< ဟောရှေ 12 >

1 ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့ လေကို လိုက်တတ်၏။ နေ့တိုင်းမုသာစကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့ နှင့် မိဿဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။
אֶפְרַ֜יִם רֹעֶ֥ה ר֙וּחַ֙ וְרֹדֵ֣ף קָדִ֔ים כָּל־הַיֹּ֕ום כָּזָ֥ב וָשֹׁ֖ד יַרְבֶּ֑ה וּבְרִית֙ עִם־אַשּׁ֣וּר יִכְרֹ֔תוּ וְשֶׁ֖מֶן לְמִצְרַ֥יִם יוּבָֽל׃
2 ထာဝရဘုရားသည် ယုဒအမျိုးနှင့်လည်း တရား တွေ့မှုရှိတော်မူ၏။ ယာကုပ်၏အကျင့်တို့ကို စစ်ကြော၍ သူပြုမူသည်နှင့်အညီ အပြစ်ပေးတော်မူမည်။
וְרִ֥יב לַֽיהוָ֖ה עִם־יְהוּדָ֑ה וְלִפְקֹ֤ד עַֽל־יַעֲקֹב֙ כִּדְרָכָ֔יו כְּמַעֲלָלָ֖יו יָשִׁ֥יב לֹֽו׃
3 ယာကုပ်သည် အမိဝမ်း၌ အစ်ကို၏ ဖနှောင့်ကို ကိုင်၏။ ခွန်အားကြီး၍ ဘုရားသခင်နှင့် ပြိုင်လေ၏။
בַּבֶּ֖טֶן עָקַ֣ב אֶת־אָחִ֑יו וּבְאֹונֹ֖ו שָׂרָ֥ה אֶת־אֱלֹהִֽים׃
4 ကောင်းကင်တမန်နှင့်ပြိုင်၍ နိုင်လေ၏။ ငို၍ တောင်းပန်နှင့်ပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရဘုရားကို ဗေသလမြို့မှာ ဖူးတွေ့၍၊ ငါတို့ အဘို့ ဗျာဒိတ်တော်ကို ခံလေ၏။
וָיָּ֤שַׂר אֶל־מַלְאָךְ֙ וַיֻּכָ֔ל בָּכָ֖ה וַיִּתְחַנֶּן־לֹ֑ו בֵּֽית־אֵל֙ יִמְצָאֶ֔נּוּ וְשָׁ֖ם יְדַבֵּ֥ר עִמָּֽנוּ׃
5 ထာဝရဘုရားတည်းဟူသော နာမသည် ထိုဘုရားသခင်၏ ဘွဲ့နာမတော်ဖြစ်၏။
וַֽיהוָ֖ה אֱלֹהֵ֣י הַצְּבָאֹ֑ות יְהוָ֖ה זִכְרֹֽו׃
6 သို့ဖြစ်၍၊ သင်၏ဘုရားသခင့်ထံတော်သို့ ပြန်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားကို စောင့်ရှောက်၍၊ သင်၏ဘုရားသခင်ကို အစဉ်မပြတ် မြော်လင့်လော့။
וְאַתָּ֖ה בֵּאלֹהֶ֣יךָ תָשׁ֑וּב חֶ֤סֶד וּמִשְׁפָּט֙ שְׁמֹ֔ר וְקַוֵּ֥ה אֶל־אֱלֹהֶ֖יךָ תָּמִֽיד׃
7 သူသည် ကုန်သည်ဖြစ်၏။ စဉ်းလဲသော ချိန်ခွင် ကို ကိုင်တတ်၏။ သူတပါးကို ညှဉ်းဆဲခြင်းငှါ အလိုရှိ၏။
כְּנַ֗עַן בְּיָדֹ֛ו מֹאזְנֵ֥י מִרְמָ֖ה לַעֲשֹׁ֥ק אָהֵֽב׃
