< အာမုတ် 2 >

1 တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ မောဘပြည်သည် ဧဒုံရှင်ဘုရင်၏ အရိုးတို့ကို ထုံးဖြစ်စေ ခြင်းငှါ မီးနှင့် ဖုတ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
主はこう言われる、「モアブの三つのとが、四つのとがのために、わたしはこれを罰してゆるさない。これは彼がエドムの王の骨を焼いて灰にしたからである。
2 မောဘပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ကေရုတ်မြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။ ကြီးသော အသံဗလံ ပြုခြင်း၊ အော်ဟစ်ခြင်း၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည်။
それゆえ、わたしはモアブに火を送り、ケリオテのもろもろの宮殿を焼き滅ぼす。モアブは騒ぎと、ときの声と、ラッパの音の中に死ぬ。
3 မောဘပြည်အလယ်၌ တရားသူကြီးကို ငါပယ်ဖြတ်၍၊ သူနှင့်တကွ မှူးမတ်အပေါင်းတို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
わたしはそのうちから、支配者を断ち、そのすべてのつかさを彼と共に殺す」と主は言われる。
4 တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒအမျိုးသည် ထာဝရဘုရားစီရင်တော်မူချက်တို့ကို မစောင့်၊ ပညတ်တရားတော်ကို စွန့်ပစ်၍၊ ဘိုးဘေးတို့ လိုက်ဘူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
主はこう言われる、「ユダの三つのとが、四つのとがのために、わたしはこれを罰してゆるさない。これは彼らが主の律法を捨て、その定めを守らず、その先祖たちが従い歩いた偽りの物に惑わされたからである。
5 ယုဒပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ယေရုရှလင်မြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
それゆえ、わたしはユダに火を送り、エルサレムのもろもろの宮殿を焼き滅ぼす」。
6 တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သော သူကို ငွေနှင့်၎င်း၊ ဆင်းရဲသောသူကို ခြေနင်းတရံနှင့်၎င်း ရောင်းသောအပြစ်၊
主はこう言われる、「イスラエルの三つのとが、四つのとがのために、わたしはこれを罰してゆるさない。これは彼らが正しい者を金のために売り、貧しい者をくつ一足のために売るからである。
7 ဆင်းရဲသော သူတို့၏ခေါင်းကို မြေမှုန့်နှင့် ဖုံးလွှမ်းစေခြင်းငှါ အလွန်အလိုကြီး၍၊ နှိမ့်ချသောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ၏နာမမြတ်ကို ရှုတ်ချခြင်းငှါ အဘနှင့်သားသည် တဦးတည်းသောမိန်းမကို ပေါင်းဘော်သောအပြစ်၊
彼らは弱い者の頭を地のちりに踏みつけ、苦しむ者の道をまげ、また父子ともにひとりの女のところへ行って、わが聖なる名を汚す。
8 ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား၌ ခင်း၍အိပ်သောအပြစ်၊ လျော်ပြစ် ငွေကို ဝယ်သောစပျစ်ရည်ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
彼らはすべての祭壇のかたわらに質に取った衣服を敷いて、その上に伏し、罰金をもって得た酒を、その神の家で飲む。
9 အာရဇ်ပင်အရပ်နှင့်အမျှ မြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသောအာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါ ပယ်ရှား၍၊ အထက်၌ သူ၏အသီးကို၎င်း၊ အောက်၌ သူ၏အမြစ်ကို၎င်း ငါဖျက်ဆီးပြီ။
さきにわたしはアモリびとを彼らの前から滅ぼした。これはその高きこと、香柏のごとく、その強きこと、かしの木のようであったが、わたしはその上の実と、下の根とを滅ぼした。
10 ၁၀ သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ၊ အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်ပြီ။
わたしはまた、あなたがたをエジプトの地から連れ上り、四十年のあいだ荒野で、あなたがたを導き、アモリびとの地を獲させた。
11 ၁၁ သင်တို့သားအချို့ကို ပရောဖက်အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အိုဣသရေလ အမျိုးသားတို့၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။
わたしはあなたがたの子らのうちから預言者を起し、あなたがたの若者のうちからナジルびとを起した。イスラエルの人々よ、そうではないか」と主は言われる。
12 ၁၂ သင်တို့မူကား၊ နာဇရီလူသောက်ဘို့ စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း၊ ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။
「ところがあなたがたはナジルびとに酒を飲ませ、預言者に命じて『預言するな』と言う。
13 ၁၃ ထိုကြောင့်၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း၏ဖိစီးခြင်းကို ခံရသကဲ့သို့၊ သင်တို့၏နေရာ အရပ်ကို ငါဖိစီးမည်။
見よ、わたしは麦束をいっぱい積んだ車が物を圧するように、あなたがたをその所で圧する。
14 ၁၄ အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရ သောအခွင့်မရှိရ။ သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ။
速く走る者も逃げ場を失い、強い者もその力をふるうことができず、勇士もその命を救うことができない。
15 ၁၅ လေးကိုကိုင်သောသူသည်မရပ်ရ။ လျင်မြန်သောခြေသည် သူရဲသည် ကိုယ်ကိုမကယ်လွှတ်ရ။ မြင်းစီးသူရဲသည်လည်း ကိုယ်ကိုမကယ်လွှတ်ရ။
弓をとる者も立つことができず、足早の者も自分を救うことができず、馬に乗る者もその命を救うことができない。
16 ၁၆ ရဲရင့်သော သူရဲသည် ထိုနေ့၌ အဝတ်မပါဘဲ ပြေးသွားရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
勇士のうちの雄々しい心の者もその日には裸で逃げる」と主は言われる。

< အာမုတ် 2 >