< ၁ ရာဇဝင်ချုပ် 2 >

1 ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊
Estos son los hijos de Israel: Rubén, Simeón, Leví, Judá, Isacar, Zabulón,
2 ဒန်၊ယောသပ်၊ ဗင်္ယာမန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။
Dan, José, Benjamín, Neftalí, Gad, y Aser.
3 ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီး တွင် မြင်သော သားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရား ရှေ့တော်၌ ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။
Los hijos de Judá: Er, Onán, y Sela. Estos tres le nacieron de la hija de Súa, cananea. Y Er, primogénito de Judá, fue malo delante del SEÑOR; y lo mató.
4 ချွေးမတာမာတွင် မြင်သောသားကား ဖာရက် နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက် တည်း။
Y Tamar su nuera le dio a luz a Fares y a Zera; y así todos los hijos de Judá fueron cinco.
5 ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။
Los hijos de Fares: Hezrón y Hamul.
6 ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလ ကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။
Y los hijos de Zera: Zimri, Etán, Hemán, y Calcol, y Dara; en todos cinco.
7 ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲ အပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုး ကို နှောင့်ရှက်သော အာခန်တည်း။
Hijo de Carmi fue Acán, el que alborotó a Israel, porque prevaricó en el anatema.
8 ဧသန်သားကား အဇရိတည်း။
Azarías fue hijo de Etán.
9 ဟေဇရုံမြင်သော သားကား ယေရမေလ၊ အာရံ၊ ကာလက်တည်း။
Los hijos que nacieron a Hezrón: Jerameel, Ram, y Quelubai.
10 ၁၀ အာရံသားကား အမိနဒပ်၊ အမိနဒပ် သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုပ်လုပ်သော နာရှုန်တည်း။
Y Ram engendró a Aminadab; y Aminadab engendró a Naasón, príncipe de los hijos de Judá;
11 ၁၁ နာရှုန်သားစာလမုန်၊ စာလမုန်သားဗောဇ၊
y Naasón engendró a Salmón, y Salmón engendró a Booz;
12 ၁၂ ဇောဇသား ဩဗက်၊ ဩဗက်သားယေရှဲတည်း။
y Booz engendró a Obed, y Obed engendró a Isaí;
13 ၁၃ ယေရှဲသားဦးကား ဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသားရှိမာ၊
e Isaí engendró a Eliab, su primogénito, y el segundo Abinadab, y Simea el tercero;
14 ၁၄ စတုတ္ထသား နာသနေလ၊ ပဥ္စမသား ရဒ္ဒဲ၊
el cuarto Natanael, el quinto Radai;
15 ၁၅ ဆဋ္ဌမသားဩဇင်၊ သတ္ထမသား ဧလိဟု၊ အဋ္ဌမသားဒါဝိဒ် တည်း။
el sexto Ozem, el séptimo David;
16 ၁၆ သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်း သုံးယောက်တည်း။
de los cuales Sarvia y Abigail fueron hermanas. Los hijos de Sarvia fueron tres: Abisai, Joab, y Asael.
17 ၁၇ အဘိဂဲလသားကား အာမသ၊ အာမသအဘ ကား ဣရှမေလအမျိုးယေသာတည်း။
Abigail engendró a Amasa, cuyo padre fue Jeter ismaelita.
18 ၁၈ ဟေဇရုံသား ကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင် မြင်သောသားကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တည်း။
Caleb hijo de Hezrón engendró a Jeriot de su mujer Azuba. Y los hijos de ella fueron Jeser, Sobad, y Ardón.
19 ၁၉ အဇုဘသေသောနောက် ဧဖရတ်ကို သိမ်း၍ ဟုရကို မြင်ပြန်လေ၏။
Y muerta Azuba, tomó Caleb por mujer a Efrata, la cual le dio a luz a Hur.
20 ၂၀ ဟုရသားကား ဥရိ၊ ဥရိသားကား ဗေဇလေ လတည်း။
Y Hur engendró a Uri, y Uri engendró a Bezaleel.
21 ၂၁ ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘမာခိရ၏သမီးနှင့် စုံဘက်၍ စေဂုပ် ကို မြင်လေ၏။
Después entró Hezrón a la hija de Maquir padre de Galaad, la cual tomó siendo él de sesenta años, y ella le dio a luz a Segub.
22 ၂၂ စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။
Y Segub engendró a Jair, el cual tuvo veintitrés ciudades en la tierra de Galaad.
