< တောလည်ရာ 35 >

1 မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်တော်မူ ၍၊
OLELO mai la o Iehova ia Mose ma na papu o Moaba, ma Ioredane o Ieriko, i mai la,
2 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သူတို့သည် အမွေခံ သောမြေ၌ လေဝိ သားတို့နေ စရာဘို့ မြို့ တို့ကို၎င်း၊ မြို့ပတ်လည် နယ် တို့ကို၎င်း၊ ပေး ရကြမည်။
E kauoha aku oe i na mamo a Iseraela, e haawi aku lakou i kekahi aina o lakou e ili ana, no na Levi, i na kulanakauhale e noho ai; a e haawi hoi no na Levi i na kula o na kulanakauhale a puni.
3 ထိုမြို့ တို့သည် လေဝိသားနေ စရာဘို့ ဖြစ်၍၊ မြို့ ပတ်လည်နယ် တို့၌ သိုး နွား အစရှိသော တိရစ္ဆာန် များနှင့် ဥစ္စာ များကို ထား ရမည်။
A no lakou na kulanakauhale e noho ai iloko; a o na kula a puni, no ka lakou holoholona ia, no ko lakou waiwai, a no ko lakou mau mea ola a pau.
4 လေဝိ သားတို့အား ပေး သော မြို့နယ် တို့ကို မြို့ ပြင် ပတ်လည် ၌ အတောင် တထောင် ကျယ်စေရမည်။
A o na kula o na kulanakauhale a oukou e haawi aku ai no na Levi, mai ka papohaku o ke kulanakauhale mawaho aku, i hookahi tausani na kubita.
5 မြို့ ပြင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင် စီ တိုင်းထွာ ၍၊ ထို မြေ အလယ် ချက်၌ မြို့ တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ် ရသတည်း။
A e ana oukou mai waho aku o ke kulanakauhale ma ka aoao hikina, i elua tausani kubita, a ma ka aoao hema i elua tausani kubita, a ma ka aoao komohana i elua tausani kubita, a ma ka aoao akau i elua tausani kubita; a mawaena konu ko kulanakauhale: oia no ia lakou na kela o na kulanakauhale.
6 လေဝိ သားတို့အား ပေး သော မြို့ တို့တွင်၊ လူကို သတ် သောသူသည် ပြေး ၍မှီခို ရာမြို့ ခြောက် မြို့တို့ကို ရွေးထားရမည်။ ထို မြို့မှတပါး အခြားသော မြို့ လေးဆယ် နှစ် မြို့တို့ကိုပေး ရမည်။
A no na kulanakauhale a oukou e haawi aku ai no na Levi, he aono mau kulanakauhale e lilo i mau puuhonua, kahi a oukou e haawi ai no ka pepehi kanaka, e holo ai ia ilaila; a e haawi hou aku oukou i na kulanakauhale keu he kanaha kumamalua.
7 ထိုသို့ လေဝိ သားတို့အား ပေး ရသော မြို့ ပေါင်း ကား၊ နယ် နှင့်တကွ လေးဆယ် ရှစ် မြို့ ဖြစ်သတည်း။
O na kulanakauhale a pau a oukou e haawi aku ai no na Levi, he kanahakumamawalu: o lakou a me na kula o lakou.
8 ထို မြို့ တို့ကို ဣသရေလ အမျိုးသား ပိုင် သော မြေထဲက နှုတ်ရမည်။ များ သောမြေကို ရသောသူသည် များ သောမြို့၊ နည်း သောမြေကို ရသောသူသည်နည်း သောမြို့တို့ကိုပေး ရမည်။ လူအသီးသီး တို့သည် အမွေ ခံရသည်အတိုင်း ၊ မိမိ တို့မြို့ များထဲက နှုတ်၍ လေဝိ သားတို့အား ပေး ရမည်။
A o na kulanakauhale a oukou e haawi aku ai, noloko mai ia o ka aina o na mamo a Iseraela; noloko mai o ka mea nui, e hoonui aku oukou, a noloko mai o ka mea uuku, e houuku iho no oukou: o kela mea keia mea ke haawi i kekahi mau kulanakauhale ona no na Levi, e like me ka aina e ili mai ana nona.
