< ယောရှု 12 >

1 ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
Voici les rois du pays que les enfants d'Israël battirent et dont ils occupèrent le pays de l'autre côté du Jourdain, vers le soleil levant, depuis le torrent d'Arnon jusqu'au mont Hermon, et toute l'Arabah à l'orient du fleuve:
2 အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊
Séhon, roi des Amorrhéens, résidant à Hésebon. Sa domination s'étendait depuis Aroër, qui est sur le bord du torrent d'Arnon, et, à partir du milieu de la vallée, sur la moitié de Galaad, jusqu'au torrent de Jacob, frontière des enfants d'Ammon;
3 အရှေ့မျက်နှာ၌ လွင်ပြင်မှစ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါ မြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်၎င်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး၊
sur l'Arabah, jusqu'à la mer de Cénéreth à l'orient, et sur la mer de l'Arabah, la mer Salée, à l'orient, vers Bethsimoth; et du côté du midi au pied des pentes du mont Phasga.
4 ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊
Puis le territoire d'Og, roi de Basan, d'entre les restes des Rephaïm, résidant à Astaroth et à Edraï.
5 ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊
Sa domination s'étendait sur la montagne d'Hermon, sur Salécha, sur tout Basan jusqu'à la frontière des Gesuriens et des Machatiens, et jusqu'à la moitié de Galaad, territoire de Séhon, roi d'Hésébon.
6 ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ၏။
Moïse, serviteur de Yahweh, et les enfants d'Israël les battirent; et Moïse, serviteur de Yahweh, donna leur pays en propriété aux Rubénites, aux Gadites et à la moitié de la tribu de Manassé.
7 ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊
Voici les rois que Josué et les enfants d'Israël battirent de ce côté du Jourdain, à l'occident, depuis Baal-Gad, dans la vallée du Liban, jusqu'à la montagne nue qui s'élève vers Séïr. Josué donna ce pays en propriété aux tribus d'Israël selon leurs familles,
8 စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
dans la montagne, dans le bas pays, sur les coteaux, dans le désert et dans le Négeb: pays des Héthéens, des Amorrhéens, des Chananéens, des Phérézéens, des Hévéens et des Jébuséens.
9 ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊
Ce sont: le roi de Jéricho, un; le roi d'Haï, près de Béthel, un;
10 ၁၀ ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီး တပါး၊
le roi de Jérusalem, un; le roi d'Hébron, un;
11 ၁၁ ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊
le roi de Jérimoth, un; le roi de Lachis, un;
12 ၁၂ ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊
le roi d'Eglon, un; le roi de Gazer, un;
13 ၁၃ ဒေဗိရမင်းကြီးတပါး၊ ဂေဒါမင်းကြီးတပါး၊
le roi de Dabir, un; le roi de Gader, un;
14 ၁၄ ဟောမာမင်းကြီးတပါး၊ အာရဒ်မင်းကြီးတပါး၊
le roi de Herma, un; le roi d'Héred, un;
15 ၁၅ လိဗနမင်းကြီးတပါး၊ အဒုလံမင်းကြီးတပါး၊
le roi de Lebna, un; le roi d'Odollam, un;
16 ၁၆ မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊
le roi de Macéda, un; le roi de Béthel, un;
17 ၁၇ တာပွါမင်းကြီးတပါး၊ ဟေဖါမင်းကြီးတပါး၊
le roi de Taphna, un; le roi d'Opher, un;
18 ၁၈ အာဖက်မင်းကြီးတပါး၊ လာရှရုန်မင်းကြီးတပါး၊
le roi d'Aphec, un; le roi de Lasaron, un;
19 ၁၉ မာဒုန်မင်းကြီးတပါး၊ ဟာဇော်မင်းကြီးတပါး၊
le roi de Madon, un; le roi d'Asor, un;
20 ၂၀ ရှိမရုန်မင်းကြီးတပါး၊ အာခရှပ်မင်းကြီးတပါး၊
le roi de Séméron, un; le roi d'Achsaph, un;
21 ၂၁ တာနက်မင်းကြီးတပါး၊ မေဂိဒ္ဒေါမင်းကြီးတပါး၊
le roi de Thanac, un; le roi de Mageddo, un;
22 ၂၂ ကေဒေရှမင်းကြီးတပါး၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး၊
le roi de Cadès, un; le roi de Jachanan, au Carmel, un;
23 ၂၃ ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး၊
le roi de Dor, sur les hauteurs de Dor, un; le roi de Gojim, à Galgal, un;
24 ၂၄ တိရဇမင်းကြီးတပါး၊ မင်းကြီးပေါင်း သုံးဆယ် တပါးတည်း။
le roi de Thersa, un. En tout, trente et un rois.

< ယောရှု 12 >