< ၃ ဓမ္မရာဇဝင် 3 >

1 ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့်စုံဘက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမှီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။
Y Salomón hizo parentesco en Faraón rey de Egipto, porque tomó por mujer la hija de Faraón, y la trajo a la ciudad de David, entre tanto que acababa de edificar su casa, y la casa del SEÑOR, y los muros de Jerusalén alrededor.
2 ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။
Hasta entonces el pueblo sacrificaba en los altos; porque aún no había casa edificada al nombre del SEÑOR hasta aquellos tiempos.
3 ရှောလမုန်သည် ထာဝရဘုရားကို ချစ်၍ ခမည်းတော်ဒါဝိဒ်၏စီရင်ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
Mas Salomón amó al SEÑOR, andando en la institución de su padre David; solamente sacrificaba y quemaba perfumes en los altos.
4 တရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်း ငှါ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင် မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
E iba el rey a Gabaón, porque aquél era el alto principal, y sacrificaba allí, mil holocaustos sacrificaba Salomón sobre aquel altar.
5 ထိုမြို့၌ထာဝရဘုရားသည် ညဉ့်အခါ အိပ်မက် တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ၏။
Y se le apareció el SEÑOR a Salomón en Gabaón una noche en sueños, y le dijo Dios: Pide lo que quisieres que yo te dé.
6 ရှောလမုန်ကလည်း၊ ကိုယ်တော်၏ ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့် ၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူ ပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
Y Salomón dijo: Tú hiciste gran misericordia a tu siervo David mi padre, según la manera que él anduvo delante de ti con verdad, con justicia, y con rectitud de corazón para contigo; y tú le has guardado ésta tu grande misericordia, que le diste hijo que se sentase en su trono, como sucede en este día.
7 ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင် အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှါ မတတ်နိုင်ပါ။
Ahora pues, el SEÑOR Dios mío, tú has puesto a mí tu siervo por rey en lugar de David mi padre; y yo soy joven, que no sé cómo entrar ni salir.
8 ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော ကိုယ်တော်၏လူမျိုးကြီး အလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။
Y tu siervo está en medio de tu pueblo al cual tú elegiste; un pueblo grande, que no se puede contar ni numerar por su multitud.
9 သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်း ကို ပိုင်းခြား၍ သိတတ်သောဥာဏ်ကို ပေးသနားတော် မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါ မည်နည်းဟု တောင်းလျှောက်၏။
Da pues a tu siervo corazón dócil para juzgar a tu pueblo, para que pueda juzgar entre lo bueno y lo malo; porque ¿quién podrá gobernar éste tu pueblo tan grande?
10 ၁၀ ထိုသို့ရှောလမုန်တောင်းလျှောက်သော ပဌနာ စကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။
Y agradó delante del Señor que Salomón pidiese esto.
11 ၁၁ ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကို မတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူ တို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဥာဏ်ကိုသာ ကိုယ်အဘို့ တောင်းလျှောက် သောကြောင့်၊
Y le dijo Dios: Porque has demandado esto, y no pediste para ti muchos días, ni pediste para ti riquezas, ni pediste la vida de tus enemigos, mas demandaste para ti inteligencia para oír juicio;
12 ၁၂ သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။
he aquí lo he hecho conforme a tus palabras; he aquí que te he dado corazón sabio y entendido, tanto que no haya habido antes de ti otro como tú, ni después de ti se levantará otro como tú.
13 ၁၃ ထိုမှတပါးသင်နှင့်တူသော ရှင်ဘုရင်တယောက် ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှါ၊ သင်မတောင်းသော ဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။
Y aun también te he dado las cosas que no pediste, riquezas y gloria; tal, que entre los reyes ninguno haya como tú en todos tus días.
14 ၁၄ သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့ လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက် လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
Y si anduvieres en mis caminos, guardando mis estatutos y mis mandamientos, como anduvo David tu padre, yo alargaré tus días.
15 ၁၅ ရှောလမုန်သည် နိုး၍အိပ်မက်ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ၏။
Y cuando Salomón despertó, vio que era sueño; y vino a Jerusalén, y se presentó delante del arca del pacto del SEÑOR, y sacrificó holocaustos, e hizo pacíficos; hizo también banquete a todos sus siervos.
