< ဆာလံ 64 >

1 အို ဘုရား သခင်၊ အကျွန်ုပ် ဆုတောင်း သော စကား သံကို နားထောင် ၍ အကျွန်ုပ် အသက် ကို ရန်သူ ဘေး မှ ကွယ်ကာ စောင့်မတော်မူပါ။
Hear my voice, O God, in my prayer: preserve my life from fear of the enemy.
2 လူဆိုး တို့၏ တိုင်ပင် ရာမှ ၎င်း၊ ဒုစရိုက် ကို ပြု လေ့ရှိသောသူတို့ ၏ စုဝေး ရာမှ ၎င်း၊ အကျွန်ုပ် ကို ကွယ်ကာ တော်မူပါ။
Hide me from the secret counsel of the wicked; from the insurrection of the workers of iniquity:
3 ထိုသူ တို့သည် မိမိ တို့လျှာ ကို ထား ကဲ့ သို့သွေး တတ်ကြ၏။
Who sharpen their tongue like a sword, and bend their bows to shoot their arrows, even bitter words:
4 စုံလင် သောသူကို မ ထင်မရှားပစ် မည်အကြံနှင့် ၊ ခါး သောစကား တည်းဟူသောမိမိ တို့ မြှား ကို ရွယ် တတ်ကြ၏။ မ ကြောက် မရွံ့ဘဲ ချက်ခြင်း ပစ် တတ်ကြ၏။
That they may shoot in secret at the perfect: suddenly do they shoot at him, and fear not.
5 မကောင်း သောအမှု မှာ တယောက် ကိုတယောက်နှိုးဆော် တတ်ကြ၏။ ကျော့ကွင်း တို့ကို ထောင် ထား ခြင်းငှါ တိုင်ပင် ၍၊ အဘယ်သူ မြင် လိမ့်မည်နည်းဟု ဆို တတ်ကြ၏။
They encourage themselves in an evil matter: they commune of laying snares privately; they say, Who shall see them?
6 မ တရားသော အမှု တို့ကို ကိုယ်အဘို့ စစ်ဆေး ရှာဖွေ တတ်ကြ၏။ အကုန်အစင် စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ် နှလုံးထဲမှာ ကြံစည် သော အရာတို့သည် အလွန်နက်နဲ ကြ၏။
They search out iniquities; they accomplish a diligent search: both the inward thought of every one of them, and the heart, is deep.
7 သူ တို့၌ ဘုရား သခင်ပစ် တော်မူသောမြှား မှန်၍၊ သူ တို့သည် အမှတ်တမဲ့ နာ ကြ လိမ့်မည်။
But God shall shoot at them with an arrow; suddenly shall they be wounded.
8 သို့ဖြစ်၍ မိမိ တို့ လျှာ သည် မိမိ တို့ကို တိုက် စေ၍၊ မြင် သောသူ အပေါင်း တို့သည် ပြေး သွားကြလိမ့်မည်။
So they shall make their own tongue to fall upon themselves: all that see them shall flee away.
9 လူ အပေါင်း တို့သည်လည်း ကြောက်ရွံ့ ၍ ၊ ဘုရား သခင်စီရင် တော်မူကြောင်းကို နားလည် သဖြင့် အမှု တော်ကို ကြား ပြောကြလိမ့်မည်။
And all men shall fear, and shall declare the work of God; for they shall wisely consider of his doing.
10 ၁၀ ဖြောင့်မတ် သောသူသည် ထာဝရဘုရား ၌ ဝမ်းမြောက် ၍ ခိုလှုံ လိမ့်မည်။ သဘော ဖြောင့် သော သူအပေါင်း တို့သည် ဝါကြွား ကြလိမ့်မည်။
The righteous shall be glad in the LORD, and shall trust in him; and all the upright in heart shall glory.

< ဆာလံ 64 >