< ၁ ရာဇဝင်ချုပ် 22 >

1 သို့ဖြစ်၍၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရ အရှင်ဘုရားသခင်၏အိမ်တော်ဖြစ်၏။ ဤယဇ်ပလ္လင်သည် ဣသရေလ အမျိုး၏ ယဇ်ပလ္လင်ဖြစ်၏ဟုဆိုလျက်၊
וַיֹּ֣אמֶר דָּוִ֔יד זֶ֣ה ה֔וּא בֵּ֖ית יְהוָ֣ה הָאֱלֹהִ֑ים וְזֶה־מִּזְבֵּ֥חַ לְעֹלָ֖ה לְיִשְׂרָאֵֽל׃ ס
2 ဣသရေလပြည်၌ရှိသော တပါးအမျိုးသားတို့ကို စုဝေးစေခြင်း ငှါမိန့်တော်မူ၏။ ဘုရားသခင်၏အိမ်တော် တည်စရာဘို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကို လည်း စေခိုင်းတော်မူ၏။
וַיֹּ֣אמֶר דָּוִ֔יד לִכְנֹוס֙ אֶת־הַגֵּרִ֔ים אֲשֶׁ֖ר בְּאֶ֣רֶץ יִשְׂרָאֵ֑ל וַיַּעֲמֵ֣ד חֹֽצְבִ֗ים לַחְצֹוב֙ אַבְנֵ֣י גָזִ֔ית לִבְנֹ֖ות בֵּ֥ית הָאֱלֹהִֽים׃
3 တံခါးလုပ်စရာ သံချွန်အဘို့နှင့် သစ်သား ဆက်စရာအဘို့များစွာသောသံကို၎င်း၊ အချိန်မမှတ် နိုင်အောင် များစွာသော ကြေးဝါကို၎င်း၊
וּבַרְזֶ֣ל ׀ לָ֠רֹב לַֽמִּסְמְרִ֞ים לְדַלְתֹ֧ות הַשְּׁעָרִ֛ים וְלַֽמְחַבְּרֹ֖ות הֵכִ֣ין דָּוִ֑יד וּנְחֹ֥שֶׁת לָרֹ֖ב אֵ֥ין מִשְׁקָֽל׃
4 များစွာသော အာရဇ်သစ်သားကို၎င်း၊ ပြင်ဆင် တော်မူ၏။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည်၊ အာရဇ် သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
וַעֲצֵ֥י אֲרָזִ֖ים לְאֵ֣ין מִסְפָּ֑ר כִּֽי הֵ֠בִיאוּ הַצִּֽידֹנִ֨ים וְהַצֹּרִ֜ים עֲצֵ֧י אֲרָזִ֛ים לָרֹ֖ב לְדָוִֽיד׃ פ
5 ဒါဝိဒ်ကလည်း၊ ငါ့သားရှောလမုန်သည် အသက် ငယ်၍ နုသေး၏။ ထာဝရဘုရားအဘို့ တည်ရသော အိမ်မူကား အလွန်ထူးဆန်းသောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်းအသရေကျော်စောသော အိမ်ဖြစ်ရ မည်။ ယခုပင်အိမ်တော်အဘို့ ငါပြင်ဆင်မည်ဟု အကြံရှိ လျက် အနိစ္စမရောက်မှီများစွာ ပြင်ဆင်တော်မူ၏။
וַיֹּ֣אמֶר דָּוִ֗יד שְׁלֹמֹ֣ה בְנִי֮ נַ֣עַר וָרָךְ֒ וְהַבַּ֜יִת לִבְנֹ֣ות לַיהוָ֗ה לְהַגְדִּ֨יל ׀ לְמַ֜עְלָה לְשֵׁ֤ם וּלְתִפְאֶ֙רֶת֙ לְכָל־הָ֣אֲרָצֹ֔ות אָכִ֥ינָה נָּ֖א לֹ֑ו וַיָּ֧כֶן דָּוִ֛יד לָרֹ֖ב לִפְנֵ֥י מֹותֹֽו׃
6 သားတော်ရှောလုမုန်ကိုလည်း ခေါ်၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့ အိမ်တော်ကို တည်ဆောက်ရမည်အကြောင်းမှာ ထားလေ သည်မှာ၊
וַיִּקְרָ֖א לִשְׁלֹמֹ֣ה בְנֹ֑ו וַיְצַוֵּ֙הוּ֙ לִבְנֹ֣ות בַּ֔יִת לַיהוָ֖ה אֱלֹהֵ֥י יִשְׂרָאֵֽל׃ ס
7 ငါ့သား၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ။
וַיֹּ֥אמֶר דָּוִ֖יד לִשְׁלֹמֹ֑ה בְּנֹו (בְּנִ֕י) אֲנִי֙ הָיָ֣ה עִם־לְבָבִ֔י לִבְנֹ֣ות בַּ֔יִת לְשֵׁ֖ם יְהוָ֥ה אֱלֹהָֽי׃
