< ၁ ရာဇဝင်ချုပ် 18 >

1 ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ ၍အောင်မြင်သဖြင့်၊ ဂါသမြို့နှင့် ကျေးလက်များကို သိမ်းယူလေ၏။
Después de estas cosas aconteció que David hirió a los filisteos, y los humilló; y tomó a Gat y a sus villas de mano de los filisteos.
2 မောဘပြည်ကိုလည်း လုပ်ကြံ၍ မောဘအမျိုး သားတို့သည် ဒါဝိဒ်၌ ကျွန်ခံလျက်အခွန်ဆက်ရကြ၏။
También hirió a Moab; y los moabitas fueron siervos de David trayéndole presentes.
3 ဇောဘမင်းကြီးဟာ ဒဒေဇာသည်၊ ဥဖရတ်မြစ် နားမှာ မိမိနိုင်ငံကို တည်စေခြင်းငှါ သွားသောအခါ၊ ဒါဝိဒ်သည် ဟာမတ်မြို့တိုင်အောင် တိုက်ဖျက်၍၊
Asimismo hirió David a Hadad-ezer rey de Soba, en Hamat, yendo él a asegurar su dominio al río Eufrates.
4 ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည်သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာကို သိမ်းထားပြီးမှ အခြားသော မြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။
Y les tomó David mil carros, y siete mil caballos, y veinte mil hombres de a pie; y desjarretó David los caballos de todos los carros, excepto los de cien carros que dejó.
5 ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊
Y viniendo Siria, la de Damasco, en ayuda de Hadad-ezer rey de Soba, David hirió de los sirios veintidós mil varones.
6 ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရ ကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
Y puso David guarnición en Siria, la de Damasco, y los sirios fueron hechos siervos de David, trayéndole presentes; porque el SEÑOR salvaba a David donde quiera que iba.
7 ဟာဒဒေဇာ၏ကျွန်တို့ စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။
Tomó también David los escudos de oro que llevaban los siervos de Hadad-ezer, y los trajo a Jerusalén.
8 ဟာဒဒေဇာအစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ၊ ဒါဝိဒ်သည် များစွာသော ကြေးဝါကို သိမ်းသွား ၏။ ရှောလမုန်သည် ကြေးဝါရေကန်၊ ကြေးဝါတိုင်၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း။
Asimismo de Tibhat y de Cun ciudades de Hadad-ezer, tomó David muchísimo bronce, de que Salomón hizo el mar de bronce, las columnas, y vasos de bronce.
9 ဇောဘမင်းကြီးဟာဒဒေဇာ၏ တပ်အလုံး အရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကိုဟာမတ်မင်းကြီး တောဣသည်ကြားလျှင်၊
Y oyendo Toi rey de Hamat, que David había deshecho todo el ejército de Hadad-ezer, rey de Soba,
10 ၁၀ မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီးပေး စေခြင်းငှါ မိမိသားဟဒေါရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ဟဒေါရံသည် ရွှေဖလား၊ ငွေဖလား၊ ကြေးဝါ ဖလားအမျိုးမျိုးတို့ကို ဆောင်ခဲ့လေ၏။
envió a Adoram su hijo al rey David, a saludarle y a bendecirle por haber peleado con Hadad-ezer, y haberle vencido; porque Toi tenía guerra con Hadad-ezer. Y le envió toda suerte de vasos de oro, de plata y de bronce;
11 ၁၁ ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရ ဘုရားအား ပူဇော်၏။ ထိုအတူရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၊ အပြည်ပြည် တို့မှ ဆောင်ခဲ့သော ရွှေငွေကိုလည်း ပူဇော်၏။
los cuales el rey David dedicó al SEÑOR, con la plata y oro que había tomado de todas las naciones, de Edom, de Moab, de los hijos de Hamón, de los filisteos, y de Amalec.
12 ၁၂ ထိုမှတပါး၊ဇေရုယာသားအဘိရှဲသည် ဆားချိုင့် တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။
También Abisai hijo de Sarvia hirió a Edom en el valle de la Sal a dieciocho mil hombres.
13 ၁၃ ဧဒုံပြည်၌မြို့စောင့်တပ်တို့ကို ထား၍၊ ဧဒုံပြည် သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ် သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
Y puso guarnición en Edom, y todos los idumeos fueron siervos de David; porque el SEÑOR guardaba a David donde quiera que iba.
14 ၁၄ ထိုသို့ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကိုစိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော် မူ၏။
Y reinó David sobre todo Israel, y hacía juicio y justicia a todo su pueblo.
15 ၁၅ ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ အဟိလုဒ်၏သား ယောရှဖတ်သည် အတွင်းဝန် ဖြစ်၏။
Y Joab hijo de Sarvia era general del ejército; y Josafat hijo de Ahilud, canciller;
16 ၁၆ အဟိတုပ်၏သား ဇာဒုတ်နှင့်အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
y Sadoc hijo de Ahitob, y Abimelec hijo de Abiatar, eran sacerdotes; y Savsa, escriba;
17 ၁၇ ယောယဒ၏သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည် လည်း အထံတော်၌ မင်းသားအရာနှင့်နေကြ၏။
y Benaía hijo de Joiada era sobre los cereteos y peleteos; y los hijos de David eran los príncipes, a la mano del rey.

< ၁ ရာဇဝင်ချုပ် 18 >