< ယေဇကျေလ 46 >

1 အရှင်ထာဝရဘုရားမိန့်တော် မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတန်တိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထား ရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။
Thus saith the Lord Jehovah: The gate of the inner court that looketh toward the east shall be shut the six working days; but on the sabbath day it shall be opened, and on the day of the new moon it shall be opened.
2 မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင်၍ တံခါး တိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင်၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ။
And the prince shall enter by the way of the porch of the gate without, and shall stand by the post of the gate; and the priests shall prepare his burnt-offering and his peace-offerings, and he shall worship at the threshold of the gate: then he shall go forth; but the gate shall not be shut until the evening.
3 ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူ ပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည်။
And the people of the land shall worship at the door of that gate before Jehovah on the sabbaths and on the new moons.
4 ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်။
And the burnt-offering that the prince shall offer unto Jehovah shall be on the sabbath day six lambs without blemish and a ram without blemish;
5 ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ၊ ဆီတဟိန်ကို၎င်း၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။
and the meal-offering shall be an ephah for the ram, and the meal-offering for the lambs as he is able to give, and a hin of oil to an ephah.
6 လဆန်းနေ့၌ အပြစ်မပါသော နွားထီး တကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတကောင်ကို ပူဇော်ရမည်။
And on the day of the new moon it shall be a young bullock without blemish, and six lambs, and a ram; they shall be without blemish:
7 ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုးတကောင်နှင့် တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို ၎င်းပူဇော်ရမည်။
and he shall prepare a meal-offering, an ephah for the bullock, and an ephah for the ram, and for the lambs according as he is able, and a hin of oil to an ephah.
8 မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။
And when the prince shall enter, he shall go in by the way of the porch of the gate, and he shall go forth by the way thereof.
9 ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်း ငှါ မြောက်တံခါးဖြင့် ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သော သူသည် မြောက် တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သော တံခါးတဘက်တချက်၌ရှိသော တံခါးဖြင့် ထွက်ရမည်။
But when the people of the land shall come before Jehovah in the appointed feasts, he that entereth by the way of the north gate to worship shall go forth by the way of the south gate; and he that entereth by the way of the south gate shall go forth by the way of the north gate: he shall not return by the way of the gate whereby he came in, but shall go forth straight before him.
10 ၁၀ ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။
And the prince, when they go in, shall go in in the midst of them; and when they go forth, they shall go forth [together].
11 ၁၁ ပွဲခံ၍ ပရိသတ်စည်းဝေးရာ ကာလ၌ ဘောဇဉ် ပူဇော်သက္ကာဘို့၊ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုး တကောင်နှင့် တဧဖါ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက် တဧဖါနှင့် ဆီတဟိန်ကို၎င်း ပူဇော်ရမည်။
And in the feasts and in the solemnities the meal-offering shall be an ephah for a bullock, and an ephah for a ram, and for the lambs as he is able to give, and a hin of oil to an ephah.
12 ၁၂ မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြုသောအခါ၊ အရှေ့သို့မျက်နှာပြု သော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌မီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှ ထွက်သွား၍ တံခါးကို ပိတ်ထားရမည်။
And when the prince shall prepare a freewill-offering, a burnt-offering or peace-offerings as a freewill-offering unto Jehovah, one shall open for him the gate that looketh toward the east; and he shall prepare his burnt-offering and his peace-offerings, as he doth on the sabbath day: then he shall go forth; and after his going forth one shall shut the gate.
13 ၁၃ နေ့တိုင်းအစဉ်၊ ထာဝရဘုရားအား မီးရှို့ရာယဇ် ဘို့ အပြစ်မပါ၊ အခါမလည်သော သိုးသငယ်တကောင် ကို နံနက်အချိန်၌ ပူဇော်ရမည်။
And thou shalt prepare a lamb a year old without blemish for a burnt-offering unto Jehovah daily: morning by morning shalt thou prepare it.
