< လုကာ 4 >

1 ယေရှု သည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ ယော်ဒန် မြစ်နားမှ ပြန် စဉ်တွင် ဝိညာဉ် တော်သည် တော သို့ ပို့ဆောင် တော်မူ၏။
ιησους δε πνευματος αγιου πληρης υπεστρεψεν απο του ιορδανου και ηγετο εν τω πνευματι εις την ερημον
2 အရက် လေးဆယ် ပတ်လုံးမာရ်နတ် ၏ စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ ထို ကာလ ပတ်လုံးအစာအာဟာရကို သုံးဆောင် တော်မ မူ။ ထိုကာလလွန် ပြီးမှ မွတ်သိပ် တော်မူ၏။
ημερας τεσσαρακοντα πειραζομενος υπο του διαβολου και ουκ εφαγεν ουδεν εν ταις ημεραις εκειναις και συντελεσθεισων αυτων υστερον επεινασεν
3 မာရ်နတ် ကလည်း ၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်မှန် လျှင် ဤ ကျောက်ခဲ ကိုမုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။
και ειπεν αυτω ο διαβολος ει υιος ει του θεου ειπε τω λιθω τουτω ινα γενηται αρτος
4 ယေရှု ကလည်း ၊ လူ သည်မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှ အားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာ၌လာ သည် ဟု ပြန်ပြောတော်မူ ၏။
και απεκριθη ιησους προς αυτον λεγων γεγραπται οτι ουκ επ αρτω μονω ζησεται [ο] ανθρωπος αλλ επι παντι ρηματι θεου
5 တစ်ဖန် မာရ်နတ် သည် ယေရှု ကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား ၍၊ ဤလောက ၌ရှိသမျှ သော တိုင်း နိုင်ငံတို့ကို တစ်ခဏခြင်း တွင် ပြညွှန် ၍ ၊
και αναγαγων αυτον ο διαβολος εις ορος υψηλον εδειξεν αυτω πασας τας βασιλειας της οικουμενης εν στιγμη χρονου
6 ဤ ဘုန်း တန်ခိုး အာနုဘော်ရှိသမျှ ကို ငါ ၌အပ် ခဲ့ပြီ။ ငါသည် ပေးလို သောသူ အားပေး ရသည်ဖြစ်၍ ကိုယ်တော် အား ပေး ပါမည်။
και ειπεν αυτω ο διαβολος σοι δωσω την εξουσιαν ταυτην απασαν και την δοξαν αυτων οτι εμοι παραδεδοται και ω εαν θελω διδωμι αυτην
7 ငါ့ ကိုကိုးကွယ် လျှင် ဤအလုံးစုံ တို့သည် ကိုယ်တော် ၏ ဥစ္စာဖြစ် လိမ့်မည်ဟု လျှောက် လေ၏။
συ ουν εαν προσκυνησης ενωπιον εμου εσται σου πασα
8 ယေရှု ကလည်း ၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
και αποκριθεις αυτω ειπεν ο ιησους υπαγε οπισω μου σατανα γεγραπται προσκυνησεις κυριον τον θεον σου και αυτω μονω λατρευσεις
9 တစ်ဖန် မာရ်နတ်သည် ယေရှု ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၍ ၊ ဗိမာန် တော်၏ အထွဋ် ၌ တင် ထားပြီးလျှင်၊
και ηγαγεν αυτον εις ιερουσαλημ και εστησεν αυτον επι το πτερυγιον του ιερου και ειπεν αυτω ει υιος ει του θεου βαλε σεαυτον εντευθεν κατω
10 ၁၀ ကျမ်းစာလာ သည်ကား၊ သင့် ကို စောင့်ရှောက် စေခြင်းငှာကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍ ၊
