< ယေရမိ 31 >

1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။
“U ono vrijeme - riječ je Jahvina - bit ću Bog svim plemenima Izraelovim i oni će biti narod moj.”
2 တဖန် မိန့်တော်မူသည်ကား၊ ထားဘေးနှင့်လွတ် သော သူတို့သည် တော၌ကျေးဇူးကို ခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကို ချမ်းသာပေးမည်။
Ovako govori Jahve: “Nađe milost u pustinji narod koji uteče maču: Izrael ide u svoje prebivalište.
3 ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။
Iz daljine mu se Jahve ukaza: Ljubavlju vječnom ljubim te, zato ti sačuvah milost.
4 အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည်။
Opet ću te sazdati, i bit ćeš sazdana, djevice Izraelova. Opet ćeš se resit' bubnjićima, u veselo kolo hvatati.
5 ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။
Opet ćeš saditi vinograde na brdima Samarije: koji nasade posade, oni će i trgati.
6 ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြ လော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
Jer dolazi dan te će stražari vikati na brdu efrajimskom: 'Na noge! Na Sion se popnimo, k Jahvi, Bogu svojemu!'”
7 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ် အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။
Jer ovako govori Jahve: “Kličite od radosti Jakovu, pozdravite burno prvaka naroda! Neka se ori vaš glas! Objavite slavopojkom: Jahve spasi narod svoj, Ostatak Izraelov!
8 သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီး စွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည်။
Evo, ja ih vodim iz zemlje sjeverne, skupljam ih s krajeva zemlje: s njima su slijepi i hromi, trudnice i rodilje: vraća se velika zajednica.
9 ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုး သည် ငါ၏ သားဦးဖြစ်၏။
Evo, u suzama pođoše, utješene sad ih vraćam! Vodit ću ih kraj potočnih voda, putem ravnim kojim neće posrnuti, jer ja sam otac Izraelu, Efrajim je moj prvenac.”
10 ၁၀ အိုလူမျိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
Čujte, o narodi, riječ Jahvinu, objavite je širom dalekih otoka: “Onaj što rasprši Izraela, opet ga sabire i čuva ga k'o pastir stado svoje!”
11 ၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။
Jer Jahve oslobodi Jakova, izbavi ga iz ruku jačeg od njega.
12 ၁၂ ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန် တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ။
I oni će, radosno kličući, na vis sionski da se naužiju dobara Jahvinih: žita, ulja, mladog vina, jagnjadi i teladi, duša će im biti kao vrt navodnjen, nikad više neće ginuti.
13 ၁၃ ထိုအခါသမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ညည်းတွားခြင်း အရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။
Djevojke će se veselit' u kolu, mlado i staro zajedno, jer ću im tugu u radost pretvoriti, utješit ću ih i razveselit' nakon žalosti.
14 ၁၄ ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Pretilinom ću im okrijepiti svećenstvo i narod svoj nasititi dobrima” - riječ je Jahvina.
15 ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ် ၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။
Ovako govori Jahve: “Čuj! U Rami se kukanje čuje i gorak plač: Rahela oplakuje sinove svoje, i neće da se utješi za djecom, jer njih više nema.”
16 ၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။
Ovako govori Jahve: “Prestani kukati, otari suze u očima! Patnje će tvoje biti nagrađene: oni će se vratiti iz zemlje neprijateljske.
17 ၁၇ သင်၏အဆုံး၌ မြော်လင့်စရာအကြောင်း ရှိ၏။ သင်၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
Ima nade za tvoje potomstvo - riječ je Jahvina - sinovi tvoji vratit će se u svoj kraj.
18 ၁၈ ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။
Dobro čujem Efrajimov jecaj: 'Ti me pokara, i ja se popravih kao june još neukroćeno. Obrati me, da se obratim, jer ti si, Jahve, Bog moj.
19 ၁၉ ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ။
Odvratih se od tebe, ali se pokajah, uvijek, i sad se u slabine tučem. Stidim se i crvenim, jer nosim sramotu mladosti svoje!'”
20 ၂၀ ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
“Zar mi je Efrajim sin toliko drag, dijete najmilije? Jer koliko god mu prijetim, bez prestanka živo na njega mislim i srce mi dršće za njega od nježne samilosti” - riječ je Jahvina.
21 ၂၁ လမ်း၌မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အိုဣသရေလသတို့သမီးကညာ၊ ပြန်လာလော့။ သင်၏ နေရာ ဤမြို့များသို့ ပြန်လာလော့။
“Postavi putokaze, podigni stupove! Sjeti se ceste, puta kojim si prošla. I vrati se, djevice Izraelova, vrati se u gradove svoje!
22 ၂၂ အိုဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံးလှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသော အမှု ကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်း လိမ့်မည်။
Dokle ćeš još oklijevati, kćeri odmetnice? Jer Jahve stvori nešto novo na zemlji: Žena će okružiti Muža.”
