< ၁ ရာဇဝင်ချုပ် 23 >

1 ဒါဝိဒ်မင်းသည် အသက်ကြီး၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ၊ သားတော်ရှောလမုန်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍၊
Ostarjevši i nauživši se dana, postavi David svoga sina Salomona kraljem nad Izraelom.
2 ဣသရေလမင်း ယဇ်ပုရောဟိတ်၊ လေဝိသား အပေါင်းတို့ကို စုဝေးစေတော်မူ၏။
Potom skupi sve izraelske knezove, svećenike i levite.
3 လေဝိသားတို့တွင် အသက်သုံးဆယ် လွန်၍ စာရင်းဝင်သော ယောက်ျားပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။
On izbroji levite od trideset godina naviše, i bilo ih je po muškim glavama trideset i osam tisuća.
4 ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရ ကြ၏။
Između njih bilo je dvadeset i četiri tisuće onih koji su upravljali poslom oko Jahvina Doma, a šest tisuća nadzornika i sudaca,
5 လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။
četiri tisuće vratara i četiri tisuće onih koji su hvalili Jahvu uz glazbala što ih je napravio za hvalu.
6 လေဝိသားဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တမျိုးတခြားစီ သင်းဖွဲ့ စေ၏။
David ih razdijeli na redove po Levijevim sinovima: Geršonu, Kehatu i Merariju.
7 ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့်ရှိမိတည်း။
Od Geršonova su koljena bili: Ladan i Šimej.
8 လာဒန်သားအကြီးကား၊ ယေဟေလ၊ သူ၏ညီ ဇေသံနှင့် ယောလ၊ ပေါင်းသုံးယောက်တည်း။
Ladanovi sinovi: poglavari Jehiel, Zetam i Joel, njih trojica.
9 ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည်လာဒန်အဆွေ အမျိုးသူကြီးဖြစ်ကြ၏။
Šimejevi sinovi: Šelomit, Haziel i Haram, njih trojica; to su poglavari Ladanovih obitelji.
10 ၁၀ ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်း လေးယောက်တည်း။
Šimejevi sinovi: Jahat, Zina, Jeuš i Berija. Ta su četvorica Šimejevi sinovi.
11 ၁၁ ယာဟတ်ကားအကြီးဖြစ်၏။ ဇိဇကား ဒုတိယ အရာကို ရ၏။ ယုရှနှင့်ဗေရိ၌ကားသားများစွာမရှိ။ သို့ဖြစ်၍ အဆွေအမျိုးအလိုက် စာရင်းတခုတည်း၌ ပေါင်းကြ၏။
Jahat je bio poglavar, a drugi Ziza; a Jeuš i Berija nisu imali mnogo djece, zato su se brojili u jednu obitelj, u jedan razred.
12 ၁၂ ကောဟတ်သားကားအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ၊ ပေါင်းလေးယောက်တည်း။
Kehatovi sinovi: Amram, Jishar, Hebron i Uziel, četvorica.
13 ၁၃ အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့်သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်း သောအရာတို့ကို သန့်ရှင်းစေခြင်းငှါ အခြားသူတို့နှင့် ခွဲထားသောသူဖြစ်ကြ၏။
Amramovi sinovi: Aron i Mojsije. Aron je bio određen da posvećuje Svetinju nad svetinjama; on i njegovi sinovi dovijeka da kade pred Jahvom, da mu služe i da blagoslivljaju u njegovo ime dovijeka.
14 ၁၄ ဘုရားသခင့်လူမောရှေ၏သားကိုကား၊ လေဝိ အမျိုးသားတို့၏ စာရင်း၌သွင်းရ၏။
Mojsije je bio Božji čovjek. Njegovi se sinovi broje u Levijevo pleme.
15 ၁၅ မောရှေသားကားဂေရရှုံနှင့် ဧလျေဇာတည်း။
Mojsijevi su sinovi Geršom i Eliezer.
16 ၁၆ ဂေရရှုံသားတို့တွင်၊ ရှေဗွေလသည် အကြီး ဖြစ်၏။
Geršomovi sinovi: poglavar Šebuel.
17 ၁၇ ဧလျေဇာသားအကြီးရေဟဘိ တယောက်တည်း ရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။
Eliezerovi su sinovi bili: poglavar Rehabja. Eliezer nije imao drugih sinova, nego su se Rehabjini sinovi vrlo namnožili.
