< ၂ ဓမ္မရာဇဝင် 6 >

1 တဖန်ဒါဝိဒ်သည် ရွေးချယ်သောဣသရေလ လူသုံးသောင်းတို့ကို စုဝေးစေပြီးလျှင်၊
HOULUULU hou ae la o Davida i na kanaka i waeia a pau o ka Iseraela, he kanakolu tausani.
2 ခေရုဗိမ်ကြားမှာကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်နှင့် ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ယုဒပြည် ဗာလာမြို့မှဆောင်ခဲ့ခြင်းငှါ၊ မိမိ၌ပါသော သူအပေါင်းတို့ နှင့်တကွ ထသွားလေ၏။
Ku ae la o Davida, a hele pu aku la me na kanaka a pau me ia mai Baale o ka Iuda, e halihali mai laila mai i ka pahu o ke Akua, i ka mea i heaia aku ai ka inoa, ka inoa o Iehova sabaota, o ka Mea e noho ana mawaena o na kerubima.
3 ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင်၍ တောင်ပေါ်အဘိနဒပ်အိမ်ထဲက ထုတ်ကြ ၏။ အဘိနဒပ်၏သား ဩဇနှင့်အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ၏။
Kau aku la lakou i ka pahu o ke Akua maluna o ke kaa hou, a lawe mai la ia mailoko ae o ka hale o Abinadaba ma Gibea. Kai aku la o Uza a me Ahio na keikikane a Abinadaba i ke kaa hou.
4 ဩဇသည်ဘုရားသခင်၏ သေတ္တာတော်အနား၌၎င်း၊ အဟိဩသည် သေတ္တာတော်ရှေ့၌၎င်း သွားကြ၏။
Lawe mai la lakou ia mea mailoko mai o ka hale o Abinadaba ma Gibea, e hele pu ana me ka pahu o ke Akua, a hele aku la o Ahio imua o ka pahu.
5 ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်းတို့ကို ကိုင်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။
Hookani aku la o Davida a me ka ohana a Iseraela a pau imua o Iehova, me na mea kani o na laau o kela ano o keia ano; me na lira, na pesaleteria, na timeberela, na korineta, a me na kimebala.
6 နာခုန်ကောက်နယ်သလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။
A hiki aku la lakou i kahi hehipalaoa no Nakona, o aku la o Uza i kona lima i ka pahu o ke Akua, a paa aku la ia; no ka mea ua okupe na bipikauo.
7 ထာဝရဘုရားသည် ဩဇကိုအမျက်ထွက်၍ သူ၏အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့်၊ သူသည် သေတ္တာတော်နားမှာ သေလေ၏။
Huhu mai la o Iehova ia Uza, a hahau mai la ke Akua ia ia malaila, no kona hala; a make iho la ia malaila ma ka pahu o ke Akua.
8 ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့်၊ ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇာဇအမည်ဖြင့်တွင် သတည်း။
Ukiuki iho la o Davida i ko Iehova hahau ana aku ia Uza; a kapa aku la o Davida i ka inoa o ia wahi, o Perezuza.
9 ထိုနေ့၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက်၍၊ ထာဝရဘုရား၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်းဟု ဆိုလျက်၊
Makau iho la o Davida ia Iehova ia la, i iho la, Pehea la e hiki aku ai ka pahu o ke Akua io'u la?
10 ၁၀ မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။
Nolaila, aole i lawe o Davida i ka pahu o Iehova io na la i ke kulanakauhale o Davida: aka, lawe ae la o Davida ia mea iloko o ka hale o Obededoma no Gata.
11 ၁၁ ထာဝရဘုရား၏သေတ္တာတော်သည် သုံးလပတ်လုံး ဂိတိလူဩဗဒေဒုံအိမ်၌ရှိ၏။ ထာဝရဘုရားသည် လည်း၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။
A waiho wale ia ka pahu o Iehova ma ka hale o Obededoma no Gata i na malama ekolu, a hoopomaikai mai la o Iehova ia Obededoma a me ko ka hale ona a pau.
12 ၁၂ ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ၌ရှိသမျှကို ကောင်းကြီးပေးတော်မူကြောင်း ကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တဖန်သွား၍ ဘုရားသခင်၏ သေတ္တာတော်ကိုဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။
Hai aku la lakou ia Davida i ke alii, i mai la, E, ua hoopomaikai o Iehova i ko ka hale o Obededoma, a me na mea a pau ia ia, no ka pahu o ke Akua. A hele aku la o Davida, a lawe mai la i ka pahu o ke Akua, mai ka hale o Obededoma mai, a iloko o ke kulanakauhale o Davida me ka olioli.
13 ၁၃ ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းသောသူတို့သည်ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့်ဆူဖြိုးသော အကောင်တို့ကို ယဇ်ပူဇော်လေ၏။
Aia, hele aku la ka poe halihali i ka pahu o Iehova i na ana eono, mohai aku la oia i na bipi a me na mea i kupaluia.
