< တောလည်ရာ 4 >

1 တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊ 2 လေဝိ အမျိုး ၊ ကောဟတ် အနွယ်သား တို့တွင်၊ အသက် သုံးဆယ် လွန် ၍ ငါးဆယ် မ မှီ၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကိုဆောင် ခြင်းငှါ ၊ 3 အလုံးအရင်း ဝင် သောသူအပေါင်း တို့ကို၊ ဘိုး ဘအဆွေအမျိုး အလိုက် စာရင်းယူ လော့။ 4 အလွန် သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေး ရာတဲ တော်၌ ကောဟတ် သား များ စောင့်ရှောက်ရသောအမှု ဟူမူကား၊ 5 တပ် ချီ ချိန် ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည် လာ ၍ ၊ အတွင်းကုလားကာ ကို ချ ပြီးလျှင် ၊ သက်သေခံ ချက် သေတ္တာ ကို အုပ် ရမည်။ 6 ကုလားကာ အပေါ် မှာ တဟာရှ သားရေ နှင့် အုပ် ပြန်၍၊ သားရေအပေါ် မှာလည်း ပြာ သောအထည် ကို ခင်း ပြီးမှ ၊ ထမ်းဘိုး တို့ကို လျှို ထားရမည်။ 7 ရှေ့ တော်မုန့်စားပွဲ ပေါ်မှာ ပြာ သောအထည် ကို ခင်း ၍ ၊ လင်ပန်း ၊ ဇွန်း ၊ လောင်း စရာဖလား များနှင့်တကွ ၊ အမြဲ ထည့် ရသောမုန့် ကို တင် ပြီးမှ၊ 8 ထိုအရာတို့ကို၊ နီ သောအထည် နှင့် အုပ် ရမည်။ တဖန် တဟာရှ သားရေ နှင့် အုပ် ပြန်၍ ၊ ထမ်းဘိုး တို့ကို လျှို ထားရမည်။ 9 မီး ထွန်းရာ မီးခုံ ၊ မီးခွက် ၊ မီးညှပ် ၊ မီးညှပ်ခံရာ ခွက် ၊ ဆီ အိုး အစရှိသည်တို့ကို၊ ပြာ သောအထည် နှင့် အုပ် ပြီးမှ ၊ 10 ၁၀ ထိုတန်ဆာ ရှိသမျှ တို့ကို၊ တဟာရှ သားရေ အိတ် ထဲ၌ သွင်း ထား၍ ၊ ထမ်းဘိုး ကို တပ် ရမည်။ 11 ၁၁ ရွှေ ယဇ်ပလ္လင် ပေါ်မှာ ၊ ပြာ သောအထည် ကို ခင်း ၍ ၊ တဟာရှ သားရေ နှင့် အုပ် ပြီးလျှင် ၊ ထမ်းဘိုး တို့ကို လျှိုထား ရမည်။ 12 ၁၂ သန့်ရှင်း ရာဌာန၌ အမှု တော်ကို ဆောင်ရွက်ရန် တန်ဆာ ရှိသမျှ တို့ကို၊ ပြာ သောအထည် အိတ်ထဲ၌ သွင်း ထား၍ ၊ တဟာရှ သားရေ ဖြင့် အုပ် ပြီးမှ၊ထမ်းဘိုး ကို တပ် ရမည်။ 13 ၁၃ ယဇ်ပလ္လင် မှ ပြာ ကိုပယ်ရှင်း၍ ၊ ပလ္လင် ပေါ်မှာ မောင်း သောအထည် ကို ခင်း ပြီးလျှင် ၊ 14 ၁၄ ထိုပလ္လင်နှင့်ဆိုင်သော အမှု တော်ထမ်းရန် တန်ဆာ တည်းဟူသောလင်ပန်း ၊ အမဲသား ချိတ်၊ တူးရွင်းပြား ၊ အင်တုံ အစရှိသော ယဇ်ပလ္လင် တန်ဆာ ရှိသမျှ တို့ကို တင် ၍ ၊ တဟာရှ သားရေ နှင့် အုပ် ပြီးမှ၊ထမ်းဘိုး တို့ကို လျှို ထားရမည်။ 15 ၁၅ ထိုသို့ တပ် ချီ ချိန်ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာ ရှိသမျှ တို့ကို ဖုံးအုပ် သောနောက် ၊ ကောဟတ် သား တို့သည် ထမ်း ခြင်းငှါ ချဉ်းကပ် ရကြမည်။ သို့ရာတွင် သူတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊သန့်ရှင်း သောအရာကို မ ကိုင် ရ၊ ဤရွေ့ကား ပရိသတ် စည်းဝေး