< ၄ ဓမ္မရာဇဝင် 9 >

1 ထိုအခါပရောဖက် ဧလိရှဲသည် ပရောဖက် အမျိုးသားတယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်း လော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။
Prorok Elizej pozva jednoga od proročkih sinova i reče mu: “Opaši se, uzmi sa sobom ovu posudu s uljem pa idi u Ramot Gilead.
2 ရောက်သောအခါ၊ နိမ်ရှိသားယောရှဖတ်၏သား ယေဟုကို ရှာ၍သူ့ထံသို့ ဝင်လျက်၊ သူ့ကိုသူ၏အပေါင်း အဘော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ ခေါ်ပြီး လျှင်၊
Kad onamo stigneš, potraži Jehua, sina Jošafatova, sina Nimšijeva. Kad ga nađeš, izvedi ga između njegovih drugova i uvedi ga u pokrajnju sobu.
3 ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကို လောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်း မလင့်ဘဲ ပြေးလော့ဟု မှာထားလေ၏။
I uzmi posudu s uljem, izlij mu je na glavu i reci: 'Ovako veli Jahve: Pomazao sam te za kralja izraelskoga.' Zatim otvori vrata i bježi, ne oklijevaj.”
4 ထိုပရောဖက်အမျိုးသားလုလင်သည် ဂိလဒ် ပြည် ရာမုတ်မြို့သို့ သွား၏။
Tada mladi prorok ode u Ramot Gilead.
5 ရောက်သောအခါ၊ ဗိုလ်မင်းတို့သည်အတူ ထိုင်လျက် ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအား ပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည် ဟု ပြန်ဆို၏။
Kad je stigao, zapovjednici vojske upravo su sjedili na okupu. On reče: “Imam ti riječ reći, zapovjedniče!” Jehu upita: “Komu od nas?” On odgovori: “Tebi, zapovjedniče!”
6 ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည် သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။
Jehu tada ustade i uđe u kuću. Mladi mu čovjek izli ulje na glavu i reče mu: “Ovako veli Jahve, Bog Izraelov: 'Pomazao sam te za kralja nad Jahvinim narodom, nad Izraelom.
7 ငါ့ကျွန်ပရောဖက်တို့ကို သတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သော အပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည် အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။
Ti ćeš pobiti obitelj Ahaba, gospodara tvoga, a ja ću osvetiti krv svojih slugu proroka i krv sviju službenika Jahvinih na Izebeli
8 အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်း ငှါ၊ ဣသရေလ မြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကို ငါပယ်ဖြတ်မည်။
i na svoj obitelji Ahabovoj. Iskorijenit ću Ahabu sve što mokri uza zid, robove i slobodnjake u Izraelu.
9 အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့၎င်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့၎င်း ဖြစ်စေမည်။
Učinit ću s domom Ahabovim kao s domom Jeroboama, sina Nebatova, i kao s domom Baše, sina Ahijina.
10 ၁၀ ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိ။ ယေဇ ရေလမြေကွက်၌၊ ခွေးတို့သည်သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့်၍ ပြေး၏။
A Izebelu će proždrijeti psi na polju jizreelskom i nitko je neće pokopati.'” - Zatim otvori vrata i pobježe.
11 ၁၁ ထိုအခါ ယေဟုသည် မိမိသခင်၏ ကျွန်တို့ရှိရာ သို့ ထွက်၍၊ တယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကို၎င်း၊ သူပြောသော စကားကို၎င်း သိကြ၏ဟုဆိုသော်၊
Jehu iziđe k časnicima svoga gospodara. Oni ga upitaše: “Je li sve u miru? Zašto je ta budala dolazila k tebi?” On im odgovori: “Znate čovjeka i besjedu njegovu.”
12 ၁၂ သူတို့က ငါတို့မသိ။ ပြောပါလော့ဟု ဆိုပြန် သော်၊ ယေဟုက၊ ထိုသူသည်ဤမည်သော စကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကိုဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊
Oni rekoše: “Ne znamo! Kazuj nam!” On im reče: “Govorio mi je tako i tako i rekao mi: 'Ovako veli Jahve: Pomazao sam te za kralja nad Izraelom.'”
