< တမန်တော်ဝတ္ထု 23 >

1 ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကို ပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျက် ပြုပါသည်ဟု ပြောဆိုသော်၊
In Pavel, pogledavši na zbor, reče: Možjé bratje! jaz sem z vso dobro vestjó živel pred Bogom do današnjega dné.
2 ယဇ်ပုရောဟိတ်မင်း အာနနိက၊ သူ၏နှုတ်ကို ရိုက်လော့ဟု အနား၌ ရပ်နေသောသူတို့အား အမိန့်ရှိ၏။
Véliki duhoven Ananija pa ukaže tistim, kteri so pri njem stali, naj ga udarijo po ustih.
3 ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှါ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။
Tedaj mu Pavel reče: Udaril te bo Bog, stena pobeljena! in ti sediš, da bi me sodil po postavi, in zoper postavo me veliš bíti?
4 အနား၌ရပ်နေသောသူတို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်မင်းကိုဆဲသလောဟု မေးလျှင်၊
Tisti pa, kteri so zraven stali, rekó: Vélikega duhovna Božjega preklinjaš?
5 ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကိုအကျွန်ုပ်မသိ။ သင်၏အမျိုးကို အုပ်စိုးသော မင်းကိုသင်သည် မကဲ့ရဲ့ရဟု ကျမ်းစာ၌ လာသည်ဟုဆို၏။
Pa reče Pavel: Nisem vedel, bratje, da je véliki duhoven; pisano je namreč: "Poglavarja naroda svojega ne preklinjaj."
6 ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မြော်လင့်ခြင်းအကြောင့်ကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကို ခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။
Vedoč pa Pavel, da je eden del Saducejev, a drugi Farizejev, zavpije v zboru: Možjé bratje, jaz sem Farizej, sin Farizejev; za voljo upanja in vstajanja mrtvih sem na sodbi.
7 ထိုအခါ ဖာရိရှဲတို့နှင့် ဖဒ္ဒုကဲတို့သည် အချင်း ချင်းငြင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက် လေ၏။
Ko je pa to rekel, nastane razpor med Farizeji in Saduceji, in množica se razdelí.
8 ကွဲပြားသည်အကြောင်းကား၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ နံဝိညာဉ် မရှိဟုယူကြ၏။ ဖာရိရှဲတို့က၊ နှစ်ပါးစလုံးရှိသည်ဟု ဝန်ခံကြ၏။
Kajti Saduceji pravijo, da ni vstajanja, in tudi angelja in duha ne; a Farizeji trdijo oboje.
9 အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌ နေသော ကျမ်းဆရာတို့သည် ထလျက်ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နံဝိညာဉ်သော်၎င်း၊ ကောင်းကင်တမန်သော်၎င်း သူ့ကိုပြောလျှင်၊ ဘုရား သခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။
In vstata je velika krika; in vstavši pismarji od strani Farizejske, pobijali so, govoreč: Nič hudega ne nahajamo na tem človeku; če mu je pa duh govoril ali angelj, ne nasprotujmo Bogu.
10 ၁၀ အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကို ဆွဲငင်၍ အပိုင်းပိုင်းဆုတ်ဖြတ်မည်ကို စစ်သူကြီး စိုးရိမ်သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကိုအရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍ ရဲတိုက်ထဲသို့ ပို့ဆောင်ကြဟု အမိန့်ရှိ၏။
Ko je pa vstal razpor velik, bal se je jezernik, da ne bi Pavla raztrgali, ter ukaže, naj snidejo vojaki in ga potegnejo izmed njih, in odpeljejo v grad.
11 ၁၁ နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။
Drugo noč pa pristopi Gospod k njemu, in reče: Ne boj se, Pavel! kajti kakor si v Jeruzalemu pričal za-me, tako moraš tudi v Rimu pričati.
12 ၁၂ မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။
Ko se je pa zdanilo, zbere se nekaj Judov, in zaroté se, govoreč, da ne bodo ne jedli ne pili, dokler ne ubijejo Pavla.
13 ၁၃ ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ၏။
Bilo jih je pa več kakor štirideset, kteri so se bili tako zakleli.
