< ယောဟန် 18 >

1 ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတဘက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။
When Jesus had said this, he went out with his disciples and crossed the Kidron ravine to a place where there was a garden, into which he and his disciples went.
2 ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊
The place was well known to Judas, the betrayer, for Jesus and his disciples had often met there.
3 စစ်သူရဲတတပ်ကို၎င်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သောမင်းလုလင်တို့ကို၎င်း ခေါ်ခဲ့ ၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။
So Judas, who had obtained the soldiers of the Roman garrison, and some guards from the chief priests and the Pharisees, came there with lanterns, torches, and weapons.
4 ယေရှုသည် ကိုယ်တော်၌ဖြစ်လတံ့သမျှသော အမှုအရာတို့ကိုသိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။
Jesus, aware of all that was coming upon him, went to meet them, and said to them, ‘For whom are you looking?’
5 နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည်ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူရပ်နေ၏။
‘Jesus of Nazareth,’ was their answer. ‘I am he,’ said Jesus. (Judas, the betrayer, was also standing with them.)
6 ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။
When Jesus said “I am he,” they drew back and fell to the ground.
7 အဘယ်သူကိုရှာသနည်းဟု တဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့ သည် ဆိုကြ၏။
So he again asked for whom they were looking, and they answered, ‘Jesus of Nazareth.’
8 ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟုငါပြောပြီ။ သို့ဖြစ်၍ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေ စေဟု မိန့်တော်မူ၏။
‘I have already told you that I am he,’ replied Jesus, ‘so, if it is for me that you are looking, let these people go.’
9 ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်ဆီးခြင်းသို့ မရောက်ပါ ဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှါ ဤသို့မိန့်တော်မူ၏။
This was in fulfilment of his words – “Of those whom you have given me I have not lost one.”
10 ၁၀ ထိုအခါရှိမုန်ပေတရုသည် မိမိ၌ပါသောထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန် တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထိုကျွန်၏ အမည်ကားမာလခုဖြစ်သတည်း။
At this, Simon Peter, who had a sword with him, drew it, and struck the high priest’s servant, and cut off his right ear. The servant’s name was Malchus.
11 ၁၁ ယေရှုကလည်း ထားကိုအိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အား ပေးတော်မူသောခွက်ကို ငါ မသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ၏။
But Jesus said to Peter, ‘Sheathe your sword. Should I not drink the cup which the Father has given me?’
12 ၁၂ ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဘမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေးဦးစွာ ယူသွားကြ၏။
So the soldiers of the garrison, with their commanding officer and the Jewish guards, arrested Jesus and bound him,
13 ၁၃ အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်သတည်း။
and took him first of all to Annas. Annas was the father-in-law of Caiaphas, who was high priest that year.
14 ၁၄ ထိုကယာဖကား၊ လူတယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူ တို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။
It was Caiaphas who had counselled the religious authorities, that it was best that one person should die for the people.
15 ၁၅ ရှိမုန်ပေတရုနှင့် အခြားသောတပည့်တော်တယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထို တပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး ထဲသို့ ဝင်လေ၏။
Meanwhile Simon Peter followed Jesus, and so did another disciple. That disciple, being well-known to the high priest, went with Jesus into the high priest’s courtyard,
16 ၁၆ ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။
while Peter stood outside by the door. Presently the other disciple – the one well-known to the high priest – went out and spoke to the portress, and brought Peter in.
17 ၁၇ တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
So the maidservant said to Peter, ‘Aren’t you also one of this man’s disciples?’ ‘No, I am not,’ he said.
18 ၁၈ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့်မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက် နေ ကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။
The servants and guards were standing round a charcoal fire (which they had made because it was cold), and were warming themselves. Peter, too, was with them, standing and warming himself.
19 ၁၉ ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။
The high priest questioned Jesus about his disciples and about his teaching.
20 ၂၀ ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရား စရပ်၌၎င်း၊ ဗိမာန်တော်၌၎င်း၊ အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။
‘For my part,’ answered Jesus, ‘I have spoken to all the world openly. I always taught in some synagogue, or in the Temple Courts, places where everyone assembles, and I never spoke of anything in secret.
21 ၂၁ အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟုမိန့်တော်မူ၏။
Why question me? Question those who have listened to me as to what I have spoken about to them. They must know what I said.’