13 ၁၃ သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
Odmah oni uzeše svoje ogrtače i prostriješe ih pred njim po stepenicama, zatrubiše u rogove i povikaše: “Jehu je kralj!”
14 ၁၄ ထိုသို့နိမ်ရှိသားယောရှဖတ်၏ သားယေဟုသည် ယောရံမင်း တဘက်သင်းဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူ အပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက် ကြ၏။
Tako Jehu, sin Jošafata, sina Nimšijeva, skova urotu protiv Jorama - Joram je tada branio Ramot Gilead sa svim Izraelcima protiv Hazaela, aramejskog kralja.
15 ၁၅ သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင် ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလ မြို့သို့သွား၍ သိတင်းကြားပြောရသော သူတစုံ တယောက်ကိုမျှ မြို့ထဲက မထွက်မသွားစေနှင့်ဟုစီရင်၏။
Ali se kralj Joram vratio u Jizreel da liječi rane koje su mu zadali Aramejci u boju s Hazaelom, aramejskim kraljem. - I reče Jehu: “Ako vam je po volji, neka nitko ne utekne iz grada da odnese vijest u Jizreel.”
16 ၁၆ ထိုသို့ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေ သောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့ သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာ ခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှါ ရောက်လာပြီ။
Jehu se tada pope na kola i ode prema Jizreelu, jer je Joram ondje bolovao, i Ahazja, kralj judejski, došao ga posjetiti.
17 ၁၇ ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သော သူသည်ရပ်လျက်၊ ယေဟုနှင့် လိုက်လာသော အလုံး အရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင် သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှါ သွား၍ ငြိမ်သက်ခြင်း ရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီး သူရဲတယောက်ကို စေလွှတ်သည်အတိုင်း၊
Stražar koji je stajao na kuli u Jizreelu, videći da dolazi Jehuova četa, javi: “Vidim nekakvu četu.” Joram naredi: “Uzmi konjanika i pošalji ga pred njih da upita: je li sve s mirom.”
18 ၁၈ မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှါသွား၍၊ ငြိမ် သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ ရောက်၍ ပြန်မလာပါဟုဆိုသော်၊
Ode konjanik preda nj i reče: “Ovako veli kralj: je li sve s mirom?” - Jehu odgovori: “Što te briga je li s mirom! Hajde za mnom.” Stražar javi: “Glasnik je stigao do njih, ali se ne vraća.”
19 ၁၉ ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲ တယောက်ကို စေလွှတ်ပြန်၍၊ သူသည်ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင် မေးတော်မူကြောင်း ကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်း နှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက် လော့ဟု ဆို၏။
Kralj posla drugoga konjanika. Taj dođe k njima i upita: “Ovako veli kralj: je li sve s mirom?” - Jehu mu odgovori: “Što te briga je li s mirom! Hajde za mnom.”
20 ၂၀ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသား ယေဟုနှင့် တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါ သည်ဟုဆို၏။
Stražar opet javi: “Došao je do njih, ali se ne vraća. A vožnja je kao vožnja Jehua, sina Nimšijeva: vozi kao mahnit!”
21 ၂၁ ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင် လော့ဟုဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင်ယောရံနှင့် ယုဒရှင်ဘုရင် အာခဇိတို့ သည် ရထားတော်တခုစီစီးလျက်ယေဟုကို ဆီးကြို မည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏ မြေကွက်တွင် တွေ့ကြ၏။
Joram reče: “Preži!” I upregoše u njegova kola. Joram, kralj Izraela, i judejski kralj Ahazja iziđoše, svaki u svojim kolima, u susret Jehuu. Susretoše ga u polju Nabota Jizreelca.
22 ၂၂ ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက။ သင့်အမိယေဇ ဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသော အမှုများ သော ကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက် ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊
Kad Joram ugleda Jehua, upita ga: “Je li sve u miru, Jehu?” Ovaj odgovori: “Kakvu miru dok traju bludništva tvoje majke Izebele i njena mnoga čaranja!”
23 ၂၃ ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကားဟု ဆိုလျက် လှည့်၍ ပြေး၏။
Joram okrenu i udari u bijeg govoreći Ahazji: “Izdaja, Ahazja!”
