< ဟေရှာယ 60 >

1 သင်ထလော့။ လင်းလော့။ သင်၏အလင်း ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။
ק֥וּמִי אֹ֖ורִי כִּ֣י בָ֣א אֹורֵ֑ךְ וּכְבֹ֥וד יְהוָ֖ה עָלַ֥יִךְ זָרָֽח׃
2 ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံး လွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည်။
כִּֽי־הִנֵּ֤ה הַחֹ֙שֶׁךְ֙ יְכַסֶּה־אֶ֔רֶץ וַעֲרָפֶ֖ל לְאֻמִּ֑ים וְעָלַ֙יִךְ֙ יִזְרַ֣ח יְהוָ֔ה וּכְבֹודֹ֖ו עָלַ֥יִךְ יֵרָאֶֽה׃
3 တပါးအမျိုးသားတို့သည် သင်၏အလင်းသို့၎င်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့၎င်း လာကြလိမ့်မည်။
וְהָלְכ֥וּ גֹויִ֖ם לְאֹורֵ֑ךְ וּמְלָכִ֖ים לְנֹ֥גַהּ זַרְחֵֽךְ׃
4 အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသော သူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏ သား သမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစား ခြင်းကို ခံကြလိမ့်မည်။
שְׂאִֽי־סָבִ֤יב עֵינַ֙יִךְ֙ וּרְאִ֔י כֻּלָּ֖ם נִקְבְּצ֣וּ בָֽאוּ־לָ֑ךְ בָּנַ֙יִךְ֙ מֵרָחֹ֣וק יָבֹ֔אוּ וּבְנֹתַ֖יִךְ עַל־צַ֥ד תֵּאָמַֽנָה׃
5 ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့် ဘက်သို့ ပြောင်းလဲ၍၊ တပါးအမျိုးသားတို့၏ စည်းစိမ် သည် သင့်လက်သို့ ရောက်လိမ့်မည်။
אָ֤ז תִּרְאִי֙ וְנָהַ֔רְתְּ וּפָחַ֥ד וְרָחַ֖ב לְבָבֵ֑ךְ כִּֽי־יֵהָפֵ֤ךְ עָלַ֙יִךְ֙ הֲמֹ֣ון יָ֔ם חֵ֥יל גֹּויִ֖ם יָבֹ֥אוּ לָֽךְ׃
6 ကုလားအုပ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့် မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့်လောဗန်ကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။
שִֽׁפְעַ֨ת גְּמַלִּ֜ים תְּכַסֵּ֗ךְ בִּכְרֵ֤י מִדְיָן֙ וְעֵיפָ֔ה כֻּלָּ֖ם מִשְּׁבָ֣א יָבֹ֑אוּ זָהָ֤ב וּלְבֹונָה֙ יִשָּׂ֔אוּ וּתְהִלֹּ֥ת יְהוָ֖ה יְבַשֵּֽׂרוּ׃
7 ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင် ၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဘွယ်သော လက္ခဏာ နှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ ဘုန်းပွင့်စေမည်။
כָּל־צֹ֤אן קֵדָר֙ יִקָּ֣בְצוּ לָ֔ךְ אֵילֵ֥י נְבָיֹ֖ות יְשָׁרְת֑וּנֶךְ יַעֲל֤וּ עַל־רָצֹון֙ מִזְבְּחִ֔י וּבֵ֥ית תִּפְאַרְתִּ֖י אֲפָאֵֽר׃
8 မိုဃ်းတိမ်ကဲ့သို့၎င်း၊ မိမိတို့အိမ်သို့ ပျံသော ချိုး များကဲ့သို့၎င်း ပျံလာသော ဤသူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။
מִי־אֵ֖לֶּה כָּעָ֣ב תְּעוּפֶ֑ינָה וְכַיֹּונִ֖ים אֶל־אֲרֻבֹּתֵיהֶֽם׃
9 အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့်၎င်း၊ သင်၏ဘုန်းကိုပွင့်စေ သော၊ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရားကြောင့် ၎င်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေး မှ ဆောင်ခဲ့ခြင်းငှါ၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကို စောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦးပြုကြလိမ့်မည်။
