< ၁ ဓမ္မရာဇဝင် 14 >

1 တနေ့သ၌ ရှောလု၏ သားယောနသန်သည် ခမည်းတော်ထံ၌ အခွင့်မပန်ဘဲ၊ လက်နက်ဆောင် လုလင်ကို ခေါ်၍၊ တဘက်၌ နေသော ဖိလိတ္တိတပ်သို့ သွားကြကုန်အံ့ဟု ဆိုလေ၏။
Et accidit quadam die ut diceret Ionathas filius Saul ad adolescentem armigerum suum: Veni, et transeamus ad stationem Philisthinorum, quæ est trans locum illum. Patri autem suo hoc ipsum non indicavit.
2 ရှောလုသည် ဂိဗာမြို့စွန်း၊ မိဂြုန်ရွာ၊ ရိမ္မုန်ကျောက်ဆောင်နားမှာ နေ၍၊ အထံတော်၌ လူခြောက် ရာခန့်မျှရှိ၏။
Porro Saul morabatur in extrema parte Gabaa sub malogranato, quæ erat in Magron: et erat populus cum eo quasi sexcentorum virorum.
3 သင်တိုင်းဝတ်၍ ရှိလောမြို့၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့် ဖိနဟတ်တို့ မှ ဆင်းသက်သော ဣခဗုဒ်၏အစ်ကို အဟိတုပ်၏သား အဟိယလည်း ရှိ၏။ ယောနသန်သွားကြောင်း ကို လူများ မသိကြ။
Et Achias filius Achitob fratris Ichabod filii Phinees, qui ortus fuerat ex Heli sacerdote Domini in Silo, portabat ephod. Sed et populus ignorabat quo isset Ionathas.
4 ယောနသန်သည် ဖိလိတ္တိတပ်သို့ သွားစမ်းသော လမ်းကြားမှာ၊ တဘက်တချက်၌ ကျောက်ငူရှိ၏။ ကျောက်ငူတခုသည် ဗောဇက်၊ တခုသည် သေနအမည်ရှိ၏။
Erant autem inter ascensus, per quos nitebatur Ionathas transire ad stationem Philisthinorum, eminentes petræ ex utraque parte, et quasi in modum dentium scopuli hinc et inde prærupti, nomen uni Boses, et nomen alteri Sene:
5 တခုကား မြောက်ဘက်၌ မိတ်မတ်မြို့သို့၎င်း၊ တခုကား တောင်ဘက်၌ ဂိဗာမြို့သို့၎င်း မျက်နှာပြု သတည်း။
unus scopulus prominens ad Aquilonem ex adverso Machmas, et alter ad Meridiem contra Gabaa.
6 ယောနသန်က၊ အရေဖျားလှီးခြင်းကို မခံသော တပ်သားတို့ဆီသို့ သွားကြကုန်အံ့။ ထာဝရဘုရား သည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း၊ ထာဝရ ဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတား မရှိနိုင်ဟု လက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊
Dixit autem Ionathas ad adolescentem armigerum suum: Veni, transeamus ad stationem incircumcisorum horum, si forte faciat Dominus pro nobis: quia non est Domino difficile salvare, vel in multis, vel in paucis.
7 လုလင်က၊ စိတ်တော်ရှိသည်အတိုင်း ပြုပါ။ လှည့်သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော်လိုက် ပါမည်ဟု ပြန်ပြောသော်၊ -
Dixitque ei armiger suus: Fac omnia, quæ placent animo tuo: perge quo cupis, et ero tecum ubicumque volueris.
8 ယောနသန်က၊ ထိုလူတို့ဆီသို့ သွား၍ ကိုယ်ကို ပြကြကုန်အံ့။
Et ait Ionathas: Ecce nos transimus ad viros istos. Cumque apparuerimus eis,
9 သူတို့ကနေကြ။ ငါတို့လာမည်ဟုဆိုလျှင် သူတို့ဆီသို့မသွားဘဲ နေကြမည်။
si taliter locuti fuerint ad nos, manete donec veniamus ad vos: stemus in loco nostro, nec ascendamus ad eos.
10 ၁၀ သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော် မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
Si autem dixerint: Ascendite ad nos: ascendamus, quia tradidit eos Dominus in manibus nostris, hoc erit nobis signum.