24 ၂၄ ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာမှန်၏။ မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။
Jehu se lati luka, ustrijeli Jorama među pleća: strijela mu prođe posred srca te se on sruši u kola.
25 ၂၅ ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့ သားနာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။
Jehu reče svome dvorjaniku Bidkaru: “Digni ga i baci na njivu Nabota Jizreelca. Sjeti se: kad smo ja i ti jahali za njegovim ocem Ahabom, kako Jahve izreče protiv njega:
26 ၂၆ အကယ်စင်စစ်နာဗုတ်အသွေး၊ သူ့သားတို့၏ အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့် အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော် မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှုဗိဒကကို ဆို၏။
'Kunem se: kako sinoć vidjeh krv Nabotovu i krv njegovih sinova,' riječ je Jahvina, 'tako ću ti vratiti isto na ovome polju,' riječ je Jahvina. Digni ga, dakle, i baci ga na to polje, prema riječi Jahvinoj.”
27 ၂၇ ထိုအမှုကို ယုဒရှင်ဘုရင် အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာ ထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားလောလမ်းတွင် ပြုကြသဖြင့်၊ သူသည်မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။
Kada je to vidio judejski kralj Ahazja, pobježe prema Bet Haganu, ali ga je Jehu gonio i naredio: “Ubijte i njega!” Ranili su ga u kolima na brdu Guru, koje se nalazi kod Jibleama. Ali je umakao u Megido i ondje umrije.
28 ၂၈ သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့ တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။
Njegove su ga sluge u kolima prenijele u Jeruzalem i sahranile ga u grobnici kraj njegovih otaca, u Davidovu gradu.
29 ၂၉ ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။
Jedanaeste godine kraljevanja Jorama, sina Ahabova, Ahazja postade kralj nad Judejom.
30 ၃၀ ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။
A Jehu bijaše ušao u Jizreel. Kad je to čula Izebela, namaza oči, uresi glavu i pogleda s prozora.
31 ၃၁ ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇ ဗေလက၊ မိမိသခင် ကိုသတ်သောဇိမရိသည် ချမ်းသာ ရသလောဟု မေးလျှင်၊
I kad je Jehu ulazio na vrata, ona reče: “Kako je, Zimri, ubojico svoga gospodara?”
32 ၃၂ ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာ အဘယ် သူနေသနည်း။ အဘယ်သူဟုမေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။
Jehu okrenu lice prema prozoru i reče: “Tko je sa mnom, tko?” I dva-tri dvoranina pogledaše prema njemu.
33 ၃၃ ယေဟုက၊ သူ့ကို တွန်းချလိုက်ဟုဆိုသည် အတိုင်း တွန်ချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံ အပေါ်၌၎င်း၊ မြင်းတို့အပေါ်၌၎င်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊
On reče: “Bacite je dolje.” I oni je baciše. Njena je krv poprskala zidove i konje, koji je pogaziše.
34 ၃၄ စားသောက်ပြီးမှ၊ ထိုကျိန်အပ်သော မိန်းမသည် ရှင်ဘုရင် သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ် လော့ဟု ဆိုသည်အတိုင်း၊
Ušao je on, jeo i pio, a zatim naredio: “Pogledajte onu prokletnicu i sahranite je, jer je bila kraljevska kći.”
35 ၃၅ သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့်၊ တဖန် လာ၍ ကြားလျှောက်ကြ၏။
I odoše da je sahrane, ali ne nađoše ništa od nje, osim lubanje, nogu i ruku.
36 ၃၆ ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရ ဘုရားသည် မိမိကျွန်တိရှဘိမြို့သားဧလိယအားဖြင့် မိန့်တော်မူသော စကားတော်သည် ဤသို့ ပြည့်စုံပြီ။
Vratiše se i javiše, a Jehu reče: “To je riječ koju je Jahve objavio preko svoga sluge Ilije Tišbijca: 'U polju jizreelskom psi će proždrijeti Izebelino tijelo.
37 ၃၇ သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်း ဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏ အလောင်းကောင်သည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။
Izebelino truplo bit će kao gnoj u polju, da se neće moći kazati: Ovo je Izebela.'”

< ၄ ဓမ္မရာဇဝင် 9 >