23 ၂၃ ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။
Y Gesur y Aram tomaron las ciudades de Jair de ellos, y a Kenat con sus aldeas, sesenta lugares. Todos estos fueron de los hijos de Maquir padre de Galaad.
24 ၂၄ ဟေဇရုံသည်က၏ ကာလက်ဧဖရတ်မြို့၌ သေသောနောက်၊ သူ၏မယား အဘိသည် သူ၏သား အာရှုရကို ဘွားမြင်၏။ အားရှုရသား ကာတေကော တည်း။
Y muerto Hezrón en Caleb de Efrata ( Belén ), Abías mujer de Hezrón le dio a luz a Asur padre de Tecoa.
25 ၂၅ ဟေဇရုံ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။
Y los hijos de Jerameel primogénito de Hezrón fueron Ram su primogénito, Buna, Orén, Ozem, y Ahías.
26 ၂၆ အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင်၏။
Y tuvo Jerameel otra mujer llamada Atara, que fue madre de Onam.
27 ၂၇ ယေရမေလ၏ သားဦး အာရံသားကားမာဇ၊ ယာမိန်၊ ဧကာတည်း။
Y los hijos de Ram primogénito de Jerameel fueron Maaz, Jamín, y Equer.
28 ၂၈ ဩနံသားကားရှမ္မဲနှင့် ယာဒတည်း။ ရှမ္မဲသား ကား နာဒပ်နှင့် အဘိရှုရတည်း။
Y los hijos de Onam fueron Samai, y Jada. Los hijos de Samai: Nadab, y Abisur.
29 ၂၉ အဘိဟဲလ အမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင်၏။
Y el nombre de la mujer de Abisur fue Abihail, la cual le dio a luz a Ahbán, y a Molid.
30 ၃၀ နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌သားမရှိ။
Y los hijos de Nadab: Seled y Apaim. Y Seled murió sin hijos.
31 ၃၁ အပ္ပိမ်သားကား ဣရှိ၊ ဣရှိသားရှေရန်၊ ရှေရှန်သား အာလဲတည်း။
E Isi fue hijo de Apaim; y Sesán, hijo de Isi; e hijo de Sesán, Ahlai.
32 ၃၂ ရှမ္မဲညီယာဒသားကား ယေသာနှင့်ယောနသန် တည်း။ ယေသာ၌ သားမရှိ။
Los hijos de Jada hermano de Samai: Jeter y Jonatán. Y murió Jeter sin hijos.
33 ၃၃ ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။
Y los hijos de Jonatán: Pelet, y Zaza. Estos fueron los hijos de Jerameel.
34 ၃၄ ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန် ၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန် ယောက်ျားတယောက်ရှိ၍၊
Y Sesán no tuvo hijos, sino hijas.
35 ၃၅ ထိုကျွန်နှင့်သမီးတယောက်ကို ပေးစားသဖြင့်။ သမီးသည် အဘတို့သားအတ္တဲကို ဘွားမြင်၏။
Y tuvo Sesán un siervo Egipcio, llamado Jarha, al cual dio Sesán por mujer a su hija; y ella le dio a luz a Atai.
36 ၃၆ အတ္တဲသားကား နာသန်၊ နာသန်သားဇာဗဒ်။
Y Atai engendró a Natán, y Natán engendró a Zabad;
37 ၃၇ ဇာဗဒ်သားဧဖလလ။ ဧဖလလသားဩဗက်၊
y Zabad engendró a Eflal, y Eflal engendró a Obed;
38 ၃၈ ဩဇက်သားယေဟု၊ ယေဟုသား အာဇရိတည်း။
y Obed engendró a Jehú, y Jehú engendró a Azarías;
39 ၃၉ အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊
y Azarías engendró a Heles, Heles engendró a Elasa;
40 ၄၀ ဧလာသသားသိသမဲ၊ သိသမဲသား ရှလ္လုံ၊
Elasa engendró a Sismai, y Sismai engendró a Salum;
41 ၄၁ ရှလ္လုံသား ယေကမိ၊ ယေကမိ သားဧလိရှမာ တည်း။
y Salum engendró a Jecamías, y Jecamías engendró a Elisama.
42 ၄၂ ယေရမေလ၏ညီ ကာလက်သားဦးကား မေရှ၊ မေရှသားဇိဖ၊ ဇိဖသားမရေရှ၊ မရေရှသား ဟေဗြုန်၊
Los hijos de Caleb hermano de Jerameel fueron: Mesa su primogénito, que fue el padre de Zif; y de sus otros hijos, Maresa, padre de Hebrón.
