< ယေရမိ 51 >

1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက်၌၎င်း၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော်သော သူတို့တဘက်၌၎င်း၊ ဖျက်ဆီးတတ်သော လေကို ငါထစေ မည်။
Así dijo el SEÑOR: He aquí que yo levanto sobre Babilonia, y sobre sus moradores que de corazón se levantan contra mí, un viento destruidor.
2 စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန်မြို့ သို့ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးကိုပြာ၍ ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့ သည် မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက်နေကြ လိမ့်မည်။
Y enviaré a Babilonia aventadores que la avienten, y vaciarán su tierra; porque serán contra ella de todas partes en el día del mal.
3 လေးကိုကိုင်သောသူ၊ သံချပ်အင်္ကျီကိုဝတ်သော သူတို့ကို လေးတင်၍ ပစ်ကြလော့။ မြို့သားလုလင်တို့ကို မနှမြောဘဲ၊ မြို့သားအလုံးအရင်းရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။
Diré al flechero que entesa su arco, y al que se pone orgulloso con su loriga: No perdonéis a sus jóvenes, destruid todo su ejército.
4 ထိုသို့သူရဲတို့သည် ခါလဒဲပြည်တွင်၊ လမ်းမတို့၌ လဲ၍အထိုးခံရကြလိမ့်မည်။
Y caerán muertos en la tierra de los caldeos, y alanceados en sus plazas.
5 ဣသရေလအမျိုးနှင့်ယုဒအမျိုးနေရာ ပြည်သည်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရားကို ပြစ်မှားသော အပြစ်နှင့်ပြည့်သော်လည်း၊ သူတို့ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ။
Porque Israel y Judá no han enviudado de su Dios, el SEÑOR de los ejércitos, aunque su tierra fue llena de pecado contra el Santo de Israel.
6 ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည်။
Huid de en medio de Babilonia, y librad cada uno su alma, para que no perezcáis a causa de su maldad; porque el tiempo es de venganza del SEÑOR; le dará su pago.
7 ဗာဗုလုန်မြို့သည်၊ ထာဝရဘုရားကိုင်တော်မူ၍ မြေကြီးတပြင်လုံးကို ယစ်မူးစေသောရွှေဖလားဖြစ်၏။ ထိုဖလား၌ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်၍အရူးဖြစ်ကြ၏။
Vaso de oro fue Babilonia en la mano del SEÑOR, que embriaga toda la tierra; de su vino bebieron los gentiles; por tanto, enloquecerán las naciones.
8 ဗာဗုလုန်မြို့သည် ချက်ခြင်းပြိုလဲ၍ ပျက်စီးပြီ။ သူ၏အတွက် ငိုကြွေးမြည်တမ်းကြလော့။ သူ၏အနာ ပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှါ ဗာလစံစေးကို ယူကြလော့။
En un momento cayó Babilonia, y se quebrantó; aullad sobre ella; tomad bálsamo para su dolor, por ventura sanará.
9 ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေ ခြင်းငှါ ပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကို စွန့်ပစ်၍၊ အသီးအသီး ငါတို့ နေရင်းပြည်သို့ သွားကြ ကုန်အံ့။ သူခံရသော အပြစ်သည် ကောင်းကင် တိုင်အောင် ရောက်၍၊ မိုဃ်းတိမ်ကို ထိလျက်ရှိ၏။
Curamos a Babilonia, y no ha sanado; dejadla, y vámonos cada uno a su tierra; porque ha llegado hasta el cielo su juicio, y se ha alzado hasta las nubes.
10 ၁၀ ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဘော်ပြတော်မူပြီ။ လာကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့၌ ကြားပြောကြ ကုန်အံ့။
El SEÑOR sacó a luz nuestras justicias; venid, y contemos en Sion la obra del SEÑOR nuestro Dios.
11 ၁၁ မြှားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံ ရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။
Limpiad las saetas, embrazad los escudos; ha despertado el SEÑOR el espíritu de los reyes de Media; porque contra Babilonia es su pensamiento para destruirla; porque venganza es del SEÑOR, venganza es de su templo.