8 သို့ရာတွင် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာ စစ်တိုက် ၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသော ကြောင့်၊ ငါ့နာမအဘို့ အိမ်ကို မတည်မဆောက်ရ။
וַיְהִ֨י עָלַ֤י דְּבַר־יְהוָה֙ לֵאמֹ֔ר דָּ֤ם לָרֹב֙ שָׁפַ֔כְתָּ וּמִלְחָמֹ֥ות גְּדֹלֹ֖ות עָשִׂ֑יתָ לֹֽא־תִבְנֶ֥ה בַ֙יִת֙ לִשְׁמִ֔י כִּ֚י דָּמִ֣ים רַבִּ֔ים שָׁפַ֥כְתָּ אַ֖רְצָה לְפָנָֽי׃
9 သင်မြင်သော သားတယောက်သည် ငြိမ်ဝပ်သော သူဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန် ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သောအခွင့်ကို၎င်း၊ သူ၏ လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကို၎င်း၊ ငါပေးမည်။
הִנֵּה־בֵ֞ן נֹולָ֣ד לָ֗ךְ ה֤וּא יִהְיֶה֙ אִ֣ישׁ מְנוּחָ֔ה וַהֲנִחֹ֥ותִי לֹ֛ו מִכָּל־אֹויְבָ֖יו מִסָּבִ֑יב כִּ֤י שְׁלֹמֹה֙ יִהְיֶ֣ה שְׁמֹ֔ו וְשָׁלֹ֥ום וָשֶׁ֛קֶט אֶתֵּ֥ן עַל־יִשְׂרָאֵ֖ל בְּיָמָֽיו׃
10 ၁၀ ထိုသားသည် ငါ့နာမအဘို့ အိမ်ကို တည် ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်ဟု မိန့်တော်မူပြီ။
הֽוּא־יִבְנֶ֥ה בַ֙יִת֙ לִשְׁמִ֔י וְהוּא֙ יִהְיֶה־לִּ֣י לְבֵ֔ן וַאֲנִי־לֹ֖ו לְאָ֑ב וַהֲכִ֨ינֹותִ֜י כִּסֵּ֧א מַלְכוּתֹ֛ו עַל־יִשְׂרָאֵ֖ל עַד־עֹולָֽם׃
11 ၁၁ သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက် ၌ နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော် ရှိသည်အတိုင်းသင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။
עַתָּ֣ה בְנִ֔י יְהִ֥י יְהוָ֖ה עִמָּ֑ךְ וְהִצְלַחְתָּ֗ וּבָנִ֙יתָ֙ בֵּ֚ית יְהוָ֣ה אֱלֹהֶ֔יךָ כַּאֲשֶׁ֖ר דִּבֶּ֥ר עָלֶֽיךָ׃
12 ၁၂ သို့ရာတွင် သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ တရားတော်ကို စောင့်ရှောက်မည် အကြောင်း၊ ထာဝရဘုရားသည် ဥာဏ်ပညာကို ပေး၍၊ ဣသရေလအမျိုးကို စီရင်ခြင်းအမှု၌ မှာထားတော် မူပါစေသော။
אַ֣ךְ יִֽתֶּן־לְּךָ֤ יְהוָה֙ שֵׂ֣כֶל וּבִינָ֔ה וִֽיצַוְּךָ֖ עַל־יִשְׂרָאֵ֑ל וְלִשְׁמֹ֕ור אֶת־תֹּורַ֖ת יְהוָ֥ה אֱלֹהֶֽיךָ׃
13 ၁၃ ဣသရေလအမျိုး၏ အမှု၌ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သတိပြုလျှင် အကြံထမြောက်ရ လိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။
אָ֣ז תַּצְלִ֔יחַ אִם־תִּשְׁמֹ֗ור לַעֲשֹׂות֙ אֶת־הַֽחֻקִּ֣ים וְאֶת־הַמִּשְׁפָּטִ֔ים אֲשֶׁ֨ר צִוָּ֧ה יְהוָ֛ה אֶת־מֹשֶׁ֖ה עַל־יִשְׂרָאֵ֑ל חֲזַ֣ק וֶאֱמָ֔ץ אַל־תִּירָ֖א וְאַל־תֵּחָֽת׃
