< ၂ ရာဇဝင်ချုပ် 34 >

1 ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ် စိုးစံလေ၏။
Iosiah was eight yeere olde when hee began to reigne, and he reigned in Ierusalem one and thirtie yeere.
2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍၊ လက်ျားဘက်လက်ဝဲဘက်သို့ မလွှဲ၊ အဘဒါဝိဒ်လိုက်သောလမ်းသို့ လိုက်လေ၏။
And he did vprightly in the sight of ye Lord, and walked in the wayes of Dauid his father, and bowed neither to the right hand nor to the left.
3 အသက်တော်ငယ်စဉ်၊ နန်းစံရှစ်နှစ်တွင်၊ အဘ ဒါဝိဒ်၏ ဘုရားသခင်ကို ဆည်းကပ်စပြု၏။ တဆယ်နှစ် နှစ်တွင် ယုဒပြည်၊ ယေရုရှလင်မြို့၌ရှိသောကုန်း၊ အာရှရ ပင်၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစပြု၏။
And in the eight yeere of his reigne (when he was yet a childe) he began to seeke after the God of Dauid his father: and in the twelft yeere he began to purge Iudah, and Ierusalem from the hie places, and the groues, and the carued images, and molten images:
4 ဗာလဘုရားတို့ ယဇ်ပလ္လင်များကို ရှေ့တော်၌ ဖြိုချ၍၊ ယဇ်ပလ္လင်ပေါ်တွင် အမြင့်တင်ထားသော ရုပ်တု တို့ကို ခုတ်လှဲကြ၏။ အာရှရပင်များနှင့်ထုသောရုပ်တု၊ သွန်းသောရုပ်တုများကိုချိုးဖဲ့၍ ညက်ညက်ချေပြီးလျှင်၊ ယဇ်ပူဇော်သောသူတို့၏ သင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော် မူ၏။
And they brake downe in his sight the altars of Baalim, and hee caused to cut downe the images that were on hie vpon them: he brake also the groues, and the carued images, and the molten images, and stampt them to pouder, and strowed it vpon the graues of them that had sacrificed vnto them.
5 ယဇ်ပုရောဟိတ်တို့အရိုးကို ထိုယဇ်ပလ္လင်တည်ရာအပေါ် မှာ မီးရှို့၍၊ ယုဒပြည်နှင့် ယေရုရှလင်မြို့ကို စင်ကြယ် စေတော်မူ၏။
Also he burnt the bones of the Priests vpon their altars, and purged Iudah and Ierusalem.
6 ထိုအတူ မနာရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိခရိုင် တိုင်အောင်၊ အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့်လုပ်လျက်၊
And in the cities of Manasseh, and Ephraim, and Simeon, euen vnto Naphtali, with their maules they brake all round about.
7 ယဇ်ပလ္လင်နှင့် အာရှရပင်တို့ကို ချိုးဖဲ့၍၊ ဣသ ရေလပြည်တလျှောက်လုံး၌ ရှိသမျှသောရုပ်တု ဆင်းတု တို့ကို ခုတ်လှဲ၍ ညက်ညက်ချေပြီးမှယေရှရုလင်မြို့သို့ ပြန်တော်မူ၏။
And when he had destroyed the altars and the groues, and had broken and stamped to pouder the images, and had cut downe all the idoles throughout all the land of Israel, hee returned to Ierusalem.
8 နန်းစံဆယ်ရှစ်နှစ်တွင်၊ နိုင်ငံတော်နှင့် ဗိမာန် တော်ကို စင်ကြယ်စေပြီးမှ၊ မိမိဘုရားသခင် ထာဝရ ဘုရား၏ အိမ်တော်ကို ပြုပြင်လိုသောငှါ၊ အာဇလိ၏ သားရှာဖန်၊ မြို့ဝန်မာသေယ၊ ယောခတ်သားအတွင်းဝန် ယောအာတို့ကို စေလွှတ်တော်မူ၏။
Then in the eightenth yere of his reigne, when hee had purged the lande and the Temple, he sent Shaphan the sonne of Azaliah, and Maaseiah the gouernour of the citie, and Ioah the sonne of Ioahaz the recorder, to repaire the house of the Lord his God.
9 ထိုသူတို့သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွား၍၊ ဗိမာန်တော်သို့ လူများဆောင်ခဲ့သောငွေ၊ မနာရှေအမျိုးသား၊ ဧဖရိမ်အမျိုးသား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားရှိသမျှ၊ ယုဒအမျိုးသား၊ ဗင်္ယာမိန် အမျိုးသား၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့လက်မှ တံခါးစောင့် လေဝိသားတို့ခံသော ငွေကိုယူ၍၊
And when they came to Hilkiah the hie Priest, they deliuered ye money that was brought into the house of God, which the Leuites that kept the doore, had gathered at the hand of Manasseh, and Ephraim, and of all the residue of Israel, and of all Iudah and Beniamin, and of the inhabitantes of Ierusalem.