43 ၄၃ ဟေဗြုန်သား ကောရ၊ တာပွါ၊ ရေကင်၊ ရှေမ တည်း။
Y los hijos de Hebrón: Coré, y Tapúa, y Requem, y Sema.
44 ၄၄ ရှေမသားကားရာဟံ၊ ရာဟံသားယော်ကောင် တည်း။ ရေကင်သားကား ရှမ္မဲ၊
Y Sema engendró a Raham, padre de Jorcoam; y Requem engendró a Samai.
45 ၄၅ ရှမ္မဲသား မောန၊ မောနသားဗက်ဇုရတည်း။
Maón fue hijo de Samai, y Maón padre de Bet-sur.
46 ၄၆ ကာလက်မယားငယ်သည် လည်းဟာရန်၊ မောဇ၊ ဂါဇက်တို့ကို ဘွားမြင်၏။ ဟာရန်သားကား ယာဒဲ တည်း။
Y Efa, concubina de Caleb, le dio a luz a Harán, y a Mosa, y a Gazez. Y Harán engendró a Gazez.
47 ၄၇ ယာဒဲသားကားရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖ တည်း။
Y los hijos de Jahdai: Regem, Jotam, Gesam, Pelet, Efa, y Saaf.
48 ၄၈ ကာလက်မယားငယ်မာခါသည်လည်း၊ ရှေဗာနှင့် တိရဟာနကို၎င်း၊
Maaca, concubina de Caleb, le dio a luz a Seber, y a Tirhana.
49 ၄၉ မာဒမေနအဘရှာဖ၊ မာခဗေနအဘရှေဝ၊ ဂိအာအဘကို၎င်း ဘွားမြင်၏။ ကာလက်သမီးကား အာခသတည်း။
Y también le dio a luz a Saaf padre de Madmana, y a Seva padre de Macbena, y padre de Gibea. Y Acsa fue hija de Caleb.
50 ၅၀ ဧဖရတ်သားဦး ဟုရ၏သားဖြစ်သော ကာလက် သားကား၊ ကိရယတ်ယာရိမ် အဘရှောဗာလ၊
Estos fueron los hijos de Caleb, hijo de Hur, primogénito de Efrata: Sobal, padre de Quiriat-jearim;
51 ၅၁ ဗက်လင်အဘစလမ၊ ဗက်ဂါဒါအဘဟာရပ် တည်း။
Salma, padre de Belén; Haref, padre de Bet-gader.
52 ၅၂ ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူ ကား၊ ဟာရောနှင့်မနဟေသိ အမျိုးတပိုင်း၊
Y los hijos de Sobal padre de Quiriat-jearim, el cual era señor de la mitad de Hamenuhot.
53 ၅၃ ကိရယတ်ယာရိမ်အမျိုးမျိုး၊ ဣသရိလူ၊ ဖုဟိလူ၊ ရှုမသိလူ၊ မိရှရိလူတည်း။ ထိုအမျိုးထဲက ဖာရာသိလူနှင့် ဧရှတောလိလူဖြစ်သတည်း။
Y las familias de Quiriat-jearim fueron los itritas, y los futitas, y los sumatitas, y los misraítas; de los cuales salieron los zoratitas, y los estaolitas.
54 ၅၄ စလမသားဟူမူကား၊ ဗက်လင်နှင့် နေတော ဖာသိလူ၊ အတရုတ်၊ ဗက်ယွာဘ၊ မနဟေသိ အမျိုးတပိုင်း၊ ဇောရိလူ၊
Los hijos de Salma: Belén, y los netofatitas, los cuales son las coronas de la casa de Joab, y de la mitad de los manahetitas, los zoraítas.
55 ၅၅ ယာဗက်မြို့၌နေသော ရှောဖရိလူ၊ တိရသိလူ၊ ရှိမသိလူ၊ စုခသိလူတည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏ အဘဟေမတ်မှ ဆင်းသက်သော ကိနိအမျိုး၏ အဘ ဟေမတ်မှဆင်းသက်သော ကိနိအမျိုးဖြစ်သတည်း။
Y las familias de los escribas, que moraban en Jabes, fueron los tirateos, simeateos, sucateos; los cuales son los ceneos que vinieron de Hamat, padre de la casa de Recab.

< ၁ ရာဇဝင်ချုပ် 2 >