22 ၂၂ ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရာဟိတ် မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကိုရိုက်လေ၏။
When Jesus said this, one of the guards, who was standing near, gave him a blow with his hand. ‘Do you answer the high priest like that?’ he exclaimed.
23 ၂၃ ယေရှုကလည်း၊ ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။
‘If I said anything wrong, give evidence about it,’ replied Jesus, ‘but if not, why do you strike me?’
24 ၂၄ အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။
Annas sent him bound to Caiaphas the high priest.
25 ၂၅ ရှိမုန်ပေတရုသည် ရပ်၍မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
Meanwhile Simon Peter was standing there, warming himself; so they said to him, ‘Aren’t you also one of his disciples?’ Peter denied it. ‘No, I am not,’ he said.
26 ၂၆ ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့်ပေါက်ဘော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တ ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျှင်၊
One of the high priest’s servants, a relation of the man whose ear Peter had cut off, exclaimed, ‘Didn’t I myself see you with him in the garden?’
27 ၂၇ ပေတရုသည် တဖန်ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်၏။
Peter again denied it; and at that moment a cock crowed.
28 ၂၈ နံနက်အချိန်ရောက်လျှင်၊ ယေရုကို ကယာဖထမှ အိမ်တော်ဦးသို့ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း။ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။
From Caiaphas they took Jesus to the Government house. It was early in the morning. But they did not enter the Government house themselves, otherwise they might become defiled, and so be unable to eat the Passover.
29 ၂၉ ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊
Therefore Pilate came outside to speak to them. ‘What charge do you bring against this man?’ he asked.
30 ၃၀ ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟုလျှောက်ကြ၏။
‘If he had not been a criminal, we should not have given him up to you,’ they answered.
31 ၃၁ ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်းစီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။
‘Take him yourselves,’ said Pilate, ‘and try him by your own Law.’ ‘We have no power to put anyone to death,’ the authorities replied –
32 ၃၂ ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကား တော် ပြည့်စုံမည်အကြောင်းတည်း။
in fulfilment of what Jesus had said when indicating the death that he was destined to die.
33 ၃၃ ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့တဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန် သလောဟုမေး၏။
After that, Pilate went into the Government house again, and calling Jesus up, asked him, ‘Are you the king of the Jews?’
34 ၃၄ ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။
‘Do you ask me that yourself?’ replied Jesus, ‘or did others say it to you about me?’
35 ၃၅ ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနျင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်းဟုမေးလျှင်၊
‘Do you take me for a Jew?’ was Pilate’s answer. ‘It is your own nation and the chief priests who have given you up to me. What have you done?’
36 ၃၆ ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှါ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံ သည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ၏။
‘My kingly power,’ replied Jesus, ‘is not due to this world. If it had been so, my servants would be doing their utmost to prevent my being given up to the authorities; but my kingly power is not from the world.’
37 ၃၇ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည်ရှင်ဘုရင်မှန်သလောဟုမေးသော်၊ ယေရှုက၊ မင်းကြီး မေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ငါသည်မွေးဘွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့် တော်မူ၏။
‘So you are a king after all!’ exclaimed Pilate. ‘Yes, it is true I am a king,’ answered Jesus. ‘I was born for this, I have come into the world for this – to bear testimony to the truth. Everyone who is on the side of truth listens to my voice.’
38 ၃၈ ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တဖန်ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။
‘What is truth?’ exclaimed Pilate. After saying this, he went out to the crowd again, and said, ‘For my part, I find nothing with which he can be charged.
39 ၃၉ ပသခါပွဲ၌ လူတယောက်ကို သင်တို့အားငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင် သလောဟု မေးလျှင်၊
It is, however, the custom for me to grant you the release of one man at the Passover Festival. Do you wish for the release of the king of the Jews?’
40 ၄၀ တဖန်လူအပေါင်းတို့က၊ ဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား လွှတ်စေချင်ပါသည်ဟုအော်ဟစ်၍လျှောက်ဆိုကြ၏။ ထိုဗရဗ္ဗကား ထားပြဖြစ် သတည်း။
‘No, not this man,’ they shouted again, ‘but Barabbas!’ This Barabbas was a robber.

< ယောဟန် 18 >