< ၁ ရာဇဝင်ချုပ် 7 >

1 ဣသခါသားကား တောလ၊ ဖုဝါ၊ ယာရှုပ်၊ ရှိမရုန်၊ ပေါင်းလေးယောက်တည်း။
And of the sons of Issachar: Tola, and Puah, Jashub, and Shimron, four.
2 တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း။
And the sons of Tola: Uzzi and Rephaiah, and Jeriel, and Jahmai, and Ibsam, and Shemuel, heads of their fathers' houses, mighty men of valour according to their generations, even of Tola; their number in the days of David was two and twenty thousand and six hundred.
3 ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက် တည်း။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ၏။
And the sons of Uzzi: Izrahiah; and the sons of Izrahiah: Michael, and Obadiah, and Joel, Isshiah, five; all of them chief men.
4 သူတို့၌ သားမယားများသောကြောင့်၊ အဆွေ အမျိုး အသီးအသီးအလိုက်၊ စစ်သူရဲတပ်သား သုံးသောင်း ခြောက်ထောင် ရှိကြ၏။
And with them, by their generations, after their fathers' houses, were bands of the host for war, six and thirty thousand; for they had many wives and sons.
5 သူတို့ညီအစ်ကို ဣသခါအဆွေအမျိုးအပေါင်း တို့သည် ခွန်အားကြီးသောသူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင် ရှိကြ၏။
And their brethren among all the families of Issachar, mighty men of valour, reckoned in all by genealogy, were fourscore and seven thousand.
6 ဗင်္ယာမိန်သားကား ဗေလ၊ ဗေခါ၊ ယေဒယေလ၊ ပေါင်းသုံးယောက်တည်း။
The sons of Benjamin: Bela, and Becher, and Jediael, three.
7 ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ၏။
And the sons of Bela: Ezbon, and Uzzi, and Uzziel, and Jerimoth, and Iri, five; heads of fathers' houses, mighty men of valour; and they were reckoned by genealogy twenty and two thousand and thirty and four.
8 ဗေခါသားကား ဇေမိရ၊ ယောရှ၊ ဧလျေဇာ၊ ဧလိဩနဲ၊ ဩမရိ၊ ယေရိမုတ်၊ အဘိယ၊ အာနသုတ်၊ အာလမက်တည်း။
And the sons of Becher: Zemirah, and Joash, and Eliezer, and Elioenai, and Omri, and Jeremoth, and Abijah, and Anathoth, and Alemeth. All these were the sons of Becher.
9 သားစဉ်မြေးဆက် စာရင်းဝင်၍၊ အဆွေအမျိုး သူကြီးအသီး အသီးအလိုက်၊ ခွန်အားကြီးသော သူရဲ နှစ်သောင်းနှစ်ထောင်နှစ်ရာရှိကြ၏။
And they were reckoned by genealogy, after their generations, heads of their fathers' houses, mighty men of valour, twenty thousand and two hundred.
10 ၁၀ ယေဒယေလသားကား ဗိလဟန်၊ ဗိလဟန်သား ယုရှ၊ ဗင်္ယာမိန်၊ ဧဟုဒ်၊ ခေနာန၊ ဇေသန်၊ သာရှိရှ၊ အဟိရှဟာတည်း။
And the sons of Jediael: Bilhan; and the sons of Bilhan: Jeush, and Benjamin, and Ehud, and Chenaanah, and Zethan, and Tarshish, and Ahishahar.
11 ၁၁ အဆွေအမျိုးသူကြီး အသီးအသီးအလိုက်၊ ခွန်အားကြီး၍ စစ်တိုက်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူရဲ တသောင်း ခုနစ်ထောင်နှစ်ရာ ရှိကြ၏။
All these were sons of Jediael, even heads of their fathers' houses, mighty men of valour, seventeen thousand and two hundred, that were able to go forth in the host for war.
12 ၁၂ ထိုမှတပါး၊ ရှုပိမိ၊ ဟုပိမ်နှင့်တကွ ဣရဟုရှိမ်သား၊ အာဟေရသား ရှိသတည်း။
Shuppim also, and Huppim, the sons of Ir, Hushim, the son of another.
13 ၁၃ နဿလိသည် ဗိလဟာတွင် မြင်သောသားကား၊ ဟာဇေလ၊ ဂုနိ၊ ယေဇ၊ ရှလ္လုံတည်း။
The sons of Naphtali: Jahziel, and Guni, and Jezer, and Shallum, the sons of Bilhah.
