< ဆာလံ 89 >

1 အကျွန်ုပ်သည် ထာဝရဘုရား ၏ ကရုဏာ တော် ကို အစဉ် အမြဲသီချင်း ဆိုပါမည်။ ကိုယ်တော် ၏သစ္စာ ကို လူမျိုး အဆက်ဆက်တို့အား ဟောပြော မြွက်ဆိုပါမည်။
အကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော် ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။
2 ကရုဏာ တော်သည် အစဉ် အမြဲတည် ရပါ၏။ သစ္စာ တော်ကို ကောင်းကင် ၌ခိုင်ခံ့ မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။
ကရုဏာတော်သည် အစဉ်အမြဲတည်ရပါ၏။ သစ္စာတော်ကို ကောင်းကင်၌ခိုင်ခံ့မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။
3 ကိုယ်တော်မိန့်တော်မူသည်ကား၊ သင် ၏အမျိုးအနွယ် ကို အစဉ် မပြတ်ငါမြဲမြံစေမည်။
ကိုယ်တော်မိန့်တော်မူသည်ကား၊ သင်၏အမျိုး အနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည်။
4 သင် ၏ပလ္လင် ကိုလည်း လူမျိုး အဆက်ဆက်တည်စေမည်ဟု ငါ ရွေးကောက် သောသူနှင့် ငါသည် ပဋိညာဉ် ဖွဲ့ ၍ ၊ ငါ ၏ ကျွန် ဒါဝိဒ် အား ကျိန်ဆို ခြင်းကိုပြုပြီ။
သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည် ပဋိညာဉ်ဖွဲ့၍၊ ငါ၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကိုပြုပြီ။
5 အို ထာဝရဘုရား ၊ ကောင်းကင် သည် အံ့ဘွယ် သော အမှုတော်တို့ကို၎င်း ၊ သန့်ရှင်း သောသူတို့သည် စည်းဝေး လျက် သစ္စာ တော်ကို၎င်း ချီးမွမ်း ကြပါစေသော။
အို ထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ် သော အမှုတော်တို့ကို၎င်း၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော။
6 အကြောင်း မူကား၊ ကောင်းကင် တွင် ထာဝရဘုရား နှင့် အဘယ် သူပြိုင် နိုင်သနည်း။ ဘုရား သခင်၏ သား တို့တွင် ထာဝရဘုရား နှင့် အဘယ်သူတူ သနည်း။
အကြောင်းမူကား၊ ကောင်းကင်တွင် ထာဝရ ဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း။ ဘုရားသခင်၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။
7 ဘုရား သခင်သည် သန့်ရှင်း သူတို့၏ ပရိသတ် တွင် အလွန် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။ အထံ တော်၌ ပတ်လည် နေသောသူအပေါင်း တို့ထက် ရိုသေ ဘွယ် ဖြစ်တော်မူ၏။
ဘုရားသခင်သည် သန့်ရှင်းသူတို့၏ ပရိသတ် တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဘွယ် ဖြစ်တော်မူ၏။
8 ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရား သည် ခွန်အား ကြီးတော်မူ၏။ သစ္စာ တော်လည်း ကိုယ်တော် ကို ပတ် ဝန်းလျက်ရှိပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။
9 သမုဒ္ဒရာ ဟုန်း ခြင်းကို အစိုးရ တော်မူ၏။ လှိုင်း တံပိုးထ သောအခါ ငြိမ်း စေတော်မူ၏။
သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်း တံပိုးထသောအခါ ငြိမ်းစေတော်မူ၏။
10 ၁၀ ကိုယ်တော် သည် သူရဲ ကဲ့သို့ ရာခပ် ကိုချိုးဖျက် ၍၊ အားကြီး သော လက်ရုံး တော်ဖြင့် ရန်သူ တို့ကို အရပ်ရပ်သို့ ကွဲပြား စေတော်မူ၏။