כִּֽי־לִ֣י ׀ אִיִּ֣ים יְקַוּ֗וּ וָאֳנִיֹּ֤ות תַּרְשִׁישׁ֙ בָּרִ֣אשֹׁנָ֔ה לְהָבִ֤יא בָנַ֙יִךְ֙ מֵֽרָחֹ֔וק כַּסְפָּ֥ם וּזְהָבָ֖ם אִתָּ֑ם לְשֵׁם֙ יְהוָ֣ה אֱלֹהַ֔יִךְ וְלִקְדֹ֥ושׁ יִשְׂרָאֵ֖ל כִּ֥י פֵאֲרָֽךְ׃
10 ၁၀ တပါးအမျိုးတို့သည် သင်၏မြို့ရိုးကို တည်ကြ လိမ့်မည်။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့် မည်။ အကြောင်းမူကား၊ ငါသည် အမျက်ထွက်၍ သင့်ကို ဒဏ်ခတ်သော်လည်း၊ စေတနာစိတ်နှင့် သနားဦးမည်။
וּבָנ֤וּ בְנֵֽי־נֵכָר֙ חֹמֹתַ֔יִךְ וּמַלְכֵיהֶ֖ם יְשָׁרְת֑וּנֶךְ כִּ֤י בְקִצְפִּי֙ הִכִּיתִ֔יךְ וּבִרְצֹונִ֖י רִֽחַמְתִּֽיךְ׃
11 ၁၁ တပါးအမျိုးသားတို့၏ စည်းစိမ်ကို သင့်ထံသို့ ဆောင်ခဲ့၍၊ သူတို့၏ရှင်ဘုရင်တို့ကိုလည်း ပို့သမည် အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညဉ့်မပိတ်ဘဲ အစဉ် ဖွင့်ထားရလိမ့်မည်။
וּפִתְּח֨וּ שְׁעָרַ֧יִךְ תָּמִ֛יד יֹומָ֥ם וָלַ֖יְלָה לֹ֣א יִסָּגֵ֑רוּ לְהָבִ֤יא אֵלַ֙יִךְ֙ חֵ֣יל גֹּויִ֔ם וּמַלְכֵיהֶ֖ם נְהוּגִֽים׃
12 ၁၂ အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏အမှု ကို မဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့် မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည်။
כִּֽי־הַגֹּ֧וי וְהַמַּמְלָכָ֛ה אֲשֶׁ֥ר לֹא־יַעַבְד֖וּךְ יֹאבֵ֑דוּ וְהַגֹּויִ֖ם חָרֹ֥ב יֶחֱרָֽבוּ׃
13 ၁၃ ငါ၏သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှါ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရူးပင်၊ တဒေရပင်၊ တာရှု ရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာ ကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့် စေမည်။
כְּבֹ֤וד הַלְּבָנֹון֙ אֵלַ֣יִךְ יָבֹ֔וא בְּרֹ֛ושׁ תִּדְהָ֥ר וּתְאַשּׁ֖וּר יַחְדָּ֑ו לְפָאֵר֙ מְקֹ֣ום מִקְדָּשִׁ֔י וּמְקֹ֥ום רַגְלַ֖י אֲכַבֵּֽד׃
14 ၁၄ သင့်ကို ညှဉ်းဆဲသော သူတို့၏သားတို့သည် သင့်ထံသို့ လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြ လိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ် ကြလိမ့်မည်။
וְהָלְכ֨וּ אֵלַ֤יִךְ שְׁחֹ֙וחַ֙ בְּנֵ֣י מְעַנַּ֔יִךְ וְהִֽשְׁתַּחֲו֛וּ עַל־כַּפֹּ֥ות רַגְלַ֖יִךְ כָּל־מְנַֽאֲצָ֑יִךְ וְקָ֤רְאוּ לָךְ֙ עִ֣יר יְהוָ֔ה צִיֹּ֖ון קְדֹ֥ושׁ יִשְׂרָאֵֽל׃
15 ၁၅ သင့်ကို အဘယ်သူမျှ ရှောက်၍ မသွားရမည် အကြောင်း၊ သူတပါးတို့သည် သင့်ကို စွန့်ပစ် ရွံရှာကြ သည်အတွက်၊ ငါသည် သင့်ကို ထာဝရအထွဋ်အမြတ်ဖြစ် စေမည်။ လူမျိုးအစဉ်အဆက်ဝမ်းမြောက်စရာအကြောင်း လည်း ဖြစ်စေမည်။
תַּ֧חַת הֱיֹותֵ֛ךְ עֲזוּבָ֥ה וּשְׂנוּאָ֖ה וְאֵ֣ין עֹובֵ֑ר וְשַׂמְתִּיךְ֙ לִגְאֹ֣ון עֹולָ֔ם מְשֹׂ֖ושׂ דֹּ֥ור וָדֹֽור׃