14 ၁၄ ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ ထံသို့သွား၍၊ အကျွန်ုပ်တို့သည် ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။
Ti pristopijo k vélikim duhovnom in starešinam, in rekó: S prisego smo se zakleli, da ne bomo ničesar okusili, dokler Pavla ne ubijemo.
15 ၁၅ ထိုကြောင့်၊ နက်ဖြန့်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ၊ သူ့ကို သာ၍ စေ့စေ့စစ်ကြောမည်အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီဟု လျှောက်ကြ၏။
Sedaj torej vi z zborom naznanite jezerniku, naj ga pripelje jutri k vam, kakor da bi hoteli kaj natančnijega zvedeti za njegove zadeve; a mi smo pripravljeni, da ga ubijemo, predno se približa.
16 ၁၆ ထိုသို့လမ်းနား၌ ချောင်း၍နေကြသည်အမှုကို ပေါလု၏ တူသည်ကြားလျှင်၊ ရဲတိုက်ထဲသို့ဝင်၍ ပေါလု အားကြားပြောလေ၏။
Slišavši pa sin sestre Pavlove za to zalezovanje, pride in vnide v grad, in sporočí Pavlu.
17 ၁၇ ပေါလုသည်တပ်မှူးတယောက်ကို ခေါ်၍၊ ဤလုလင်ကို စစ်သူကြီးထံသို့ပို့ပါ။ လျှောက်စရာတစုံတခု ရှိသည်ဟုဆိုသော်၊
Poklicavši pa Pavel enega od stotnikov, reče: Tega mladeniča odpelji k jezerniku; kajti ima mu nekaj sporočiti.
18 ၁၈ တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင်၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ်၍၊ ကိုယ်တော်အားလျှောက်စရာ တစုံတခုကရှိသော ဤလုလင်ကိုကိုယ်တော်ထံသို့ ပို့စေခြင်းငှါ တောင်းပန် ပါသည်ဟုလျှောက်၏။
On ga torej vzeme in pripelje k jezerniku, in reče: Jetnik Pavel me je poklical in prosil, naj tega mladeniča popeljem k tebi, kteri ima nekaj s teboj govoriti.
19 ၁၉ စစ်သူကြီးသည် လုလင်ကိုလက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့သွားပြီးလျှင်၊ သင်သည်အဘယ် အကြောင်း ကို ငါ့အားလျှောက်ချင်သနည်းဟု မေးမြန်းလေ၏။
In jezernik ga prime za roko in odide na stran, in vpraševal je: Kaj je, kar mi imaš povedati?
20 ၂၀ လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန်နေ့၌ ပေါလုကို လွှတ်တော်သို့ပို့ဆောင်စေခြင်းငှါ၊ ယုဒလူတို့ သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည်အဟန်ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်ဟု တိုင်ပင် ညှိညွတ် ကြပါပြီ။
Pa reče: Judje so se dogovorili, da te bodo prosili, da bi jutri pripeljal Pavla v zbor, kakor da bi hoteli kaj natančnijega izprašati za-nj.
21 ၂၁ သို့ရာတွင်သူတို့၏ အလိုသို့မလိုက်ပါနှင့်။ ပေါလု ကိုမသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီဟုလျှောက်လေ၏။
Ti jih pa ne poslušaj; kajti zalezuje ga izmed njih več kakor štirideset móž, kteri so se zarotili, da ne bodo ne jedli ne pili, dokler ga ne umoré; in sedaj so pripravljeni, in čakajo tvojega odgovora.
22 ၂၂ စစ်သူကြီးကလည်း၊ သင်သည်ငါ့အား ဤသို့ ကြားလျှောက်သည်ကို အဘယ်သူအားမျှမပြောနှင့်ဟု ထိုလုလင်ကိုမှာထား၍ လွှတ်လိုက်ပြီးလျှင်၊
Tedaj jezernik mladeniča odpustí, naročivši mu, naj nikomur ne pové, da si mi to naznanil.