၁၀ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ၏။
11 ၁၁ ကောင်းကင် နှင့်မြေကြီး သည် ကိုယ်တော် ၏ ဥစ္စာဖြစ်ပါ၏။ လောကဓါတ် နှင့် လောကဓါတ် တန်ဆာ များကို တည် တော်မူပြီ။
၁၁ကောင်းကင်နှင့်မြေကြီးသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာ များကို တည်တော်မူပြီ။
12 ၁၂ မြောက် မျက်နှာနှင့် တောင် မျက်နှာကိုလည်း ဖန်ဆင်း တော်မူပြီ။ တာဗော် တောင်နှင့် ဟေရမုန် တောင်သည် နာမတော် ကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။
၁၂မြောက် မျက်နှာနှင့်တောင်မျက်နှာ ကိုလည်းဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန် တောင်သည် နာမတော်ကို အမှီပြု၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။
13 ၁၃ တန်ခိုး ရှိသောလက်ရုံး နှင့် ပြည့်စုံတော်မူ၏။ လက် တော်သည် အားကြီး ၍၊ လက်ျာ လက်တော်သည် မြင့် ပါ၏။
၁၃တန်ခိုးရှိသော လက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လက်ျာလက်တော်သည် မြင့်ပါ၏။
14 ၁၄ တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင် တော်၏ တည် ရာဖြစ်ပါ၏။ ကရုဏာ နှင့် သစ္စာ သည် မျက်နှာ တော်ရှေ့၌ သွား ကြပါ၏။
၁၄တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ် ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။
15 ၁၅ အို ထာဝရဘုရား ၊ နှိုးဆော် တော်မူ ခြင်းအသံကို နားလည် သော လူမျိုး သည် မင်္ဂလာ ရှိပါ၏။
၁၅အို ထာဝရဘုရား၊ နှိုးဆော်တော် မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။
16 ၁၆ သူတို့သည် မျက်နှာ တော်အလင်း ၌ သွား လာရကြပါ၏။ နာမ တော်၌ အစဉ် ဝမ်းမြောက် ၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက် ခြင်းသို့ ရောက်ရ ကြပါ၏။
၁၆သူတို့သည် မျက်နှာတော်အလင်း၌ သွားလာ ရကြပါ၏။ နာမတော်၌အစဉ် ဝမ်းမြောက်၍ ဖြောင့်မတ် တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရ ကြပါ၏။
17 ၁၇ ကိုယ်တော် သည် သူ တို့အစွမ်း သတ္တိ၏ ဘုန်း ဖြစ် တော်မူ၏။ ကျေးဇူး တော်အားဖြင့် လည်း အကျွန်ုပ် တို့၏ ဦးချို သည် ချီးမြှောက် လျက် ရှိပါ၏။
၁၇ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ် တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။
18 ၁၈ ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား သည် အကျွန်ုပ် တို့၏ ရှင်ဘုရင် ဖြစ်တော်မူ၏။
၁၈ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရား သည် အကျွန်ုပ်တို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။
19 ၁၉ တရံရောအခါ ကိုယ်တော် ၏ သန့်ရှင်း သူတို့ကို ဗျာဒိတ် တော်အားဖြင့် မိန့် မြွက်တော်မူသည်ကား၊ အားကြီး သောသူသည် ကူမ မည် အကြောင်း ငါခန့်ထား ပြီ။ လူစု ထဲ က ရွေးကောက်သောသူ တယောက်ကို ငါချီးမြှောက် ပြီ။
၁၉တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသော သူသည် ကူမမည် အကြောင်းငါခန့် ထားပြီ။ လူစုထဲက ရွေးကောက်သောသူတယောက်ကို ငါချီးမြှောက်ပြီ။
