< လုကာ 15 >

1 အခွန်ခံ သော သူတို့နှင့် ဆိုး သောသူ အပေါင်း တို့သည် နားထောင် ခြင်းငှာအထံ တော်သို့ ချဉ်းကပ် သည် ဖြစ် ၍ ၊
Now all the publicans and sinners were drawing near unto him to hear him.
2 ဖာရိရှဲ နှင့် ကျမ်းပြု ဆရာတို့က၊ ဤသူ သည် ဆိုး သောသူတို့ကိုလက်ခံ ၍ သူ တို့နှင့်အတူ စားပါသည် တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။
And both the Pharisees and the scribes murmured, saying, This man receiveth sinners, and eateth with them.
3 ထိုအခါ ဥပမာ စကားကို မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ သိုး တစ်ရာ ရှိ ၍၊
And he spake unto them this parable, saying,
4 သိုးတစ် ကောင်ပျောက် လျှင်၊ ကိုးဆယ် ကိုးကောင်သော သိုးတို့ကို တော တွင် ထား ခဲ့ပြီးမှ၊ ပျောက် သောသိုး တစ် ကောင်ကို မ တွေ့ မှီတိုင်အောင်သွား ၍ မရှာဘဲနေမည်လော။
What man of you, having a hundred sheep, and having lost one of them, doth not leave the ninety and nine in the wilderness, and go after that which is lost, until he find it?
5 တွေ့ ပြီးလျှင် ဝမ်းမြောက် သော စိတ်နှင့် ပခုံး ပေါ်မှာ တင် ထမ်း၍၊
And when he hath found it, he layeth it on his shoulders, rejoicing.
6 မိမိအိမ် သို့ ရောက် သောအခါ အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၍ ၊ ပျောက် သောသိုး ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည် မဟုတ်လော။
And when he cometh home, he calleth together his friends and his neighbors, saying unto them, Rejoice with me, for I have found my sheep which was lost.
7 ထိုနည်းတူ ဖြောင့်မတ် ၍ နောင်တရ စရာအကြောင်းမ ရှိ သောသူ ကိုးဆယ် ကိုးယောက်တို့၌ ကောင်းကင် သားတို့သည် ဝမ်းမြောက် ခြင်းရှိသည်ထက်၊ နောင်တရ သောလူဆိုး တစ် ယောက်၌ သာ၍ ဝမ်းမြောက်ခြင်းရှိ ကြသည်ဟု ငါဆို ၏။
I say unto you, that even so there shall be joy in heaven over one sinner that repenteth, [more] than over ninety and nine righteous persons, who need no repentance.
8 တစ်နည်းကား ၊ တစ်စုံတစ်ယောက် သောမိန်းမ ၌ ငွေ ဆယ် ပြားရှိ ၍ တစ်ပြား ပျောက် လျှင် ၊ ဆီမီး ကိုထွန်း ၍ မ တွေ့ မှီတိုင်အောင်တစ်အိမ် လုံးကိုလှည်း ၍ စေ့စေ့ မ ရှာ ဘဲ နေမည်လော။
Or what woman having ten pieces of silver, if she lose one piece, doth not light a lamp, and sweep the house, and seek diligently until she find it?
9 တွေ့ ပြီးလျှင် အဆွေ ခင်ပွန်းအိမ်နီးချင်း များကိုခေါ် ၍ ၊ ပျောက် သော ငွေ ကို ငါတွေ့ ပြီ။ ငါ နှင့်အတူဝမ်းမြောက် ကြလော့ဟု ဆို တတ်သည်မဟုတ်လော။
And when she hath found it, she calleth together her friends and neighbors, saying, Rejoice with me, for I have found the piece which I had lost.
10 ၁၀ ထိုနည်းတူ ငါဆို သည်ကား၊ ဘုရားသခင် ၏ ကောင်းကင်တမန် တို့သည် နောင်တရ သောလူဆိုး တစ် ယောက်၌ ဝမ်းမြောက် ခြင်းရှိ ကြသည် ဟု မိန့် တော်မူ၏။
Even so, I say unto you, there is joy in the presence of the angels of God over one sinner that repenteth.