12 ၁၂ ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရ ဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။
Levantad bandera sobre los muros de Babilonia, reforzad la guardia, poned centinelas, disponed celadas; porque deliberó el SEÑOR, y aun pondrá en efecto lo que dijo sobre los moradores de Babilonia.
13 ၁၃ များစွာသော ရေအနားမှာနေ၍ စည်းစိမ်ကြီး သောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘ အလိုပျက်ချိန် ရောက်လေပြီ။
La que moras entre muchas aguas, rica en tesoros, ha venido tu fin, la medida de tu codicia.
14 ၁၄ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ သင့်ကို ကျိုင်းကောင်များနှင့်ပြည့်စေသကဲ့သို့ လူများနှင့်ပြည့် စေမည်။ သူတို့သည်သင့်တဘက်၌ ကြွေးကြော်သံကို လွှင့် ကြလိမ့်မည်။
El SEÑOR de los ejércitos juró por su vida, diciendo: Yo te llenaré de hombres como de langostas, y cantarán sobre ti canción de lagareros.
15 ၁၅ တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော် မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော် မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
El es el que hace la tierra con su fortaleza, el que afirma el mundo con su sabiduría, y extiende los cielos con su entendimiento;
16 ၁၆ အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှမိုဃ်းတိမ်ကို တက်စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေ တော်မူ၏။ လေကိုလည်း ဘဏ္ဍာတော် တိုက်ထဲကထုတ် တော်မူ၏။
el que da con su voz multitud de aguas del cielo; después hace subir las nubes de lo postrero de la tierra; hace relámpagos con la lluvia, y saca el viento de sus tesoros.
17 ၁၇ လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသော သူတိုင်းမိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။
Todo hombre se ha vuelto carnal, y es sin ciencia; avergüéncese todo artífice de la escultura, porque mentira es su vaciadizo, que no tiene aliento.
18 ၁၈ ထိုသို့သော အရာတို့သည် အချည်းနှီးသက် သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ ကွယ်ပျောက်ကြ လိမ့်မည်။
Vanidad son, obra de irrisiones; en el tiempo de su visitación perecerán.
19 ၁၉ ယာကုပ်အမျိုး၏ အဘို့ဖြစ်သောဘုရားသည် ထိုသို့သောအရာနှင့်တူတော်မမူ။ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းသောဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။
No es como ellos la parte de Jacob; porque él es el Formador de todo; e Israel es la vara de su heredad, el SEÑOR de los ejércitos es su Nombre.
20 ၂၀ အိုသံတူကြီး၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ်၏။ သင့်ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ။
Martillo me sois, oh armas de guerra; y por medio de ti quebrantaré gentiles, y por medio de ti desharé reinos;
21 ၂၁ သင့်ကိုကိုင်၍ မြင်းနှင့်မြင်းစီးသူရဲကို၎င်း၊ ရထားနှင့်ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ပြီ။
y por medio de ti quebrantaré caballos y sus cabalgadores, y por medio de ti quebrantaré carros y los que en ellos suben;
22 ၂၂ သင့်ကိုကိုင်၍ ယောက်ျားနှင့်မိန်းမတို့ကို၎င်း၊ အသက်ကြီးသူနှင့် အသက်ငယ်သူတို့ကို၎င်း၊ လူပျိုနှင့် အပျိုမတို့ကို၎င်း ငါချိုးဖဲ့ပြီ။
asímismo por medio de ti quebrantaré varones y mujeres, y por medio de ti quebrantaré viejos y mozos, y por medio de ti quebrantaré jóvenes y vírgenes;
23 ၂၃ သင့်ကိုကိုင်၍ သိုးထိန်းနှင့်သိုးစုကို၎င်း၊ လယ် လုပ်သော သူနှင့် နွားယှဉ်ကို၎င်း၊ ဗိုလ်များနှင့် မင်းများကို ၎င်း ငါချိုးဖဲ့ပြီ။
también quebrantaré por medio de ti al pastor y a su manada; quebrantaré por medio de ti a labradores y sus yuntas; y duques y príncipes quebrantaré por medio de ti.
