< ယောဟန် 10 >

1 ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့တံခါးစဖြင့်မဝင် အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုး ထားပြဖြစ်၏။
„Sandelig, sandelig, siger jeg eder, den, som ikke gaar ind i Faarefolden gennem Døren, men stiger andensteds over, han er en Tyv og en Røver.
2 သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။
Men den, som gaar ind igennem Døren, er Faarenes Hyrde.
3 ထိုးသူအားတံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကိုသိုးတို့သည် နားထောင်တတ်ကြ၏။ သူ သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။
For ham lukker Dørvogteren op, og Faarene høre hans Røst; og han kalder sine egne Faar ved Navn og fører dem ud.
4 သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။
Og naar han har ført alle sine egne Faar ud, gaar han foran dem; og Faarene følge ham, fordi de kende hans Røst.
5 မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ် ကြသည်ဟု မိန့်တော်မူ၏။
Men en fremmed ville de ikke følge, men de ville fly fra ham, fordi de ikke kende de fremmedes Røst.‟
6 ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက် အဓိပ္ပါယ်ကိုနားမလည်ကြ။
Denne Lignelse sagde Jesus til dem; men de forstode ikke, hvad det var, som han talte til dem.
7 ထိုကြောင့် တဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။
Jesus sagde da atter til dem: „Sandelig, sandelig, siger jeg eder, jeg er Faarenes Dør.
8 ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။
Alle de, som ere komne før mig, ere Tyve og Røvere; men Faarene hørte dem ikke.
9 ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက်ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။
Jeg er Døren; dersom nogen gaar ind igennem mig, han skal frelses; og han skal gaa ind og gaa ud og finde Føde.
10 ၁၀ သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။
Tyven kommer ikke uden for at stjæle og slagte og ødelægge; jeg er kommen, for at de skulle have Liv og have Overflod.
11 ၁၁ ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။
Jeg er den gode Hyrde; den gode Hyrde sætter sit Liv til for Faarene.
12 ၁၂ သိုးများကိုပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ကွဲလွင့်စေ၏။
Men Lejesvenden, som ikke er Hyrde, hvem Faarene ikke høre til, ser Ulven komme og forlader Faarene og flyr, og Ulven røver dem og adspreder dem,
13 ၁၃ သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။
fordi han er en Lejesvend og ikke bryder sig om Faarene.
14 ၁၄ ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
Jeg er den gode Hyrde, og jeg kender mine, og mine kende mig,
15 ၁၅ ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့်၏။
ligesom Faderen kender mig, og jeg kender Faderen; og jeg sætter mit Liv til for Faarene.
16 ၁၆ ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။
Og jeg har andre Faar, som ikke høre til denne Fold; ogsaa dem bør jeg føre, og de skulle høre min Røst; og der skal blive een Hjord, een Hyrde.
17 ၁၇ ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။
Derfor elsker Faderen mig, fordi jeg sætter mit Liv til for at tage det igen.
18 ၁၈ ငါ့အသက်ကို အဘယ်သူမျှမလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန်ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကိုခမည်းတော်သည် ပေး တော်မူပြီဟု မိန့်တော်မူ၏။
Ingen tager det fra mig, men jeg sætter det til af mig selv. Jeg har Magt til at sætte det til, og jeg har Magt til at tage det igen. Dette Bud modtog jeg af min Fader.‟
19 ၁၉ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ၏။
Der blev atter Splid iblandt Jøderne for disse Ords Skyld.
20 ၂၀ လူများတို့က၊ သူသည်နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။
Og mange af dem sagde: „Han er besat og raser, hvorfor høre I ham?‟
21 ၂၁ အချို့တို့က၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူ တို့ကို မြင်စေခြင်းငှါ တတ်နိုင်သလောဟုဆိုကြ၏။
Andre sagde: „Dette er ikke Ord af en besat; mon en ond Aand kan aabne blindes Øjne?‟
22 ၂၂ ဆောင်းကာလဖြစ်၍ အင်္ကနိပွဲကို ယေရုရှလင်မြို့၌ခံကြသောအခါ၊
Men Tempelvielsens Fest indtraf i Jerusalem. Det var Vinter;
23 ၂၃ ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန် ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၊
og Jesus gik omkring i Helligdommen, i Salomons Søjlegang.