9 တဖန် မောရှေ အား ထာဝရဘုရား က၊
Olelo mai la o Iehova ia Mose, i mai la,
10 ၁၀ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍၊ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
E olelo aku oe i na mamo a Iseraela, e i aku ia lakou, Aia hiki aku oukou ma kela aoao o Ioredane iloko o ka aina o Kanaana;
11 ၁၁ လူအသက် ကို အမှတ်တမဲ့ သတ် မိသောသူပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားရမည်။
Alaila, e hoolilo oukou i na kulanakauhalo, i kulanakauhale puuhonua no oukou, i holo aku ai ka mea pepehi kanaka ilaila, ka mea pepehi naaupo i ke kanaka.
12 ၁၂ ထိုမြို့ တို့ကား၊ လူအသက်ကိုသတ် သောသူသည် ပရိသတ် ရှေ့သို့ ရောက် ၍၊ တရား စီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေ သောသူ၏လက်မှ လွတ် ၍ မှီခို ရာမြို့ ဖြစ် ရသတည်း။
A e lilo lakou i mau kulanakauhale puuhonua no oukou, mai ka mea hoopai aku; i make ole ai ka mea pepehi kanaka, a ku ia imua o ke anainakauaka no ka hookolokolo ana.
13 ၁၃ လေဝိသားတို့အားပေး သော မြို့ တို့တွင် ယော်ဒန် မြစ်အရှေ့ ဘက်၌ မှီခိုရာမြို့ သုံး မြို့၊
No keia mau kulanakauhale a oukou o haawi aku ai, e lilo na mea eono i mau puuhonua no oukou.
14 ၁၄ ခါနာန် ပြည် ၌ မှီခို ရာမြို့ သုံး မြို့၊ ပေါင်းခြောက် မြို့ တို့ကို ရွေးထားရမည်။
E haawi aku oukou i ekolu mau kulanakauhale ma keia aoao o Ioredane, a me na kulanakauhale ekolu ka oukou e haawi aku ai ma ka aina o Kanaana, i mau kulanakauhale puuhonua.
15 ၁၅ ထို မြို့ ခြောက် မြို့တို့ကား၊ လူအသက် ကို အမှတ်တမဲ့ သတ် မိသော ဣသရေလ အမျိုးသား ၊ သင်တို့တွင် တည်းခို သော တပါး သော အမျိုးသားတို့သည် ပြေး ၍ မှီခို ရာမြို့ ဖြစ် သတည်း။
O keia mau kulanakauhale eono, he mau puuhonua ia no na mamo a Iseraela, a no ke kanaka e, a no ka malihini iwaena o lakou; i holo aku ai ilaila ka mea pepehi naaupo i kekahi kanaka.
16 ၁၆ သို့ရာတွင် လူအသက်ကို သေ စေခြင်းငှါ ၊ သံ လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ လူသတ် သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
Ina e pepehi aku oia ia ia me ka mea hao, a make ia, he pepehi kanaka oia; he oiaio no, e make ka pepehi kanaka.
17 ၁၇ လူအသက်ကို သေ စေခြင်းငှာ ကျောက်ခဲ နှင့် ပစ် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
Ina hoi e pepehi aku oia ia ia me ka pohaku nouia, ka mea e make ai ia, a ua make no kela, he pepehi kanaka oia; he oiaio no, e make ka pepehi kanaka.
18 ၁၈ လူအသက်ကို သေ စေခြင်းငှာ သစ်သား လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
Ina hoi o pepehi kela ia ia me ka laau ma ka lima, i mea e make ai oia, a ua make no ia, hepepehi kanaka no kela: he oiaio no, e make ka pepehi kanaka.
