< ဒေသနာ 11 >

1 သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလ ကြာမြင့်မှ တဖန်တွေ့လေဦးမည်။
Echa tu pan sobre las aguas; que después de muchos días lo hallarás.
2 လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှ လော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။
Reparte a siete, y aun a ocho; porque no sabes el mal que vendrá sobre la tierra.
3 မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်လက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။
Si las nubes fueren llenas de agua, sobre la tierra la derramarán; y si el árbol cayere al mediodía, o al norte, al lugar que el árbol cayere, allí quedará.
4 လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ် ရာ။
El que al viento mira, nunca sembrará; y el que mira a las nubes, nunca segará.
5 နံဝိညာဉ်သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း၌အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎င်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။
Como tú no sabes cuál es el camino del espíritu, o cómo crecen los huesos en el vientre de la mujer encinta, así ignoras la obra de Dios, el cual hace todas las cosas.
6 နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။
Por la mañana siembra tu simiente, y a la tarde no dejes reposar tu mano; porque tú no sabes cuál es lo mejor, si esto o lo otro, o si ambas son igualmente buenas.
7 အကယ်စင်စစ် အလင်းသည်ချို၏။ နေရောင် ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။
Suave ciertamente es la luz, y agradable a los ojos ver el sol;
8 သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။
mas si el hombre viviere muchos años, y en todos ellos hubiere gozado alegría; si después trajere a la memoria los días de las tinieblas, que serán muchos, todo lo que le habrá pasado, dirá haber sido vanidad.
9 အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့ လော့။ အသက်ပျိုစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်း ရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ဥာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကို အပြစ်ပေးတော်မူမည် ဟု အောက်မေ့လော့။
Alégrate, joven, en tu juventud, y tome placer tu corazón en los días de tu juventud; y anda en los caminos de tu corazón, y en la vista de tus ojos; pero sabe, que sobre todas estas cosas te traerá Dios a juicio.
10 ၁၀ သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။
Quita pues la tristeza de tu corazón, y aparta el mal de tu carne; porque la niñez y la juventud son vanidad.

< ဒေသနာ 11 >