< ဆာလံ 68 >

1 ဘုရား သခင်ထ တော်မူ၍၊ ရန်သူ တို့သည် အရပ်ရပ်သို့ ကွဲပြား ကြပါစေသော။ ဘုရား သခင်ကို မုန်း သောသူတို့ သည် အထံ တော်က ပြေး ကြပါစေသော။
[For the Chief Musician. A Psalm by David. A song.] Let God arise. Let his enemies be scattered, and let them who hate him flee before him.
2 မီးခိုး လွှင့် သကဲ့သို့ သူတို့ကို လွှင့် တော်မူပါ။ ဘယောင်း သည် မီး ရှေ့ မှာ အရည် ဖြစ်သကဲ့သို့ ၊ မတရား သောသူတို့ သည် ဘုရား သခင့်ရှေ့ တော်မှာ ပျက်စီး ကြပါစေသော။
As smoke is driven away, so drive them away. As wax melts before the fire, so let the wicked perish at the presence of God.
3 ဖြောင့်မတ် သောသူတို့ သည် ဝမ်းမြောက် ၍ ၊ ဘုရား သခင့်ရှေ့တော်မှာ ရွှင်လန်း သောစိတ် နှင့် အလွန် ဝမ်းမြောက် ဝမ်းသာကြပါစေသော။
But let the righteous be glad. Let them rejoice before God. Yes, let them rejoice with gladness.
4 ဘုရား သခင်အား သီချင်း ဆိုကြလော့။ နာမတော် ကို ထောမနာသီချင်း ဆိုကြလော့။ တော ၌ စီး ၍ ကြွတော်မူသောအရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင် ၏ နာမတော် ကား၊ ထာဝရ ဘုရားတည်း။ ရှေ့ တော်၌ ရွှင်လန်း ကြလော့။
Sing to God. Sing praises to his name. Extol him who rides on the clouds: to the LORD, his name. Rejoice before him.
5 ဘုရား သခင်သည် သန့်ရှင်း သော ဘုံ ဗိမာန်တော်၌ စံပယ်လျက်၊ မိဘ မရှိသောသူတို့ ၏ အဘ ဖြစ်၍ ၊ မုတ်ဆိုးမ တို့ဘက်မှာ တရား စီရင်တော်မူ၏။
A father of the fatherless, and a defender of the widows, is God in his holy habitation.
6 ဘုရား သခင်သည် ပေါက်ဘော် မရှိသောသူတို့ အား အိမ်ထောင် ချခြင်းအခွင့် ကိုပေး တော်မူ၍၊ ချုပ် ထားသောသူတို့ ကိုလည်း ကြွယ်ဝခြင်းထဲ သို့ သွင်း တော်မူ၏။ ငြင်းဆန် သောသူတို့ မူကား ၊ သွေ့ခြောက် သော အရပ်၌ နေ ရကြ၏။
God sets the lonely in families. He brings out the prisoners with singing, but the rebellious dwell in a sun-scorched land.
7 အို ဘုရား သခင်၊ ကိုယ်တော် ၏လူစု ရှေ့မှာ ကြွ ၍ ၊ တော ၌ ချီ တော်မူသောအခါ၊
God, when you went forth before your people, when you marched through the wilderness... (Selah)
8 ဘုရား သခင်၏ မျက်နှာ တော်ကြောင့် ၊ မြေကြီး လှုပ် ၍ မိုဃ်းကောင်းကင် သည် ယို စီးလေ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်မျက်နှာ တော်ကြောင့် သိနာ တောင်သည်လည်း တုန်လှုပ်၏။
The earth trembled. The sky also poured down rain at the presence of the God of Sinai—at the presence of God, the God of Israel.
9 အိုဘုရား သခင်၊ ကိုယ်တော် သည် မိုဃ်း ကို များစွာ ရွာစေ၍၊ ပင်ပန်း သော အမွေ တော်လူတို့ကို ထောက်မ တော်မူ၏။
You, God, sent a plentiful rain. You confirmed your inheritance, when it was weary.
10 ၁၀ ကိုယ်တော် ၏ အလုံး အရင်းသည် နေရာ ကျရကြပါ၏။ အိုဘုရား သခင်၊ ဆင်းရဲ သောသူတို့ အဘို့ ကျေးဇူး တော်အားဖြင့် ပြင်ဆင် တော်မူ၏။
Your congregation lived in it. You, God, prepared your goodness for the poor.
11 ၁၁ ဘုရား ရှင်အမိန့် တော်ရှိ၍၊ ဝမ်းမြောက် စရာ သိတင်းကို ကြားပြော သောသူ တို့ သည် အတိုင်းမသိများ ကြ၏။
The LORD announced the word; a great company of women proclaim the good news.