18 ၁၈ ဣဇဟာသားအကြီးကားရှေလောမိတ်၊
Jisharovi sinovi: poglavar Šelomit.
19 ၁၉ ဟေဗြုန်သားအကြီးကားယေရိ၊ ဒုတိယသား အာမရိ၊ တတိယ သားယဟာဇေလ၊ စတုတ္ထသားယေကမံ၊
Hebronovi sinovi: poglavar Jerija, drugi Amarja, treći Jahaziel, četvrti Jekamam.
20 ၂၀ ဩဇေလသားအကြီးကားမိက္ခာ၊ ဒုတိယသား ယေရှိတည်း။
Uzielovi sinovi: poglavar Mika, drugi Ješija.
21 ၂၁ မေရာရိသားကားမဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။
Merarijevi sinovi: Mahli i Muši. Mahlijevi sinovi: Eleazar i Kiš.
22 ၂၂ ဧလာဇာသည်သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ၏။
Eleazar je umro nemajući sinova, nego samo kćeri, koje su sebi uzeli za žene njihovi rođaci, Kiševi sinovi.
23 ၂၃ မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်း သုံးယောက်တည်း။
Mušijevi sinovi: Mahli, Eder i Jerimot, trojica.
24 ၂၄ ဤရွေ့ကားအသက်နှစ်ဆယ်လွန်၍ ထာဝရ ဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရသော လေဝိ အမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေ အမျိုးသူကြီးဖြစ်သတည်း။
To su bili Levijevi sinovi po obiteljima, poglavari porodica, koji su bili popisani poimence; oni su radili posao za službu Jahvina Doma u dobi od dvadeset godina naviše.
25 ၂၅ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသော ကြောင့်၊
David je rekao: “Jahve, Izraelov Bog, dao je mir svojem narodu i živjet će u Jeruzalemu zauvijek.
26 ၂၆ လေဝိသားတို့သည် တဲတော်နှင့်တဲတော်အမှု ဆောင်ရွက်ရာ တန်ဆာများကို နောက်တဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။
Zato ni leviti neće više nositi Prebivališta ni svakovrsnog pribora za njegovu službu.”
27 ၂၇ နောက်ဆုံးအမိန့်တော်အတိုင်း၊ အသက် နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။
Po posljednjim Davidovim riječima, bili su izbrojeni Levijevi sinovi od dvadeset godina naviše.
28 ၂၈ အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန် သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသော အရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏ အိမ်တော်နှင့်တန်တိုင်းများ၊ အခန်းများ၌အမှုကို ဆောင် ရွက်ရကြမည်။
Bili su određeni da budu kraj Aronovih sinova u službi u Jahvinu Domu, u predvorjima i u dvoranama, da čiste sve svete stvari, da rade u službi oko Jahvina Doma,
29 ၂၉ ရှေ့တော်မုန့်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်ကို၎င်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကို၎င်းလုပ်၍ ဘုရားသခင်၏ အိမ်တော် အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းတွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်းအမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။
oko prinesenih hljebova, oko sitnog brašna za prinos, oko beskvasnih kolača pripravljenih na tavi i u ulju zamiješenih i oko mjera za sadržaj i dužinu;
30 ၃၀ နံနက်တိုင်း၊ ညဦးတိုင်းရပ်လျက်၊ ကျေးဇူးတော် ကြီးလှပါ၏ဟု ဝန်ခံ၍ထာဝရဘုရား၏ ဂုဏ်တော်ကို လည်း ချီးမွမ်းရကြမည်။
da pristupaju svakoga jutra, da slave i hvale Jahvu; tako i večerom.
31 ၃၁ ပညတ်တရားတော်အတိုင်းဥပုသ်နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာ ယဇ်မျိုးတို့ကို ပူဇော်ရကြမည်။
A kad se god prinose paljenice Jahvi, subotom, za mlađaka i na blagdane, da dolaze prema svom broju, po svom redu, svagdje pred Jahvu.
32 ၃၂ ပရိသတ်စည်းဝေရာတဲတော်ကို၎င်း၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရားအိမ်တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကို ၎င်း စောင့်ရကြမည်။
I da vrše što treba vršiti u Šatoru sastanka, službu u Svetištu i službu za svoju braću, Aronove sinove, u službi oko Jahvina Doma.

< ၁ ရာဇဝင်ချုပ် 23 >