20 ၂၀ ငါ ၏ ကျွန် ဒါဝိဒ် ကို ငါတွေ့ ၍၊ သန့်ရှင်း သော ဆီ နှင့် ဘိသိက် ပေးပြီ။
၂၀ငါ၏ ကျွန် ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသော ဆီနှင့်ဘိသိက်ပေးပြီ။
21 ၂၁ သူ့ ဘက် မှာ ငါ့ လက် သည် တည် လိမ့်မည်။ ငါ့ လက်ရုံး သည် သူ့ ကို မြဲမြံ ခိုင်ခံ့စေမည်။
၂၁သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။
22 ၂၂ ရန်သူ သည် သူ ၏ ဥစ္စာကို အနိုင်အထက်မ ယူ ရ။ မ တရားသောသူ သည် မ ညှဉ်းဆဲ ရ။
၂၂ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသော သူသည် မညှဉ်းဆဲရ။
23 ၂၃ သူ ၏ ရန်သူ တို့ကို သူ့ ရှေ့ မှာ ငါနှိပ်စက် ၍ ၊ သူ့ ကိုမုန်း သောသူတို့ ကို ဒဏ်ခတ် မည်။
၂၃သူ၏ ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။
24 ၂၄ ငါ ၏သစ္စာ နှင့် ကရုဏာ သည် သူ့ ဘက် မှာနေ၍ ၊ ငါ ၏နာမ အားဖြင့် သူ ၏ ဦးချို သည် ချီးမြှောက် လျက် ရှိလိမ့်မည်။
၂၄ငါ၏သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှာနေ၍၊ ငါ၏နာမအားဖြင့် သူ၏ ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။
25 ၂၅ သူ ၏လက် ကိုလည်း ၊ ပင်လယ် ပေါ် မှာ၎င်း ၊ သူ ၏လက်ျာ လက်ကို မြစ် များပေါ် မှာ၎င်း ငါတင် ၍ ထားမည်။
၂၅သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာ၎င်း၊သူ၏လက်ျာလက်ကို မြစ်များပေါ်မှာ၎င်း ငါတင်၍ ထားမည်။
26 ၂၆ သူကလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ၏အဘ ၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်တင် ရာ ကျောက် ဖြစ်တော်မူ၏ဟု၊ ငါ့ ကို ကြွေးကြော် လိမ့်မည်။
၂၆သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်ရာ ကျောက်ဖြစ်တော်မူ၏ဟု၊ ငါ့ကို ကြွေးကြော်လိမ့်မည်။
27 ၂၇ အကယ် စင်စစ်သူ့ ကို သားဦး အရာ၌ ခန့်ထား ၍၊ လောကီ ရှင် ဘုရင်တို့အပေါ် မှာ ချီးမြှောက် မည်။
၂၇အကယ်စင်စစ်သူ့ကို သားဦးအရာ၌ ခန့်ထား၍၊ လောကီရှင် ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည်။
28 ၂၈ ငါ ၏ ကရုဏာ ကို သူ့ အဘို့ ငါသည် အစဉ် စောင့် ၍ ၊ ငါ ၏ ပဋိညာဉ် တရားသည် သူ ၌ မြဲမြံ လိမ့်မည်။
၂၈ငါ၏ ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့်၍၊ ငါ၏ ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။
29 ၂၉ သူ ၏ အမျိုးအနွယ် ကို အစဉ် အမြဲတည် စေမည်။ သူ ၏ပလ္လင် သည် ကောင်းကင် ကာလ ကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။
၂၉သူ၏ အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေ မည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာကဲ့သို့ နိစ္စ ထာဝရဖြစ်လိမ့်မည်။
30 ၃၀ သူ ၏သား မြေးတို့သည် ငါ့ တရား ကို စွန့်ပယ် ၍ ၊ ငါ ၏စီရင် ချက်တို့ကို မ ကျင့် ၊
၃၀သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊
31 ၃၁ ငါ ၏အထုံးအဖွဲ့ တို့ကို ရှုတ်ချ ၍ ၊ ငါ ၏ပညတ် တို့ကို မ စောင့် ဘဲနေလျှင် ၊
၃၁ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ် တို့ကို မစောင့်ဘဲနေလျှင်၊
32 ၃၂ ငါသည် သူ တို့ပြစ်မှား သောကြောင့်၊ ကြိမ်လုံး နှင့် ဆုံးမ ၍ ဒဏ်ချက် တို့နှင့် ဒုစရိုက် အတိုင်း အပြစ်ပေးမည်။
၃၂ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့် ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။
33 ၃၃ သို့သော်လည်း ၊ ငါ ၏ကရုဏာ ကိုသူ မှ ငါမ နှုတ် မပယ်။ ငါ ၏သစ္စာ ကိုလည်း မ ဖျက် ။
၃၃သို့သော်လည်း၊ ငါ၏ကရုဏာကိုသူမှ ငါမနှုတ် မပယ်။ ငါ၏သစ္စာကိုလည်း မဖျက်။
34 ၃၄ ငါ ၏ပဋိညာဉ် တရားကိုလည်း မ ရှုတ်ချ ။ ငါ မိန့် မြွက်သော စကား လည်း ဖေါက်ပြန် ခြင်းမ ရှိရ။
၃၄ငါ၏ပဋိညာဉ် တရားကိုလည်း မရှုတ်ချ။ ငါမိန့် မြွက်သော စကားလည်း ဖေါက်ပြန်ခြင်းမရှိရ။
35 ၃၅ ငါသည် ဒါဝိဒ် ကို မ လှည့်စား ဟု ငါ ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါ ကျိန်ဆို ပြီ။
၃၅ငါသည် ဒါဝိဒ်ကို မလှည့်စားဟု ငါ၏သန့်ရှင်း ခြင်း ပါရမီကို တိုင်တည်၍ တခါကျိန်ဆိုပြီ။
36 ၃၆ သူ ၏အမျိုးအနွယ် သည် အစဉ် အမြဲတည် ရမည်။ သူ ၏ပလ္လင် သည်လည်း ၊ ငါ့ ရှေ့ ၌ နေ ကဲ့သို့ ဖြစ်ရမည်။
၃၆သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရ မည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ ဖြစ်ရ မည်။
37 ၃၇ လ ကဲ့သို့ ၎င်း၊ မိုဃ်း ကောင်းကင်၌ သစ္စာ စောင့်သော သက်သေ ကဲ့သို့၎င်း ၊ အစဉ် မြဲမြံ ရမည်ဟု ကိုယ်တော် သည် မိန့်တော်မူပါပြီ။
၃၇လကဲ့သို့၎င်း၊ မိုဃ်းကောင်းကင်၌ သစ္စာစောင့် သော သက်သေကဲ့သို့၎င်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ် တော်သည် မိန့်တော်မူပါပြီ။
38 ၃၈ သို့သော်လည်း ၊ ကိုယ်တော် သည် ယခုစွန့်ပယ် ၍ ရွံရှာ တော်မူပြီ။ အထံ တော်၌ ဘိသိက် ခံသောသူကို အမျက်ထွက် တော်မူပြီ။
၃၈သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသော သူကို အမျက်ထွက်တော်မူပြီ။
39 ၃၉ ကိုယ်တော် ၏ ကျွန် နှင့်ဖွဲ့သော ပဋိညာဉ် ကို ဖျက် ၍၊ သူ ၏သရဖူ ကို မြေ တိုင်အောင် ရှုတ်ချ တော်မူပြီ။
၃၉ကိုယ်တော်၏ ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်၍၊ သူ၏သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ။
40 ၄၀ သူ ၏ခြံ ရှိသမျှ တို့ကိုချိုး ၍၊ သူ ၏တိုက် များကို ဖြိုဖျက် တော်မူပြီ။
၄၀သူ၏ခြံရှိသမျှတို့ကိုချိုး၍၊ သူ၏တိုက်များကို ဖြိုဖျက်တော်မူပြီ။
41 ၄၁ လမ်း ၌ရှောက်သွား သော သူအပေါင်း တို့သည် သူ့ ကိုလုယူ ကြ၏။ အိမ်နီးချင်း တို့တွင် ကဲ့ရဲ့ ဘွယ်ဖြစ် ပါ၏။
၄၁လမ်း၌ရှောက်သွားသော သူအပေါင်းတို့သည် သူ့ကိုလုယူကြ၏။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဘွယ်ဖြစ်ပါ၏။
42 ၄၂ သူ ၏ရန်သူ တို့ လက်ျာ လက်ကို ချီးမြှင့် ၍၊ ရန်ဘက် ပြုသောသူ အပေါင်း တို့ကို ဝမ်းမြောက် စေ တော်မူ၏။