24 ၂၄ သို့ရာတွင်၊ ဗာဗုလုန်မြို့သူ၊ ခါလာဒဲပြည်သား အပေါင်းတို့သည် ဇိအုန်မြို့၌ပြုလေသမျှသော ဒုစရိုက် ရှိသည်အတိုင်း၊ ငါသည် သင်တို့ မျက်မှောက်၌ သူတို့အား အပြစ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Y pagaré a Babilonia y a todos los moradores de Caldea, todo el mal de ellos que hicieron en Sion delante de vuestros ojos, dijo el SEÑOR.
25 ၂၅ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီးတပြင်လုံးကို ဖျက်ဆီး တတ်သောတောင်ကြီး၊ သင့်တဘက်၌ ငါနေ၏။ သင့် အပေါ်မှာ ငါ၏လက်ကိုဆန့်လျက်။ ကျောက်တို့မှ သင့်ကို လှိမ့်ချ၍၊ မီးနှင့်ကျွမ်းလောင်သော တောင်ဖြစ်စေမည်။
He aquí yo contra ti, oh Monte destruidor, dijo el SEÑOR, que destruiste toda la tierra; y extenderé mi mano sobre ti, y te haré rodar de las peñas, y te tornaré monte quemado.
26 ၂၆ တိုက်ထောင့်အထွဋ်ကျောက်၊ တိုက်မြစ်ကျောက် တစုံတခုကိုမျှ သင်၏အထဲကမနှုတ်မယူရ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
Y nadie tomará de ti piedra para esquina, ni piedra para cimiento; porque perpetuos asolamientos serás, dijo el SEÑOR.
27 ၂၇ ထိုပြည်၌အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကိုသူ၏ တဘက်၌ပြင်ဆင် ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည် တို့ကို သူ၏တဘက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကိုခန့်ထား၍၊ အမွေး ကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီ စေကြလော့။
Alzad bandera en la tierra, tocad trompeta entre los gentiles, apercibid naciones contra ella; juntad contra ella los reinos de Ararat, de Mini, y de Askenaz; señalad contra ella capitán, haced subir caballos como langostas erizadas.
28 ၂၈ လူမျိုးများတို့နှင့်တကွ၊ မေဒိရှင်ဘုရင်မှစ၍ ဗိုလ်များ၊ မင်းများ၊ မေဒိနိုင်ငံသားအပေါင်းတို့ကို သူ၏ တဘက်၌ ပြင်ဆင်ကြလော့။
Apercibid contra ella naciones; a reyes de Media, a sus capitanes, y a todos sus príncipes, y a toda la tierra de su señorío.
29 ၂၉ ဗာဗုလုန်ပြည်သည်တုန်လှုပ်၍ လိမ့်လိမ့်မည်။ ထိုပြည်သည်နေသူမရှိ၊ သုတ်သင်ပယ်ရှင်းရာ ဖြစ်စေခြင်း ငှါ၊ ထာဝရဘုရားကြံစည်တော်မူသော အကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည်။
Y temblará la tierra, y se afligirá; porque confirmado es contra Babilonia todo el pensamiento del SEÑOR, para poner la tierra de Babilonia en soledad, y que no haya morador.
30 ၃၀ ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက် များ၌နေကြ၏။ အားလျော့၍မိန်းမကဲ့သို့ ဖြစ်ကြ၏။ မြို့သားနေရာတို့ကိုမီးရှို့၍၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ၏။
Los valientes de Babilonia dejaron de pelear, se estuvieron en sus fuertes; les faltó su fortaleza, se tornaron como mujeres; encendieron los enemigos sus casas, quebraron sus cerrojos.
31 ၃၁ ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ၍၎င်း၊ လမ်းဝကို ပိတ်ထား၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ၊ မင်းလုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ်သူချင်းတယောက်ကို တယောက် တွေ့ကြုံလျက် ပြေးလာကြ၏။
Correo se encontrará con correo, mensajero se encontrará con mensajero, para noticiar al rey de Babilonia que su ciudad es tomada por todas partes;
32 ၃၂
y los vados fueron tomados, y los carrizos fueron quemados a fuego, y se asombraron los hombres de guerra.
33 ၃၃ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ် တလင်းကဲ့သို့ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
Porque así dijo el SEÑOR de los ejércitos, Dios de Israel: La hija de Babilonia es como parva; tiempo es ya de trillarla; de aquí a poco le vendrá el tiempo de la siega.
