< ၂ ရာဇဝင်ချုပ် 35 >

1 တဖန်ယောရှိမင်းသည် ယေရုရှလင်မြို့၌ ထာဝရဘုရားအဘို့ ပသခါပွဲကို ခံတော်မူ၍ ပဌမလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးသငယ်ကို သတ်ကြ၏။
καὶ ἐποίησεν Ιωσιας τὸ φασεχ τῷ κυρίῳ θεῷ αὐτοῦ καὶ ἔθυσαν τὸ φασεχ τῇ τεσσαρεσκαιδεκάτῃ τοῦ μηνὸς τοῦ πρώτου
2 ယဇ်ပုရောဟိတ်တို့ကို မိမိတို့အရာ၌ခန့်ထား၍၊ ဗိမာန်တော်အမှု ကို စောင့်စေခြင်းငှါ နှိုးဆော်တော်မူ၏။
καὶ ἔστησεν τοὺς ἱερεῖς ἐπὶ τὰς φυλακὰς αὐτῶν καὶ κατίσχυσεν αὐτοὺς εἰς τὰ ἔργα οἴκου κυρίου
3 ဣသရေလအမျိုးရှိသမျှကို သွန်သင်၍၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းသောလေဝိသားတို့ကိုခေါ်၍၊ ဣသ ရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် တည်ဆောက် သော အိမ်၌သန့်ရှင်းသော သေတ္တာတော်ကို သွင်းထား ကြလော့။ နောက်တဖန် သေတ္တာတော်ကို မထမ်းဘဲ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရား သခင်၏လူ ဣသရေလအမျိုး၏ အမှုကို ထမ်းကြ လော့။
καὶ εἶπεν τοῖς Λευίταις τοῖς δυνατοῖς ἐν παντὶ Ισραηλ τοῦ ἁγιασθῆναι αὐτοὺς τῷ κυρίῳ καὶ ἔθηκαν τὴν κιβωτὸν τὴν ἁγίαν εἰς τὸν οἶκον ὃν ᾠκοδόμησεν Σαλωμων υἱὸς Δαυιδ τοῦ βασιλέως Ισραηλ καὶ εἶπεν ὁ βασιλεύς οὐκ ἔστιν ὑμῖν ἆραι ἐπ’ ὤμων οὐθέν νῦν οὖν λειτουργήσατε τῷ κυρίῳ θεῷ ὑμῶν καὶ τῷ λαῷ αὐτοῦ Ισραηλ
4 ဣသရေလ ရှင်ဘုရင်ဒါဝိဒ်မှတ်စာ၊ သားတော် ရှောလမုန်မှတ်စာနှင့်အညီ သင်းဖွဲ့သည်အတိုင်း၊ အဆွေ အမျိုးအလိုက် ကိုယ်ကိုပြင်ဆင်၍၊
καὶ ἑτοιμάσθητε κατ’ οἴκους πατριῶν ὑμῶν καὶ κατὰ τὰς ἐφημερίας ὑμῶν κατὰ τὴν γραφὴν Δαυιδ βασιλέως Ισραηλ καὶ διὰ χειρὸς Σαλωμων υἱοῦ αὐτοῦ
5 ပြည်သူပြည်သားဖြစ်သော သင်တို့ညီအစ်ကို အဘတို့ အဆွေအမျိုးနှင့် လေဝိသား အဆွေအမျိုး အသီးအသီးနေရာရှိသည်အတိုင်း၊ သန့်ရှင်းရာဌာနတော်၌ ရပ်နေကြလော့။
καὶ στῆτε ἐν τῷ οἴκῳ κατὰ τὰς διαιρέσεις οἴκων πατριῶν ὑμῶν τοῖς ἀδελφοῖς ὑμῶν υἱοῖς τοῦ λαοῦ καὶ μερὶς οἴκου πατριᾶς τοῖς Λευίταις
6 ထိုသို့ပသခါ သိုးသငယ်ကိုသတ်၍ ကိုယ်ကို သန့်ရှင်းစေကြလော့။ သင်တို့ညီအစ်ကိုတို့သည် မောရှေ အားဖြင့် ထာဝရဘုရားမှာထားတော်မူသည် အတိုင်းပြုစေ ခြင်းငှါ၊ သူတို့ကိုလည်း ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။
