< ဟဗက္ကုတ် 2 >

1 ငါသည် ငါ့လင့်စင်ပေါ်မှာ ရပ်လျက်၊ ရဲတိုက်၌ အမြဲနေလျက်၊ ငါ့အား အဘယ်သို့ မိန့်တော်မူမည်ကို၎င်း၊ အပြစ်တင်လျှင် အဘယ်သို့ ပြန်လျှောက်ရမည်ကို၎င်း ငါစောင့်၍ နေစဉ်တွင်၊
I will take my stand on my watch-tower, and station myself on a turret. I will watch to see what the Lord will say to me, what answer he will make to my complaint.
2 ထာဝရဘုရားကလည်း၊ ဘတ်သော သူသည် ပြေးလျက် ဘတ်နိုင်အောင်၊ ဗျာဒိတ် ရူပါရုံကို သင်ပုန်း ပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။
Then the Lord answered me and said: Inscribe the vision plainly on tablets, so that even someone running by could read it.
3 ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသော ကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ် ၏။ ဆိုင်းသော်လည်း မြော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။
Though the vision waits for the time set, it hastens to fulfilment and will not fail; Though it linger long, wait for it. For it surely will come and will not be delayed.
4 စိတ်မြင့်သော သူသည် သဘောမဖြောင့်။ ဖြောင့်မတ်သော သူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။
The strength of the proud fails, but the upright lives by their faithfulness.
5 ထိုမှတပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ၌မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံ သို့ ဆွဲငင်၍ စုဝေးစေ၏။ (Sheol h7585)
Wealth is treacherous, the arrogant never have enough. They make their desire as wide as Sheol, are like death, unsatisfied, For they gather to themselves all the nations, bring together to themselves all peoples. (Sheol h7585)
6 ထိုသူအပေါင်းတို့သည် သူတဘက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင် သော ဥစ္စာကို ဆည်းဖူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံးကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည်မဟုတ်လော။
Shouldn’t everyone mock them? sing a taunt-song against them, and say: Woe to the person who amasses what is not theirs, and loads them self down with goods taken in pledge!
7 သင့်ကို ကိုက်သော သူတို့သည် ချက်ခြင်း ထကြ မည်မဟုတ်လော။ နှောင့်ရှက်သော သူတို့သည် နိုးကြမည် မဟုတ်လော။ သင်သည် သူတို့လုယူရာဖြစ်လိမ့်မည်။
Won’t your creditors suddenly rise, and those who will overthrow you awake, and you become their prey?
8 သင်သည် များစွာသောလူမျိုးတို့ကို လုယူသော ကြောင့်၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည် သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြု ကြလိမ့်မည်။
For as you have plundered many peoples, the survivors will prey upon you. You have shed blood and committed violence to the earth, peoples and their cities.
9 မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာ ရှိ၏။
Woe to you who seeks unjust gain for your dynasty, who sets your nest on high to be safe from the reach of misfortune!
10 ၁၀ သင်သည် လူများတို့ကို လုပ်ကြံသောအားဖြင့် ကိုယ်အမျိုးကို အရှက်ကွဲစေခြင်းငှါ ကြံစည်၍၊ ကိုယ် အသက်ကို ပြစ်မှားပြီ။
You have planned only shame for your dynasty. You have destroyed many peoples, and brought guilt upon yourself;
11 ၁၁ အကယ်စင်စစ် ကျောက်တလုံးသည် ကျောက် ထရံထဲက ဟစ်ခေါ်၍၊ ထုပ်တချောင်းသည် သစ်သားစုထဲ က ထူးလေ၏။
the stone will cry out from the wall, and the beam from the timber will answer it.
12 ၁၂ လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသော သူ သည် အမင်္ဂလာရှိ၏။
Woe to the person who builds a city by bloodshed, and founds a town by crime
13 ၁၃ လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ။
while the peoples toil for what fires will consume, and the nations weary themselves for nothing! This the Lord of hosts has said,
14 ၁၄ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာ ကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ ဘုန်း တော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။
and the earth will be as full of the knowledge of the glory of the Lord as the seas are full of water.
15 ၁၅ မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို၍၊ သူ့ကို ယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း၍ သောက်စေသော သူသည် အမင်္ဂလာရှိ၏။
Woe to him who in fury gives drink to his neighbor to make him drunk, and see him naked.
16 ၁၆ သင်သည် အသရေပျက်၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည်။ ကိုယ်တိုင်သောက်၍ အဝတ်ချွတ်ခြင်းကို ခံရ လိမ့်မည်။ ထာဝရဘုရား၏ လက်ျာလက်တော်၌ရှိသော ဖလားသည် သင့်ဆီသို့ ရောက်၍၊ ရွံရှာဘွယ်သော အော့ အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည်။
You are filled with shame, not glory; drink yourself and be uncovered. The cup from the Lord’s hand will pass in turn to you, and shame will cover your glory!
17 ၁၇ လေဗနုန်တောင်ကို အနိုင်အထက်ပြုသော အပြစ်၊ တိရစ္ဆာန်များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီးသော အပြစ်သည် သင့်ကို လွှမ်းမိုးလိမ့် မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ၏။
For the violence done to Lebanon will overwhelm you, the destruction of animals will terrify you, because you shed people’s blood on the earth, destroyed people and their cities.
18 ၁၈ ထုလုပ်သော ရုပ်တုသည် အဘယ်အကျိုးကို ပေး၍၊ လက်သမားသည် ထုလုပ်ရသနည်း။ သွန်းသော ရုပ်တုနှင့်မိစ္ဆာဆရာသည် အဘယ်အကျိုးကို ပေး၍၊ လုပ် သောသူသည် မိမိအလုပ်ကို မှီခိုလျက်၊ စကားအသော ရုပ်တုတို့ကို လုပ်ရသနည်း။
What use is an idol? A human made it, a metal image. It cannot speak, it cannot teach truth, Why does its maker trust it?
19 ၁၉ သစ်သားအား၊ နိုးတော်မူပါဟူ၍၎င်း၊ စကား အသောကျောက်အား၊ ထတော်မူပါဟူ၍၎င်း ဆိုသော သူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သွန်သင်လိမ့် မည်လော။ ရွှေငွေနှင့် မွမ်းမံလျက် ရှိ၏။ အတွင်း၌ အသက်အလျှင်းမရှိပါတကား။
Woe to the person who says to a block, awake! to a dumb stone, arise! What can it teach? It may be set with gold and silver, but there is no breath at all within it.
20 ၂၀ ထာဝရဘုရားမူကား၊ သန့်ရှင်းသော ဗိမာန် တော်၌ရှိတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာ နေကြလော့။
The Lord is in his holy temple. Let all the earth be silent before him!

< ဟဗက္ကုတ် 2 >