< ဟေရှာယ 52 >

1 အို ဇိအုန်မြို့၊ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အိုယေရုရှလင်မြို့တည်းဟူသော၊ သန့်ရှင်းသော မြို့၊ သင်၏တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ် ဆင်လော့။ အကြောင်းမူကား၊ နောက်တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသော သူတို့သည် သင်၏အထဲသို့ မဝင်ရကြ။
עוּרִ֥י עוּרִ֛י לִבְשִׁ֥י עֻזֵּ֖ךְ צִיֹּ֑ון לִבְשִׁ֣י ׀ בִּגְדֵ֣י תִפְאַרְתֵּ֗ךְ יְרוּשָׁלַ֙͏ִם֙ עִ֣יר הַקֹּ֔דֶשׁ כִּ֣י לֹ֥א יֹוסִ֛יף יָבֹא־בָ֥ךְ עֹ֖וד עָרֵ֥ל וְטָמֵֽא׃
2 အိုယေရုရှလင်မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့်ကို ခါလိုက်၍၊ မြင့်သော အရပ်၌ ထိုင်လော့။ အိုချုပ်ထား လျက်ရှိသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးကို ချွတ် လော့။
הִתְנַעֲרִ֧י מֵעָפָ֛ר ק֥וּמִי שְּׁבִ֖י יְרֽוּשָׁלָ֑͏ִם הִתְפַּתְּחוּ (הִֽתְפַּתְּחִי֙) מֹוסְרֵ֣י צַוָּארֵ֔ךְ שְׁבִיָּ֖ה בַּת־צִיֹּֽון׃ ס
3 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်ဘိုးငွေကို မရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။
כִּֽי־כֹה֙ אָמַ֣ר יְהוָ֔ה חִנָּ֖ם נִמְכַּרְתֶּ֑ם וְלֹ֥א בְכֶ֖סֶף תִּגָּאֵֽלוּ׃
4 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့သည် အထက်က အဲဂုတ္တုပြည်၌ တည်းခိုအံ့ သောငှါ သွားကြ၏။ နောက်မှ အာရှုရိလူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ၏။
כִּ֣י כֹ֤ה אָמַר֙ אֲדֹנָ֣י יְהוִ֔ה מִצְרַ֛יִם יָֽרַד־עַמִּ֥י בָרִֽאשֹׁנָ֖ה לָג֣וּר שָׁ֑ם וְאַשּׁ֖וּר בְּאֶ֥פֶס עֲשָׁקֹֽו׃
5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို အကြောင်းမရှိဘဲ ယူသွား၍၊ အစိုးရသော သူတို့သည် ဝါကြွားလျက် ငါ့နာမကို နေ့တိုင်းကဲ့ရဲ့ကြသည် ဖြစ်၍၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။
וְעַתָּ֤ה מִי־לִי־ (מַה־לִּי)־פֹה֙ נְאֻם־יְהוָ֔ה כִּֽי־לֻקַּ֥ח עַמִּ֖י חִנָּ֑ם מֹשְׁלֹו (מֹשְׁלָ֤יו) יְהֵילִ֙ילוּ֙ נְאֻם־יְהוָ֔ה וְתָמִ֥יד כָּל־הַיֹּ֖ום שְׁמִ֥י מִנֹּאָֽץ׃
6 သို့ဖြစ်၍၊ ငါ၏လူတို့သည် ငါ့ကို သိကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ် ငါရှိသည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
לָכֵ֛ן יֵדַ֥ע עַמִּ֖י שְׁמִ֑י לָכֵן֙ בַּיֹּ֣ום הַה֔וּא כִּֽי־אֲנִי־ה֥וּא הַֽמְדַבֵּ֖ר הִנֵּֽנִי׃
7 ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင်၏ ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသော သူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွ တကား။
מַה־נָּאו֨וּ עַל־הֶהָרִ֜ים רַגְלֵ֣י מְבַשֵּׂ֗ר מַשְׁמִ֧יעַ שָׁלֹ֛ום מְבַשֵּׂ֥ר טֹ֖וב מַשְׁמִ֣יעַ יְשׁוּעָ֑ה אֹמֵ֥ר לְצִיֹּ֖ון מָלַ֥ךְ אֱלֹהָֽיִךְ׃