10 ၁၀ ဗိမာန်တော်ကိုကြည့်ရှုပြုစုသော သူတို့၌ အပ်သဖြင့်၊ သူတို့သည် ဗိမာန်တော်ကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သောသူ၊
And they put it in the hands of them that should doe the worke and had the ouersight in the house of the Lord: and they gaue it to the workemen that wrought in the house of ye Lord, to repaire and amend the house.
11 ၁၁ ဗိသုကာနှင့် လက်သမားလုပ်သည့်အတွက်၊ ယုဒရှင်ဘုရင် ဖျက်ဆီးသောအဆောင်တို့ကို ပြင်စရာ ဘို့ ဆစ်သောကျောက်များနှင့် ထုပ်လျောက်ရနယ်များကို ဝယ်သည်အတွက် ပေးကြ၏။
Euen to the workemen and to the builders gaue they it, to bye hewed stone and timber for couples and for beames of the houses, which the Kings of Iudah had destroyed.
12 ၁၂ လုပ်ဆောင်သူတို့သည် သစ္စာစောင့်ကြ၏။ လေဝိအမျိုး၊ မေရာရိအနွယ်၊ ယာဟတ်နှင့်ဩဇဒိ၊ ကောဟတ်အနွှယ်၊ ဇာခရိနှင့် မေရှုလံအစရှိသော တူရိယာမျိုးကို တီးမှုတ်လျက်၊ သီချင်းဆိုတတ်သော လေဝိသာအပေါင်းတို့သည် ကြည့်ရှုနှိုးဆော်ကြ၏။
And the men did the worke faithfully, and the ouerseers of them were Iahath and Obadiah the Leuites, of the children of Merari, and Zechariah, and Meshullam, of the children of the Kohathites to set it forward: and of the Leuites all that could skill of instruments of musike.
13 ၁၃ ထိုသူတို့သည် ဝန်ထမ်းသောသူမှစ၍၊ အလုပ် မျိုးကို လုပ်ဆောင်သော သူအပေါင်းတို့ကို ကြည့်ရှု အုပ်ချုပ်ကြ၏။ လေဝိသားအချို့တို့သည်လည်း စာရေး၊ တရားသူကြီး၊ တံခါးစောင့်လုပ်ကြ၏။
And they were ouer the bearers of burdens, and them that set forwarde all the workemen in euery worke: and of the Leuites were scribes, and officers and porters.
14 ၁၄ ဗိမာန်တော်သို့ ဆောင်ခဲ့သောငွေကို ထုတ်သောအခါ၊ ယဇ်ပုရောဟိတ်ဟိလခိသည် မောရှေ ရေးထားသော ထာဝရဘုရား၏ ပညတ္တိကျမ်းစာစောင် ကို တွေ့၍၊
And when they brought out the money that was brought into the house of the Lord, Hilkiah the Priest found the booke of the Lawe of the Lord giuen by the hand of Moses.
15 ၁၅ တွေ့ကြောင်းကို စာရေးတော်ရှာဖန်အား ပြောလျက် ထိုကျမ်းစာကို အပ်ပေး၏။
Therefore Hilkiah answered and sayde to Shaphan the chaceler, I haue found the booke of the Law in the house of the Lord: and Hilkiah gaue the booke to Shaphan.
16 ၁၆ ရှာဖန်သည် ရှင်ဘုရင်ထံသို့ ယူသွား၍၊ ကိုယ် တော်ကျွန်တို့သည် မှာထားတော်မူသမျှအတိုင်း ပြုကြ ပါ၏။
And Shaphan caried the booke to the King, and brought the King worde againe, saying, All that is committed to the hand of thy seruants, that do they.
17 ၁၇ ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်၍၊ အုပ်ချုပ် သောသူနှင့် လုပ်ဆောင်သောသူတို့၌ အပ်ပါပြီဟူ၍၎င်း၊
For they haue gathered the money that was found in the house of the Lord, and haue deliuered it into the handes of the ouerseers, and to the handes of the workemen.
18 ၁၈ ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
Also Shaphan ye chanceler declared to the King, saying, Hilkiah the Priest hath giuen mee a booke, and Shaphan read it before the King.
19 ၁၉ ရှင်ဘုရင်သည် တရားစကားကိုကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍၊
And when the King had heard the wordes of the Lawe, he tare his clothes.
20 ၂၀ ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာဗဒုန်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အာ သာယကို ခေါ်၍၊
And the King commanded Hilkiah, and Ahikam the sonne of Shaphan, and Abdon the sonne of Micah, and Shaphan the chanceler, and Asaiah the Kings seruant, saying,
21 ၂၁ ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက် ဣသရေလပြည်နှင့်ယုဒပြည်၌ ကျန်ကြွင်းသေးသော သူတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ဘိုးဘေးတို့သည် ထာဝရဘုရား၏ အမိန့်တော်ကို နား မထောင်၊ ဤကျမ်းစာ၌ရေးထားသမျှ အတိုင်းမကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
Goe and enquire of the Lord for me, and for the rest in Israel and Iudah, concerning the wordes of this booke that is founde: for great is the wrath of the Lord that is fallen vpon vs, because our fathers haue not kept the worde of the Lord, to doe after all that is written in this booke.