8 သို့ရာတွင်၊ ဧဖရိမ်က၊ ငါသည် ရတတ်၏။ ဘဏ္ဍာကို သိုထားပြီ။ ကြိုးစားသမျှတို့၌ အပြစ်ပါသော လွန်ကျူးခြင်းကို ရှာ၍ မတွေ့ရာဟု ဆိုလိမ့်မည်။
וַיֹּ֣אמֶר אֶפְרַ֔יִם אַ֣ךְ עָשַׁ֔רְתִּי מָצָ֥אתִי אֹ֖ון לִ֑י כָּל־יְגִיעַ֕י לֹ֥א יִמְצְאוּ־לִ֖י עָוֹ֥ן אֲשֶׁר־חֵֽטְא׃
9 ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ဓမ္မပွဲခံစဉ် တွင် နေတတ်သကဲ့သို့ တဖန်တဲတို့၌ နေစေမည်။
וְאָנֹכִ֛י יְהוָ֥ה אֱלֹהֶ֖יךָ מֵאֶ֣רֶץ מִצְרָ֑יִם עֹ֛ד אֹושִֽׁיבְךָ֥ בָאֳהָלִ֖ים כִּימֵ֥י מֹועֵֽד׃
10 ၁၀ ငါသည် ပရောဖက်တို့၌ ဗျာဒိတ်ပေးပြီ။ များစွာ သော ရူပါရုံတို့ကို ပြပြီ။ ပရောဖက်များအားဖြင့် ပုံပမာ တို့ကို ထားပြီ။
וְדִבַּ֙רְתִּי֙ עַל־הַנְּבִיאִ֔ים וְאָנֹכִ֖י חָזֹ֣ון הִרְבֵּ֑יתִי וּבְיַ֥ד הַנְּבִיאִ֖ים אֲדַמֶּֽה׃
11 ၁၁ ဂိလဒ်ပြည်၌ အပြစ်ရှိ၏။ ပြည်သူပြည်သားတို့ သည် အကျိုးနည်းရှိကြပြီ။ ဂိလဂါလမြို့၌ နွားတို့ကို ယဇ် ပူဇော်၍၊ ယဇ်ပလ္လင်တို့သည် ထွန်ကြောင်းတွင် မြေအပုံပုံ ရှိသကဲ့သို့ များကြ၏။
אִם־גִּלְעָ֥ד אָ֙וֶן֙ אַךְ־שָׁ֣וְא הָי֔וּ בַּגִּלְגָּ֖ל שְׁוָרִ֣ים זִבֵּ֑חוּ גַּ֤ם מִזְבְּחֹותָם֙ כְּגַלִּ֔ים עַ֖ל תַּלְמֵ֥י שָׂדָֽי׃
12 ၁၂ ယာကုပ်သည် ရှုရိပြည်သို့ ပြေး၏။ ဣသရေလ သည် မယားကိုရခြင်းငှါ အစေကျွန်ခံ၍ သိုးစုကို ထိန်း ရလေ၏။
וַיִּבְרַ֥ח יַעֲקֹ֖ב שְׂדֵ֣ה אֲרָ֑ם וַיַּעֲבֹ֤ד יִשְׂרָאֵל֙ בְּאִשָּׁ֔ה וּבְאִשָּׁ֖ה שָׁמָֽר׃
13 ၁၃ ထာဝရဘုရားသည် ပရောဖက်အားဖြင့် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ ပရောဖက် အားဖြင့်လည်း စောင့်မတော်မူ၏။
וּבְנָבִ֕יא הֶעֱלָ֧ה יְהוָ֛ה אֶת־יִשְׂרָאֵ֖ל מִמִּצְרָ֑יִם וּבְנָבִ֖יא נִשְׁמָֽר׃
14 ၁၄ ဧဖရိမ်သည် အမျက်တော်ကို အလွန်နှိုးဆော် လေပြီ။ ထိုကြောင့်၊ လူအသက်ကို သတ်သော အပြစ် သည် သူ၌ ရောက်လိမ့်မည်။ သူကဲ့ရဲ့ခြင်း အပြစ်ကို သူ၏သခင်သည် ပြန်ပေးလိမ့်မည်။
הִכְעִ֥יס אֶפְרַ֖יִם תַּמְרוּרִ֑ים וְדָמָיו֙ עָלָ֣יו יִטֹּ֔ושׁ וְחֶ֨רְפָּתֹ֔ו יָשִׁ֥יב לֹ֖ו אֲדֹנָֽיו׃

< ဟောရှေ 12 >