< ၂ ဓမ္မရာဇဝင် 21 >

1 ထိုနောက်ဒါဝိဒ်လက်ထက်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ်၍၊ ဒါဝိဒ်သည်ထာဝရ ဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ဂိဗောင် လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကို သတ်တတ် သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ၏။
U dane Davidove vladaše jednom glad tri godine uzastopce. David se obrati Jahvi, a Jahve mu odgovori: “Na Šaulu i njegovu domu leži krvna krivnja jer je pogubio Gibeonce.”
2 ဂိဗောင်လူတို့သည် ဣသရေလအမျိုးအဝင် မဟုတ်၊ ကျန်ကြွင်းသော အာမောရိအမျိုးဖြစ်ကြ၏။ ဣသရေလအမျိုးတို့သည် သူတို့အား သစ္စာဂတိထားကြ သော်လည်း၊ ရှောလုသည် ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူတို့ကို သတ်မည်ဟု အားထုတ် သတည်း။
Tada kralj sazva Gibeonce da ih pita. Ti Gibeonci nisu pripadali Izraelcima, nego su bili ostatak Amorejaca, kojima se Izraelci bijahu zakleli zakletvom, ali je Šaul tražio da ih uništi u svojoj revnosti za Izraelce i Judejce.
3 ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ်၍၊ သင်တို့အဘို့ အဘယ်သို့ပြုရမည်နည်း။ သင်တို့သည် ထာဝရဘုရား၏ အမွေတော်ကို ကောင်းကြီးပေးစေခြင်း ငှါ အဘယ်သို့အပြစ်ဖြေရမည်နည်းဟု မေးလျှင်၊
David, dakle, upita Gibeonce: “Što da vam učinim i čime da vam dadem zadovoljštinu da biste blagoslovili baštinu Jahvinu?”
4 ဂိဗောင်လူတို့က၊ ကျွန်တော်တို့သည်ရှောလုနှင့် သူ၏အမျိုး၌ရွှေငွေကိုမတောင်းပါ။ ကျွန်တော်တို့ အတွက် ဣသရေလအမျိုးသားတစုံတယောက်ကိုမျှ ကိုယ်တော်သည် မသတ်ရဟု ပြန်လျှောက်ကြသော်၊ သင်တို့ တောင်း သည်အတိုင်း ငါပြုမည်ဟု မိန့်တော်မူ၏။
Gibeonci odgovoriše: “Ne tražimo mi ni srebra ni zlata od Šaula i njegova doma, niti nam je stalo da se pogubi koji čovjek u Izraelu.” David će im nato: “Što reknete učinit ću za vas.”
5 သူတို့ကလည်း၊ ကျွန်တော်တို့ကို ညှဉ်းဆဲ၍ ဣသရေလနိုင်ငံအတွင်း၌ အလျှင်းမနေရမည်အကြောင်း သုတ်သင်ပယ်ရှင်းခြင်းငှါ ကြိုးစားသောသူ၏။
A oni odgovoriše kralju: “Čovjek koji nas je zatirao i koji je smišljao da nas uništi, da nas ne bude nigdje u svemu izraelskom području,
6 သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့ အပ်တော်မူပါ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာ ဂိဗာမြို့၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဘို့ ဆွဲထားပါမည်ဟု လျှောက်သော်၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ၏။
od njegovih potomaka neka nam se preda sedam ljudi da ih objesimo pred Jahvom u Gibeonu na gori Jahvinoj.” Kralj odvrati: “Dat ću vam ih.”
7 သို့သော်လည်း ဒါဝိဒ်နှင့် ရှောလု၏သား ယောန သန်တို့သည် ထာဝရဘုရားရှေ့တော်၌ တယောက်နှင့် တယောက် သစ္စာဂတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သောမေဖိဗောရှက်ကို နှမြောတော်မူ၏။
Kralj poštedje Meribaala, sina Šaulova sina Jonatana, zbog zakletve pred Jahvom koja ih je vezala, Davida i Jonatana, sina Šaulova.
8 သို့ဖြစ်၍ ရှင်ဘုရင်သည် အဲအာသမီးရိဇပ ဘွားမြင်သော ရှောလု၏ သားအာမောနိနှင့် မေဖိ ဗောရှက်နှစ်ယောက်မှစ၍၊ ရှောလု၏ သမီးမေရပ်တွင် မေဟောလသိအမျိုး ဗာဇိလဲ၏ သားအဒြေလမြင်သော သားငါးယောက်တို့ကို ယူ၍၊
Tako kralj uze oba sina Rispe, Ajine kćeri, koje je rodila Šaulu, Armonija i Meribaala, i svih pet sinova Merabe, Šaulove kćeri, koje je rodila Adrielu, sinu Barzilajevu, iz Mehole.
9 ဂိဗောင်လူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော်၌ ဆွဲထား၍၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါး ရိတ်စကာလ၊ တနေ့ခြင်းတွင် အသေသတ်ခြင်းကို ခံရ၍ တပြိုင်နက် သေကြ၏။
Njih dade u ruke Gibeoncima, a oni ih objesiše na gori pred Jahvom. Tako sva sedmorica poginuše zajedno, pogubljeni prvih dana žetve, na početku ječmene žetve.