11 ၁၁ နှစ်ယောက်တို့သည် ဖိလိတ္တိတပ်သားတို့အား ကိုယ်ကိုပြသော အခါ၊ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့ သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည်တကား ဟုဆိုလျက်၊
Apparuit igitur uterque stationi Philisthinorum: dixeruntque Philisthiim: En Hebræi egrediuntur de cavernis, in quibus absconditi fuerant.
12 ၁၂ တပ်သားတို့က၊ လာကြ။ တစုံတခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့ လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူပြီဟု လုအင်အား ဆိုသဖြင့်၊
Et locuti sunt viri de statione ad Ionathan, et ad armigerum eius, dixeruntque: Ascendite ad nos, et ostendemus vobis rem. Et ait Ionathas ad armigerum suum: Ascendamus, sequere me: tradidit enim Dominus eos in manus Israel.
13 ၁၃ လေးဘက်တွားလျက် တက်၍၊ လုလင်လည်းလိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့် နောက်မှာ လုပ်ကြံလေ၏။
Ascendit autem Ionathas manibus et pedibus reptans, et armiger eius post eum. Itaque alii cadebant ante Ionathan, alios armiger eius interficiebat sequens eum.
14 ၁၄ ယောနသန်နှင့်လုလင်ပြုသော ပဌမ လုပ်ကြံခြင်းအားဖြင့် နွားတရှဉ်းထွန်နိုင်သော မြေကွက် အတွင်း တွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။
Et facta est plaga prima, qua percussit Ionathas et armiger eius, quasi viginti virorum in media parte iugeri, quam par boum in die arare consuevit.
15 ၁၅ စစ်သူရဲများ၊ လယ်လုပ်သူများ၊ အခြားသူများအပေါင်းတို့သည် တပ်သားများ၊ လုယူသောသူများနှင့် တကွ တုန်လှုပ်ကြ၍၊ မြေကြီးလည်း လှုပ်သဖြင့်၊ အလွန်ကြီးသော တုန်လှုပ်ခြင်းရှိ၏။
Et factum est miraculum in castris, per agros: sed et omnis populus stationis eorum, qui ierant ad prædandum, obstupuit, et conturbata est terra: et accidit quasi miraculum a Deo.
16 ၁၆ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့၍ တယောက်ကိုတယောက် ထိုးရိုက်လျက်သွားကြ၏။
Et respexerunt speculatores Saul, qui erant in Gabaa Beniamin, et ecce multitudo prostrata, et huc illucque diffugiens.
17 ၁၇ ရှောလုကလည်း၊ အဘယ်သူ ထွက်သွားသည်ကို သိခြင်းငှါ လူများကို ရေတွက်ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက်၍၊ ယောနသန်နှင့် သူ၏လက်နက်ဆောင် လုလင် မရှိ။
Et ait Saul populo, qui erat cum eo: Requirite, et videte quis abierit ex nobis. Cumque requisissent, repertum est non adesse Ionathan, et armigerum eius.
18 ၁၈ ထိုကာလအခါ ဘုရားသခင်၏ သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှော လုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအား ဆို၏။
Et ait Saul ad Achiam: Applica arcam Dei. (Erat enim ibi arca Dei in die illa cum filiis Israel.)
19 ၁၉ ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊
Cumque loqueretur Saul ad sacerdotem, tumultus magnus exortus est in castris Philisthinorum: crescebatque paulatim, et clarius resonabat. Et ait Saul ad sacerdotem: Contrahe manum tuam.
20 ၂၀ မိမိနှင့်လူအပေါင်းတို့သည် တယောက်ကိုတယောက် နှိုးဆော်လျက် စစ်ချီ၍ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တယောက်ကိုတယောက် ခုတ်သဖြင့် အလွန် တပ်ပျက်လေ၏။
Conclamavit ergo Saul, et omnis populus, qui erat cum eo, et venerunt usque ad locum certaminis: et ecce versus fuerat gladius uniuscuiusque ad proximum suum, et cædes magna nimis.
21 ၂၁ အထက်ကာလ၌ ဖိလိတ္တိလူတို့ဘက်မှာနေ၍ အရပ်ရပ်တို့က တပ်သို့ လိုက်လာသော ဟေဗြဲလူတို့ သည်လည်း ရှောလုနှင့် ယောနသန်၌ ပါသောဣသရေလလူတို့ဘက်သို့ ဝင်ကြ၏။
Sed et Hebræi qui fuerant cum Philisthiim heri et nudiustertius, ascenderantque cum eis in castris, reversi sunt ut essent cum Israel, qui erant cum Saul et Ionatha.
