< မဿဲ 20 >

1 ဥပမာကား၊ ကောင်းကင် နိုင်ငံ တော်သည် စပျစ် ဥယျာဉ်ကို လုပ်ဆောင် သောသူတို့ကို ငှား ခြင်းငှာနံနက် စောစောထွက်သွား သော အိမ်ရှင် နှင့်တူ ၏။
“For the Kingdom of Heaven is like a man who was the master of a household, who went out early in the morning to hire laborers for his vineyard.
2 ထိုသူ သည် တစ်နေ့ လျှင် ဒေနာရိ တစ်ပြားစီပေးမည်ဟူ၍လုပ်ဆောင် သောသူတို့နှင့် ဝန်ခံ ပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ် လေ၏။
When he had agreed with the laborers for a denarius a day, he sent them into his vineyard.
3 နံနက်တချက်တီး အချိန် ၌ ထွက် ပြန်လျှင် ၊ အခြား သောသူတို့သည် အလုပ် ကိုမလုပ်၊ ဈေး ၌ ရပ် နေသည် ကို မြင် ၍၊
He went out about the third hour, and saw others standing idle in the marketplace.
4 သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြ။ တော်လျော် စွာ ငါပေး မည်ဟုဆို လျှင် ထိုသူတို့သည် သွား ကြ၏။
He said to them, ‘You also go into the vineyard, and whatever is right I will give you.’ So they went their way.
5 တစ်ဖန် နှစ်ချက်တီး အချိန်၊ တစ်ဖန် သုံးချက်တီး အချိန် ၌ ထွက် ၍ ရှေ့နည်းအတူ ပြု လေ၏။
Again he went out about the sixth and the ninth hour, and did likewise.
6 ဆယ်တ နာရီအချိန်၌လည်း ထွက် ပြန်လျှင် အခြား သောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ် နေသည်ကို တွေ့ ၍၊ သင်တို့သည် တစ်နေ့ လုံး အလုပ် ကိုမလုပ်ဘဲ ဤ အရပ်၌ အဘယ်ကြောင့် နေ ကြသနည်းဟုမေး သော်၊
About the eleventh hour he went out and found others standing idle. He said to them, ‘Why do you stand here all day idle?’
7 ထိုသူတို့က၊ ကျွန်တော် တို့ကိုအဘယ်သူ မျှ မငှား ပါဟု ပြောဆို ကြလျှင်၊ သင် တို့လည်း ငါ့စပျစ် ဥယျာဉ်သို့ သွား ကြသော် လျော်စွာရကြလိမ့်မည်ဟု ဆို လေ၏။
“They said to him, ‘Because no one has hired us.’ “He said to them, ‘You also go into the vineyard, and you will receive whatever is right.’
8 ည အချိန် ရောက် သောအခါ စပျစ် ဥယျာဉ်ရှင် က လုပ်ဆောင် သော သူတို့ကိုခေါ် ခဲ့လော့။ နောက် ဝင် သောသူမှစ၍ အရင် အဦးဝင်သောသူ တိုင်အောင် အခ ကိုပေး လော့ဟု မိမိ စာရေး ကိုမှာ လိုက်လေ၏။
“When evening had come, the lord of the vineyard said to his manager, ‘Call the laborers and pay them their wages, beginning from the last to the first.’
9 ထို့ကြောင့်ဆယ်တ နာရီအချိန် ၌ ဝင်သောသူ တို့သည်လာ ၍ ဒေနာရိ တစ်ပြားစီ ခံ ကြ၏။
“When those who were hired at about the eleventh hour came, they each received a denarius.
10 ၁၀ အရင် ဝင်သောသူတို့သည် လာ ကြသောအခါ ငါတို့သည်သာ၍ ရ မည်ဟု စိတ်ထဲမှာထင်မှတ် သော်လည်း ဒေနာရိ တစ်ပြားစီ ခံရ ကြ၏။
When the first came, they supposed that they would receive more; and they likewise each received a denarius.
11 ၁၁ ထိုသို့ ခံ ပြီးလျှင် အိမ်ရှင် ကို ကဲ့ရဲ့ပြစ်တင် ၍၊
When they received it, they murmured against the master of the household,
12 ၁၂ နောက် ဝင်သောသူ တို့သည် တစ် နာရီ ခန့်မျှသာ လုပ်ဆောင် သော်လည်း ၊ တစ်နေ့လုံး အမှုဝန် ကို ထမ်းရွက် ၍ နေပူ ဆင်းရဲခံရသော အကျွန်ုပ် တို့နှင့်အညီအမျှ ကိုယ်တော် စီရင် ပါပြီတကားဟု ဆို ကြ၏။
saying, ‘These last have spent one hour, and you have made them equal to us who have borne the burden of the day and the scorching heat!’