11 ၁၁ တစ်ဖန် မိန့် တော်မူသည်ကား၊ တစ်စုံတစ်ယောက် သောသူ ၌ သား နှစ် ယောက်ရှိ ၏။
And he said, A certain man had two sons:
12 ၁၂ သားအငယ် သည် အဘ ထံသို့သွား၍ ၊ အဘ ၊ အကျွန်ုပ် ရထိုက် သော အမွေ ဥစ္စာကိုဝေ ၍ ပေး ပါဟု တောင်းပန် လျှင်၊ အဘသည် ဥစ္စာ များကိုဝေ ၍ သား တို့အား ပေးလေ၏။
and the younger of them said to his father, Father, give me the portion of [thy] substance that falleth to me. And he divided unto them his living.
13 ၁၃ ထိုနောက် များမကြာ ၊ သား အငယ် သည် မိမိ ဥစ္စာ များကို သိမ်းယူ ၍ ဝေး စွာသောပြည် သို့ သွား ပြီးလျှင်၊ ထို ပြည်မှာ ကာမဂုဏ်၌ လွန်ကျူး သောအားဖြင့်ဥစ္စာ ပြုန်းတီး ၍ ၊
And not many days after, the younger son gathered all together and took his journey into a far country; and there he wasted his substance with riotous living.
14 ၁၄ ရှိသမျှ ကုန် သောအခါ ၊ ထို ပြည် ၌ ကြီးစွာ သောအစာ ခေါင်းပါးခြင်းဖြစ် ၍ ၊ သူ သည် အလွန်ဆင်းရဲ ခြင်းသို့ ရောက်၏။
And when he had spent all, there arose a mighty famine in that country; and he began to be in want.
15 ၁၅ ထိုအခါ ပြည်သား တစ် ယောက်ထံသို့သွား ၍ အစေခံလျှင် ၊ ဝက် တို့ကို ကျောင်း စေခြင်းငှာသူ့ သခင်သည် တော သို့ စေလွှတ် သဖြင့်၊
And he went and joined himself to one of the citizens of that country; and he sent him into his fields to feed swine.
16 ၁၆ သူသည် ဝက် စား တတ်သော ပဲတောင့် ကိုပင် စား ချင် မတတ်ငတ်မွတ်လျက်နေရ၏။ အဘယ်သူ မျှ အစာကို မကျွေး ။
And he would fain have filled his belly with the husks that the swine did eat: and no man gave unto him.
17 ၁၇ ထိုအခါ သတိရ လျှင်၊ ငါ့ အဘ ၏အိမ်၌ အခ စားသောသူများ တို့သည် ဝစွာစားရကြ၏။ ငါ မူကား ပြည် ၌သေအောင် အငတ် ခံရ၏။
But when he came to himself he said, How many hired servants of my father’s have bread enough and to spare, and I perish here with hunger!
18 ၁၈ ငါ ထ ၍ အဘ ထံသို့ သွားမည်။ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။
I will arise and go to my father, and will say unto him, Father, I have sinned against heaven, and in thy sight:
19 ၁၉ ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကိုမ ခံထိုက် ပါ။ သူငှား အရာ၌ အကျွန်ုပ် ကို ထား တော်မူပါဟု ငါပြော မည်ဟူ၍အကြံရှိသည်နှင့်၊
I am no more worthy to be called thy son: make me as one of thy hired servants.
20 ၂၀ ထ ၍ အဘ ထံသို့ သွား လေ၏။ သွား၍ ဝေး သေး သောအခါ အဘ သည် သူ့ ကိုမြင် လျှင် ၊ သနား သော စိတ်ရှိသည်နှင့် ပြေးသွား ၍ သား ၏လည်ပင်း ကို ပိုက် ဖက်လျက် နမ်းရှုပ် လေ၏။
And he arose, and came to his father. But while he was yet afar off, his father saw him, and was moved with compassion, and ran, and fell on his neck, and kissed him.
21 ၂၁ သား ကလည်း ၊ အဘ ၊ အကျွန်ုပ်သည် ဘုရားသခင် ကို ၎င်း ၊ ကိုယ်တော် ကို၎င်း ပြစ်မှား ပါပြီ။ ယခုမှစ၍ကိုယ်တော် ၏သား ဟူ၍ခေါ် ခြင်းကို မ ခံထိုက် ပါဟုဆို လျှင်၊
And the son said unto him, Father, I have sinned against heaven, and in thy sight: I am no more worthy to be called thy son.