34 ၃၄ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား၍ နှိပ်စက်ပါပြီ။ ငါတို့ကို ဟင်းလင်း သောအိုးဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကို မျို၍၊ ငါတို့ ပျော်မွေ့စရာအရာ တို့နှင့်မိမိဝမ်းကို ပြည့်စေ ပါပြီ။ ငါတို့ကို နှင်ထုတ်ပါပြီ။
Me comió, me desmenuzó Nabucodonosor rey de Babilonia; me paró como vaso vacío; me tragó como dragón, llenó su vientre de mis delicadezas, y me echó.
35 ၃၅ ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ၏အသား၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါ စေဟူ၍၎င်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း ဆိုရ၏။
Sobre Babilonia la violencia contra mí y mi carne, dirá la moradora de Sion; y mi sangre sobre los moradores de Caldea, dirá Jerusalén.
36 ၃၆ သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမှုကို ငါစောင့်မည်။ သင်ခံရသောအပြစ်ကို ပြန်ပေးမည်။ သူ၏ပင်လယ်ကို၎င်း၊ သူ၏စမ်းရေတွင်း တို့ကို၎င်း ငါခန်းခြောက်စေမည်။
Por tanto, así dijo el SEÑOR: He aquí que yo juzgo tu causa y haré tu venganza; y secaré su mar, y haré que quede seca su corriente.
37 ၃၇ ဗာဗုလုန်မြို့သည် အမှိုက်ပုံ၊ မြေခွေးနေရာတွင်း၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်။
Y será Babilonia para montones, morada de dragones, espanto y silbo, sin morador.
38 ၃၈ ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကိုတညီတည်း ပြုကြလိမ့်မည်။
A una bramarán como leones; como cachorros de leones bramarán.
39 ၃၉ သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တဖန်မနိုးဘဲ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူးစေမည်။
En su calor les pondré sus banquetes; y les haré que se embriaguen, para que se alegren, y duerman eterno sueño, y no despierten, dijo el SEÑOR.
40 ၄၀ အသေသတ်ခြင်းငှါ ဆွဲ၍ချသော သိုးသငယ်ကို ကဲ့သို့၎င်း၊ သိုးထီး၊ ဆိတ်ထီးကိုကဲ့သို့၎င်း ငါဆွဲ၍ချမည်။
Los haré traer como corderos al matadero, como carneros con cabros.
41 ၄၁ ရှေရှက်မြို့ကိုတိုက်၍ ရလေပြီတကား။ မြေ တပြင်လုံး၌ ကျော်စောသော မြို့ကိုလုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီ တကား။
¡Cómo fue presa Sesac, y fue tomada la que era alabada por toda la tierra! ¡Cómo fue Babilonia por espanto entre los gentiles!
42 ၄၂ ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ။
Subió el mar sobre Babilonia; de la multitud de sus ondas fue cubierta.
43 ၄၃ မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ ထိုလမ်းကိုမရှောက်ရ။
Sus ciudades fueron asoladas, la tierra seca y desierta, tierra que no morará en ella nadie, ni pasará por ella hijo de hombre.
44 ၄၄ ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကို တဖန်အန်စေမည်။ လူအမျိုးမျိုးတို့သည် နောက်တဖန်သူ့ထံမှာ စည်းဝေးရကြ။ မြို့ရိုးလည်းပြိုလဲလျက်ရှိရလိမ့်မည်။
Y visitaré al mismo Bel en Babilonia, y sacaré de su boca lo que ha tragado; y no vendrán más a él gentiles; y el muro de Babilonia caerá.
45 ၄၅ ငါ၏လူတို့၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်မှ၊ အသီး အသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။
Salid de en medio de ella, pueblo mío, y salvad cada uno su vida de la ira del furor del SEÑOR.
46 ၄၆ ထိုပြည်၌ကြားရသော သိတင်းကြောင့် စိတ် မပျက်၊ ကြောက်လန့်ခြင်းမရှိကြနှင့်။ တနှစ်ထက်တနှစ် သိတင်းကြားရလိမ့်မည်။ မင်းချင်းတယောက်ကို တယောက် လုယူ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
Y para que no desmaye vuestro corazón, y temáis a causa de la noticia que se oirá por la tierra, en un año vendrá la noticia, y después en otro año el rumor, y luego vendrá la violencia en la tierra, y el enseñoreador sobre el que enseñorea.