19 ၁၉ သေစားသေစေ သောသူသည် လူသတ် ကို တွေ့ သောအခါ ၊ ကိုယ်တိုင် သတ် ရမည်။
Na ka mea hoopai koko, nana no e pepehi aku i ka mea pepehi kanaka: i kona wa e halawai aku ai me ia, nana no ia o pepehi.
20 ၂၀ သူတပါးကို အငြိုးထား ၍ တွန်းချ သော်၎င်း ၊ သေ စေခြင်းငှါ ချောင်းမြောင်း ၍ တစုံတခုနှင့် ပစ် သော်၎င်း၊
Ina paha e hookulai iho kekahi ia ia me ka inaina, a e hoolei aku paha i kekahi mea maluna ona me ka hoohalua nona, a make no ia;
21 ၂၁ သေ စေခြင်းငှါ မုန်း သောစိတ်ရှိ၍ လက် နှင့် ရိုက် သော်၎င်း ၊ ထိုသို့ပြုသောသူသည် လူသတ် ဖြစ်သောကြောင့်၊ အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေ သောသူသည် တွေ့ သောအခါ သတ် ရမည်။
A ina e pepehi aku kona lima ia ia me ka inaina, a make ia; o ka mea pepehi aku, he oiaio no, e make no ia: no ka mea, he pepehi kanaka oia: na ka mea hoopai koko, nana no e pepehi i ua pepehi kanaka la, i kona halawai ana me ia.
22 ၂၂ သို့မဟုတ် မုန်း သောစိတ်မ ရှိဘဲ အမှတ်တမဲ့ တွန်းချ သော်၎င်း ၊ မ ချောင်းမြောင်း ဘဲ တစုံတခု နှင့် ပစ် မိ သော်၎င်း၊
Aka, ina e pepehi wale aku ia me ka inaina ole, a ua hoolei aku paha i kekahi mea maluna ona, me ka hoohalua ole;
23 ၂၃ သူ ၏ရန်သူ မ ဟုတ်၊ မုန်း သောစိတ်မ ရှိ၊ သူ့ကို မ မြင် ဘဲလျက် သေ အောင် ကျောက်ခဲ နှင့် ပစ်မိသော်၎င်း၊
A i ka pohaku paha e make ai ke kanaka, me ka ike ole aku, hoolei aku maluna ona, a make ia; aole no ia o kona enemi, aole hoi ia i manao e hana ino aku ia ia:
24 ၂၄ ယခုစီရင် ထုံးဖွဲ့သည်အတိုင်း ၊ ပရိသတ် တို့သည် သတ် သောသူနှင့် သေစားသေစေ သောသူ စပ်ကြား ၌ တရား စီရင်၍၊
Alaila, e hookolokolo ke anainakanaka mawaena o ka mea pepohi a me ka mea hoopai koko, e like me keia mau kanawai:
25 ၂၅ သတ် သောသူကို သေစားသေစေ သောသူ၏ လက် မှ နှုတ် သဖြင့် ၊ အထက်ကပြေး ၍ မှီခို သောမြို့ သို့ ပြန် ပို့ရမည်။ ဓမ္မ ဆီ လောင်း ခြင်းကို ခံရသောယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်ထိုမြို့ ၌ နေ ရမည်။
A na ke anainakanaka no e hoopakele i ka pepehi kanaka mailoko ae o ka lima o ka mea hoopai koko, a na ke anainakanaka ia e hoihoi aku i ka puuhonua i kahi e holo aku ai oia: a malaila ia e noho ai a make ke kahuna nui, ka mea i poniia i ka aila laa.