၄၂သူ၏ရန်သူတို့ လက်ျာလက်ကို ချီးမြှင့်၍၊ ရန်ဘက်ပြုသောသူ အပေါင်းတို့ကို ဝမ်းမြောက်စေ တော်မူ၏။
43 ၄၃ သူ ၏ထား သွားကိုလိပ် စေ၍ ၊ သူ စစ် တိုက်ရာတွင် ထောက်မ တော်မ မူပါ။
၄၃သူ၏ထားသွားကိုလိပ်စေ၍၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ။
44 ၄၄ သူ ၏ဘုန်း ကို ကွယ် စေ၍ ၊ သူ ၏ရာဇပလ္လင် ကို မြေ သို့ နှိမ့်ချ တော်မူပြီ။
၄၄သူ၏ဘုန်းကိုကွယ်စေ၍၊ သူ၏ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော် မူပြီ။
45 ၄၅ သူ ၏ပျို သောအရွယ် ကို တို စေ၍ အရှက်ခွဲ တော်မူပြီ။
၄၅သူ၏ပျိုသောအရွယ်ကို တိုစေ၍ အရှက်ခွဲတော် မူပြီ။
46 ၄၆ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အလျှင်း မ ထင်ရှားဘဲ၊ အဘယ် မျှကာလ ပတ်လုံးပုန်း ၍ နေတော်မူ မည်နည်း။ အမျက် တော်သည် အဘယ်မျှကာလ ပတ်လုံးမီး ကဲ့သို့ လောင် ရပါမည်နည်း။
၄၆အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်း မထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော် မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။
47 ၄၇ အကျွန်ုပ် ၏ အသက်တာသည် အဘယ် မျှလောက် တို သည်ကို၎င်း၊ အဘယ် မျှလောက်ပျက် တတ် စေ ခြင်းငှါ၊ လူသား အပေါင်း တို့ကို ဖန်ဆင်း တော်မူသည် ကို၎င်း၊ အောက်မေ့ တော်မူပါ။
၄၇အကျွန်ုပ်၏ အသက်တာသည် အဘယ်မျှ လောက် တိုသည်ကို၎င်း၊ အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို၎င်း၊ အောက်မေ့တော်မူပါ။
48 ၄၈ သေ ခြင်းသို့မ ရောက်၊ အသက် ရှင်၍ မိမိ ဝိညာဉ် ကို မရဏ နိုင်ငံတန်ခိုး မှ ကယ်နှုတ် နိုင်သော သူကား အဘယ် သူနည်း။ (Sheol h7585)
၄၈သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း။ (Sheol h7585)
49 ၄၉ အို ထာဝရ ဘုရား၊ သစ္စာ တော်နှင့်တကွ ကိုယ်တော် ၏ ကျွန်ဒါဝိဒ် အား ကျိန်ဆို တော်မူသောရှေး ကရုဏာ တော်သည် အဘယ် မှာရှိပါသနည်း။
၄၉အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ် တော်၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း။
50 ၅၀ အိုထာဝရ ဘုရား၊ ကိုယ်တော် ၏ ကျွန် တို့သည် ခံရသောကဲ့ရဲ့ ခြင်းကို အောက်မေ့ တော်မူပါ။ များစွာ သော လူ တို့၏ အမှုအလုံးစုံ ကို အကျွန်ုပ် သည် ကိုယ် ရင်ခွင် ၌ ဆောင် ရပါ၏။
၅၀အိုထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာ သော လူတို့၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ် ရင်ခွင်၌ ဆောင်ရပါ၏။
51 ၅၁ အကြောင်း မူကား၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ တို့သည် ကဲ့ရဲ့ တတ်ကြပါ၏။ အထံ တော်၌ ဘိသိက် ခံသောသူ၏ ခြေတော် ရာတို့ကို ကဲ့ရဲ့ တတ်ကြပါ ၏။
၅၁အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ် တော်၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြ ပါ၏။
52 ၅၂ ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင် ။
၅၂ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့်အာမင်။

< ဆာလံ 89 >