22 ၂၂ ဧဖရိမ်တောင်၌ ပုန်းရှောင်၍ နေသော ဣသရေလလူအပေါင်းတို့သည်လည်း၊ ဖိလိတ္တိလူ ပြေးကြောင်း ကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။
Omnes quoque Israelitæ, qui se absconderant in monte Ephraim, audientes quod fugissent Philisthæi, sociaverunt se cum suis in prælio. Et erant cum Saul, quasi decem millia virorum.
23 ၂၃ ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မှုသည် ဗေသ ဝင်မြို့သို့ လွန်သွားလေ၏။
Et salvavit Dominus in die illa Israel. Pugna autem pervenit usque ad Bethaven.
24 ၂၄ ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဦးချိန်မရောက်မှီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့ အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။
Et viri Israel sociati sunt sibi in die illa: adiuravit autem Saul populum, dicens: Maledictus vir, qui comederit panem usque ad vesperam, donec ulciscar de inimicis meis. Et non manducavit universus populus panem:
25 ၂၅ လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့်၊
omneque terræ vulgus venit in saltum, in quo erat mel super faciem agri.
26 ၂၆ တောထဲသို့ ဝင်သောအခါ ပျားရည်စက်စက်ကျလျက်ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သော ကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိ ပါးစပ်၌ မထည့်။
Ingressus est itaque populus saltum, et apparuit fluens mel, nullusque applicuit manum ad os suum. Timebat enim populus iuramentum.
27 ၂၇ သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။
Porro Ionathas non audierat cum adiuraret pater eius populum: extenditque summitatem virgæ, quam habebat in manu, et intinxit in favum mellis: et convertit manum suam ad os suum, et illuminati sunt oculi eius.
28 ၂၈ ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန် ပေးတော်မူပြီဟု လူတယောက်ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။
Respondensque unus de populo, ait: Iureiurando constrinxit pater tuus populum, dicens: Maledictus vir, qui comederit panem hodie. (Defecerat autem populus.)
29 ၂၉ ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ရှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိ ကြည်လင်သည်ကို ကြည့်ပါတော့။
Dixitque Ionathas: Turbavit pater meus terram: vidistis ipsi quia illuminati sunt oculi mei, eo quod gustaverim paululum de melle isto:
30 ၃၀ လူများတို့သည် ယနေ့ တွေ့မိသော ရန်သူ၏ ဥစ္စာကို စားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိလူတို့ကို သာ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ၏။
quanto magis si comedisset populus de præda inimicorum suorum, quam reperit? Nonne maior plaga facta fuisset in Philisthiim?
31 ၃၁ ထိုနေ့၌ ဖိလိတ္တိလူတို့ကို မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင် လုပ်ကြံကြ၏။ ဣသရေလလူတို့ သည် အလွန်ပင်ပန်းသဖြင့်၊-
Percusserunt ergo in die illa Philisthæos a Machmis usque in Aialon. Defatigatus est autem populus nimis:
32 ၃၂ ရန်သူ၏ ဥစ္စာကို လုယူ၍၊ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာ သတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။
et versus ad prædam tulit oves, et boves, et vitulos, et mactaverunt in terra: comeditque populus cum sanguine.
33 ၃၃ ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြား လျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသော ကျောက်ကို ငါ့ထံသို့ ယနေ့ လှိမ့်ခဲ့။
Nunciaverunt autem Sauli dicentes quod populus peccasset Domino, comedens cum sanguine. Qui ait: Prævaricati estis: volvite ad me iam nunc saxum grande.
34 ၃၄ လူများတို့တွင် အရပ်ရပ်သွား၍ လူအသီးအသီး မိမိတို့ သိုးနွားကို ဤအရပ်သို့ ယူခဲ့ပြီးလျှင်၊ ဤ အရပ်၌ သတ်စားကြစေ။ အသွေးနှင့်တကွစား၍ ထာဝရဘုရားကို မပြစ်မှားစေနှင့်ဟု မိန့်တော် မူသည်အတိုင်း၊ လူများတို့သည် အသီးအသီး မိမိတို့ သိုးနွားကို ထိုညဉ့်၌ ယူခဲ့၍ ထိုအရပ်၌ သတ် ကြ၏။
Et dixit Saul: Dispergimini in vulgus, et dicite eis ut adducat ad me unusquisque bovem suum et arietem, et occidite super istud, et vescimini, et non peccabitis Domino comedentes cum sanguine. Adduxit itaque omnis populus unusquisque bovem in manu sua usque ad noctem: et occiderunt ibi.