13 ၁၃ အိမ်ရှင် ကလည်း အဆွေ ၊ သင် ၌ မတရား သောအမှုကိုငါမ ပြု။ ဒေနာရိ တစ်ပြားကိုအမှတ်ပြု၍ သင်သည် ငါ နှင့်ဝန်ခံ သည်မ ဟုတ်လော။
“But he answered one of them, ‘Friend, I am doing you no wrong. Didn’t you agree with me for a denarius?
14 ၁၄ သင် ၏ဥစ္စာ ကို ယူ ၍ သွား လော့။ နောက် ဝင်သောသူတို့အား သင် နှင့်အညီအမျှ ပေး ခြင်းငှာငါအလိုရှိ ၏။
Take that which is yours, and go your way. It is my desire to give to this last just as much as to you.
15 ၁၅ ငါသည် ကိုယ် ဥစ္စာကို ပြု လို သမျှ မ ပြု ရာသလော။ ငါ့ သဘောကောင်း သောကြောင့် သင် သည် မျက်မုန်းကြိုး ရသလောဟု ဆို လေ၏။
Isn’t it lawful for me to do what I want to with what I own? Or is your eye evil, because I am good?’
16 ၁၆ ထိုနည်းတူ နောက်ကျ သောသူ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျသောသူ တို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည် ဟု မိန့်တော်မူ၏။
So the last will be first, and the first last. For many are called, but few are chosen.”
17 ၁၇ ယေရှု သည် ယေရုရှလင် မြို့သို့ တက်ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ တစ်ကျိပ် နှစ်ပါးသော တပည့် တော်တို့ကို ဆိတ်ကွယ် ရာအရပ်သို့ခေါ် ၍ ၊
As Yeshua was going up to Jerusalem, he took the twelve disciples aside, and on the way he said to them,
18 ၁၈ ငါတို့သည် ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။ လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက် သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ကြလိမ့်မည်။
“Behold, we are going up to Jerusalem, and the Son of Man will be delivered to the chief priests and scribes, and they will condemn him to death,
19 ၁၉ လူသားအား ပြက်ယယ်ပြု ခြင်း၊ ရိုက်ပုတ် ခြင်း၊ လက်ဝါးကပ်တိုင် မှာရိုက်ထားခြင်းကို ပြုစေခြင်းငှာ တစ်ပါး အမျိုးသားတို့လက်သို့ အပ်နှံ ကြလိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည် ဟု မိန့် တော်မူ၏။
and will hand him over to the Gentiles to mock, to scourge, and to crucify; and the third day he will be raised up.”
20 ၂၀ ထိုအခါ ဇေဗေဒဲ ၏သား တို့အမိ သည် သား တို့နှင့်အတူ အထံ တော်သို့ချဉ်း ၍ ပြပ်ဝပ် လျက်ဆု ကျေးဇူးကို တောင်းပန် လေ၏။ ကိုယ်တော် က သင်သည် အဘယ် ဆုကျေးဇူးကို အလိုရှိ သနည်း ဟု မေး တော်မူသော်၊
Then the mother of the sons of Zebedee came to him with her sons, kneeling and asking a certain thing of him.
21 ၂၁ ကိုယ်တော် ၏နိုင်ငံ တွင် ကျွန်မ ၌ ဤ သား နှစ် ယောက်တို့သည် လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက် ထိုင် ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက် လေ၏။
He said to her, “What do you want?” She said to him, “Command that these, my two sons, may sit, one on your right hand and one on your left hand, in your Kingdom.”
22 ၂၂ ယေရှု ကလည်း ၊ သင်တို့သည် အဘယ်သို့ တောင်းပန် သည်ကို သင်တို့မ သိ ကြ။ ငါ သောက် ရအံ့ သောခွက် ကို သောက် ခြင်းငှာ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်း နိုင်သလော ဟု မေး တော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်း နိုင်ပါ၏ဟု လျှောက် ကြသော်၊
But Yeshua answered, “You don’t know what you are asking. Are you able to drink the cup that I am about to drink, and be immersed with the immersion that I am immersed with?” They said to him, “We are able.”