16 ၁၆ သင်သည် တပါးအမျိုးသားတို့၏ နို့ကို စို့ရလိမ့် မည်။ ရှင်ဘုရင်တို့၏သားမြတ်ကိုလည်း စို့ရလိမ့်မည်။ ငါထာဝရဘုရားသည်၊ သင့်ကို ကယ်တင်သောသူ၊ ယာ ကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားသည်၊ သင့်ကို ရွေး နှုတ်သော သူဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည်။
וְיָנַקְתְּ֙ חֲלֵ֣ב גֹּויִ֔ם וְשֹׁ֥ד מְלָכִ֖ים תִּינָ֑קִי וְיָדַ֗עַתְּ כִּ֣י אֲנִ֤י יְהוָה֙ מֹֽושִׁיעֵ֔ךְ וְגֹאֲלֵ֖ךְ אֲבִ֥יר יַעֲקֹֽב׃
17 ၁၇ ကြေးဝါအရာ၌ ရွှေကို၎င်း၊ သံအရာ၌ ငွေကို ၎င်း၊ သစ်သားအရာ၌ ကြေးဝါကို၎င်း၊ ကျောက်အရာ၌ သံကို၎င်း ငါဆောင်ခဲ့မည်။ သင်၏ အရာရှိတီု့ကို ငြိမ် သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သော သဘောနှင့် ပြည့်စုံစေမည်။
תַּ֣חַת הַנְּחֹ֜שֶׁת אָבִ֣יא זָהָ֗ב וְתַ֤חַת הַבַּרְזֶל֙ אָ֣בִיא כֶ֔סֶף וְתַ֤חַת הָֽעֵצִים֙ נְחֹ֔שֶׁת וְתַ֥חַת הָאֲבָנִ֖ים בַּרְזֶ֑ל וְשַׂמְתִּ֤י פְקֻדָּתֵךְ֙ שָׁלֹ֔ום וְנֹגְשַׂ֖יִךְ צְדָקָֽה׃
18 ၁၈ သင်၏ပြည်၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်းဟူ၍ ၎င်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍၎င်း သမုတ်ရလိမ့် မည်။
לֹא־יִשָּׁמַ֨ע עֹ֤וד חָמָס֙ בְּאַרְצֵ֔ךְ שֹׁ֥ד וָשֶׁ֖בֶר בִּגְבוּלָ֑יִךְ וְקָרָ֤את יְשׁוּעָה֙ חֹומֹתַ֔יִךְ וּשְׁעָרַ֖יִךְ תְּהִלָּֽה׃
19 ၁၉ နောက်တဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသော အလင်းမဟုတ်၊ ညဉ့်အချိန်၌လည်း၊ လ အရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရား သခင်သည် သင်၏ဘုန်းအသရေဖြစ်တော်မူလိမ့်မည်။
לֹא־יִֽהְיֶה־לָּ֨ךְ עֹ֤וד הַשֶּׁ֙מֶשׁ֙ לְאֹ֣ור יֹומָ֔ם וּלְנֹ֕גַהּ הַיָּרֵ֖חַ לֹא־יָאִ֣יר לָ֑ךְ וְהָיָה־לָ֤ךְ יְהוָה֙ לְאֹ֣ור עֹולָ֔ם וֵאלֹהַ֖יִךְ לְתִפְאַרְתֵּֽךְ׃
20 ၂၀ နောက်တဖန် သင်၏နေသည်မဝင်ရ။ သင်၏ လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍၊ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ။
לֹא־יָבֹ֥וא עֹוד֙ שִׁמְשֵׁ֔ךְ וִירֵחֵ֖ךְ לֹ֣א יֵאָסֵ֑ף כִּ֣י יְהוָ֗ה יִֽהְיֶה־לָּךְ֙ לְאֹ֣ור עֹולָ֔ם וְשָׁלְמ֖וּ יְמֵ֥י אֶבְלֵֽךְ׃
21 ၂၁ သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည် တော်ကို အစဉ်အမြဲအမွေခံသဖြင့်၊ ငါ၏ဘုန်းပွင့်စေခြင်း ငှါ၊ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့် မည်။
וְעַמֵּךְ֙ כֻּלָּ֣ם צַדִּיקִ֔ים לְעֹולָ֖ם יִ֣ירְשׁוּ אָ֑רֶץ נֵ֧צֶר מַטָּעֹו (מַטָּעַ֛י) מַעֲשֵׂ֥ה יָדַ֖י לְהִתְפָּאֵֽר׃
22 ၂၂ သူငယ်တယောက်သည် လူတထောင်ဖြစ်ရလိမ့် မည်။ အားနည်းသော သူတယောက်သည် အားကြီးသော လူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။
הַקָּטֹן֙ יִֽהְיֶ֣ה לָאֶ֔לֶף וְהַצָּעִ֖יר לְגֹ֣וי עָצ֑וּם אֲנִ֥י יְהוָ֖ה בְּעִתָּ֥הּ אֲחִישֶֽׁנָּה׃ ס

< ဟေရှာယ 60 >