< ဟေရှာယ 15 >

1 မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည်အာရမြို့သည် ပျက် စီး၏။ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။
מַשָּׂ֖א מֹואָ֑ב כִּ֠י בְּלֵ֞יל שֻׁדַּ֨ד עָ֤ר מֹואָב֙ נִדְמָ֔ה כִּ֗י בְּלֵ֛יל שֻׁדַּ֥ד קִיר־מֹואָ֖ב נִדְמָֽה׃
2 ပြည်သားတို့သည် ဗက်မြို့၊ဒိဘုန်မြို့၌ မြင့် သောအရပ်သို့ တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူ တို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ။
עָלָ֨ה הַבַּ֧יִת וְדִיבֹ֛ן הַבָּמֹ֖ות לְבֶ֑כִי עַל־נְבֹ֞ו וְעַ֤ל מֵֽידְבָא֙ מֹואָ֣ב יְיֵלִ֔יל בְּכָל־רֹאשָׁ֣יו קָרְחָ֔ה כָּל־זָקָ֖ן גְּרוּעָֽה׃
3 လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍၊ အိမ်မိုးပေါ်၌၎င်း၊ လမ်းမ၌ ၎င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည် ကျကြ၏။
בְּחוּצֹתָ֖יו חָ֣גְרוּ שָׂ֑ק עַ֣ל גַּגֹּותֶ֧יהָ וּבִרְחֹבֹתֶ֛יהָ כֻּלֹּ֥ה יְיֵלִ֖יל יֹרֵ֥ד בַּבֶּֽכִי׃
4 ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘ သူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ၏။
וַתִּזְעַ֤ק חֶשְׁבֹּון֙ וְאֶלְעָלֵ֔ה עַד־יַ֖הַץ נִשְׁמַ֣ע קֹולָ֑ם עַל־כֵּ֗ן חֲלֻצֵ֤י מֹואָב֙ יָרִ֔יעוּ נַפְשֹׁ֖ו יָ֥רְעָה לֹּֽו׃
5 ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။
לִבִּי֙ לְמֹואָ֣ב יִזְעָ֔ק בְּרִיחֶ֕הָ עַד־צֹ֖עַר עֶגְלַ֣ת שְׁלִשִׁיָּ֑ה כִּ֣י ׀ מַעֲלֵ֣ה הַלּוּחִ֗ית בִּבְכִי֙ יַֽעֲלֶה־בֹּ֔ו כִּ֚י דֶּ֣רֶךְ חֹורֹנַ֔יִם זַעֲקַת־שֶׁ֖בֶר יְעֹעֵֽרוּ׃
6 အကြောင်းမူကား၊နိမရိမ် ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များ လည်း သေခဲ့ပြီ။ စိမ်းသောအပင် တပင်မျှမရှိ။
כִּֽי־מֵ֥י נִמְרִ֖ים מְשַׁמֹּ֣ות יִֽהְי֑וּ כִּֽי־יָבֵ֤שׁ חָצִיר֙ כָּ֣לָה דֶ֔שֶׁא יֶ֖רֶק לֹ֥א הָיָֽה׃
7 ထို့ကြောင့်၊ သူတို့သည် မိမိတို့ဆည်းဖူးသော ဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင် ချိုင့်သို့ ယူသွားကြလိမ့်မည်။
עַל־כֵּ֖ן יִתְרָ֣ה עָשָׂ֑ה וּפְקֻדָּתָ֔ם עַ֛ל נַ֥חַל הָעֲרָבִ֖ים יִשָּׂאֽוּם׃
8 ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ၏။ ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့ တိုင်အောင်၎င်း ရောက်လေ၏။
כִּֽי־הִקִּ֥יפָה הַזְּעָקָ֖ה אֶת־גְּב֣וּל מֹואָ֑ב עַד־אֶגְלַ֙יִם֙ יִלְלָתָ֔הּ וּבְאֵ֥ר אֵילִ֖ים יִלְלָתָֽהּ׃
9 အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည် အသွေး နှင့်ပြည့်ကြ၏။ ဒိဇုန်မြို့အပေါ်မှာ အခြားသော ဘေးများ ကိုင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကို၎င်း ငါရောက်စေမည်။
כִּ֣י מֵ֤י דִימֹון֙ מָ֣לְאוּ דָ֔ם כִּֽי־אָשִׁ֥ית עַל־דִּימֹ֖ון נֹוסָפֹ֑ות לִפְלֵיטַ֤ת מֹואָב֙ אַרְיֵ֔ה וְלִשְׁאֵרִ֖ית אֲדָמָֽה׃

< ဟေရှာယ 15 >