< ၁ ရာဇဝင်ချုပ် 20 >

1 အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ယွာဘသည်ဗိုလ်ခြေအလုံး အရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကို ဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌နေလေ၏။
Slijedeće godine, u doba kad kraljevi izlaze u rat, izvede Joab vojsku i poče pustošiti zemlju amonsku. Došavši, opsjeo je Rabu; David bijaše ostao u Jeruzalemu. Joab je osvojio Rabu i razorio je.
2 ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ဖျက်ပြီးမှ၊ ဒါဝိဒ် သည် မင်းကြီး၏ သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။
Tada je David uzeo njihovu kralju s glave krunu i vidio da je teška jedan zlatni talenat, a na njoj je bilo drago kamenje. Stavili su je na glavu Davidu, koji je iz grada odnio vrlo velik plijen.
3 မြို့သားတို့ကိုလည်း ထုတ်၍လွှတိုက်မှု၊သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့သူရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့် အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
Narod koji bijaše u gradu izvede van i stavi ga da radi pilama, gvozdenim pijucima i sjekirama. Tako je David učinio svim gradovima Amonovih sinova. Potom se vratio sa svim narodom u Jeruzalem.
4 နောက်တဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကို သတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။
Poslije toga opet izbi rat s Filistejcima u Gezeru; tada je Hušanin Sibkaj pogubio Sipaja, koji je bio od Refaimovih potomaka; i bili su pokoreni.
5 နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ ညီလာခမိကို သတ်လေ၏။
Uz to je nastao i rat s Filistejcima, u kojem je Jairov sin Elhanan pogubio Lahmija, brata Golijata Gitejca, koji je imao kopljaču kao tkalačko vratilo.
6 နောက်တဖန်ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ် မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်၊
Potom opet izbi rat u Gatu, gdje je bio neki čovjek visoka rasta: imaše taj na svakoj ruci i nozi po šest prstiju, dakle dvadeset i četiri; i on bijaše Rafin potomak.
7 ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ် အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ်လေ ၏။
Kad je počeo ružiti Izraela, ubi ga Jonatan, sin Davidova brata Šimeja.
8 ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး သားဖြစ်၍ ဒါဝိဒ်နှင့်သူ၏ကျွန်တို့လက်ဖြင့်သေကြ၏။
To su bili Rafini potomci u Gatu koji su izginuli od Davidove ruke i od ruke njegovih slugu.

< ၁ ရာဇဝင်ချုပ် 20 >