23 ၂၃ ငါ ၏ခွက် ကို သင်တို့သည်သောက် ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့်မည်။ သို့သော်လည်း ငါ ၏လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ထိုင် ရသောအခွင့်ကိုကား အကြင်သူ တို့အဘို့ အလို့ငှာငါ့ ခမည်းတော် သည် ပြင်ဆင် ၏။ ထို သူတို့အားသာ ငါ ပေး ပိုင်သည် ဟု မိန့် တော်မူ၏။
He said to them, “You will indeed drink my cup, and be immersed with the immersion that I am immersed with; but to sit on my right hand and on my left hand is not mine to give, but it is for whom it has been prepared by my Father.”
24 ၂၄ အခြားသောတပည့်တော်တစ်ကျိပ် တို့သည် ကြားသိ လျှင် ၊ ထိုညီအစ်ကို နှစ် ယောက်တို့ကို အမျက်ထွက် ကြ၏။
When the ten heard it, they were indignant with the two brothers.
25 ၂၅ ယေရှု သည် ထိုသူ တို့ကိုခေါ် တော်မူ၍၊ သင်တို့ သိ သည်အတိုင်း လောကီ မင်း တို့သည်အစိုးတရ ပြု တတ်ကြ၏။
But Yeshua summoned them, and said, “You know that the rulers of the nations lord it over them, and their great ones exercise authority over them.
26 ၂၆ အကဲအမှူး တို့သည် အာဏာထားတတ်ကြ၏။
It shall not be so among you; but whoever desires to become great among you shall be your servant.
27 ၂၇ သင် တို့မူကား ထိုသို့ မ ပြု ကြနှင့်။ လူ သား သည် သူတပါးကိုစေစား ခြင်းငှာမ လာ၊
Whoever desires to be first among you shall be your bondservant,
28 ၂၈ သူတစ်ပါးအစေ ကို ခံခြင်းငှာ၎င်း၊ မိမိ အသက် ကိုစွန့် ၍ လူများ ကိုရွေး ခြင်းငှာ ၎င်း၊ ကြွလာ သည်ဖြစ်၍၊ ထိုနည်းတူ သင် တို့တွင် အကဲအမှူးပြုလို သောသူကို သင် တို့အစေခံ ဖြစ် စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူ ကိုလည်း သင် တို့ကျွန် ဖြစ် စေ ဟု မိန့်တော်မူ၏။
even as the Son of Man came not to be served, but to serve, and to give his life as a ransom for many.”
29 ၂၉ ယေရိခေါ မြို့မှ ထွက်သွား ကြစဉ်တွင် လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။
As they went out from Jericho, a great multitude followed him.
30 ၃၀ ယေရှု သည် ကြွသွား တော်မူကြောင်း ကို လမ်း နား မှာထိုင် နေသော လူကန်း နှစ် ယောက်တို့သည် ကြား ရ လျှင် ။ ဒါဝိဒ် ၏သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟုဟစ်ကြော် လေ၏။
Behold, two blind men sitting by the road, when they heard that Yeshua was passing by, cried out, “Lord, have mercy on us, you son of David!”
31 ၃၁ ထိုသူ တို့ကို တိတ်ဆိတ် စွာနေစေခြင်းငှာ လူ အစုအဝေးတို့သည်ငေါက် ၍ ဆိုကြသော်လည်း ၊ ဒါဝိဒ် ၏ သား တော်အရှင် ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု သာ၍ ဟစ်ကြော် ကြ၏။
The multitude rebuked them, telling them that they should be quiet, but they cried out even more, “Lord, have mercy on us, you son of David!”
32 ၃၂ ယေရှု သည်လည်း ရပ် တော်မူလျက် ထိုသူ တို့ကိုခေါ် ၍ သင် တို့၌အဘယ်သို့ ပြု စေလို သနည်း ဟု မေး တော်မူလျှင် ၊
Yeshua stood still and called them, and asked, “What do you want me to do for you?”
33 ၃၃ သခင် ၊ အကျွန်ုပ် တို့ မျက်စိ ကို ပွင့်လင်း စေခြင်းငှာ ပြုတော်မူပါဟု လျှောက် ကြသော်၊
They told him, “Lord, that our eyes may be opened.”
34 ၃၄ ယေရှု သည် သနား ခြင်းစိတ်တော်ရှိ၍ သူ တို့မျက်စိ ကို လက်နှင့်တို့ တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူ တို့သည် မျက်စိမြင် ၍ နောက်တော်သို့လိုက် ကြ၏။
Yeshua, being moved with compassion, touched their eyes; and immediately their eyes received their sight, and they followed him.

< မဿဲ 20 >