ရာ တဲ တော်၌ ကောဟတ် သား များ ဆောင်ရွက် ရသောအမှုပေတည်း။ 16 ၁၆ ယဇ်ပုရောဟိတ် အာရုန် သား ဧလာဇာ ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား၊ မီး ထွန်းစရာ ဆီ၊ မီးရှို့ရာ နံ့သာပေါင်း မွှေး၊ နေ့ရက် အစဉ်အတိုင်းဆက်ကပ်ရသောဘောဇဉ်ပူဇော်သက္ကာ ၊ လိမ်း ရန်ဆီ အစရှိသော တဲ တော် နှင့် တဲ တော်တန်ဆာရှိသမျှ တို့ကို၎င်း၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်းသောတန်ဆာ ရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။ 17 ၁၇ တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊ 18 ၁၈ ကောဟတ် အဆွေအမျိုး အနွယ်သား တို့ကို၊ လေဝိ သားစုထဲက မ ပယ် မဖြတ်နှင့်။ 19 ၁၉ သူတို့သည် အလွန် သန့်ရှင်းသောအရာတို့ကို ချဉ်းကပ် သောအခါ ၊ သေ ဘေးလွတ် ၍ အသက်ရှင် မည်ကြောင်း ၊ အာရုန် နှင့် သူ ၏သား တို့သည် အရင်ဝင် ၍ ၊ လူ အသီးသီး စောင့်ရသောအမှု ၊ ထမ်း ရသောဝန်တို့ကို ခွဲခန့် ရမည်။ 20 ၂၀ သို့ရာတွင် သန့်ရှင်း သောအရာတို့ကို ဖုံးအုပ် စဉ်အခါ၊ ကောဟိတ် သားတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊ အထဲ သို့ဝင် ၍ မ ကြည့် ရဟု မိန့် တော်မူ၏။ 21 ၂၁ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ 22 ၂၂ ဂေရရှုန် အနွယ်သား တို့တွင်၊ အသက် သုံးဆယ် လွန် ၍ ငါးဆယ် မ မှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကိုဆောင် ခြင်းငှါ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘေး အဆွေအမျိုး အလိုက် စာရင်း ယူ လော့။ 23 ၂၃ 24 ၂၄ ဂေရရှုန် အဆွေအမျိုး တို့သည် စောင့်ရသောအမှု ၊ ထမ်း ရသောဝန်ဟူမူကား ၊ 25 ၂၅ အတွင်းတဲ တော် ကုလားကာ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ကုလားကာ၊ အပေါ်တဲ ၊ တဟာရှ သားရေအဖုံး ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ကာသောကုလားကာ ၊ 26 ၂၆ တဲ တော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်း ကုလားကာ ၊ ဝင်း တံခါးဝ ၌ကာသော ကုလားကာ ၊ ကြိုး များအစရှိ သည်တို့ကို၎င်း၊ ထိုအရာများနှင့် ဆိုင်၍ အမှု တော်ထမ်း ရန် တန်ဆာ ရှိသမျှ တို့ကို၎င်းထမ်းရွက် ရကြမည်။ 27 ၂၇ ဂေရရှုန် သား များ အမှု စောင့်လေရာရာ ၊ ဝန်ထမ်း လေရာရာ ၌၊ အာရုန် နှင့် သူ ၏သား တို့ ခွဲခန့် စီရင် သည်အတိုင်း ဆောင်ရွက် ရကြမည်။ 28 ၂၈ ဤရွေ့ကား ၊ ပရိသတ်စည်းဝေး ရာတဲ တော်၌ ၊ ဂေရရှုန် အဆွေအမျိုး သား များ ဆောင်ရွက်ရသောအမှု ပေတည်း။ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဣသမာ သည် သူ တို့ကိုအုပ် ရမည်။ 29 ၂၉ မေရာရိ သား တို့တွင်လည်း၊ အသက် သုံးဆယ် လွန် ၍ ငါးဆယ် မ မှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို ဘိုးဘ အဆွေအမျိုး အလိုက် စာရင်း ယူလော့။ 30 ၃၀ 31 ၃၁ သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်၌ စောင့်ရသောအမှု ၊ ထမ်း ရသောဝန် ဟူမူကား ၊ တဲ တော် ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် ၊ 32 ၃၂ ဝင်း တိုင် ၊ ခြေစွပ် ၊ တံသင် ၊ ကြိုး များတို့ကို၎င်းထိုအရာများနှင့်ဆိုင်၍ အမှု တော်ထမ်းရန် တန်ဆာ ရှိသမျှ တို့ကို၎င်းထမ်းရွက်ကြရမည်။ သူ တို့ထမ်းရွက် ရသော တန်ဆာ တို့ကို အမည် မှတ်၍ ရေတွက် ရမည်။ 33 ၃၃ ဤရွေ့ကား ၊ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဣသမာ အုပ်၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်၌ မေရာရိ အဆွေအမျိုး သား များ ဆောင်ရွက်ရသောအမှု ပေတည်း။ 34 ၃၄ မောရှေ နှင့် အာရုန် အစရှိသော ပရိသတ် သူကြီး တို့သည်၊ ကောဟတ် သား တို့တွင် အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းသွင်း သောလူပေါင်းကား၊ နှစ် ထောင်ခုနစ် ရာ ငါးဆယ် ရှိ သတည်း။ 35 ၃၅ 36 ၃၆ 37 ၃၇ ဤ သူတို့သည်၊ မောရှေ ၌ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် ရသော ကောဟတ် အဆွေအမျိုး သားပေတည်း။ 38 ၃၈ ဂေရရှုန် သား တို့တွင် အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းသွင်း သောလူပေါင်းကား၊ နှစ် ထောင်ခြောက် ရာ သုံးဆယ် ရှိ သတည်း။ 39 ၃၉ 40 ၄၀ 41 ၄၁ ဤ သူတို့သည်၊ ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် နေရ သော ဂေရရှုန် အဆွေအမျိုး သား ပေတည်း။ 42 ၄၂ မေရာရိ သား တို့တွင် အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းသွင်း သောလူပေါင်းကား၊ သုံး ထောင် နှစ် ရာရှိ သတည်း။ 43 ၄၃ 44 ၄၄ 45 ၄၅ ဤ သူတို့သည်၊ မောရှေ ၌ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် သော မေရာရိ အဆွေအမျိုး သား ပေတည်း။ 46 ၄၆ ထိုသို့နှင့်အညီ၊ လေဝိ သားတို့တွင်အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု တော်ကိုစောင့် ၍ ဝန်များကိုထမ်း ခြင်းငှါ ဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘေး အဆွေအမျိုး အလိုက် မောရှေ နှင့် အာရုန် အစရှိသောဣသရေလ အမျိုးသူကြီး တို့သည် ရေတွက် ၍စာရင်းသွင်း သောလူပေါင်းကား၊ ရှစ် ထောင် ငါး ရာ ရှစ်ဆယ် ရှိ သတည်း။ 47 ၄၇ 48 ၄၈ 49 ၄၉ မောရှေ ၌ ထာဝရဘုရား ထား တော်မူသောပညတ်တော်အတိုင်း ၊ လူ အသီးသီး စောင့်ရသောအမှု ၊ အသီးအသီး ထမ်း ရသောဝန်တို့ကိုထောက်၍မောရှေရေတွက် သတည်း။

< တောလည်ရာ 4 >