γεγραπται γαρ οτι τοις αγγελοις αυτου εντελειται περι σου του διαφυλαξαι σε
11 ၁၁ သင် ၏ခြေ ကိုကျောက် နှင့် မ ထိ မခိုက်စေခြင်းငှာ၊ သူတို့သည် သင့် ကိုလက် နှင့်မစ ချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင် ၏ သား တော်မှန် လျှင် ဤ အထွဋ်မှ ကိုယ် ကိုအောက် သို့ ချ လိုက်တော်မူပါဟု လျှောက် လေ၏။
και επι χειρων αρουσιν σε μηποτε προσκοψης προς λιθον τον ποδα σου
12 ၁၂ ယေရှု ကလည်း ၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်း မ ပြုရဟု ကျမ်းစကား ရှိ သည် ဟု ပြန်ပြောတော်မူ ၏။
και αποκριθεις ειπεν αυτω ο ιησους οτι ειρηται ουκ εκπειρασεις κυριον τον θεον σου
13 ၁၃ ထိုသို့ မာရ်နတ် သည် စုံစမ်း သွေးဆောင်ခြင်း အမှုအလုံးစုံ ကို အကုန်အစင်ပြု ပြီးလျှင်၊ အထံ တော်မှ ထွက်သွား ၍ ကာလ အတန်အရာနေလေ၏။
και συντελεσας παντα πειρασμον ο διαβολος απεστη απ αυτου αχρι καιρου
14 ၁၄ ယေရှု သည် ဝိညာဉ် တော်တန်ခိုး နှင့် ဂါလိလဲ ပြည်သို့ ပြန် ၍ ၊ သိတင်း တော်သည် ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။ တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးတော်မူ၍ ၊
και υπεστρεψεν ο ιησους εν τη δυναμει του πνευματος εις την γαλιλαιαν και φημη εξηλθεν καθ ολης της περιχωρου περι αυτου
15 ၁၅ လူအပေါင်း တို့သည် ကိုယ်တော်ကိုချီးမွမ်း ကြ၏။
και αυτος εδιδασκεν εν ταις συναγωγαις αυτων δοξαζομενος υπο παντων
16 ၁၆ ကြီးပွား တော်မူရာ နာဇရက် မြို့သို့ ရောက် ပြန်လျှင် ၊ ထုံးစံ တော်ရှိသည်အတိုင်း ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ ကျမ်းစာကို ဘတ်ရွတ် ခြင်းငှာထ တော်မူ၏။
και ηλθεν εις την ναζαρετ ου ην τεθραμμενος και εισηλθεν κατα το ειωθος αυτω εν τη ημερα των σαββατων εις την συναγωγην και ανεστη αναγνωναι
17 ၁၇ စရပ်စောင့်သည် ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ကိုပေး သည်ဖြစ်၍ ၊ ကျမ်းစာ ကိုဖွင့် တော်မူလျှင် တွေ့ သောအချက် စကားဟူမူကား၊
και επεδοθη αυτω βιβλιον ησαιου του προφητου και αναπτυξας το βιβλιον ευρεν τον τοπον ου ην γεγραμμενον
18 ၁၈ ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ငါ့ အပေါ် ၌တည်တော်မူ၏။
πνευμα κυριου επ εμε ου εινεκεν εχρισεν με ευαγγελισασθαι πτωχοις απεσταλκεν με ιασασθαι τους συντετριμμενους την καρδιαν κηρυξαι αιχμαλωτοις αφεσιν και τυφλοις αναβλεψιν αποστειλαι τεθραυσμενους εν αφεσει