14 ၁၄ ငါသည်ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏ အိမ်တော်အဘို့ ရွှေအခွက်တထောင်နှင့် ငွေအခွက် တသောင်းကို၎င်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကို၎င်း၊ သစ်သားများနှင့်ကျောက်များကို ၎င်းပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
וְהִנֵּ֨ה בְעָנְיִ֜י הֲכִינֹ֣ותִי לְבֵית־יְהוָ֗ה זָהָ֞ב כִּכָּרִ֤ים מֵֽאָה־אֶ֙לֶף֙ וְכֶ֗סֶף אֶ֤לֶף אֲלָפִים֙ כִּכָּרִ֔ים וְלַנְּחֹ֤שֶׁת וְלַבַּרְזֶל֙ אֵ֣ין מִשְׁקָ֔ל כִּ֥י לָרֹ֖ב הָיָ֑ה וְעֵצִ֤ים וַאֲבָנִים֙ הֲכִינֹ֔ותִי וַעֲלֵיהֶ֖ם תֹּוסִֽיף׃
15 ၁၅ ထိုမှတပါးသင်၌များစွာသော လက်သမား၊ ပန်းရန်သမား၊ ကျောက်ဆစ်သမား၊ အမျိုးမျိုးသော အတတ်၌ လေ့ကျက်သော ဆရာသမားရှိကြ၏။
וְעִמְּךָ֤ לָרֹב֙ עֹשֵׂ֣י מְלָאכָ֔ה חֹצְבִ֕ים וְחָרָשֵׁ֥י אֶ֖בֶן וָעֵ֑ץ וְכָל־חָכָ֖ם בְּכָל־מְלָאכָֽה׃
16 ၁၆ ရွှေငွေကြေးဝါ သံအတိုင်းမသိများသည် ဖြစ်၍ ထလော့။ ကြိုးစားလော့။ ထာဝရဘုရားသည် သင်နှင့် အတူ ရှိတော်မူပါစေသောဟု မှာထားတော်မူ၏။
לַזָּהָ֥ב לַכֶּ֛סֶף וְלַנְּחֹ֥שֶׁת וְלַבַּרְזֶ֖ל אֵ֣ין מִסְפָּ֑ר ק֣וּם וַעֲשֵׂ֔ה וִיהִ֥י יְהוָ֖ה עִמָּֽךְ׃
17 ၁၇ ဣသရေလမင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်း မှာထားလေသည်မှာ၊
וַיְצַ֤ו דָּוִיד֙ לְכָל־שָׂרֵ֣י יִשְׂרָאֵ֔ל לַעְזֹ֖ר לִשְׁלֹמֹ֥ה בְנֹֽו׃
18 ၁၈ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်မဟုတ်လော။ အရပ်ရပ်၌ ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူသည်မဟုတ်လော။ ပြည်သူပြည်သားတို့ကို ငါ့လက်၌အပ်တော်မူသဖြင့်၊ ထာဝရဘုရား၏ရှေ့၊ ထိုဘုရားသခင်၏ လူတို့ရှေ့မှာ တပြည်လုံးသည် နှိမ့်ချလျက်ရှိ၏။
הֲלֹ֨א יְהוָ֤ה אֱלֹֽהֵיכֶם֙ עִמָּכֶ֔ם וְהֵנִ֥יחַ לָכֶ֖ם מִסָּבִ֑יב כִּ֣י ׀ נָתַ֣ן בְּיָדִ֗י אֵ֚ת יֹשְׁבֵ֣י הָאָ֔רֶץ וְנִכְבְּשָׁ֥ה הָאָ֛רֶץ לִפְנֵ֥י יְהוָ֖ה וְלִפְנֵ֥י עַמֹּֽו׃
19 ၁၉ သို့ဖြစ်၍သင်တို့၏ ဘုရားသခင်ထာဝရဘုရား ကို ရှာခြင်းငှါ ကိုယ်စိတ်နှလုံးကို နှိုးဆော်တွန်းကြလော့။ ထာဝရဘုရား၏နာမတော်အဘို့၊ တည်ရသော အိမ်တော် ထဲသို့ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့် ဘုရား သခင်၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှါ ထကြ လော့။ ထာဝရအရှင်ဘုရားသခင်၏ သန့်ရှင်းရာဌာန တော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ၏။
עַתָּ֗ה תְּנ֤וּ לְבַבְכֶם֙ וְנַפְשְׁכֶ֔ם לִדְרֹ֖ושׁ לַיהוָ֣ה אֱלֹהֵיכֶ֑ם וְק֗וּמוּ וּבְנוּ֙ אֶת־מִקְדַּשׁ֙ יְהוָ֣ה הֽ͏ָאֱלֹהִ֔ים לְהָבִ֞יא אֶת־אֲרֹ֣ון בְּרִית־יְהוָ֗ה וּכְלֵי֙ קֹ֣דֶשׁ הָֽאֱלֹהִ֔ים לַבַּ֖יִת הַנִּבְנֶ֥ה לְשֵׁם־יְהוָֽה׃ פ

< ၁ ရာဇဝင်ချုပ် 22 >