47 ၄၇ ထိုနောက်မှဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန်ရောက်လိမ့်မည်။
Por tanto, he aquí vienen días que yo visitaré las esculturas de Babilonia, y toda su tierra será avergonzada, y todos sus muertos caerán en medio de ella.
48 ၄၈ ထိုသို့မြောက်မျက်နှာအရပ်က လုယူသော သူတို့ သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ၊ မိုဃ်းမြေမှစ၍ အရပ်ရပ်၌ရှိသမျှတို့သည် ရွှင်လန်းသော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
Y los cielos y la tierra, y todo lo que está en ellos, darán alabanzas sobre Babilonia; porque del aquilón vendrán sobre ella destruidores, dijo el SEÑOR.
49 ၄၉ ဗာဗုလုန်မြို့ကြောင့် ဣသရေလအမျိုးသူရဲတို့ သည် လဲ၍သေသကဲ့သို့၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သား သူရဲအပေါင်းတို့သည် လဲ၍သေကြလိမ့်မည်။
Pues que Babilonia fue causa que cayesen muertos de Israel, también por causa de Babilonia cayeron muertos de toda la tierra.
50 ၅၀ ထားဘေးနှင့်လွတ်သောသူတို့၊ သွားကြလော့။ ရပ်၍မနေကြနှင့်။ ဝေးသောအရပ်၌ ထာဝရဘုရားကို အောက်မေ့၍၊ ယေရုရှလင်မြို့ကိုလည်း စိတ်စွဲလမ်းကြ လော့။
Los que escapasteis del cuchillo, andad, no os detengáis; acordaos por muchos días del SEÑOR, y acordaos de Jerusalén.
51 ၅၁ ငါတို့သည်ကဲ့ရဲ့သောအသံကို ကြားသော ကြောင့် အရှက်ကွဲလျက်၊ မျက်နှာပျက်လျက်နေရကြပါ၏။ တပါးအမျိုးသားတို့သည် ဗိမာန်တော်တွင်၊ သန့်ရှင်းရာ အရပ်ဌာနတော်တို့၏ အထဲသို့ဝင်ကြပါပြီ။
Estamos avergonzados, porque oímos la afrenta; confusión cubrió nuestros rostros, porque vinieron extranjeros contra los Santuarios de la Casa del SEÑOR.
52 ၅၂ သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေး၍၊ တပြည်လုံး၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသော အချိန်ရောက်လိမ့်မည်။
Por tanto, he aquí vienen días, dijo el SEÑOR, que yo visitaré sus esculturas, y en toda su tierra gemirán los heridos de muerte.
53 ၅၃ ဗာဗုလုန်မြို့သည် မိုဃ်းကောင်းကင်သို့တက်၍၊ မြို့ရိုးအထွဋ်ကို ခိုင်ခံ့စွာ တည်သော်လည်း၊ ငါစေလွှတ်၍ လုယူသော သူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
Si subiese Babilonia al cielo, y si fortaleciere en lo alto su fuerza, de mí vendrán a ella destruidores, dijo el SEÑOR.
54 ၅၄ ဗာဗုလုန်မြို့မှ ငိုကြွေးသံကို၎င်း၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကို၎င်း ကြားရ၏။
¡Sonido de grito de Babilonia, y quebrantamiento grande de la tierra de los caldeos!