19 ၁၉ အကြောင်းမူကား ၊ ဆင်းရဲသား တို့အား ဝမ်းမြောက် စရာသိတင်းကိုကြားပြောစေခြင်းငှာငါ့ ကို ဘိသိတ် ပေး တော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှာ၎င်း၊ ဘမ်း သွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ် ခြင်းအကြောင်းနှင့် မျက်စိ ကန်းသောသူတို့အား မျက်စိမြင်ပြန် ခြင်းအကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မ စေခြင်းငှာ၎င်း၊ ထာဝရ ဘုရား၏ မင်္ဂလာ နှစ် ကာလကို ကြားပြော စေခြင်းငှာ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီဟုလာသတည်း။
κηρυξαι ενιαυτον κυριου δεκτον
20 ၂၀ ကျမ်းစာ ကိုလိပ် ၍ စရပ်စောင့် အားပေး ပြီးမှ ထိုင် တော်မူ၏။ စရပ် ၌ ရှိသောသူ အပေါင်း တို့သည် ကိုယ်တော် ကိုစေ့စေ့ ကြည့်လျက်နေ ကြ၏။
και πτυξας το βιβλιον αποδους τω υπηρετη εκαθισεν και παντων εν τη συναγωγη οι οφθαλμοι ησαν ατενιζοντες αυτω
21 ၂၁ ယေရှုကလည်း၊ ယနေ့ ပင် ဤ ကျမ်းစာ ချက်သည် သင် တို့ကြား သည့်အတိုင်း ပြည့်စုံ လေပြီ ဟု မိန့် တော်မူ၏။
ηρξατο δε λεγειν προς αυτους οτι σημερον πεπληρωται η γραφη αυτη εν τοις ωσιν υμων
22 ၂၂ ထိုသူအပေါင်း တို့သည် ကိုယ်တော် ကိုဝန်ခံ ၍ ၊ တင့်တယ်လျောက်ပတ် သော နှုတ် ထွက် စကား ကို အံ့ဩ ချီးမွမ်းလျက် ၊ ဤသူ သည် ယောသပ် ၏ သား မ ဟုတ် တုံလောဟု ဆို ကြ၏။
και παντες εμαρτυρουν αυτω και εθαυμαζον επι τοις λογοις της χαριτος τοις εκπορευομενοις εκ του στοματος αυτου και ελεγον ουχ ουτος εστιν ο υιος ιωσηφ
23 ၂၃ ယေရှုကလည်း၊ အကယ်၍သင်တို့သည် ပုံပမာ ဆောင်လျှက်၊ အချင်းဆေးသမား ၊ ကိုယ် အနာကို ငြိမ်း စေလော့။ ငါတို့သည် သိတင်းကြား သည်အတိုင်း၊ သင်သည် ကပေရနောင် မြို့၌ ပြု သမျှ သော အမှုအရာတို့ကို ကိုယ် နေရင်း မြို့၌ လည်း ၊ ပြုပါဟူ၍ငါ့ အား ပြောဆို ကြလိမ့်မည်။ သို့သော်လည်း ၊ ငါအမှန် ဆို သည်ကား၊
και ειπεν προς αυτους παντως ερειτε μοι την παραβολην ταυτην ιατρε θεραπευσον σεαυτον οσα ηκουσαμεν γενομενα εν τη καπερναουμ ποιησον και ωδε εν τη πατριδι σου
24 ၂၄ အဘယ် ပရောဖက် မျှ မိမိ နေရင်း မြို့၌ မျက်နှာ မရတတ်။
ειπεν δε αμην λεγω υμιν οτι ουδεις προφητης δεκτος εστιν εν τη πατριδι αυτου
25 ၂၅ ငါအမှန် ဆို ပြန်သည်ကား ၊ ပရောဖက် ဧလိယ လက်ထက် ၌ သုံး နှစ် နှင့် ခြောက် လ ပတ်လုံး မိုဃ်းခေါင် ၍၊ ပြည် နိုင်ငံတစ်လျှောက်လုံး အစာ အာဟာရအလွန် ခေါင်းပါးခြင်းရှိ သောအခါ ၊ ဣသရေလ အမျိုးဖြစ်သော မုဆိုးမ အများ ရှိ ကြ၏။
επ αληθειας δε λεγω υμιν πολλαι χηραι ησαν εν ταις ημεραις ηλιου εν τω ισραηλ οτε εκλεισθη ο ουρανος επι ετη τρια και μηνας εξ ως εγενετο λιμος μεγας επι πασαν την γην
26 ၂၆ သို့သော်လည်း ၊ ထိုမုဆိုးမတစ်ယောက်ရှိရာ သို့မျှ ဧလိယ ကိုစေလွှတ် တော်မမူ။ ဇိဒုန် ပြည် ဇရတ္တ မြို့သူ ဖြစ်သော မုဆိုးမ တစ်ယောက်ရှိရာ သို့ စေလွှတ်တော်မူ၏။
και προς ουδεμιαν αυτων επεμφθη ηλιας ει μη εις σαρεπτα της σιδωνος προς γυναικα χηραν
