< ယေဇကျေလ 15 >

1 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည့် ငါ့ဆီသို့ ရောက်လာ၍၊
Y vino Palabra del SEÑOR a mí, diciendo:
2 အချင်းလူသား၊ သစ်တော၌ သစ်ခက်သာမည် ဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သား ထက်မြတ်သောအရာ တစုံတခုရှိသလော။
Hijo de hombre, ¿qué es el palo de la vid más que todo palo? ¿El sarmiento qué es entre los maderos del bosque?
3 တစုံတခုကို လုပ်အံ့သောငှါ စပျစ်နွယ်သားကို ယူတတ်သလော။ တစုံတခုကို ဆွဲထားစရာတံစို့ကို စပျစ် နွယ်သားဖြင့် လုပ်တတ်သလော။
¿Tomarán de él madera para hacer alguna obra? ¿Tomarán de él una estaca para colgar de ella algún vaso?
4 ထင်းဘို့မီးထဲသို့ ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏။ အသုံးဝင် တတ်သလော။
He aquí, que es puesto en el fuego para ser consumido; sus dos extremos consumió el fuego, y la parte del medio se quemó; ¿aprovechará para obra alguna?
5 မီးမလောင်မှီအသုံးမဝင်လျှင်၊ မီးလောင်၍ ကျွမ်းပြီးမှအသုံးမဝင်ဟု သာ၍ဆိုဘွယ်ရှိသည် မဟုတ် လော။
He aquí que cuando estaba entero no era para obra alguna, ¿cuánto menos después que el fuego lo hubiere consumido, y fuere quemado? ¿Será más para alguna obra?
6 ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ တောသစ်ပင်တွင် မီးမွေးစရာဟင်းဘို့ငါ အပ်သော စပျစ်နွယ်သားကဲ့သို့၊ ယေရုရှလင်မြို့သားတို့ကို ငါအပ် မည်။
Por tanto, así dijo el Señor DIOS: Como el palo de la vid entre los maderos del bosque, el cual yo entregué al fuego para que lo consuma, así he entregado a los moradores de Jerusalén.
7 သူတို့တဘက်၌ ငါသည် မျက်နှာကိုထားမည်။ သူတို့သည် မီးတပုံမှထွက်၍ တပုံ၌လောင်လိမ့်မည်။ သူတို့တဘက်၌ ငါသည် မျက်နှာကို ထားသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။
Y pondré mi rostro contra ellos; de un fuego salieron, y otro fuego los consumirá; y sabréis que yo soy el SEÑOR, cuando pusiere mi rostro contra ellos.
8 သူတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှားသော ကြောင့်၊ ငါသည်သူတို့ ပြည်ကို လူဆိတ်ညံရာ အရပ် ဖြစ်စေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Y tornaré la tierra en asolamiento, por cuanto se rebelaron completamente, dijo el Señor DIOS.

< ယေဇကျေလ 15 >