22 ၂၂ ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သားအချုပ် ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်မြို့၌ နေသည်ဖြစ်၍၊ ဟိလခိနှင့် ရှင်ဘုရင်၏လူတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆို ကြ၏။
Then Hilkiah and they that the King had appoynted, went to Huldah the Prophetesse ye wife of Shallum, the sonne of Tokhath, the sonne of Hasrah keeper of the wardrobe (and she dwelt in Ierusalem within the colledge) and they communed hereof with her.
23 ၂၃ မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊
And shee answered them, Thus sayth the Lord God of Israel, Tell yee the man that sent you to me,
24 ၂၄ ယုဒရှင်ဘုရင်ရှေ့မှာ ဘတ်ရသောကျမ်းစာ၌ ရေးထားသမျှသော အကျိန်စကားပြည့်စုံစေခြင်းငှါ၊ ငါသည်ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။
Thus saith the Lord, Beholde, I will bring euill vpon this place, and vpon the inhabitantes thereof, euen all the curses, that are written in the booke which they haue read before the King of Iudah:
25 ၂၅ အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
Because they haue forsaken me, and burnt incense vnto other gods, to anger mee with al the workes of their hands, therefore shall my wrath fall vpon this place, and shall not be quenched.
26 ၂၆ ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ၊ သင်တို့ကိုစေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်းစကားကို ရည်ဆောင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန်ပြန်လျှောက်ရမည်ကား၊
But to the King of Iudah, who sent you to enquire of the Lord, so shall ye say vnto him, Thus saith the Lord God of Israel, The words which thou hast heard, shall come to passe.
27 ၂၇ ဤအရပ်ကို၎င်း၊ ဤအရပ်သားတို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည်ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍၊ ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကို နှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေး ခြင်းကိုပြုသောကြောင့်၊ သင့်စကားကို ငါနားထောင်၏။
But because thine heart did melt, and thou didest humble thy selfe before God, when thou heardest his wordes against this place and against the inhabitantes thereof, and humbledst thy selfe before mee and tarest thy clothes, and weptest before mee, I haue also heard it, sayth the Lord.
28 ၂၈ ငါသည် သင်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင် ၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤအရပ်သားတို့ ၌၎င်း၊ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
Beholde, I will gather thee to thy fathers, and thou shalt bee put in thy graue in peace, and thine eyes shall not see all the euill, which I will bring vpon this place, and vpon the inhabitants of the same. Thus they brought ye King word againe.
29 ၂၉ ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ၊ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊
Then the King sent and gathered all the Elders of Iudah and Ierusalem.
30 ၃၀ ယုဒပြည်သူ ယေရုရှလင်မြို့သား၊ ယဇ်ပုရော ဟိတ်၊ လေဝိသား၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ၊ ဗိမာန်တော်သို့ တက်၍ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ၏။
And the King went vp into the house of the Lord, and all the men of Iudah, and the inhabitants of Ierusalem, and the Priests and the Leuites, and all the people from the greatest to the smallest, and hee read in their eares all the wordes of the booke of the couenant that was found in the house of the Lord.
31 ၃၁ ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ် ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု မိမိနေရာ၌ရပ်၍ အဓိဋ္ဌာန်ပြု၏။
And the King stood by his pillar, and made a couenant before the Lord, to walke after the Lord, and to keepe his commandements, and his testimonies, and his statutes, with all his heart, and with all his soule, and that he would accomplish the wordes of the couenant written in the same booke.
32 ၃၂ စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုး သားအပေါင်းတို့သည်၊ ထိုအဓိဋ္ဌာန်ကို ဝန်ခံရမည် အကြောင်း စီရင်တော်မူ၏။ ယေရုရှလင် မြို့သားတို့ သည်လည်း၊ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်၏ ပဋိညာဉ်တရားအတိုင်း ကျင့်ကြ၏။
And he caused all that were found in Ierusalem, and Beniamin to stande to it: and the inhabitants of Ierusalem did according to the couenant of God, euen the God of their fathers.
33 ၃၃ ယောရှိမင်းသည်လည်း၊ ရွံရှာဘွယ်သောအရာ ရှိသမျှတို့ကို ဣသရေလအမျိုးသားပိုင်သော ပြည်အရပ် ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှ ပယ်ရှား၍၊ ဣသရေလပြည်၌ နေသော သူအပေါင်းတို့သည်၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုရမည်အကြောင်း၊ စီရင်တော်မူသဖြင့်၊ လက်ထက်တော်ကာလပတ်လုံး သူတို့သည် မဖောက်ပြန်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လိုက်လျက်နေကြ၏။
So Iosiah tooke away al the abominations out of all the countreis that perteined to the children of Israel, and compelled all that were found in Israel, to serue the Lord their God: so all his dayes they turned not backe from the Lord God of their fathers.

< ၂ ရာဇဝင်ချုပ် 34 >