23 ၂၃ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်းခြင်း နေရာတောင်၊ ထာဝရ ဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူစေသတည်း ဟူသော စကားကို တဖန်သုံးကြလိမ့်မည်။
Ovako govori Jahve nad Vojskama, Bog Izraelov: “U zemlji Judinoj, kad promijenim njezinu sudbinu, u njezinim će se gradovima ovako govoriti: 'Blagoslovio te Jahve, prebivalište Pravednosti, Goro sveta!'”
24 ၂၄ ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက်၊ အတူနေရကြလိမ့်မည်။
“I u njoj će se opet nastaniti Judeja sa svim svojim gradovima, ratari i oni što idu za stadima,
25 ၂၅ ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ်သော သူအပေါင်းတို့ကို ငါသက်သာစေမည် ဟု မိန့်တော်မူ၏။
jer ja ću okrijepiti dušu iscrpljenu, obilno nahraniti dušu klonulu.
26 ၂၆ ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။
Kao ono: 'Čim se probudih, pogledah: sladak li bijaše sanak moj!'”
27 ၂၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန် မျိုးစေ့ကို ကြဲရသော အချိန်ကာလ ရောက်လိမ့်မည်။
“Evo dolaze dani - riječ je Jahvina - kad ću u domu Izraelovu i u domu Judinu posijati sjeme čovječje i sjeme životinjsko.
28 ၂၈ ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော် မူ၏။
I kao što sam nekoć bdio da ih iščupam, razvalim, istrijebim, zatrem i nesreću na njih svalim, tako ću sada brižno bdjeti da ih podignem i posadim.
29 ၂၉ ထိုကာလ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့်၊ သားသည် သွားကျိန်းခြင်းကို ခံရ၏ ဟု မဆိုရကြ။
U one dane neće se više govoriti: 'Oci jedoše kiselo grožđe, a sinovima zubi trnu.'
30 ၃၀ လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကို ခံရမည်။
Nego će svatko umrijeti zbog vlastite krivice. I onomu koji bude jeo kiselo grožđe zubi će trnuti.”
31 ၃၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်
“Evo dolaze dani - riječ je Jahvina - kad ću s domom Izraelovim i s domom Judinim sklopiti Novi savez.
32 ၃၂ ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။
Ne Savez kakav sam sklopio s ocima njihovim u dan kad ih uzeh za ruku da ih izvedem iz zemlje egipatske, Savez što ga oni razvrgoše premda sam ja gospodar njihov - riječ je Jahvina.
33 ၃၃ နောက်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်သည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။
Nego, ovo je Savez što ću ga sklopiti s domom Izraelovim poslije onih dana - riječ je Jahvina: Zakon ću svoj staviti u dušu njihovu i upisati ga u njihovo srce. I bit ću Bog njihov, a oni narod moj.
34 ၃၄ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
I neće više učiti drug druga ni brat brata govoreći: 'Spoznajte Jahvu!' nego će me svi poznavati, i malo i veliko - riječ je Jahvina - jer ću oprostiti bezakonje njihovo i grijeha se njihovih neću više spominjati.”
35 ၃၅ နေ့အချိန်၌ လင်းစရာဘို့နေကိုခန့်ထား၍၊ ညဉ့် အချိန်၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား၊
Ovako govori Jahve, koji daje da sunce sjaje danju, a mjesec i zvijezde da svijetle noću, koji burka more da mu valovi buče - ime mu je Jahve nad Vojskama:
36 ၃၆ ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင်၊ ဣသရေလ အမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
“Ako se ikad ti zakoni poremete preda mnom - riječ je Jahvina - onda će i potomstvo Izraelovo prestati da bude narod pred licem mojim zauvijek!
37 ၃၇ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုဃ်းကောင်းကင်ကို တိုင်းထွာနိုင်လျှင်၎င်း၊ မြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်၎င်း၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
Ako se mogu izmjeriti nebesa gore, i dolje istražiti temelji zemlje, onda ću i ja odbaciti potomstvo Izraelovo zbog svega što počiniše” - riječ je Jahvina.
38 ၃၈ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာနနေလရဲတိုက်မှ စ၍ မြို့ထောင့်တံခါးတိုင်အောင်၊ မြို့တော်ကို ထာဝရဘုရားအဘို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
“Evo dolaze dani - riječ je Jahvina - kada će grad Jahvin biti opet sazidan, od Kule Hananelove do Vrata ugaonih.
39 ၃၉ ဂါရက်တောင်ကို လွန်၍ မျဉ်းကြိုးနှင့်တန်းချ လိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။
I još će se dalje protegnuti mjerničko uže, pravo do brežuljka Gareba, a onda okrenuti prema Goi.
40 ၄၀ အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင် အောင်၊ အသေကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့် တရှောက်လုံးနှင့်၊ ကေဒြုန်ချောင်းအတွင်းတွင်၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြလိမ့် မည်။ နောက်တဖန် နှုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။
I sva dolina trupla i pepela, i sva polja do potoka Kidrona, do ugla Konjskih vrata na istoku, bit će svetinja Jahvina. I neće više biti razaranja ni prokletstva.”

< ယေရမိ 31 >