55 ၅၅ အကြောင်းမူကား ထာဝရဘုရားသည် ဗာဗုလုန် မြို့ကို ဖျက်ဆီး၍၊ သူပြုတတ်သောအသံကြီးကို ငြိမ်းစေ တော်မူ၏။ သူ၏လှိုင်းတံပိုးတို့သည် အားကြီးသော ရေကဲ့သို့ ဟုန်ဟုန်းမြည်သံဖြင့်၊ ကြီးစွာသောအသံဗလံကို ပြုတတ်ကြ၏။
Porque el SEÑOR destruye a Babilonia, y quitará de ella el mucho estruendo; y bramarán sus ondas, como muchas aguas será el sonido de la voz de ellos;
56 ၅၆ ဗာဗုလုန်မြို့ကို တိုက်ဖျက်လုယူသော သူသည် ရောက်လျှင်၊ မြို့သားစစ်သူရဲတို့သည် ရန်သူတို့လက်သို့ ရောက်၍၊ သူတို့စွဲကိုင်သော လေးရှိသမျှတို့သည် ကျိုးကြ ၏။ အကျိုးအပြစ်ကို ပေးတတ်သောဘုရား သခင်ထာဝရ ဘုရားသည် ဆက်ဆက်ပေးတော်မူပြီ။
porque vino destruidor contra ella, contra Babilonia, y sus valientes fueron presos, el arco de ellos fue quebrado; porque el SEÑOR, Dios de retribuciones, dará la paga.
57 ၅၇ ဗာဗုလုန်မင်းသား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်း အရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့်၊ သူတို့သည်နောက်တဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား ဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။
Y embriagaré a sus príncipes y a sus sabios, a sus capitanes y a sus nobles y sus fuertes; y dormirán sueño eterno y no despertarán, dice el Rey, el SEÑOR de los ejércitos es su Nombre.
58 ၅၈ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံ ခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ် ဆောင်၍၊ မီး၌ပင်ပန်းခြင်းကို ခံရကြပြီ။
Así dijo el SEÑOR de los ejércitos: El muro ancho de Babilonia será derribado enteramente, y sus altas puertas serán quemadas a fuego; y en vano trabajarán pueblos y naciones en el fuego para salvarla, y se cansarán.
59 ၅၉ ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတံ့သော၊ ဘေးဥပဒ်အပေါင်းတည်းဟူသော၊ ဗာဗုလုန်မြို့ကို ရည်မှတ်၍ ရေးထားသောဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည် ရေးကူး၍၊
Palabra que envió Jeremías profeta a Seraías hijo de Nerías, hijo de Maasías, cuando iba con Sedequías rey de Judá a Babilonia, el cuarto año de su reinado. Y era Seraías el principal camarero.
60 ၆၀ ယုဒရှင်ဘုရင် ဇေဒကိနန်းစံလေးနှစ်တွင်၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော၊ မာသေယ၏သားဖြစ်သောနေရိ၏ သားအတွင်း ဝန်စရာယ ကိုမှာထားသော စကားဟူမူကား၊
Escribió, pues, Jeremías en un libro todo el mal que había de venir sobre Babilonia, todas las palabras que están escritas contra Babilonia.
61 ၆၁ သင်သည် ဗာဗုလုန်မြို့သို့ရောက်သောအခါ၊ ဤစကားအလုံးစုံတို့ကို ကြည့်ရှု၍ ဘတ်ရမည်။
Y dijo Jeremías a Seraías: Cuando llegares a Babilonia, y vieres y leyeres todas estas cosas,
62 ၆၂ ထိုအခါသင်က၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် ဤအရပ်၌ လူမရှိ၊ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ်ဖြစ်စေ၍၊ သုတ်သင်ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည်။
dirás: Oh SEÑOR, tú has dicho contra este lugar que lo habías de talar, hasta no quedar en él morador, ni hombre ni animal, sino que para siempre ha de ser asolado.
63 ၆၃ ဤစာကို အကုန်အစင်ဘတ်ပြီးလျှင်၊ စာပေါ် မှာ ကျောက်ကို ချည်ထား၍၊ ဥဖရတ်မြစ်အလယ်မှာ ချပစ်လျက်၊
Y será que cuando acabares de leer este libro, le atarás una piedra, y lo echarás en medio del Eufrates,
64 ၆၄ ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည်။ ငါ ရောက်စေသော ဘေးဥပဒ်ထဲကနောက်တဖန် မထ မြောက်ရ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆိုရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား၊ ယေရမိစကားပေတည်း။
y dirás: Así será anegada Babilonia, y no se levantará del mal que yo traigo sobre ella; y serán rendidos. Hasta aquí son las profecías de Jeremías.

< ယေရမိ 51 >