καὶ θύσατε τὸ φασεχ καὶ τὰ ἅγια ἑτοιμάσατε τοῖς ἀδελφοῖς ὑμῶν τοῦ ποιῆσαι κατὰ τὸν λόγον κυρίου διὰ χειρὸς Μωυσῆ
7 စည်းဝေးသောသူအပေါင်းတို့သည် ပသခါပွဲ ခံစရာဘို့၊ ယောရှိမင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ် သငယ်သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ၏။
καὶ ἀπήρξατο Ιωσιας τοῖς υἱοῖς τοῦ λαοῦ πρόβατα καὶ ἀμνοὺς καὶ ἐρίφους ἀπὸ τῶν τέκνων τῶν αἰγῶν πάντα εἰς τὸ φασεχ εἰς πάντας τοὺς εὑρεθέντας εἰς ἀριθμὸν τριάκοντα χιλιάδας καὶ μόσχων τρεῖς χιλιάδας ταῦτα ἀπὸ τῆς ὑπάρξεως τοῦ βασιλέως
8 မှူးမတ်တို့သည်လည်း၊ စေတနာစိတ်ရှိ၍လူများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့အား ပေးကြ၏။ ဗိမာန် တော်မှူးဟိလခိ၊ ဇာခရိ၊ ယေဟေလသည်လည်း၊ ပသခါပွဲ ခံစရာဘို့ သိုးဆိတ်နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အား ပေးကြ၏။
καὶ οἱ ἄρχοντες αὐτοῦ ἀπήρξαντο τῷ λαῷ καὶ τοῖς ἱερεῦσιν καὶ Λευίταις ἔδωκεν Χελκιας καὶ Ζαχαριας καὶ Ιιηλ οἱ ἄρχοντες οἴκου τοῦ θεοῦ τοῖς ἱερεῦσιν καὶ ἔδωκαν εἰς τὸ φασεχ πρόβατα καὶ ἀμνοὺς καὶ ἐρίφους δισχίλια ἑξακόσια καὶ μόσχους τριακοσίους
9 လေဝိသားအကြီးအကဲ၊ ကောနနိ၊ ရှေမာယ၊ ဟာရှဘိ၊ ယေယေလ၊ ယောဇဗဒ်၊ နာသနေလနှင့် သူ၏ညီများတို့သည်လည်း၊ ပသခါပွဲခံစရာဘို့ သိုးဆိတ် ငါးထောင်နှင့် နွားငါးရာကို လေဝိသားတို့အား ပေးကြ၏။
καὶ Χωνενιας καὶ Βαναιας καὶ Σαμαιας καὶ Ναθαναηλ ἀδελφὸς αὐτοῦ καὶ Ασαβια καὶ Ιιηλ καὶ Ιωζαβαδ ἄρχοντες τῶν Λευιτῶν ἀπήρξαντο τοῖς Λευίταις εἰς τὸ φασεχ πρόβατα πεντακισχίλια καὶ μόσχους πεντακοσίους
10 ၁၀ ထိုသို့ ရှင်ဘုရင်အမိန့်တော်အတိုင်း၊ ဝတ်ပြုစရာ ပြင်ဆင်၍ ယဇ်ပုရောဟိတ်တို့သည် မိမိတို့နေရာ၌ရပ်၍၊ လေဝိသားတို့သည် မိမိတို့ အမှုကို ဆောင်ရွက်ကြ၏။
καὶ κατωρθώθη ἡ λειτουργία καὶ ἔστησαν οἱ ἱερεῖς ἐπὶ τὴν στάσιν αὐτῶν καὶ οἱ Λευῖται ἐπὶ τὰς διαιρέσεις αὐτῶν κατὰ τὴν ἐντολὴν τοῦ βασιλέως
11 ၁၁ ပသခါသိုးသငယ်ကိုသတ်၍၊ ယဇ်ပုရောဟိတ်တို့ သည် အသွေးကို လက်နှင့်ဖြန်းလျက်၊ လေဝိသားတို့သည် အရေကိုခွာလျက် ပြုကြ၏။
καὶ ἔθυσαν τὸ φασεχ καὶ προσέχεαν οἱ ἱερεῖς τὸ αἷμα ἐκ χειρὸς αὐτῶν καὶ οἱ Λευῖται ἐξέδειραν