27 ၂၇ ပရောဖက် ဧလိရှဲ လက်ထက် တွင်လည်း ၊ ဣသရေလ အမျိုး၌ နူနာစွဲ သောသူအများ ရှိ ကြ၏။ သို့သော်လည်း ၊ နေမန် အမည်ရှိသောရှုရိ လူမှတစ်ပါး အဘယ်သူ မျှသန့်ရှင်း ခြင်းသို့ မရောက် ဟုမိန့်တော်မူ၏။
και πολλοι λεπροι ησαν επι ελισσαιου του προφητου εν τω ισραηλ και ουδεις αυτων εκαθαρισθη ει μη νεεμαν ο συρος
28 ၂၈ တရားစရပ် ၌ ရှိသော လူအပေါင်း တို့သည် ထို စကားတော်ကို ကြား သောအခါ ပြင်းစွာအမျက်ထွက် သည်နှင့်၊
και επλησθησαν παντες θυμου εν τη συναγωγη ακουοντες ταυτα
29 ၂၉ ထ ၍ ကိုယ်တော် ကိုမြို့ ပြင် သို့ နှင်ထုတ် ပြီးလျှင် ၊ ထို မြို့ တည် ရာတောင် ထိပ် စွန်းအငူမှ စောက်ထိုး တွန်းချခြင်းငှာ ဆောင်သွား ကြ၏။
και ανασταντες εξεβαλον αυτον εξω της πολεως και ηγαγον αυτον εως οφρυος του ορους εφ ου η πολις αυτων ωκοδομητο εις το κατακρημνισαι αυτον
30 ၃၀ ကိုယ်တော် သည် သူ တို့အလယ် ၌ လျှောက် ၍ ကြွသွား တော်မူ၏။
αυτος δε διελθων δια μεσου αυτων επορευετο
31 ၃၁ ဂါလိလဲ ပြည် ကပေရနောင် မြို့ သို့ ရောက် လျှင် ၊ ဥပုသ်နေ့ ၌ ဆုံးမ ဩဝါဒပေးတော်မူ၏။
και κατηλθεν εις καπερναουμ πολιν της γαλιλαιας και ην διδασκων αυτους εν τοις σαββασιν
32 ၃၂ အာဏာ နှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာ တော်ကိုအလွန်အံ့ဩ ကြ၏။
και εξεπλησσοντο επι τη διδαχη αυτου οτι εν εξουσια ην ο λογος αυτου
33 ၃၃ ထိုတရားစရပ် ၌ ညစ်ညူး သော နတ်ဆိုး စွဲ သောသူ တစ်ယောက်ရှိ ၍ ၊
και εν τη συναγωγη ην ανθρωπος εχων πνευμα δαιμονιου ακαθαρτου και ανεκραξεν φωνη μεγαλη
34 ၃၄ ဪ နာဇရက် မြို့သားယေရှု ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏၊ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ကြီး သောအသံ နှင့် ဟစ်ကြော် လေ၏။
λεγων εα τι ημιν και σοι ιησου ναζαρηνε ηλθες απολεσαι ημας οιδα σε τις ει ο αγιος του θεου
35 ၃၅ ယေရှု ကလည်း ၊ တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့ ဟု ဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည်ထိုသူ ကို လူအများအလယ် ၌ လှဲချ ၍ ဘေးဥပဒ် မ ပြုဘဲ ထွက်သွား ၏။
και επετιμησεν αυτω ο ιησους λεγων φιμωθητι και εξελθε εξ αυτου και ριψαν αυτον το δαιμονιον εις μεσον εξηλθεν απ αυτου μηδεν βλαψαν αυτον
36 ၃၆ လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤ စကား သည် အဘယ်သို့ သော စကားနည်း၊ ညစ်ညူး သောနတ် တို့ကို အာဏာ တန်ခိုး နှင့် မှာထား ၍ သူတို့သည် ထွက်သွား ကြသည်တကားဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
και εγενετο θαμβος επι παντας και συνελαλουν προς αλληλους λεγοντες τις ο λογος ουτος οτι εν εξουσια και δυναμει επιτασσει τοις ακαθαρτοις πνευμασιν και εξερχονται
37 ၃၇ သိတင်း တော်သည်လည်း ၊ ပတ်ဝန်းကျင် အရပ် တို့၌ နှံ့ပြား ကျော်စောလေ၏။