8 သင်၏ကင်းစောင့်တို့၏အသံကို နားထောင်ကြ လော့။ သူတို့သည် အသံကို လွှင့်၍၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူ ကား၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူ ကြောင်းကို ကိုယ်တိုင်မြင်ရကြ၏။
קֹ֥ול צֹפַ֛יִךְ נָ֥שְׂאוּ קֹ֖ול יַחְדָּ֣ו יְרַנֵּ֑נוּ כִּ֣י עַ֤יִן בְּעַ֙יִן֙ יִרְא֔וּ בְּשׁ֥וּב יְהוָ֖ה צִיֹּֽון׃
9 ယေရုရှလင်မြို့၌ ပြိုပျက်ရာအရပ်တို့၊ တညီ တညွတ်တည်း သီချင်းဆိုသံနှင့် ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူပြီ။ ယေရုရှလင်မြို့ကို ရွေးနှုတ်တော်မူပြီ။
פִּצְח֤וּ רַנְּנוּ֙ יַחְדָּ֔ו חָרְבֹ֖ות יְרוּשָׁלָ֑͏ִם כִּֽי־נִחַ֤ם יְהוָה֙ עַמֹּ֔ו גָּאַ֖ל יְרוּשָׁלָֽ͏ִם׃
10 ၁၀ ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုး တို့ ရှေ့မှာ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူ သဖြင့်၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတံ့။
חָשַׂ֤ף יְהוָה֙ אֶת־זְרֹ֣ועַ קָדְשֹׁ֔ו לְעֵינֵ֖י כָּל־הַגֹּויִ֑ם וְרָאוּ֙ כָּל־אַפְסֵי־אָ֔רֶץ אֵ֖ת יְשׁוּעַ֥ת אֱלֹהֵֽינוּ׃ ס
11 ၁၁ ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှ ထွက်သွားကြ လော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ထာဝရဘုရား၏ အဆောက်အဦးတို့ကို ဆောင်ရွက်သော သူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။
ס֤וּרוּ ס֙וּרוּ֙ צְא֣וּ מִשָּׁ֔ם טָמֵ֖א אַל־תִּגָּ֑עוּ צְא֣וּ מִתֹּוכָ֔הּ הִבָּ֕רוּ נֹשְׂאֵ֖י כְּלֵ֥י יְהוָֽה׃
12 ၁၂ သင်တို့သည် အလျင်အမြန် မထွက်ရကြ။ ပြေး ၍ မသွားရကြ။ ထာဝရဘုရားသည် သင်တို့ရှေ့၌ ကြွ တော်မူမည်။ နောက်၌လည်း ဣသရေလအမျိုး၏ ဘုရား သခင်သည် သင်တို့ အကွယ်အကာဖြစ်တော်မူမည်။
כִּ֣י לֹ֤א בְחִפָּזֹון֙ תֵּצֵ֔אוּ וּבִמְנוּסָ֖ה לֹ֣א תֵלֵכ֑וּן כִּֽי־הֹלֵ֤ךְ לִפְנֵיכֶם֙ יְהוָ֔ה וּמְאַסִּפְכֶ֖ם אֱלֹהֵ֥י יִשְׂרָאֵֽל׃ ס
13 ၁၃ ကြည့်ရှုလော့။ ငါ့ကျွန်သည် အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်၍၊ အထွဋ်အမြတ်ဖြစ်လိမ့်မည်။
הִנֵּ֥ה יַשְׂכִּ֖יל עַבְדִּ֑י יָר֧וּם וְנִשָּׂ֛א וְגָבַ֖הּ מְאֹֽד׃
14 ၁၄ သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေပျက်ခြင်းရှိသည် ကို၊ အများသော သူတို့သည် အံ့ဩမိန်းမောကြသည် ဖြစ်၍၊
כַּאֲשֶׁ֨ר שָׁמְמ֤וּ עָלֶ֙יךָ֙ רַבִּ֔ים כֵּן־מִשְׁחַ֥ת מֵאִ֖ישׁ מַרְאֵ֑הוּ וְתֹאֲרֹ֖ו מִבְּנֵ֥י אָדָֽם׃
15 ၁၅ ထိုအတူ သူသည် အများသော လူမျိုးတို့ကို သန့်ရှင်းစေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင်တို့သည် မိမိ တို့ နှုတ်ကို ပိတ်၍ နေရကြလိမ့်မည်။ သူတပါး မပြဘူး သောအရာကို သူတို့သည် မြင်ကြလိမ့်မည်။ မကြားဘူး သော အရာကိုလည်း နားလည်ကြလိမ့်မည်။
כֵּ֤ן יַזֶּה֙ גֹּויִ֣ם רַבִּ֔ים עָלָ֛יו יִקְפְּצ֥וּ מְלָכִ֖ים פִּיהֶ֑ם כִּ֠י אֲשֶׁ֨ר לֹֽא־סֻפַּ֤ר לָהֶם֙ רָא֔וּ וַאֲשֶׁ֥ר לֹֽא־שָׁמְע֖וּ הִתְבֹּונָֽנוּ׃

< ဟေရှာယ 52 >