12 ၁၂ မောရှေကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ထာဝရဘုရားအား ပူဇော်စရာဘို့ လူများအဆွေအမျိုး အလိုက် အသီးအသီးတို့အားပေးဝေခြင်းငှါ၊ မီးရှို့ရာယဇ်များ နှင့် နွားများကို ခွဲထားကြ၏။
καὶ ἡτοίμασαν τὴν ὁλοκαύτωσιν παραδοῦναι αὐτοῖς κατὰ τὴν διαίρεσιν κατ’ οἴκους πατριῶν τοῖς υἱοῖς τοῦ λαοῦ τοῦ προσάγειν τῷ κυρίῳ ὡς γέγραπται ἐν βιβλίῳ Μωυσῆ καὶ οὕτως εἰς τὸ πρωί
13 ၁၃ ထုံးဖွဲ့တော်မူသည်အတိုင်း၊ ပသခါသိုးသငယ်ကို မီးနှင့်ကင်ကြ၏။ သန့်ရှင်းသော ပူဇောသက္ကာအခြား တို့ကို မြေအိုး၊ သံအိုး၊ သံကရာ၌ ပြုတ်၍ လူအပေါင်း တို့အား အလျင်အမြန် ဝေဖန်ကြ၏။
καὶ ὤπτησαν τὸ φασεχ ἐν πυρὶ κατὰ τὴν κρίσιν καὶ τὰ ἅγια ἥψησαν ἐν τοῖς χαλκείοις καὶ ἐν τοῖς λέβησιν καὶ εὐοδώθη καὶ ἔδραμον πρὸς πάντας τοὺς υἱοὺς τοῦ λαοῦ
14 ၁၄ ထိုနောက်မှ ကိုယ်အဘို့နှင့် ယဇ်ပုရောဟိတ် အဘို့ကို ပြင်ဆင်ကြ၏။ အာရုန်သား ယဇ်ပုရောဟိတ်တို့ သည် ညဦးတိုင်အောင် မီးရှို့ရာယဇ်နှင့် ဆီဥကိုပူဇော် လျက်နေရသောကြောင့်၊ လေဝိသားတို့သည် ကိုယ်အဘို့ ကို၎င်း၊ အာရုန်သား ယဇ်ပုရောဟိတ် အဘို့ကို၎င်း ပြင်ဆင်ကြ၏။
καὶ μετὰ τὸ ἑτοιμάσαι αὐτοῖς καὶ τοῖς ἱερεῦσιν ὅτι οἱ ἱερεῖς ἐν τῷ ἀναφέρειν τὰ στέατα καὶ τὰ ὁλοκαυτώματα ἕως νυκτός καὶ οἱ Λευῖται ἡτοίμασαν αὑτοῖς καὶ τοῖς ἀδελφοῖς αὐτῶν υἱοῖς Ααρων
15 ၁၅ ဒါဝိဒ်နှင့် ရှင်ဘုရင်၏ ပရောဖက်အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့စီရင်သည်အတိုင်း၊ အာသပ် အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ၌ရှိကြ၏။ တံခါးစောင့်တို့သည် မိမိတို့အမှုကိုမရှောင်၊ တံခါးရှိသမျှ တို့ ကိုစောင့်ကြ၏။ သူတို့ညီအစ်ကို လေဝိသားတို့သည် သူတို့အဘို့ ပြင်ဆင်ကြ၏။
καὶ οἱ ψαλτῳδοὶ υἱοὶ Ασαφ ἐπὶ τῆς στάσεως αὐτῶν κατὰ τὰς ἐντολὰς Δαυιδ καὶ Ασαφ καὶ Αιμαν καὶ Ιδιθων οἱ προφῆται τοῦ βασιλέως καὶ οἱ ἄρχοντες καὶ οἱ πυλωροὶ πύλης καὶ πύλης οὐκ ἦν αὐτοῖς κινεῖσθαι ἀπὸ τῆς λειτουργίας ἁγίων ὅτι οἱ ἀδελφοὶ αὐτῶν οἱ Λευῖται ἡτοίμασαν αὐτοῖς
16 ၁၆ ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ၍ ထာဝရဘုရား၏ယဇ်ပုလင်ပေါ်မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော်ခြင်းငှါ၊ ထာဝရဘုရားအား ပြုရ သော ဝတ်အလုံးစုံကို၊ ထိုနေ့ခြင်းတွင် ပြင်ဆင်ကြ၏။