και εξεπορευετο ηχος περι αυτου εις παντα τοπον της περιχωρου
38 ၃၈ တရားစရပ် မှ ထွက် ပြီးလျှင် ရှိမုန် အိမ် သို့ ကြွ တော်မူ၏ ။ ရှိမုန် ၏ယောက္ခမ သည် ပြင်းစွာ သော ဖျားနာ စွဲ သည်ဖြစ်၍ သူ့ အတွက် ကိုယ်တော် ကိုတောင်းလျှောက် ကြ၏။
αναστας δε εκ της συναγωγης εισηλθεν εις την οικιαν σιμωνος πενθερα δε του σιμωνος ην συνεχομενη πυρετω μεγαλω και ηρωτησαν αυτον περι αυτης
39 ၃၉ ကိုယ်တော်သည် ထိုမိန်းမ ၏အနား မှာရပ် ၍ ဖျားနာ ကိုဆုံးမ တော်မူလျှင် ၊ သူ သည် အဖျားပျောက် သဖြင့် ချက်ခြင်း ထ ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။
και επιστας επανω αυτης επετιμησεν τω πυρετω και αφηκεν αυτην παραχρημα δε αναστασα διηκονει αυτοις
40 ၄၀ နေ ဝင် သောအခါ အမျိုးမျိုး သော အနာ ရောဂါစွဲ သောသူ တို့၏ အဆွေခင်ပွန်းအပေါင်း တို့သည် ထို လူနာ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍၊ ကိုယ်တော် သည် ထိုလူနာ အသီးသီး တို့ အပေါ်၌လက် တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်း စေတော်မူ၏။
δυνοντος δε του ηλιου παντες οσοι ειχον ασθενουντας νοσοις ποικιλαις ηγαγον αυτους προς αυτον ο δε ενι εκαστω αυτων τας χειρας επιθεις εθεραπευσεν αυτους
41 ၄၁ နတ်ဆိုး တို့လည်း ၊ ကိုယ်တော် သည် ခရစ်တော်တည်းဟူသောဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏ဟု ဟစ်ကြော် လျက် လူများ မှ ထွက်သွား ကြ၏။ ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်းကို သူတို့သိ ကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြော စေခြင်းငှာမြစ်တား တော်မူ၏။
εξηρχετο δε και δαιμονια απο πολλων κραζοντα και λεγοντα οτι συ ει ο χριστος ο υιος του θεου και επιτιμων ουκ εια αυτα λαλειν οτι ηδεισαν τον χριστον αυτον ειναι
42 ၄၂ မိုဃ်းလင်း သောအခါ တော အရပ် သို့ ထွက် ကြွ တော်မူ၍ ၊ လူ အများတို့သည် ကိုယ်တော် ကိုရှာ ကြ၏၊ အထံ တော်သို့ ရောက် လျှင် ၊ မိမိ တို့နေရာမှ ထွက်ကြွ တော် မ မူမည်အကြောင်း ဆီးတား ကြ၏။
γενομενης δε ημερας εξελθων επορευθη εις ερημον τοπον και οι οχλοι επεζητουν αυτον και ηλθον εως αυτου και κατειχον αυτον του μη πορευεσθαι απ αυτων
43 ၄၃ ကိုယ်တော်ကလည်း၊ ဘုရားသခင် ၏နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို အခြား သောမြို့ ရွာတို့ ၌ ငါ ဟောပြောရ မည်။
ο δε ειπεν προς αυτους οτι και ταις ετεραις πολεσιν ευαγγελισασθαι με δει την βασιλειαν του θεου οτι εις τουτο απεσταλμαι
44 ၄၄ ထိုသို့ အလို့ငှာ ငါ့ကိုစေလွတ် လျက်ရှိသည် ဟု မိန့် တော်မူ၍ ၊ ဂါလိလဲပြည်မှာ တရားစရပ် တို့၌ တရား ဟောပြော လျက်နေ တော်မူ၏။
και ην κηρυσσων εν ταις συναγωγαις της γαλιλαιας

< လုကာ 4 >