< ယေရမိ 19 >

1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက် ကြီးသော လူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့ တို့နှင့်တကွ၊
Ovako mi reče Jahve: “Idi i kupi vrč glineni. Povedi sa sobom nekoliko starješina narodnih i svećeničkih.
2 ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကား ဟူမူကား၊
Pođi u Dolinu Ben Hinom, na ulazu Vrata lončarskih. Ondje proglasi riječi koje ću ti kazati.
3 အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သား များတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြ လော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။
Reci im: Čujte riječ Jahvinu, kraljevi judejski i stanovnici jeruzalemski. Ovako govori Jahve nad Vojskama, Bog Izraelov: 'Evo dovodim nesreću na ovo mjesto te će svima koji to čuju u ušima zazujati.
4 အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြ ပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။
Zato što su me ostavili i otuđili ovo mjesto prinoseći kad tuđim bogovima kojih ne poznavahu oci njihovi ni kraljevi judejski; i zato što su mjesto ovo natopili krvlju nevinih;
5 ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။
i zato što pogradiše uzvišice Baalove da mu spaljuju sinove kao žrtve, a to im ja nikada ne naredih niti zapovjedih, niti mi je takvo što na um palo.
6 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
Stoga, evo, dolaze dani - riječ je Jahvina - kad se ovo mjesto neće više zvati Tofet ni Dolina Ben Hinom nego Dolina klanja.
7 ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ထားဖြင့်၎င်း၊ သတ်ခြင်းငှါ ရှာသောသူ၏ လက်ဖြင့်၎င်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထား မည်။
Izjalovit ću na ovom mjestu naum Judeje i Jeruzalema i učiniti da svi poginu od neprijateljskog mača, od ruku onih što im rade o glavi. A trupla ću njihova dati za hranu pticama nebeskim i zvijerima poljskim.
8 ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည်။ လမ်း၌ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သော အခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
A grad ću ovaj učiniti ruglom i užasom: svaki koji prođe mimo nj zgrozit će se i zviždati zbog svih nesreća njegovih.
9 သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
I dat ću im da jedu meso sinova i kćeri svojih. Da, svaki će jesti meso bližnjega svoga zbog preteške nevolje kojom će ih pritisnuti njihovi neprijatelji što im rade o glavi.'
10 ၁၀ သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူး ကိုခွဲလော့။
Razbij vrč pred očima svojih pratilaca
11 ၁၁ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက၊ နောက်တဖန်မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ သင်္ဂြိုဟ်ရာမြေ မလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
i reci im: Ovako govori Jahve nad Vojskama: 'Tako ću razbiti ovaj narod i ovaj grad, kao što se razbija sud lončarski, te se više ne da popraviti. U Tofetu će se ukapati, jer inače neće biti mjesta za ukapanje.
12 ၁၂ ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤသို့ ငါပြု၍ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည်။
Tako ću postupiti s ovim mjestom - riječ je Jahvina - i sa stanovnicima njegovim. I učinit ću grad ovaj sličnim Tofetu.
13 ၁၃ အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာ ရှိသမျှုတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့ အိမ်များ၊ ယုဒ ရှင်ဘုရင်၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
I sve kuće jeruzalemske i kuće kraljeva judejskih bit će onečišćene kao mjesto Tofet: sve kuće kojima se na krovovima kad prinosi svoj vojsci nebeskoj i lijevaju ljevanice tuđim bogovima.'”
14 ၁၄ ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူရာ တောဖက်အရပ်က၊ ယေရမိသည် ပြန်လာ၍ ဗိမာန်တော်တန်တိုင်း၌ ရပ်လျက်၊
Kad se Jeremija vratio iz Tofeta, kamo ga Jahve bijaše poslao da prorokuje, stade u predvorju Doma Jahvina te uze govoriti svemu narodu:
15 ၁၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှါ၊ မိမိတို့ လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှ သောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသော အမိန့်တော်ကို လူအပေါင်း တို့အား ဆင့်ဆိုလေ၏။
“Ovako govori Jahve nad Vojskama, Bog Izraelov: 'Evo, dovest ću na ovaj grad i na sve njegove gradiće sve zlo kojim sam im prijetio, jer ukrutiše vratove svoje ne slušajući riječi mojih.'”

< ယေရမိ 19 >