καὶ κατωρθώθη καὶ ἡτοιμάσθη πᾶσα ἡ λειτουργία κυρίου ἐν τῇ ἡμέρᾳ ἐκείνῃ τοῦ ποιῆσαι τὸ φασεχ καὶ ἐνεγκεῖν τὰ ὁλοκαυτώματα ἐπὶ τὸ θυσιαστήριον κυρίου κατὰ τὴν ἐντολὴν τοῦ βασιλέως Ιωσια
17 ၁၇ စည်းဝေးသောဣသရေလအမျိုးသားတို့သည်၊ ထိုအခါပသခါပွဲကို၎င်း၊ အဇုမပွဲကို၎င်း၊ ခုနစ်ရက်ပတ်လုံး ခံကြ၏။
καὶ ἐποίησαν οἱ υἱοὶ Ισραηλ οἱ εὑρεθέντες τὸ φασεχ ἐν τῷ καιρῷ ἐκείνῳ καὶ τὴν ἑορτὴν τῶν ἀζύμων ἑπτὰ ἡμέρας
18 ၁၈ ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသောယုဒပြည်၊ ဣသရေလပြည်သား၊ ယေရု ရှလင်မြို့သားအပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သော ပွဲကို ပရောဖက်ရှာမွေလလက်ထက်မှစ၍ ဣသရေလ နိုင်ငံ၌မခံ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင် တယောက်မျှ မခံ။
καὶ οὐκ ἐγένετο φασεχ ὅμοιον αὐτῷ ἐν Ισραηλ ἀπὸ ἡμερῶν Σαμουηλ τοῦ προφήτου καὶ πάντες βασιλεῖς Ισραηλ οὐκ ἐποίησαν ὡς τὸ φασεχ ὃ ἐποίησεν Ιωσιας καὶ οἱ ἱερεῖς καὶ οἱ Λευῖται καὶ πᾶς Ιουδα καὶ Ισραηλ ὁ εὑρεθεὶς καὶ οἱ κατοικοῦντες ἐν Ιερουσαλημ τῷ κυρίῳ
19 ၁၉ ယောရှိမင်းနန်းစံဆယ်ရှစ်နှစ်တွင်၊ ထိုပသခါပွဲ ကို ခံကြ၏။
τῷ ὀκτωκαιδεκάτῳ ἔτει τῆς βασιλείας Ιωσια
20 ၂၀ ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင် ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှါ ထွက်လေ၏။
καὶ ἀνέβη Φαραω Νεχαω βασιλεὺς Αἰγύπτου ἐπὶ τὸν βασιλέα Ἀσσυρίων ἐπὶ τὸν ποταμὸν Εὐφράτην καὶ ἐπορεύθη ὁ βασιλεὺς Ιωσιας εἰς συνάντησιν αὐτῷ
21 ၂၁ အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင် သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ သင့်ကို ယနေ့ ငါစစ်ချီသည်မဟုတ်။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါအလျင်အမြန်ပြမည်အကြောင်း ဘုရားသခင်မှာထားတော်မူပြီ။ ငါ့ဘက်၌ ရှိသောဘုရား သခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့်ကိုဖျက်ဆီးတော်မူမည်ဟု သံတမန်ကိုစေလွှတ်၍ မှာလိုက်လေ၏။
καὶ ἀπέστειλεν πρὸς αὐτὸν ἀγγέλους λέγων τί ἐμοὶ καὶ σοί βασιλεῦ Ιουδα οὐκ ἐπὶ σὲ ἥκω σήμερον πόλεμον ποιῆσαι καὶ ὁ θεὸς εἶπεν κατασπεῦσαί με πρόσεχε ἀπὸ τοῦ θεοῦ τοῦ μετ’ ἐμοῦ μὴ καταφθείρῃ σε