22 ၂၂ အဘ က၊ မြတ် သောဝတ်လုံ ကို ယူခဲ့ ၍ သူ့ ကို ခြုံ ကြ၊ သူ ၏လက် ၌ လက်စွပ် တန်ဆာကို ဆင် ကြ။
But the father said to his servants, Bring forth quickly the best robe, and put it on him; and put a ring on his hand, and shoes on his feet:
23 ၂၃ ခြေနင်း ကိုလည်း စီးစေကြ။ ဆူ အောင်ကျွေးသော နွားကလေး ကို ယူ ၍ သတ် ကြ။ သို့ပြီးမှ ငါတို့သည် စား ကြကုန်အံ့။ ပျော်မွေ့ ခြင်းကို ပြုကြကုန်အံ့။
and bring the fatted calf, [and] kill it, and let us eat, and make merry:
24 ၂၄ ငါ့ သား သည်အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ယခုတွေ့ပြန် ၏ဟုအစေအပါး တို့ကို ဆို ပြီးမှ ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြု ကြ၏။
for this my son was dead, and is alive again; he was lost, and is found. And they began to be merry.
25 ၂၅ သား အကြီး သည် တောင်ယာ က လာ ၍ အိမ် အနီး သို့ရောက်သောအခါ ၊ က ခြင်း၊ တီးမှုတ် ခြင်းအသံကို ကြား လျှင် ၊
Now his elder son was in the field: and as he came and drew nigh to the house, he heard music and dancing.
26 ၂၆ ငယ်သား တစ် ယောက်ကိုခေါ် ၍ အဘယ်သို့ သောအခြင်းအရာ နည်းဟု မေး ၏။
And he called to him one of the servants, and inquired what these things might be.
27 ၂၇ ငယ်သားက၊ သခင် ၏ညီ သည် ရောက်လာ ပါပြီ။ ဘေးနှင့်ကင်းလွတ် လျက်ရှိ သည်ကို အဘ တွေ့ သောကြောင့် ၊ ဆူ အောင်ကျွေးသော နွားကလေး ကိုသတ် ပါပြီဟုပြောဆို ၏။ သားအကြီးသည် အမျက်ထွက် ၍ အိမ် သို့ မ ဝင်ဘဲနေ ၏။
And he said unto him, Thy brother is come; and thy father hath killed the fatted calf, because he hath received him safe and sound.
28 ၂၈ အဘ သည် သူ့ ဆီသို့သွား ၍ ချော့မော့ ရ၏။
But he was angry, and would not go in: and his father came out, and entreated him.
29 ၂၉ သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလ တာရှည် စွာ အဘ ၏ အစေ ကိုခံပါပြီ။ အဘ ၏အလို ကို တစ်ခါမျှ မလွန်ကျူး ပါ။ သို့သော်လည်း အကျွန်ုပ် သည် အဆွေ တို့နှင့်အတူ ပျော်မွေ့ ခြင်းကို ပြုစေခြင်းငှာ ၊ အဘသည် ဆိတ်ကလေး တစ်ကောင်ကို တစ်ခါမျှ မပေး ။
But he answered and said to his father, Lo, these many years do I serve thee, and I never transgressed a commandment of thine; and [yet] thou never gavest me a kid, that I might make merry with my friends:
30 ၃၀ ပြည်တန်ဆာ မိန်းမတို့နှင့် ပေါင်းဖေါ်၍ မိမိ ဥစ္စာ ကိုဖြုန်း သော ဤ သား ငယ်ရောက်လာ သောအခါ မူကား ၊ အဘ သည် ဆူ အောင်ကျွေးသော နွားကလေး ကို သတ် လေပြီတကားဟု ဆို ၏။
but when this thy son came, who hath devoured thy living with harlots, thou killedst for him the fatted calf.
31 ၃၁ အဘကလည်း ၊ ငါ့သား ၊ သင် သည် ငါ့ ထံမှာ အစဉ် နေ ၏။ ငါ ၏ဥစ္စာရှိသမျှ သည် သင် ၏ဥစ္စာဖြစ် ၏။
And he said unto him, Son, thou art ever with me, and all that is mine is thine.
32 ၃၂ သင် ၏ညီ မူကား အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ ယခု တွေ့ပြန် ၏။ ထိုကြောင့် ပျော်မွေ့ ဝမ်းမြောက် စရာအကြောင်းရှိ ၏။ အဘဆို သည် ဟု မိန့်တော်မူ၏။
But it was meet to make merry and be glad: for this thy brother was dead, and is alive [again]; and [was] lost, and is found.

< လုကာ 15 >