16 ၁၆ ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက်၊
En aquella sazón vinieron dos mujeres rameras al rey, y se presentaron delante de él.
17 ၁၇ မိန်းမတယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။
Y dijo una mujer: ¡Ruego, señor mío! Yo y esta mujer morábamos en una misma casa, y yo di a luz estando con ella en la casa.
18 ၁၈ သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှ မရှိ။ သူနှင့်ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။
Y aconteció al tercer día después que yo di a luz, que ésta dio a luz también, y morábamos nosotras juntas; ninguno de fuera estaba en casa, sino nosotras dos en la casa.
19 ၁၉ ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ၍ အိပ်မိသောကြောင့် သားငယ်သေပါ၏။
Y una noche el hijo de esta mujer murió, porque ella se acostó sobre él.
20 ၂၀ သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မ အိပ် ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ် အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။
Y se levantó a medianoche, y tomó a mi hijo de junto a mí, estando yo tu sierva durmiendo, y lo puso a su lado, y me puso a mi lado su hijo muerto.
21 ၂၁ နံနက်အချိန်၌ ကျွန်တော်မသည်သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက် ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဘွားမြင်သော သားမဟုတ်ပါဟုလျှောက်၏။
Y cuando yo me levanté por la mañana para dar el pecho a mi hijo, he aquí que estaba muerto; mas le observé a la luz del día, y vi que no era mi hijo, que yo había dado a luz.
22 ၂၂ အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ် သည် သင်၏သားဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမ ကလည်း ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သား ဖြစ်၏ဟုဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်၊
Entonces la otra mujer dijo: No; mi hijo es el que vive, y tu hijo es el muerto. Y la otra volvió a decir: No; tu hijo es el muerto, y mi hijo es el que vive. Así hablaban delante del rey.
23 ၂၃ ရှင်ဘုရင်က၊ မိန်းမတယောက်က အသက်ရှင် သော သူငယ်သည် ငါ့သား၊ သေသော သူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျက်၊ တယောက်ကထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည် ဖြစ်၍၊
El rey entonces dijo: Esta dice: Mi hijo es el que vive, y tu hijo es el muerto; y la otra dice: No, mas el tuyo es el muerto, y mi hijo es el que vive.
24 ၂၄ ထားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း၊ ထားကို ရှေ့တော်သို့ ယူခဲ့ကြ၏။
Entonces dijo el rey: Traedme un cuchillo. Y trajeron al rey un cuchillo.
25 ၂၅ ရှင်ဘုရင်ကလည်း၊ အသက်ရှင်သော သူငယ်ကို ခွဲ၍ ထိုမိန်းမတို့အား တယောက်တဝက်စီပေးလော့ဟု မိန့်တော်မူသော်၊
Y el rey dijo: Partid por medio al niño vivo, y dad la mitad a la una, y la otra mitad a la otra.
26 ၂၆ အသက်ရှင်သောသူငယ်၏ အမိသည် မိမိသား ကို အလွန်သနား၍၊ အိုအရှင်၊ အသက်ရှင်သောသူငယ်ကို မသတ်ပါနှင့်။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါမပိုင်စေနှင့်။ သင်လည်း မပိုင်စေနှင့်။ ခွဲပါလေစေဟုဆို၏။
Entonces la mujer cuyo era el hijo vivo, habló al rey (porque sus entrañas se le conmovieron por su hijo), y dijo: ¡Ruego, señor mío! Dad a ésta el niño vivo, y no lo matéis. Mas la otra dijo: Ni a mí ni a ti; sino partidlo.
27 ၂၇ ထိုအခါရှင်ဘုရင်က၊ အသက်ရှင်သော သူငယ် ကို မသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ၏။
Entonces el rey respondió, y dijo: Dad a aquélla el hijo vivo, y no lo matéis: ella es su madre.
28 ၂၈ ထိုသို့ရှင်ဘုရင်စီရင်တော်မူသည် အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသော အခါ၊ တရားစီရင်စေခြင်းငှါ ဘုရားသခင်ပေးတော်မူ သော ဥာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင်၍၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။
Y todo Israel oyó aquel juicio que había juzgado el rey; y temieron al rey, porque vieron que había en él sabiduría de Dios para juzgar.

< ၃ ဓမ္မရာဇဝင် 3 >