24 ၂၄ ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည် နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟုဆိုကြ၏။
Da omringede Jøderne ham og sagde til ham: „Hvor længe holder du vor Sjæl i Uvished? Dersom du er Kristus, da sig os det rent ud!‟
25 ၂၅ ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။
Jesus svarede dem: „Jeg har sagt eder det, og I tro ikke. De Gerninger, som jeg gør i min Faders Navn, de vidne om mig;
26 ၂၆ သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်ကြောင့် မယုံသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ်။ အထက်က ငါပြောသည်အတိုင်း၊
men I tro ikke, fordi I ikke ere af mine Faar.
27 ၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။
Mine Faar høre min Røst, og jeg kender dem, og de følge mig,
28 ၂၈ ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ (aiōn g165, aiōnios g166)
og jeg giver dem et evigt Liv, og de skulle i al Evighed ikke fortabes, og ingen skal rive dem ud af min Haand. (aiōn g165, aiōnios g166)
29 ၂၉ ထိုသိုးတို့ကို ငါ့၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ်၍၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှမနှုတ်မယူနိုင်ရာ။
Min Fader, som har givet mig dem, er større end alle; og ingen kan rive noget af min Faders Haand.
30 ၃၀ ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။
Jeg og Faderen, vi ere eet.‟
31 ၃၁ ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။
Da toge Jøderne atter Stene op for at stene ham.
32 ၃၂ ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊
Jesus svarede dem: „Mange gode Gerninger har jeg vist eder fra min Fader; for hvilken af disse Gerninger stene I mig?‟
33 ၃၃ ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။
Jøderne svarede ham: „For en god Gerning stene vi dig ikke, men for Gudsbespottelse, og fordi du, som er et Menneske, gør dig selv til Gud.‟
34 ၃၄ ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည် မဟုတ်လော။
Jesus svarede dem: „Er der ikke skrevet i eders Lov: Jeg har sagt: I ere Guder?
35 ၃၅ ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရ လျှင်၎င်း၊
Naar den nu har kaldt dem Guder, til hvem Guds Ord kom (og Skriften kan ikke rokkes),
36 ၃၆ ခမည်းတော်သည်သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည်ဘုရားသခင်၏ သားတော်ဖြစ်သည်ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ပြောသည်ဟု ထိုသူအား ဆိုရာ သလော။
sige I da til den, hvem Faderen har helliget og sendt til Verden: Du taler bespotteligt, fordi jeg sagde: Jeg er Guds Søn?
37 ၃၇ ငါသည် ငါ့ခမည်းတော်၏အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့်။
Dersom jeg ikke gør min Faders Gerninger, saa tror mig ikke!
38 ၃၈ ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊ ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း ယုံ၍ သိမှတ်ကြလိမ့်ဟု မိန့်တော်မူ၏။
Men dersom jeg gør dem, saa tror Gerningerne, om I end ikke ville tro mig, for at I kunne indse og erkende, at Faderen er i mig, og jeg i Faderen.‟
39 ၃၉ ထိုအခါ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ တဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။
De søgte da atter at gribe ham; og han undslap af deres Haand.
40 ၄၀ ယောဟန်သည် ဗတ္တိဇံကို ရှေးဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တဘက်သို့ တဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။
Og han drog atter bort hinsides Jordan til det Sted, hvor Johannes først døbte, og han blev der.
41 ၄၁ လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော် လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊
Og mange kom til ham, og de sagde: „Johannes gjorde vel intet Tegn; men alt, hvad Johannes sagde om denne, var sandt.‟
42 ၄၂ ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
Og mange troede paa ham der.

< ယောဟန် 10 >