကား၊ ဂဒ်အမျိုးသား အဆွေအမျိုးအ လိုက် အမွေခံရသော မြို့ရွာများပေတည်း။
Esta es la herencia de los hijos de Gad, por sus familias, estas ciudades con sus villas.
29 ၂၉ မောရှေသည် မနာရှေအမျိုးတဝက်အား အမွေ ပေး၍၊ မနာရှေအမျိုးသားတဝက်သည် အဆွေအမျိုး အလိုက် အမွေခံရသော ပြည်များဟူမူကား၊
También dio Moisés herencia a la media tribu de Manasés; y fue de la media tribu de los hijos de Manasés, conforme a sus familias.
30 ၃၀ မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံး၊ ဗာရှန်ပြည်၌ ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။
El término de ellos fue desde Mahanaim, todo Basán, todo el reino de Og rey de Basán, y todas las aldeas de Jair que están en Basán, sesenta ciudades.
31 ၃၁ ဂိလဒ်ပြည်တဝက်၊ ဗာရှန်ပြည်၌ ဩဃ၏ နိုင်ငံ အဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏ သားမြေးတဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ ၏။
Se dio además la mitad de Galaad, y Astarot, y Edrei, ciudades del reino de Og en Basán, a los hijos de Maquir, hijo de Manasés, a la mitad de los hijos de Maquir conforme a sus familias.
32 ၃၂ ဤရွေ့ကား၊ မောရှေသည် ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ မောဘလွင်ပြင်၌ အမွေဝေဖန် သော ပြည်များပေတည်း။
Esto es lo que Moisés repartió en heredad en los llanos de Moab, del otro lado del Jordán de Jericó, al oriente.
33 ၃၃ လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော် ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း။
Mas a la tribu de Leví no dio Moisés heredad: el SEÑOR Dios de Israel es la heredad de ellos como él les había dicho.

< ယောရှု 13 >