14 ၁၄ နံနက်တိုင်းအစဉ်၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စု တစုကို၎င်း၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃ ကို၎င်း ပူဇော်ရမည်။ ဤရွှေ့ကား၊ထာဝရဘုရားအား အစဉ် အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာတရားပေ တည်း။
And thou shalt prepare a meal-offering with it morning by morning, the sixth part of an ephah, and the third part of a hin of oil, to moisten the fine flour; a meal-offering unto Jehovah continually by a perpetual ordinance.
15 ၁၅ ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ နှင့် ဆီကို၎င်း ပြင်ဆင်ရမည်။
Thus shall they prepare the lamb, and the meal-offering, and the oil, morning by morning, for a continual burnt-offering.
16 ၁၆ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ မင်းသားသည် မိမိသား၌ လက်ဆောင်တစုံတခုကို ပေးလျှင်၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍၊ သားတော်သည် အမွေခံလျက် သိမ်းယူရမည်။
Thus saith the Lord Jehovah: If the prince give a gift unto any of his sons, it is his inheritance, it shall belong to his sons; it is their possession by inheritance.
17 ၁၇ မိမိကျွန်၌ အမွေဥစ္စာလက်ဆောင်တစုံတခုကို ပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည်။ သားမူကား၊ အစဉ်အမြဲ အမွေခံရ မည်။
But if he give of his inheritance a gift to one of his servants, it shall be his to the year of liberty; then it shall return to the prince; but as for his inheritance, it shall be for his sons.
18 ၁၈ ထိုမှတပါး၊ မင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက် ယူ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ မပြုရ။
Moreover the prince shall not take of the people’s inheritance, to thrust them out of their possession; he shall give inheritance to his sons out of his own possession, that my people be not scattered every man from his possession.
19 ၁၉ ထိုနောက်မှ တံခါးအနား၌ရှိသော ဝင်ဝဖြင့် ငါ့ကို ဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ် ပုရောဟိတ် သန့်ရှင်းသော အခန်းများ ထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တခုကို ငါမြင်၏။
Then he brought me through the entry, which was at the side of the gate, into the holy chambers for the priests, which looked toward the north: and, behold, there was a place on the hinder part westward.
20 ၂၀ ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘော်ဇဉ်ပူဇော် သက္ကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်း စေခြင်းငှါ၊ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့ မထုတ် ရကြဟု ငါ့အားပြောဆို၏။
And he said unto me, This is the place where the priests shall boil the trespass-offering and the sin-offering, [and] where they shall bake the meal-offering; that they bring them not forth into the outer court, to sanctify the people.
21 ၂၁ တဖန်ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တန်တိုင်းထောင့် လေးထောင့်တို့ကို ရှောက်သွားစေသဖြင့်၊ ထိုလေးထောင့်တို့၌ တန်တိုင်းငယ် တခုစီရှိသည်ကို ငါမြင်၏။
Then he brought me forth into the outer court, and caused me to pass by the four corners of the court; and, behold, in every corner of the court there was a court.
22 ၂၂ ထိုတန်တိုင်းငယ်တို့သည် အလျားအတောင် လေးဆယ်၊ အနံအတောင်သုံးဆယ်ရှိ၍၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ၏။
In the four corners of the court there were courts inclosed, forty [cubits] long and thirty broad: these four in the corners were of one measure.
23 ၂၃ ထိုလေးထောင့်တို့အတွင်း ပတ်လည်၌ ချက် ပြုတ်စရာဘို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ၏။
And there was a wall round about in them, round about the four, and boiling-places were made under the walls round about.
24 ၂၄ ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သော ယဇ်ကောင်တို့ကို ပြုတ်ရသော အရပ် ဖြစ်ကြသည်ဟု ငါ့အား ပြောဆို၏။
Then said he unto me, These are the boiling-houses, where the ministers of the house shall boil the sacrifice of the people.

< ယေဇကျေလ 46 >