12 ၁၂ စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင် ဘုရင်တို့သည် အလျင် အမြန်ပြေးကြ၍ ၊ အိမ် ၌ နေရစ် သော မိန်းမတို့သည် လက်ရဥစ္စာ ကို ဝေ မျှကြ၏။
"Kings of armies flee. They flee." She who waits at home divides the spoil,
13 ၁၃ သင်တို့သည် တောင် ကြား မှာ နေရာ ကျလျက် ၊ ငွေ နှင့် မွန်းမံ သော ချိုးငှက် အတောင် ကဲ့သို့၎င်း ၊ နီ သော ရွှေ နှင့် မွမ်းမံသော အမွေး ကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။
while you sleep among the campfires, the wings of a dove sheathed with silver, her feathers with shining gold.
14 ၁၄ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသည်၊ ရှင်ဘုရင် တို့ကို ကွဲပြား စေတော်မူသောအရပ် သည် ဇာလမုန် တောင်ပေါ် မှာ မိုဃ်းပွင့် ကဲ့သို့ဖြစ်လေ၏။
When Shaddai scattered kings in her, it snowed on Zalmon.
15 ၁၅ ဘုရား သခင်၏ တောင် တည်းဟူသောဗာရှန် တောင် ၊ မြင့် သော ထိပ် များနှင့် ပြည့်စုံသော ဗာရှန် တောင် တို့၊
The mountains of Bashan are majestic mountains. The mountains of Bashan are rugged.
16 ၁၆ သင်တို့သည် မြင့် သော တောင်ထိပ် များနှင့် ပြည့်စုံသော်လည်း၊ ဘုရား သခင်ကျိန်းဝပ် ခြင်းငှါ အလိုရှိ တော်မူသောတောင် ၊ ထာဝရဘုရား သည် အစဉ် အမြဲနေရာ ချတော်မူသောတောင်တော်ကို အဘယ် ကြောင့်စောင်း မြောင်းကြသနည်း။
Why do you look in envy, you rugged mountains, at the mountain where God chooses to reign? Yes, the LORD will dwell there forever.
17 ၁၇ ဘုရား သခင်၏ရထား တော်တို့သည် အထောင် အသောင်း မက များ ကြ၏။ ဘုရား ရှင်ပါ တော်မူ၏။ သိနာ တောင်လည်း သန့်ရှင်း ရာဌာနတော်၌ ရှိသတည်း။
The chariots of God are tens of thousands and thousands of thousands. The LORD is among them, from Sinai, in holiness.
18 ၁၈ ကိုယ်တော်သည် မြင့် သောအရပ်သို့ တက် ကြွတော်မူသဖြင့်၊ များစွာသောသူတို့ ကို ဘမ်း သွားတော်မူ၍၊ ထာဝရ အရှင် ဘုရား သခင်သည် လူတို့တွင် ကျိန်းဝပ် တော်မူမည်အကြောင်း ၊ လူတို့အဘို့မက၊ ပုန်ကန် သော လူ တို့အဘို့ ဆုလပ် များကို ခံရ တော်မူပြီ။
You have ascended on high. You have led away captives. And you gave gifts to people; but the rebellious will not dwell in the presence of God.
19 ၁၉ ထာဝရ ဘုရားသည် အစဉ် မင်္ဂလာ ရှိတော်မူစေသတည်း။ ငါ တို့ကို သူတပါး ညှဉ်းဆဲ သောအခါ ၊ ဘုရား သခင်ကယ်တင် တော်မူ၏။
Blessed be the LORD, who daily bears our burdens, even the God who is our salvation. (Selah)
20 ၂၀ ငါ တို့၏ ဘုရား သခင်သည် ကယ်တင် နိုင်သော ဘုရား ဖြစ်တော်မူ၏။ ဘုရား ရှင်ထာဝရဘုရား သည် သေခြင်း သို့ ရောက်သော လမ်းကိုလည်း အစိုးပိုင်တော်မူ၏။
God is to us a God of deliverance. To the LORD belongs escape from death.
21 ၂၁ ဘုရား သခင်သည် မိမိ ရန်သူ တို့၏ ဦးခေါင်း ကို၎င်း၊ အပြစ် ပြု မြဲပြုသောသူ တို့ ၏ ဦးသျှောင် ကို၎င်းဧကန် အမှန် နှိပ်စက် တော်မူမည်။
But God will strike through the head of his enemies, the hairy scalp of such a one as still continues in his guiltiness.
22 ၂၂ သူတို့ကို ဗာရှန် ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲ သော ပင်လယ် ထဲ က ငါဆောင် ခဲ့ဦးမည်။
The LORD said, "I will bring you again from Bashan, I will bring you again from the depths of the sea;
23 ၂၃ ထို သို့သောအားဖြင့် သင် သည် ရန်သူ တို့ အသွေး ကို နင်း ၍၊ သင် ၏ခွေး တို့သည်လည်း လျက် ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
That you may crush them, dipping your foot in blood, that the tongues of your dogs may have their portion from your enemies."