26 ၂၆ လူအသက်ကိုသတ် မိသောသူသည် ပြေး ၍ မှီခို သောမြို့ နယ် ပြင်သို့ ထွက် သော် ၊
Aka, ina e puka aku ka pepehi kanaka i kekahi manawa mawaho o na palena o ke kulanakauhalo o kona puuhonua, kahi ana i holo ai;
27 ၂၇ သေစားသေစေ သောသူသည် မြို့ နယ် ပြင် မှာ ထိုသူ ကို တွေ့ ၍ သတ် လျှင်၊ လူအသက်ကိုသတ် သောအပြစ် မ ရှိ။
A loaa oia i ka hoopai koko mawaho o ka palena o ke kulanakauhale o kona puuhonua, a pepehi ka hoopai koko i ua pepehi kanaka la, aole e pili kona koko ia ia;
28 ၂၈ အကြောင်းမူကား ၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်၊ မိမိ မှီခို သော မြို့ ထဲမှာ နေ ရ မည်။ ယဇ်ပုရောဟိတ် မင်း သေ သောနောက်မှ ၊ ထိုသူသည် မိမိ ပိုင် သောမြေ သို့ ပြန် ရသောအခွင့်ရှိ၏။
No ka mea, o kona pono no e noho iloko o ke kulanakauhale o kona puuhonua, a hiki i ka make ana o ke kahuna nui: aka, mahope iho o ka make ana o ke kahuna nui, e hoi hou no ka pepehi kanaka i ka aina o kona noho ana.
29 ၂၉ ဤရွေ့ကား ၊ သင် တို့သည် နေ လေရာရာ ၌ သားမြေး အစဉ်အဆက်စောင့်ရသောစီရင် ထုံးဖွဲ့ချက် ဖြစ် သတည်း။
A e lilo keia mau mea no oukou i kanawai hoopono no ko oukou mau hanauna ma na wahi a pau a oukou e noho ai.
30 ၃၀ လူအသက် ကိုသတ် ၍ လူသတ် ဖြစ်သောသူ မည်သည်ကား၊ သက်သေခံ ချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်း သာရှိလျှင် မ သတ် ရ။
O ka mea pepehi i kekahi kanaka, e make no ia ma ka waha o na mea hoike: aole no e make ke kanaka ma ka mea hoike hookahi wale no.
31 ၃၁ အသေခံထိုက်သော လူသတ် ၏ အသက် ဘိုးငွေ ကို မ ခံ မယူရ။ သူသည် အသေ သတ်ခြင်းကို အမှန် ခံရမည်။
Eia hoi kekahi, aole oukou e lawe i uku panai no ke ola o ka mea pepehi kanaka, o ka mea i hewa e make ai: aka, e oiaio no, e make ua kanaka la.
32 ၃၂ မှီခို ရာမြို့ သို့ ပြေး သောသူသည်၊ ယဇ်ပုရောဟိတ် မင်း မ သေ မှီ၊ မိမိနေရင်းအရပ် သို့ ပြန် ၍ နေ မည် အကြောင်း၊ အရွေး ငွေကို မ ခံ မယူရ။
Aole hoi oukou e lawe i uku panai, no ka mea i holo aku i ke kulanakauhale o kona puuhonua, i hoi hou aku ai ia e noho i ka aina, a hiki i ka make ana o ke kahuna.
33 ၃၃ ထိုသို့ သင် တို့နေသောပြည် ကို မ ညစ်ညူး စေရ။ လူအသွေး သည်ပြည် ကိုညစ်ညူး စေတတ်၏။ လူအသွေးကို သွန်း သောသူ၏အသွေး အားဖြင့် သာ ထိုညစ်ညူးခြင်းကို စင်ကြယ် စေနိုင်၏။
Pela oukou e hoohaumia ole ai i ka aina a oukou e noho ai: no ka mea, o ke koko, oia ke hoohaumia i ka aina; aole e hiki ke huikalaia ka aina i ke koko i hookaheia maloko, aia wale no ma ke koko o ka mea nana ia i hookahe.
34 ၃၄ ငါ ကျိန်းဝပ် ၍ သင် တို့နေ သောပြည် ကို မ ညစ်ညူး စေရ။ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့တွင် ကျိန်းဝပ် သည်ဟု မိန့်တော်မူ၏။
Nolaila, mai hoohaumia oukou i ka aina a oukou e noho ai, kahi hoi a'u e noho ai; no ka mea, owau o Iehova e noho nei iwaena o ka poe mamo a Iseraela.

< တောလည်ရာ 35 >