23 ၂၃ တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ၊ မြင်းစီးသူရဲခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။
In poklicavši dva stotnika, reče: Pripravita dve sto vojakov, da pojdejo do Cezareje, in sedemdeset konjikov, in dve sto strelcev, po tretjej uri nočí;
24 ၂၄ ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကိုပြင်၍ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ၍ ပို့ကြဟုအမိန့်ရှိ၏။
In pripeljejo naj živino, da Pavla posadé in zdravega pripeljejo k Feliksu, poglavarju.
25 ၂၅ စစ်သူကြီးသည် ရေး၍ပေးလိုက်သော စာဟူ မူကား၊
In napiše pismo, ktero se je tako-le glasilo.
26 ၂၆ ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်းဖေလဇ်ကို မေတ္တာနှင့်ကြားလျက်လိုက်ပါသည်။
Klavdij Lizija pozdravlja častitega poglavarja Feliksa.
27 ၂၇ ယုဒလူတို့သည် ဤသူကိုဘမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည်ရောမလူဖြစ်ကြောင်းကို အကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နှုတ်ပါ သည်။
Tega moža so Judje zgrabili, in hoteli so ga umoriti; ali prišel sem z vojsko, in otél sem ga, ko sem zvedel, da je Rimljan.
28 ၂၈ ယုဒလူတို့သည် အဘယ်အပြစ်ကြောင့်သူနှင့် အမှုလုပ်ကြသည်ကို အကျွန်ုပ်သိလိုသောကြောင့်၊ သူ့ကို ယူ၍လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊
Hoteč pa zvedeti vzrok, za kaj ga tožijo, peljal sem ga v njih zbor.
29 ၂၉ အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည်မဟုတ်ဘဲ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ အမှုလုပ်ကြသည်ကို အကျွန်ုပ်သိမြင်ပါ၏။
In našel sem, da ga tožijo za vprašanja njih postave, da pa nima nobene krivice, za ktero bi bil vreden smrti ali vezî.
30 ၃၀ ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်ဟု အကျွန်ုရိပ်မိလျှင်၊ သူ့ကို ကိုယ်တော်ထံသို့ ချက်ခြင်းစေလွှတ်၍ အမှုလုပ်သောသူတို့ကို ရှေ့တော်၌ လျှောက်ထားစေခြင်းငှါ စီရင်ပါ၏။ ကိုယ်တော် ကျန်းမာ ပါစေသောဟု ရေး၍ပေးလိုက်သတည်း။
Ko mi se je pa naznanil naklep, kterega so kovali Judje zoper tega moža, poslal sem precej k tebi sporočivši tudi tožnikom, naj pred teboj povedó, kar imajo zoper njega. Zdrav!
31 ၃၁ စစ်သူကြီးမှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကို ယူ၍၊ ညဉ့်အခါ အန္တိပတရိမြို့သို့ ပို့လိုက်ပြီးမှ၊
Tedaj so vojaki, kakor jim se je bilo naročilo, Pavla vzeli in odpeljali po noči v Antipatrido.
32 ၃၂ နက်ဖြန်နေ့၌မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါ လွှတ်လိုက်၍ မိမိတို့သည် ရဲတိုက်သို့ ပြန်ကြ၏။
A drugi dan so se vrnili v grad, pustivši konjike, da so šli ž njim.
33 ၃၃ မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏ စာကိုမြို့ဝန်မင်းလက်သို့အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။
Ti pa, ko so prišli v Cezarejo, oddali so pismo poglavarju, in postavili so Pavla pred-nj.
34 ၃၄ မြို့ဝန်မင်းသည် စာကိုဘတ်ပြီးမှ၊ အဘယ်မြို့နှင့် ဆိုင်သနည်းဟု မေး၍၊ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင်၊
Poglavar pa, ko je prebral in vprašal, iz ktere dežele da je, in je zvedel, da iz Cilicije:
35 ၃၅ သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။
Zaslišal te bom, reče, kedar tudi tožniki tvoji pridejo. In ukazal je, naj ga varujejo v dvoru Herodovem.

< တမန်တော်ဝတ္ထု 23 >