10 ၁၀ အဲအာသမီး ရိဇပသည် စပါးရိတ်စကာလမှစ၍ မိုဃ်းမရွာမှီတိုင်အောင် လျှော်တေကို ယူ၍ ကျောက်ပေါ် မှာ အိပ်စရာဘို့ခင်းလျက်၊ နေ့အချိန်တွင် အလောင်း ကောင်အပေါ်၌ငှက်မနား၊ ညဉ့်အချိန်တွင် သားရဲမကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။
Rispa, Ajina kći, uze kostrijet i prostrije je za sebe na stijeni od početka ječmene žetve sve dok nije kiša s neba pala na mrtva tijela, i tako nije dala nebeskim pticama da se spuštaju na njih danju ni poljskim zvijerima noću.
11 ၁၁ ရှောလု၏ကိုယ်လုပ်တော်အဲ အာသမီး ရိဇပပြု သော အမှုကို ဒါဝိဒ်သည် ကြားသောအခါ၊
Kad su Davidu javili što je učinila Ajina kći Rispa, Šaulova inoča,
12 ၁၂ ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကို သတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဇက်ရှမ်လမ်းမှ ခိုးသွားသောဂိလဒ်ပြည်ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော် ယောနသန်အရိုးတို့ကိုယူ၍၊
ode David i uze Šaulove kosti i kosti njegova sina Jonatana od stanovnika Jabeša Gileadskog, koji ih bijahu potajno odnijeli s trga u Bet Šanu, gdje su ih objesili Filistejci u onaj dan kad su Filistejci porazili Šaula na Gilboi.
13 ၁၃ ထိုအရပ်မှဆောင်သွားသဖြင့်၊ ဆွဲထားသော သူတို့၏ အရိုးများကိုလည်း စုသိမ်းပြီးလျှင်၊
David prenese odande Šaulove kosti i kosti njegova sina Jonatana pa ih združi s kostima pogubljenih.
14 ၁၄ ဗင်္ယာမိန်ပြည်။ ဇေလရှာ၊ ရှောလုအဘ ကိရှ၏ သင်္ချိုင်း၌ သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြ ပြီးသည်နောက်၊ နိုင်ငံတော်အဘို့ ဆုတောင်းသော စကားကို ဘုရားသခင် နားထောင်တော်မူ၏။
I ukopaše Šaulove kosti i kosti njegova sina Jonatana s kostima pogubljenih u zemlji Benjaminovoj, u Seli, u grobu Šaulova oca Kiša. Pošto izvršiše sve što je kralj zapovjedio, Bog se smilova zemlji.
15 ၁၅ နောက်တဖန် ဖိလိတ္တိလူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက်၍ ၊ ဒါဝိဒ်နှင့်သူ၏ ကျွန်တို့ သည် ဆီးကြို၍ တိုက်လှန်ကြစဉ်၊ ဒါဝိဒ်သည် မောပန်း လျက်နေလေ၏။
Jednom opet nasta rat između Filistejaca i Izraelaca. David ode u boj sa svojim ljudima te su se borili s Filistejcima tako da se David umorio.
16 ၁၆ ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံး ပိဿာရှိသော ကြေးဝါလှံကို ကိုင်၍၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက်ဒါဝိဒ်ကို သတ်မည်ဟု ကြံလေ၏။
Išibenob, jedan od Rafinih potomaka, čije je koplje bilo teško tri stotine mjedenih šekela i koji o pripasu imaše nov mač, hvastao se tada da će ubiti Davida.
17 ၁၇ ဇေရုယာသားအဘိရှဲသည် ကူညီ၍ ဖိလိတ္တိ လူကို တိုက်သတ်လေ၏။ ထိုအခါ ဒါဝိဒ်၏ လူတို့က၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသော ကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက် တဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက် ကြ၏။
Ali Davidu priskoči u pomoć Sarvijin sin Abišaj; udari on Filistejca te ga ubi. Tada se Davidovi ljudi zakleše rekavši Davidu: “Nećeš više ići s nama u boj, da ne ugasiš svjetiljke Izraelove!”
18 ၁၈ နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖ ကို သတ်လေ၏။
Poslije toga opet izbi rat s Filistejcima u Gobu; tada je Hušanin Sibkaj pogubio Sipaja, jednoga od Rafinih potomaka.
19 ၁၉ နောက်တဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဗက်လင်မြို့သားဖြစ်သော ယဣရ၏သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျက်၏ ညီလာခမိ ကို သတ်လေ၏။
Uz to nasta rat s Filistejcima u Gobu; tada je Jairov sin Elhanan iz Betlehema pogubio Golijata Gitejca, koji je imao kopljaču kao tkalačko vratilo.
20 ၂၀ နောက်တဖန် ဂါသမြို့မှ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်။
Potom opet izbi rat u Gatu, gdje je bio neki čovjek visoka rasta: imaše taj na svakoj ruci i nozi po šest prstiju, dakle dvadeset i četiri; i on bijaše potomak Rafin.
21 ၂၁ ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ် လေ၏။
Kad je počeo ružiti Izraela, ubi ga Jonatan, sin Davidova brata Šimeja.
22 ၂၂ ထိုသူလေးယောက်တို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး၏သားဖြစ်၍၊ ဒါဝိဒ်နှင့်သူ၏ကျွန်တို့ လက်ဖြင့် သေကြ၏။
Ta četvorica bijahu potomci istoga Rafe iz Gata, a poginuše od ruke Davidove i od ruku njegovih slugu.

< ၂ ဓမ္မရာဇဝင် 21 >