35 ၃၅ ရှောလုသည်လည်း ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်လေ၏။ ထိုပလ္လင်ကား ထာဝရ ဘုရားအဘို့ တည်သော ပဌမပလ္လင် ဖြစ်သတည်း။
Ædificavit autem Saul altare Domino; tuncque primum cœpit ædificare altare Domino.
36 ၃၆ တဖန်ရှောလုက၊ ညဉ့်အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ဘဲ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟု စီရင်၍၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့်အထံတော်သို့ ချည်းကပ်ကြကုန်အံ့ ဟု ဆိုလေ၏။
Et dixit Saul: Irruamus super Philisthæos nocte, et vastemus eos usque dum illucescat mane, nec relinquamus ex eis virum. Dixitque populus: Omne quod bonum videtur in oculis tuis, fac. Et ait sacerdos: Accedamus huc ad Deum.
37 ၃၇ ရှောလုကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ကို လိုက်ရပါမည်လော။ သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူမည်လောဟု ဘုရားသခင့်ထံ အခွင့်ပန်သော်လည်း၊ ထိုနေ့တွင် ပြန်တော်မမူ။
Et consuluit Saul Dominum: Num persequar Philisthiim? Si trades eos in manus Israel? Et non respondit ei in die illa.
38 ၃၈ ရှောလုကလည်း၊ လူတို့တွင် အရာရှိအပေါင်းတို့၊ ယနေ့ အဘယ်သူ ပြစ်မှားမိသည်ကို သိမြင်အံ့သော ငှါ ချဉ်း၍ လာကြလော့။
Dixitque Saul: Applicate huc universos angulos populi: et scitote, et videte per quem acciderit peccatum hoc hodie.
39 ၃၉ ဣသရေလအမျိုးကို ကယ်တင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့သား ယော နသန် ဖြစ်သော်လည်း၊ ဆက်ဆက် သေရမည်ဟုဆိုသော်၊ အဘယ်သူမျှ ပြန်၍မလျှောက်ဝံ့။
Vivit Dominus salvator Israel, quia si per Ionathan filium meum factum est, absque retractione morietur. Ad quod nullus contradixit ei de omni populo.
40 ၄၀ ရှောလုကလည်း၊ သင်တို့သည် တဘက်၊ ငါနှင့်ငါ့သား ယောနသန်သည် တဘက်နေရကြမည်ဟု ဆိုလျှင်၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု လျှောက်ကြသော်၊
Et ait ad universum Israel: Separamini vos in partem unam, et ego cum Ionatha filio meo ero in parte altera. Responditque populus ad Saul: Quod bonum videtur in oculis tuis, fac.
41 ၄၁ ရှောလုက၊ ဖြောင့်မတ်စွာ စီရင်တော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ လူများတို့သည် လွတ်ကြ၍၊ ရှောလုနှင့် ယောနသန်ကို မှတ်တော်မူ၏။
Et dixit Saul ad Dominum Deum Israel: Domine Deus Israel da indicium: quid est quod non responderis servo tuo hodie? Si in me, aut in Ionatha filio meo est iniquitas hæc, da ostensionem: aut si hæc iniquitas est in populo tuo, da sanctitatem. Et deprehensus est Ionathas et Saul, populus autem exivit.
42 ၄၂ ရှောလုကလည်း၊ ငါနှင့် ငါ့သား ယောနသန်အို့ စာရေးတံပြုလော့ဟု ဆိုသဖြင့်၊ ယောနသန်ကို မှတ်တော်မူ၏။ -
Et ait Saul: Mittite sortem inter me, et inter Ionathan filium meum. Et captus est Ionathas.
43 ၄၃ ရှောလုကလည်း၊ သင်ပြုသော အမှုကို ပြောလော့ဟု ယောနသန်အားဆိုလျှင်၊ ယောနသန်က၊ အကျွန်ုပ်ကိုင်သော လှံဖျားနှင့် ပျားရည်အနည်းငယ်ကို ယူ၍ မြည်းစမ်းမိပါပြီ။ ထိုအမှုကြောင့်သာ သေရပါမည်ဟု ပြန်ပြော၏။
Dixit autem Saul ad Ionathan: Indica mihi quid feceris. Et indicavit ei Ionathas, et ait: Gustans gustavi in summitate virgæ, quæ erat in manu mea, paululum mellis, et ecce ego morior.
