< ဝတ်ပြုရာ 5 >

1 တစုံ တယောက်သောသူသည် အမှုကို မြင် သည်ဖြစ်စေ ၊ သိ သည်ဖြစ်စေ ၊ ကျိန်ဆို စေသော စကား ကို ကြား ၍ ၊ သက်သေ ဖြစ်လျက်နှင့် ပြန်မ ပြော ဘဲနေသဖြင့် ပြစ်မှား ၍ ၊ မိမိ ဒုစရိုက် အပြစ်ကို ခံရ သော်၎င်း၊
“‘If anyone sins, in that he hears a public adjuration to testify, he being a witness, whether he has seen or known, if he doesn’t report it, then he shall bear his iniquity.
2 တစုံ တယောက်သောသူ သည် မ စင်ကြယ်သော သားရဲ ၊ သားယဉ်၊ တွား တတ်သော တိရစ္ဆာန်၏ အသေ ကောင် အစရှိသော မ စင်ကြယ်သော အရာ တစုံ တခုကို အမှတ်တမဲ့ထိမိ သဖြင့် ၊ မ စင်ကြယ်ရာသို့ ရောက်၍ အပြစ် ရှိသော်၎င်း၊
“‘Or if anyone touches any unclean thing, whether it is the carcass of an unclean animal, or the carcass of unclean livestock, or the carcass of unclean creeping things, and it is hidden from him, and he is unclean, then he shall be guilty.
3 လူ ၌ ကပ်သော မ စင်ကြယ်သော အရာတစုံတခုကို လည်း မသိဘဲ ထိမိ ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊
“‘Or if he touches the uncleanness of man, whatever his uncleanness is with which he is unclean, and it is hidden from him; when he knows of it, then he shall be guilty.
4 တစုံ တယောက်သောသူသည် ကောင်း သောအမှု၊ မ ကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆို လျက် သစ္စာပြု၍ နောက်တဖန်သိလျှင် ၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ် တစုံ တခုရောက်သော်၎င်း ၊
“‘Or if anyone swears rashly with his lips to do evil or to do good—whatever it is that a man might utter rashly with an oath, and it is hidden from him—when he knows of it, then he will be guilty of one of these.
5 ထိုသို့သောအပြစ် တစုံ တခုရောက်လျှင် ၊ ထိုအပြစ် ကို ဘော်ပြ တောင်းပန်ရမည်။
It shall be, when he is guilty of one of these, he shall confess that in which he has sinned;
6 ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေရာ ယဇ်ဖြစ်စေခြင်းငှါသိုးသငယ် ဖြစ်စေ ၊ ဆိတ် သငယ် ဖြစ်စေ၊ အမ တကောင်ကောင်တည်းဟူသောဒုစရိုက် ဖြေရာယဇ်ကို ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ပြီးလျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုရမည်။
and he shall bring his trespass offering to the LORD for his sin which he has sinned: a female from the flock, a lamb or a goat, for a sin offering; and the priest shall make atonement for him concerning his sin.
7 သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ပြစ်မှား မိသော အပြစ်အတွက် အပြစ် ဖြေရာယဇ်ဘို့ တကောင်၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်ကို ထာဝရဘုရား အထံတော်၊
“‘If he can’t afford a lamb, then he shall bring his trespass offering for that in which he has sinned, two turtledoves, or two young pigeons, to the LORD; one for a sin offering, and the other for a burnt offering.
8 ယဇ်ပုရောဟိတ် ရှေ့ သို့ ဆောင် ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် အပြစ် ဖြေရာ ယဇ်ကောင်ကို အရင် ပူဇော် လျက် ၊ ခေါင်း ကိုလိမ် ၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမ ခွဲ ရ။
He shall bring them to the priest, who shall first offer the one which is for the sin offering. He shall wring off its head from its neck, but shall not sever it completely.
9 ထိုအပြစ် ဖြေရာ ယဇ်ကောင်အသွေး ကို ယဇ် ပလ္လင်နံရံ ၌ ဖြန်း ၍ ၊ ကြွင်း သော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နားမှာ ညှစ် ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်သတည်း။
He shall sprinkle some of the blood of the sin offering on the side of the altar; and the rest of the blood shall be drained out at the base of the altar. It is a sin offering.
10 ၁၀ ဒုတိယ ငှက်ကောင်ကို၊ ပညတ် တရားအတိုင်း မီး ရှို့ရာ ယဇ်ပူဇော် ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
He shall offer the second for a burnt offering, according to the ordinance; and the priest shall make atonement for him concerning his sin which he has sinned, and he shall be forgiven.