14 ၁၄ မနာရှေသားဦးကား အာသရေလ၊ ထိုနောက်၊ ရှုရိအမျိုးဖြစ်သော မယားငယ်တွင် မြင်သောသား၊ ဂိလဒ်၏အဘမာခိရတည်း။
The sons of Manasseh: Asriel, whom his wife bore — his concubine the Aramitess bore Machir the father of Gilead;
15 ၁၅ မာခိရသည်မာခါ အမည်ရှိသောဟုပိမ်နှင့် ရှုမ်ပိ၏နှမနှင့်စုံဘက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည်ရှိ၏။ ဇလောဖတ်၌ သမီးသက်သက် ရှိ၏။
and Machir took a wife of Huppim and Shuppim, whose sister's name was Maacah — and the name of the second was Zelophehad; and Zelophehad had daughters.
16 ၁၆ မာခိရမယားမာခါသည် သားကို ဘွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည် ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။
And Maacah the wife of Machir bore a son, and she called his name Peresh; and the name of his brother was Sheresh; and his sons were Ulam and Rekem.
17 ၁၇ ဥလံသားကားဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏ သားဂိလဒ်အမျိုးအနွယ်တည်း။
And the sons of Ulam: Bedan. These were the sons of Gilead the son of Machir, the son of Manasseh.
18 ၁၈ သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဘွားမြင်၏။
And his sister Hammolecheth bore Ish-hod, and Abiezer, and Mahlah.
19 ၁၉ ရှမိဒသးကား အဟိအန်၊ ရှေခင်၊ လိကဟိ၊ အနိအံတည်း။
And the sons of Shemida were Ahian, and Shechem, and Likhi, and Aniam.
20 ၂၀ ဧဖရိမ်သားကား ရှုသေလ၊ ရှုသေလသား ဗေရက်၊ ဗေရက်သား တာဟတ်၊ တာဟတ်သား ဧလာဒ၊ ဧလာဒသား တာဟတ်၊
And the sons of Ephraim: Shuthelah — and Bered was his son, and Tahath his son, and Eleadah his son, and Tahath his son,
21 ၂၁ တာဟတ်သား ဇာဗဒ်၊ ဇာဗဒ်သား ရှုသေလ တည်း။ ထိုမှတပါး၊ ဧဖရိမ်သားဇောနှင့်ဧလဒ်တို့သည် ထိုပြည်၌မွေးဘွားသော၊ ဂါသမြို့သားတို့ တိရစ္ဆာန်များကို လုယူသောကြောင့် အသက်ဆုံးကြ၏။
and Zabad his son, and Shuthelah his son — and Ezer, and Elead, whom the men of Gath that were born in the land slew, because they came down to take away their cattle.
22 ၂၂ အဘဧဖရိမ်သည် အင်တန်ကာလပတ်လုံး စိတ် မသာညည်းတွားလျက် နေ၏။ ညီအစ်ကိုတို့သည် နှစ်သိမ့် စေခြင်းငှါ လာကြ၏။
And Ephraim their father mourned many days, and his brethren came to comfort him.
23 ၂၃ နောက်တဖန်မယားဆီသို့ဝင်သဖြင့် သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဗေရိယ အမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ကိုယ်အိမ်ထောင်၌ အမင်္ဂလာရောက်သတည်း။
And he went in to his wife, and she conceived, and bore a son, and he called his name Beriah, because it went evil with his house.
24 ၂၄ သမီးရှေရကား အထက် ဗေသောရုန်မြို့၊ အောက်ဗေသောရုန်မြို့၊ ဩဇင်ရှေရမြို့တို့ကို ပြုစုသော သူဖြစ်၏။
And his daughter was Sheerah, who built Beth-horon the nether and the upper, and Uzzen-sheerah.
25 ၂၅ သူ၏သားကားရေဖ၊ သူ၏သားရေရှပ်၊ သူ၏သားတေလ၊ သူ၏သားတာဟန်၊
And Rephah was his son, and Resheph, and Telah his son, and Tahan his son;
26 ၂၆ သူ၏သား လာဒန်၊ သူ၏သား အမိဟုဒ်၊ သူ၏ သား ဧလိရှမာ၊
Ladan his son, Ammihud his son, Elishama his son;
27 ၂၇ သူ၏သားနုန်၊ သူ၏သားယောရှုတည်း။
Nun his son, Joshua his son.
