< အာမုတ် 9 >

1 တဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက်မိန့်တော်မူသည်ကား၊ ရှိသမျှသောသူ တို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှါ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ထားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။
Vidjeh Gospoda gdje stoji kraj žrtvenika i govori: “Udari u glavice stupova, neka se pragovi zatresu! Svima ću satrti glave, što ostane, pod mač ću udariti. Nijedan neće uteći, nitko se neće spasiti.
2 မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည်။ မိုဃ်းကောင်းကင်သို့ တက်သော်လည်း ငါချမည်။ (Sheol h7585)
Zariju li se i u Podzemlje, iščupat će ih ruka moja. Popnu li se i na nebo, odande ću ih skinuti. (Sheol h7585)
3 ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက် ၌ ပုန်းရှောင်သော်လည်း၊ ငါသည် နဂါးကို မှာလိုက်၍ ကိုက်စေမည်။
Ako se sakriju i navrh Karmela, naći ću ih i pohvatati. Ako se od mog pogleda na dno morsko skriju, zapovjedit ću Zmaju da ih proždre.
4 ရန်သူတို့သည် သိမ်းသွားသော်လည်း၊ အခြားသောအရပ်၌ ငါသည် ထားကို မှာလိုက်၍ သတ်စေမည်။ ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှါသာ ငါကြည့်ရှုမည်။
Ako i u izgnanstvo odu pred neprijateljem, naredit ću maču da ih sasiječe; upravit ću oči na njih, ali na nesreću, ne na dobro.”
5 ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင်၊ မြေသည် အရည်ဖြစ်၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်ကဲ့သို့ တပြည်လုံးထပြီးလျှင်၊ တဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည်။
Jahve, Gospod nad Vojskama... on dodirne zemlju i ona se potrese, svi joj stanovnici protuže; diže se sva poput Nila i spušta k'o Rijeka egipatska.
6 အထက်အခန်းတော်တို့ကို ကောင်းကင်၌ဆောက်၍၊ အောက်တိုက်တော်ကို မြေကြီးပေါ်မှာ တည်တော်မူ၏။ သမုဒ္ဒရာရေကိုခေါ်၍ မြေကြီးပြင်၌ သွန်းလောင်းတော်မူ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။
On sazda sebi prijesto na nebesima, i svod svoj na zemlji osnova; on poziva morske vode i lijeva ih zemlji preko lica - Jahve mu je ime.
7 အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော။ ဣသရေ လအမျိုးကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရပြည်မှ၎င်း၊ ရှုရိလူတို့ကို ကိရပြည်မှ၎င်း ငါနှုတ်ဆောင်ပြီ မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
“Sinovi Izraelovi, niste li za me kao i Kušani” - riječ je Jahvina. “Ne izvedoh li ja Izraela iz zemlje egipatske, kao Filistejce iz Kaftora i Aramejce iz Kira?”
8 အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက်၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်။ သို့သော်လည်း၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ၏။
Gle, oči Jahve Gospoda uprte su na grešno kraljevstvo, izbrisat će ga s lica zemlje. “Ipak neću sasvim zatrti dom Jakovljev” - riječ je Jahvina.
9 တဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့၊ ဣသရေလအမျိုးကို ခပ်သိမ်းသော အမျိုးတို့တွင် ဆန်ခါနှင့်ငါချမည်။ ဆန်တစေ့မျှ မြေသို့မကျရ။
“Jer, gle, zapovijed ću dati i rastresti dom Izraelov među sve narode, k'o što se trese žito u rešetu, da ni zrnce na zemlju ne padne.
10 ၁၀ ဘေးဥပဒ်သည် ငါတို့ကို မမှီနိုင်၊ မဆီးတားနိုင်ဟု ဆိုလျက်၊ အပြစ်များသော ငါ၏လူအပေါင်းတို့သည် ထားဖြင့် သေရကြလိမ့်မည်။
Svi grešnici naroda moga od mača će pasti, svi koji kažu: 'Nije blizu i neće nas stići nesreća.'”
11 ၁၁ ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ၍ ငါ၏နာမဖြင့် သမုတ်သောတပါးအမျိုးသားအပေါင်းတို့ကို သိမ်းယူစေခြင်းငှါ၊
“U dan ću onaj podići raspalu kolibu Davidovu, zatvorit' joj pukotine, popraviti mjesta ruševna, opet je sazidati k'o u stara vremena,
12 ၁၂ လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ထိုကာလ၌ ငါဆောက်တည်ပြန်မည်။ အက်ကွဲရာများကို စေ့စပ်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို ရှေးကာလ၌ ရှိသကဲ့သို့ မတ်စေပြန်မည်ဟု၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ ၏။
da osvoje ostatak Edoma i svih naroda nad kojima je zazvano ime moje” - riječ je Jahve Gospoda, tvorca svega toga.
13 ၁၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သောသူကို၎င်း၊ စပျစ်သီးနယ် သောသူသည် မျိုးစေ့ကြဲသောသူကို၎င်း မှီလျက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလရောက်လိမ့်မည်။
“Evo dolaze dani - riječ je Jahvina - kada će orač stizat' žeteoca, mastilac grožđa sijača, kad će planine procuriti mladim vinom i svi se bregovi prelijevati njime.
14 ၁၄ သိမ်းသွားခြင်းကို ခံရသော ငါ၏လူ ဣသရေလအမျိုးသားတို့ကို တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကို စိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။
Okrenut ću sudbinu naroda moga Izraela: obnovit će gradove srušene i živjeti u njima, saditi vinograde i vino im piti, zasaditi vrtove i jesti njihov rod.
15 ၁၅ သူတို့ကို နေရင်းအရပ်၌ ငါစိုက်ထားမည်။ ငါ ပေးသောပြည်မှ နောက်တဖန် အဘယ်သူမျှ မနှုတ်ရဟု၊ သင်၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ၏။
Posadit ću ih u zemlju njihovu i nikad se više neće iščupati iz zemlje koju im dadoh” - veli Jahve, Bog tvoj.

< အာမုတ် 9 >