14 ၁၄ ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ကလေ၏။
Haa ikaika aku la hoi o Davida imua o Iehova; a ua kaeiia o Davida i ka epoda olona.
15 ၁၅ ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရ ဘုရား၏သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
A halihali mai la o Davida a me ka ohana a Iseraela a pau i ka pahu o Iehova me ka hooho ana, a me ka hookani ana i ka pu.
16 ၁၆ ထာဝရဘုရား၏သေတ္တာတော်သည် ဒါဝိမြို့ထဲသို့ရောက်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြတင်းပေါက်ဖြင့် ကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။
A i ka hiki ana mai o ka pahu o ke Akua iloko o ke kulanakauhale o Davida, nana aku la o Mikala ke kaikamahine a Saula ma ka puka makani, a ike aku la i ke alii ia Davida e lele ana, a e haa ana imua o Iehova; hoowahawaha aku la kona naau ia ia.
17 ၁၇ ထာဝရဘုရား၏ သေတ္တာတော်ကိုသွင်း၍ ဒါဝိဒ် ဆောက်နှင့်သောတဲအလယ်တွင် သူ့နေရာ၌ ထားကြပြီးမှ၊ ဒါဝိဒ်သည်မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ထာဝရဘုရားရှေ့တော်၌ ပူဇော်လေ၏။
Lawe mai la lakou i ka pahu o Iehova iloko, a kau iho la ia ma kona wahi, mawaena konu o ka halelewa a Davida i kukulu ai nona: a mohai aku la o Davida i na mohaikuni, a me na mohai aloha imua o Iehova.
18 ၁၈ မီးရှို့ရာယဇ်နှင့်မိဿဟာယ ယဇ်ပူဇော်ခြင်း အမှုကို ပြီးစီးသောအခါ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ၏။
A pau ae la ka Davida mohai ana i na mohaikuni a me na mohai hoomalu, hoomaikai aku la ia i na kanaka ma ka inoa o Iehova sabaota.
19 ၁၉ ဣသရေလပရိသတ် ယောက်ျားမိန်းမအပေါင်းတို့အား မုန့်တပြား၊ အမဲသားတတစ်၊ စပြစ်သီး ပျဉ် တပြားစီ ဝေငှပြီးမှ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။
A haawi aku la ia na ka poe kanaka a pau, na ke anaina kanaka a pau o ka Iseraela, na na wahine a me na kane, na kela mea keia mea, i ka popo berena a me kauwahi ia, a me kekahi pai huawaina. A hoi hou aku la na kanaka a pau i ko lakou mau wahi.
20 ၂၀ ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွား၍ရောက်သောအခါ၊ ရှောလု ၏သမီး မိခါလသည် ဆီး၍ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟုဆို၏။
Hoi hou aku la o Davida e hooaloha i ko ka hale ona. Hele mai la o Mikala ke kaikamahine a Saula e halawai me Davida, i mai la, Kai ka nani o ke alii o ka Iseraela i keia la, nana i wehe ae i kona kapa i keia la imua o na maka o na kauwawahine a kona poe kanaka, e like me ka wehe hilahila ole ana o kekahi kanaka lapuwale.
21 ၂၁ ဒါဝိဒ်ကလည်း၊ သင့်အဘနှင့်သူ၏ အဆွေအမျိုး အပေါင်းတို့၏ကိုယ်စား၊ ငါ့ကိုရွေးကောက်၍ ထာဝရ ဘုရား၏လူ၊ ဣသရေလအမျိုးကို အုပ်စိုးသော မင်းအရာ၌ ခန်းထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်မည်။
I aku la o Davida ia Mikala, Imua ia o Ieliova, nana au i koho mai imua o kou makuakane, imua hoi o kana ohana a pau e hoonoho ia'u i alii maluna o ko Iehova poe kanaka, maluna o ka Iseraela: nolaila hoi e hula au imua o Iehova.
22 ၂၂ ထိုမျှမက၊ ငါသာ၍ယုတ်မာမည်။ ကိုယ် အထင်အတိုင်းကိုယ်ကိုသာ၍ နှိမ့်ချမည်၊ သင်ပြောသော ကျွန်မများမူကား၊ ငါ့ကိုချီးမွမ်းကြလိမ့်မည်ဟု မိခါလကို ပြန်ပြော၏။
A ma keia hope, e lilo ana au i mea i hoowahawahaia, a i mea ino hoi imua o ko'u maka iho: a o ka poe kauwawahine au i olelo mai ai, e hoomaikaiia mai hoi au e lakou.
23 ၂၃ ရှောလု၏သမီးမိခါလသည် တသက်လုံးသားကို မဘွားမမြင်ရ။
Nolaila, aohe keiki a Mikala ke kaikamahine a Saula a hiki i kona la i make ai.

< ၂ ဓမ္မရာဇဝင် 6 >