22 ၂၂ သို့ရာတွင် ယောရှိသည် မလွှဲမရှောင်၊ နေခေါ ဆင့်ဆိုသော ဘုရားသခင်၏ အမိန့်တော်ကို နား မထောင်၊ စစ်တိုက်ခြင်းငှါ ခြားနားသော အယောင်ကို ဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ ဝင်လေ၏။
καὶ οὐκ ἀπέστρεψεν Ιωσιας τὸ πρόσωπον αὐτοῦ ἀπ’ αὐτοῦ ἀλλ’ ἢ πολεμεῖν αὐτὸν ἐκραταιώθη καὶ οὐκ ἤκουσεν τῶν λόγων Νεχαω διὰ στόματος θεοῦ καὶ ἦλθεν τοῦ πολεμῆσαι ἐν τῷ πεδίῳ Μαγεδων
23 ၂၃ လေးသူရဲတို့သည် ယောရှိမင်းကြီးကိုပစ်၍ မှန် သဖြင့်၊ မင်းကြီးက ငါ့ကိုဆောင်သွားလော့။ ပြင်းစွာ အထိအခိုက်ခံရသည်ဟု ကျွန်တို့အား ဆိုလျှင်၊
καὶ ἐτόξευσαν οἱ τοξόται ἐπὶ βασιλέα Ιωσιαν καὶ εἶπεν ὁ βασιλεὺς τοῖς παισὶν αὐτοῦ ἐξαγάγετέ με ὅτι ἐπόνεσα σφόδρα
24 ၂၄ ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယ ရထားတော်ပေါ်၌ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့ သင်္ချိုင်း သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ၊ ယေရု ရှလင်မြို့ သားအပေါင်းတို့သည်၊ ယောရှိမင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
καὶ ἐξήγαγον αὐτὸν οἱ παῖδες αὐτοῦ ἀπὸ τοῦ ἅρματος καὶ ἀνεβίβασαν αὐτὸν ἐπὶ τὸ ἅρμα τὸ δευτερεῦον ὃ ἦν αὐτῷ καὶ ἤγαγον αὐτὸν εἰς Ιερουσαλημ καὶ ἀπέθανεν καὶ ἐτάφη μετὰ τῶν πατέρων αὐτοῦ καὶ πᾶς Ιουδα καὶ Ιερουσαλημ ἐπένθησαν ἐπὶ Ιωσιαν
25 ၂၅ ယေရမိသည်လည်း မြည်တမ်းသောစကားကို စီရင်၍ သီချင်းသည်ယောက်ျားမိန်းမရှိသမျှတို့သည်၊ ယနေ့တိုင်အောင် ယောရှိမင်းကို အောက်မေ့လျက်၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေ လထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်းစာ၌ ရေးထားလျက်ရှိသတည်း။
καὶ ἐθρήνησεν Ιερεμιας ἐπὶ Ιωσιαν καὶ εἶπαν πάντες οἱ ἄρχοντες καὶ αἱ ἄρχουσαι θρῆνον ἐπὶ Ιωσιαν ἕως τῆς σήμερον καὶ ἔδωκαν αὐτὸν εἰς πρόσταγμα ἐπὶ Ισραηλ καὶ ἰδοὺ γέγραπται ἐπὶ τῶν θρήνων
26 ၂၆ ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည် အတိုင်း ကျေးဇူးပြုခြင်း၊
καὶ ἦσαν οἱ λόγοι Ιωσια καὶ ἡ ἐλπὶς αὐτοῦ γεγραμμένα ἐν νόμῳ κυρίου
27 ၂၇ အကျင့်ကျင့်ခြင်းအရာအစ အဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက် ရှိ၏။
καὶ οἱ λόγοι αὐτοῦ οἱ πρῶτοι καὶ οἱ ἔσχατοι ἰδοὺ γεγραμμένοι ἐπὶ βιβλίῳ βασιλέων Ισραηλ καὶ Ιουδα

< ၂ ရာဇဝင်ချုပ် 35 >