< ၂ ပေတရု 3 >

1 ချစ်သူတို့၊ ဤဒုတိယဩဝါဒစာကို သင်တို့အား ယခု ငါရေး၍ ပေးလိုက်၏။
Dies ist, meine Lieben, schon der zweite Brief, den ich euch schreibe. In beiden Briefen suche ich durch meine Erinnerungen den lauteren Sinn in euch wachzuhalten,
2 သန့်ရှင်းသော ပရောဖက်တို့သည်၊ အထက်က ဟောပြောသော စကားများကို၎င်း၊ ကယ်တင်တော်မူ သော အရှင်သခင်ဘုရား၏ တမန်တော် ဖြစ်သော ငါတို့ ၏ ပညတ်ကို၎င်း၊ သင်တို့သည် အောက်မေ့ စေခြင်းငှါ၊ ဤစာနှစ်စောင်၌ သင်တို့၏ ကြည်ဖြူသော စိတ်ဝိညာဉ် တို့ကို ငါသတိပေး၍ နှိုးဆော်၏။
damit ihr eingedenk seid der Worte, die lange zuvor die heiligen Propheten geredet haben, und des Gebotes des Herrn und Heilands, das euch von euern Aposteln mitgeteilt worden ist.
3 ရှေ့ဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊
Bedenkt vor allem: In den letzten Tagen werden Spötter auftreten, die alles verhöhnen; sie werden nach ihren eigenen Lüsten wandeln
4 သခင်ဘုရားကြွလာမည်ဟူသော ဂတိတော် သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော် သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြလိမ့်မည်။
und sprechen: "Wo bleibt denn seine verheißene Wiederkunft? Seitdem unsere Väter entschlafen sind, geht ja alles seinen Gang wie immer, solange die Welt steht."
5 ရှေးကာလ၌မိုဃ်းကောင်းကင်ကို၎င်း၊ ရေထဲက ထွက်၍ရေဖြင့် တည်သောမြေကြီးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊
Dabei sind sie absichtlich blind gegen die Tatsache, daß es einst einen Himmel gab, der von alters her bestand, und eine Erde, die sich auf Gottes Wort aus dem Wasser erhob und durch das Wasser hin ausdehnte.
6 ဖြစ်ဘူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့် လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။
Und doch ging gerade durch diese beiden die damalige Welt an einer Wasserflut zugrunde.
7 ယခုရှိသော မိုဃ်းကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက် တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက် ရှိ၍၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း။
Der jetzige Himmel aber und die jetzige Erde sind auch durch ein Gotteswort wie ein Schatz erhalten geblieben: sie werden für ein Feuer aufbewahrt, das sich entzünden soll an jenem Tag, wenn das Gericht gehalten wird und die gottlosen Menschen das Verderben trifft.
8 ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက် သည်၊ အနှစ် တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်းဖြစ်သည် အရာတခုကို မမေ့လျော့ကြ နှင့်။
Doch eins, Geliebte, dürft ihr nicht vergessen: In des Herrn Augen ist ein Tag wie tausend Jahre, und tausend Jahre sind wie ein Tag.
9 လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက် စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံ တော်မူ၏။
Der Herr zögert nicht, die Verheißung zu erfüllen, wie so manche denken; er ist nur langmütig gegen euch. Denn er will nicht, daß jemand verlorengehe, sondern daß alle zur Sinnesänderung vorwärtsschreiten.
10 ၁၀ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရ ဘုရား၏ နေ့ရက်သည် လာလိမ့်ည်။ ထိုနေ့၌ မိုဃ်း ကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက် သွားလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။
Es wird aber der Tag des Herrn kommen wie ein Dieb. Dann werden die Himmel mit Geprassel vergehen, denn ihre Grundstoffe werden sich in Flammen auflösen; und die Erde mit allem, was darauf ist, wird verbrennen.
11 ၁၁ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သော ကြောင့်၊
Da nun dies alles so zergehen soll, wie müßt ihr euch deshalb auszeichnen durch heiligen Wandel und durch Frömmigkeit!
12 ၁၂ မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက် လိမ့်မည်ဟုသင်တို့သည် မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ် ကြသနည်း။
Ihr sollt ja die Ankunft des Tages Gottes erwarten und beschleunigen! Weil dieser Tag hereinbricht, werden sich die Himmel im Feuer auflösen, und ihre Grundstoffe werden in Brand geraten und zerschmelzen.
13 ၁၃ ယခုရှိသမျှသောအရာတို့သည် ပျက်ရသော် လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုဃ်းကောင်း ကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော် နှင့်အညီ မြော်လင့်ကြ၏။
Wir warten aber nach seiner Verheißung auf neue Himmel und eine neue Erde, und darin soll Gerechtigkeit wohnen.
14 ၁၄ ထိုသို့မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ် အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည် အကြောင်း ကြိုးစားအားထုတ်ကြလော့။
In dieser Erwartung befleißigt euch deshalb, Geliebte, daß er euch zu euerm Heil fehllos und unsträflich finde!
15 ၁၅ ငါတို့ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး၍ ပေးလိုက်သော စာ၌၎င်း၊ သူသည်ဤအရာများ ကိုပြော၍စီရင်သော ဩဝါဒစာရှိသမျှတို့၌၎င်း ပါသည်နှင့်အညီ၊ ငါတို့ သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည် အကြောင်း ဖြစ်သည်ဟုမှတ်ကြလော့။
Laßt euch die Langmut unseres Herrn zu eurer Rettung dienen! In diesem Sinn hat euch ja auch unser lieber Bruder Paulus nach der ihm verliehenen Weisheit geschrieben.
16 ၁၆ ထိုစာတို့၌ ခက်ခဲသောအရာအချို့ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိသောသူတို့သည်၊ ထိုအရာမှစ၍ ကြွင်းသောကျမ်းစာ၏ အနက်ကို မှောင်လှန်၍၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ၏။
Und ebenso redet er in allen seinen Briefen, wenn er auf diese Dinge zu sprechen kommt. Darin ist freilich manches schwer verständlich, und die Schlechtunterrichteten und Unbefestigten verdrehen solche Stellen, wie sie's auch sonst mit den Schriften machen, und zwar zu ihrem eigenen Verderben.
17 ၁၇ သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသော သူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်ရာသို့ လိုက်၍၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည် အကြောင်း၊ ဤအရာများကို သိနှင့်ပြီဖြစ်၍၊ ကိုယ်ကို ကိုယ်စောင့်ရှောက်ကြလော့။
Ihr nun, meine Lieben, seid vorher gewarnt worden. So gebt denn acht, daß ihr nicht durch die Verführung der ruchlosen Menschen mitfortgerissen werdet und aus euerm festen Glaubensstand fallt!
18 ၁၈ ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူ သော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွားကြလော့။ ထိုသခင်သည် ယခုမှစ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေ သတည်း။ အာမင်။ (aiōn g165)
Wachst vielmehr in der Gnade und Erkenntnis unseres Herrn und Heilandes Jesus Christus! Ihm sei Ehre jetzt und bis auf den Tag der Ewigkeit! Amen. (aiōn g165)

< ၂ ပေတရု 3 >

The World is Destroyed by Water
The World is Destroyed by Water