44 ၄၄ ရှောလုကလည်း၊ ယောနသန်၊ သင်သည် ဆက်ဆက်မသေလျှင်၊ ဘုရားသခင်သည် ထိုမျှမက ငါ၌ ပြုတော်မူပါစေသောဟု ဆိုသော်လည်း၊-
Et ait Saul: Hæc faciat mihi Deus, et hæc addat, quia morte morieris Ionatha.
45 ၄၅ လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်း ကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ ဆံခြည်တပင်မျှ မြေပေါ်မှာ မကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ ပြုပါပြီဟု ဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှါ ယောနသန်ကို ကယ်နှုတ်ကြ၏။
Dixitque populus ad Saul: Ergone Ionathas morietur, qui fecit salutem hanc magnam in Israel? Hoc nefas est: vivit Dominus, si ceciderit capillus de capite eius in terram, quia cum Deo operatus est hodie. Liberavit ergo populus Ionathan, ut non moreretur.
46 ၄၆ ထိုနောက် ရှောလုသည် ဖိလိတ္တိလူတို့ကို မလိုက်။ သူတို့သည် နေရင်းအရပ်သို့ ပြန်သွားကြ၏။
Recessitque Saul, nec persecutus est Philisthiim: porro Philisthiim abierunt in loca sua.
47 ၄၇ ထိုသို့ ရှောလုသည် ဣသရေလအမျိုးကို စိုးစံ၍ ပတ်ဝန်းကျင် ရန်သူ၊ မောဘပြည်သား၊ အမ္မုန်ပြည် သား၊ ဧဒုံပြည်သား၊ ဇောဘမင်းများ၊ ဖိလိတ္တိလူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ၌ သူတို့ကို အောင်လေ၏။
Et Saul, confirmato regno super Israel, pugnabat per circuitum adversum omnes inimicos eius, contra Moab, et filios Ammon, et Edom, et reges Soba, et Philisthæos: et quocumque se verterat, superabat.
48 ၄၈ ဗိုလ်ခြေများကို နှိုးဆော်၍ အာမလက်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ဣသရေလအမျိုးသားတို့ကို လုယက်ဖျက်ဆီးသော သူတို့လက်မှ ကယ်နှုတ်လေ၏။
Congregatoque exercitu, percussit Amalec, et eruit Israel de manu vastatorum eius.
49 ၄၉ သားတော် ကားယောနသန်၊ ဣရွှိ၊ မေလခိရွှတည်း။ သမီးတော်နှစ်ယောက်တွင် အကြီးကားမေရပ်။ အငယ်ကား၊ မိခါလတည်း။
Fuerunt autem filii Saul, Ionathas et Iessui, et Melchisua: et nomina duarum filiarum eius, nomen primogenitæ Merob, et nomen minoris Michol.
50 ၅၀ မြောက်သားတော်ကား အဟိမတ်၏ သမီးအဟိနောင်တည်း။ ဗိုလ်ချုပ်မင်းကား၊ ဘထွေးတော် နေရသား အာဗနာတည်း။
Et nomen uxoris Saul, Achinoam filia Achimaas: et nomen principis militiæ eius Abner, filius Ner, patruelis Saul.
51 ၅၁ ခမည်းတော် ကိရှနှင့် အာဗနာ၏ အဘနေရသည် အဗျေလ၏ သား ဖြစ်၏။
Porro Cis fuit pater Saul, et Ner pater Abner, filius Abiel.
52 ၅၂ ရှောလုလက်ထက် ကာလပတ်လုံး၊ ဖိလိတ္တိလူတို့ကို ကျပ်ကျပ်စစ်တိုက်ရကြ၏။ ခွန်အားကြီးသော သူ၊ ရဲရင့်သောသူ တွေ့သမျှတို့ကို ရှောလုသည် ရွေးကောက်ခန့်ထားလေ့ရှိ၏။
Erat autem bellum potens adversum Philisthæos omnibus diebus Saul. Nam quemcumque viderat Saul virum fortem, et aptum ad prælium, sociabat eum sibi.

< ၁ ဓမ္မရာဇဝင် 14 >