11 ၁၁ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို မ တတ် နိုင်လျှင် ၊ ပြစ်မှား သော သူ သည် အပြစ် ဖြေရာယဇ် အရာ၌ မုန့်ညက် တဩမဲကို ဆောင် ခဲ့၍ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သောကြောင့် ဆီ ကို မ လောင်း ရ။ လောဗန် ကို မ တင် ရ။
“‘But if he can’t afford two turtledoves or two young pigeons, then he shall bring as his offering for that in which he has sinned, one tenth of an efah of fine flour for a sin offering. He shall put no oil on it, and he shall not put any frankincense on it, for it is a sin offering.
12 ၁၂ ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ပြီးလျှင် ၊ ယဇ် ပုရောဟိတ်သည် မုန့်ညက်တလက် ဆွန်းတည်းဟူသောပူဇော်သက္ကာအတွက် အတာကိုယူ ၍ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာနှင့်အတူယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်သတည်း။
He shall bring it to the priest, and the priest shall take his handful of it as the memorial portion, and burn it on the altar, on the offerings of the LORD made by fire. It is a sin offering.
13 ၁၃ ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် တစုံ တခုအတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွှတ် လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သက္ကာ ကဲ့သို့ ၊ ယဇ်ပုရောဟိတ် အဘို့ ဖြစ် သည်ဟု မောရှေအား မိန့်တော်မူ၏။
The priest shall make atonement for him concerning his sin that he has sinned in any of these things, and he will be forgiven; and the rest shall be the priest’s, as the meal offering.’”
14 ၁၄ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
The LORD spoke to Moses, saying,
15 ၁၅ တစုံတယောက် သောသူသည် တရားကိုမသိ၊ ထာဝရဘုရား နှင့်ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှား မိလျှင်၊ ထိုပြစ်မှား ခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသောအပြစ် မပါသော သိုးထီး ကို၎င်း၊ အကျပ် တော်အလိုက် ချင့်တွက် ၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ရမည်။
“If anyone commits a trespass, and sins unwittingly regarding the LORD’s holy things, then he shall bring his trespass offering to the LORD: a ram without defect from the flock, according to your estimation in silver by shekels, according to the shekel of the sanctuary, for a trespass offering.
16 ၁၆ ထိုသို့ ဘုရား နှင့်ဆိုင်သော အရာ၌ ပြစ်မှား မိရာကို ပြုပြင် ပြီးလျှင် ၊ ငါး စုတစုကိုလည်း ထပ် ၍ယဇ်ပုရောဟိတ် အား ပေး ရမည်။ ယဇ် ပုရောဟိတ်သည်လည်း ၊ ဒုစရိုက် ဖြေရာယဇ်ဖြစ်သော သိုး အားဖြင့် ၊ ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင်၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
He shall make restitution for that which he has done wrong regarding the holy thing, and shall add a fifth part to it, and give it to the priest; and the priest shall make atonement for him with the ram of the trespass offering, and he will be forgiven.
17 ၁၇ တစုံ တယောက်သောသူသည်၊ ထာဝရဘုရား ပညတ် တော်မူသောအမှုတစုံ တခုကို ပြု ၍ ပြစ်မှား မိလျှင် ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သော်လည်း အပြစ် ရောက်၍ ထိုအပြစ် ကိုခံရ မည်။
“If anyone sins, doing any of the things which the LORD has commanded not to be done, though he didn’t know it, he is still guilty, and shall bear his iniquity.
18 ၁၈ ဒုစရိုက် ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေ နှင့်တကွ၊ အပြစ် မပါသော သိုး ထီးကို ဆောင် ခဲ့ရမည်။ တရားကိုမသိ ပြစ်မှား မိသော်လည်း ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သောသူ အဘို့ ယဇ် ပုရောဟိတ်သည် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ ထိုသူ ၏ အပြစ်လွတ် လိမ့်မည်။
He shall bring a ram without defect from of the flock, according to your estimation, for a trespass offering, to the priest; and the priest shall make atonement for him concerning the thing in which he sinned and didn’t know it, and he will be forgiven.
19 ၁၉ ဒုစရိုက် ဖြေသောယဇ် ဖြစ်သတည်း။ အကယ်စင်စစ်ထိုသူ သည် ထာဝရဘုရား ကို ပြစ်မှား ရာ ရောက်သတည်းဟု မိန့်တော်မူ၏။
It is a trespass offering. He is certainly guilty before the LORD.”

< ဝတ်ပြုရာ 5 >