24 ၂၄ အို ဘုရား သခင်၊ သန့်ရှင်း ရာဌာနသို့ ကိုယ်တော်ကြွ တော်မူခြင်း၊ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ၏ ရှင် ဘုရင်ကြွ တော်မူခြင်းကို မြင် ရကြပါပြီ။
They have seen your processions, God, even the processions of my God, my King, into the sanctuary.
25 ၂၅ ရှေ့ ၌ကား၊ သီချင်း ဆိုသောသူ၊ နောက် ၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ် ၌ ကား၊ ပတ်သာကို တီး သော အပျို တို့သည် လိုက်သွားကြပါ၏။
The singers went before, the minstrels followed after, in the midst of the ladies playing with tambourines,
26 ၂၆ ဣသရေလ အမျိုးသားတို့၊ ပရိသတ် အစည်း အဝေးတို့၌ ထာဝရ အရှင် ဘုရား သခင်ကို ကောင်းကြီး ပေးကြလော့။
"Bless God in the congregations, even the LORD from the fountain of Israel."
27 ၂၇ အစိုး ရသောဗင်္ယာမိန် ငယ် မှစ၍၊ မိမိ အလုံး အရင်းနှင့်တကွယုဒ မင်း များ၊ ဇာဗုလုန် မင်း များ နဿလိ မင်း များ ပါကြ၏။
There is little Benjamin, their ruler, the princes of Judah, their council, the princes of Zebulun, and the princes of Naphtali.
28 ၂၈ အို ဘုရား သခင်၊ တန်ခိုး တော်ကို ပြ တော်မူပါ။ အိုဘုရား သခင်၊ အကျွန်ုပ် တို့၌ ပြု သောကျေးဇူးတော်ကို တည် စေတော်မူပါ။
Your God has commanded your strength. Strengthen, God, that which you have done for us.
29 ၂၉ ယေရုရှလင် မြို့၌ ရှိသောဗိမာန် တော်အဘို့ ရှင် ဘုရင်တို့သည် ကိုယ်တော် ထံ သို့လက်ဆောင် များကို ဆောင် ခဲ့ကြပါစေသော။
Because of your temple at Jerusalem, kings shall bring presents to you.
30 ၃၀ ကျူတော သားရဲ ကို၎င်း၊ နွား လားဥသဘအစု အဝေးနှင့် လူမျိုး တို့၏ နွား ပျိုတို့ကို၎င်းဆုံးမ တော်မူသဖြင့် ၊ အသီးအသီးတို့သည် ငွေ စ နှင့် ကိုယ်ကို နှိမ့်ချ ကြပါစေသော။ စစ် မှုကို နှစ်သက် သော လူမျိုး တို့ကို အရပ်ရပ်သို့ ကွဲပြား စေတော်မူပါ။
Rebuke the wild animal of the reeds, the multitude of the bulls, with the calves of the peoples. Being humbled, may it bring bars of silver. Scatter the nations that delight in war.
31 ၃၁ အဲဂုတ္တု ပြည်မှ သံတမန် တို့သည် လာ ကြပါစေသော။ ကုရှ ပြည်သည် မိမိ လက် တို့ကို ဘုရား သခင်ထံ တော်သို့ အလျင် အမြန်ဆန့်ရပါစေသော။
Envoys shall come out of Egypt. Ethiopia shall hurry to stretch out her hands to God.
32 ၃၂ မြေကြီး နိုင်ငံ တို့၊ ဘုရား သခင့်ရှေ့ တော်၌ သီချင်း ဆိုကြလော့။
Sing to God, you kingdoms of the earth. Sing praises to the LORD. (Selah)
33 ၃၃ အစ အဦး၌ အထက်ကောင်းကင် ဘဝဂ်ကို စီး ၍ နေတော်မူသောထာဝရ ဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံ တော်ကို လွှတ် တော်မူ၍ ၊ အားကြီး သော အသံ ဖြစ်၏။
To him who rides on the heaven of heavens, which are of old; look, he utters his voice, a mighty voice.
34 ၃၄ ဘုရား သခင်သည် တန်ခိုး ကြီးတော်မူသည်ဟု ဝန်ခံ ကြလော့။ ဣသရေလ အမျိုးကို ဘုန်း တော်လွှမ်းမိုးလျက် ၊ တန်ခိုး တော်လည်း မိုဃ်းတိမ် တို့တွင် ထင်ရှားလျက် ရှိသတည်း။
Ascribe strength to God. His excellency is over Israel, his strength is in the skies.
35 ၃၅ အို ဘုရား သခင်၊ ကိုယ်တော် သည် သန့်ရှင်း ရာဌာနတော်ပြင်မှာ ကြောက်ရွံ့ ဘွယ် ဖြစ်တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ကား၊ မိမိလူ တို့အား အခွင့် တန်ခိုးကို ပေး တော်မူသောဘုရား ပေတည်း။ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။
You are awesome, God, in your sanctuaries. The God of Israel gives strength and power to his people. Praise be to God.

< ဆာလံ 68 >