28 ၂၈ သူတို့ပိုင်ထိုက်သော နေရာဟူမူကား၊ ဗေသလ မြို့နှင့် ကျေးလက်၊ အရှေ့ဘက်၌ နာရန်မြို့၊ အနောက် ဘက်၌ ဂေဇာမြို့နှင့်ကျေးလက်၊ ရှေခင်မြို့နှင့်ကျေးလက်၊ ဂါဇမြို့နှင့် ကျေးလက်၊
And their possessions and habitations were Beth-el and the towns thereof, and eastward Naaran, and westward Gezer, with the towns thereof; Shechem also and the towns thereof, unto Aiah and the towns thereof;
29 ၂၉ မနာရှေအမျိုးသားနေရာအနားမှာ ဗက်ရှန်မြို့ နှင့်ကျေးလက်၊ တာနက်မြို့နှင့်ကျေးလက်၊ မေဂိဒ္ဒေါမြို့ နှင့်ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာ တို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏ သားတို့ သည် နေရာကျကြ၏။
and by the borders of the children of Manasseh, Beth-shean and the towns thereof, Taanach and the towns thereof, Megiddo and the towns thereof, Dor and the towns thereof. In these dwelt the children of Joseph the son of Israel.
30 ၃၀ အာရှာသားကား ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမ စေရတည်း။
The sons of Asher: Imnah, and Ishvah, and Ishvi, and Beriah, and Serah their sister.
31 ၃၁ ဗေရိယသားကား ဟေဗာနှင့် မာလကျေလ တည်း။ မာလကျေလသားကား ဗိရဇာဝိတ်၊
And the sons of Beriah: Heber, and Malchiel, who was the father of Birzaith.
32 ၃၂ ဟေဗာသားကား ယာဖလက်၊ ရှောမာ၊ ဟောသံ၊ နှမ ရှုအာတည်း။
And Heber begot Japhlet, and Shomer, and Hotham, and Shua their sister.
33 ၃၃ ယာဖလက်သားကား ပါသက်၊ ဗိမဟာလ၊ အာရှဝတ်တည်း။
And the sons of Japhlet: Pasach, and Bimhal, and Asvath. These are the children of Japhlet.
34 ၃၄ ရှောမေရသားကား အာဟိ၊ ရောဂ၊ ယေဟုဗ္ဗ၊ အာရံတည်း။
And the sons of Shemer: Ahi, and Rohgah, and Hubbah, and Aram.
35 ၃၅ သူ၏ညီဟေလင်သားကား ဇောဖ၊ ဣမန၊ ရှေလက်၊ အာမလတည်း။
And the sons of Helem his brother: Zophah, and Imna, and Shelesh, and Amal.
36 ၃၆ ဇောဖသားကား သုအာ၊ ဟာနေဖာ၊ ရွှလ၊ ဗေရိ၊ ဣမရ၊
The sons of Zophah: Suah, and Harnepher, and Shaul, and Beri, and Imrah;
37 ၃၇ ဗေဇာ၊ ဟောဒ၊ ရှမ္မ၊ ရှိလရှ၊ ဣသရန်၊ ဗေရ တည်း။
Bezer, and Hod, and Shamma, and Shilsha, and Ithran, and Beera.
38 ၃၈ ယေသာသားကား ယေဖုန္န ပိသပ၊ အာရတည်း။
And the sons of Jether: Jephunneh, and Pispa, and Ara.
39 ၃၉ ဥလ္လသားကား အာရ၊ ဟံယေလ၊ ရေဇိယတည်း။
And the sons of Ulla: Arah, and Hanniel, and Rizia.
40 ၄၀ ဤသူအပေါင်းတို့သည် အာရှာအမျိုး၌ အဆွေ အမျိုးသူကြီး၊ ရွေးသောသူ၊ ခွန်အားကြီးသော သူရဲမင်း ဖြစ်ကြ၏။ သားစဉ်မြေးဆက်စာရင်းဝင်၍ စစ်တိုက်ခြင်း ငှါ တတ်စွမ်းနိုင်သောသူ နှစ်သောင်းခြောက်ထောင်ရှိကြ ၏။
All these were the children of Asher, heads of the fathers' houses, choice and mighty men of valour, chief of the princes. And the number of them reckoned by genealogy for service in war was twenty and six thousand men.

< ၁ ရာဇဝင်ချုပ် 7 >