< တရားသူကြီးမှတ်စာ 20 >

1 ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဂိလဒ် ပြည် သားတို့နှင့်တကွ ထ လျက် ၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ပရိသတ် အပေါင်းတို့သည် တယောက် သောသူ ကဲ့သို့ မိဇပါ မြို့၊ ထာဝရဘုရား ထံ တော်၌ စည်းဝေး ကြ၏။
A LAILA, hele aku la na mamo A a pau o ka Iseraela, a akoakoa ae la ia poe, me he kanaka hookahi la, mai Dana, a hiki i Beereseba, a me ko ka aina o Gileada, a io Iehova la i Mizepa.
2 ဣသရေလ အမျိုး အနွယ်အပေါင်း ၊ ပြည်သား အပေါင်း တို့၏ အကြီးအကဲတို့သည် စည်းဝေး ကြသော်၊ ဘုရား သခင်၏လူ ၊ ထား လက်နက်စွဲကိုင် သော ခြေသည် သူရဲ လေးသိန်း နှင့်တကွချဉ်းကပ် ကြ၏။
Ku mai la na luna o na kanaka a pau, no na ohana a pau o ka Iseraela maloko o ka ahakanaka o ke Akua, eha haneri tausani kanaka i hele wawae, me ka unuhi i ka pahikaua.
3 ဣသရေလ အမျိုးသားတို့သည် မိဇပါ မြို့သို့ သွား ကြောင်း ကို ဗင်္ယာမိန် အမျိုးသားတို့သည် ကြား သိကြ၏။ ဣသရေလ အမျိုးသားတို့က၊ ထို အဓမ္မ အမှုကားအဘယ်သို့ နည်းဟု မေးမြန်း လျှင်၊
(Lohe iho la na mamo a Beniamina, ua pii aku na mamo a Iseraela i Mizepa.) Alaila, olelo mai na mamo a Iseraela, E hai mai oukou: pehea la keia hewa?
4 အသေ ခံရသောမိန်းမ ၏လင် လေဝိ လူ က၊ အကျွန်ုပ် သည် မယားငယ် နှင့်အတူ လာ ၍ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေပါ၏။
Olelo aku la ka Levi, ke kane a ka wahine i pepehiia, i aku la, I ko'u hele ana i Gibea no Beniamina, owau a me ka'u haiawahine, a moe ilaila;
5 ညဉ့် အခါ ဂိဗာ မြို့သား တို့သည် ထ ၍ အကျွန်ုပ် တည်းခိုသောအိမ် ကို ဝိုင်း လျက်၊ အကျွန်ုပ် ကို တိုက်သတ် မည် အားထုတ် ကြပါ၏။ မယားငယ် သေ သည်တိုင်အောင်ရှုတ်ချ ကြပါ၏။
Kuee mai la na kanaka o Gibea ia'u, a hoopuni iho la lakou i ka hale maluna o'u, i ka po, manao iho la e pepehi mai ia'u; a hoohaahaa iho la lakou i ka'u haiawahine, a ua make loa ia.
6 အကျွန်ုပ် သည်လည်း မယားငယ် အကောင်ကိုယူ ၍ အပိုင်းပိုင်းဖြတ် ပြီးမှ ၊ ဣသရေလ အမျိုး အမွေခံ ရာ ပြည် တရှောက်လုံး သို့ ပေး လိုက်ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မ အမှုကို ပြု ကြပါပြီ။
Lalau aku la au i ka'u haiawahine, oki liilii iho la, a hoouna aku la i na aina a pau i ili mai ai i ka Iseraela; no ka mea, ua hana lakou ma ka moe kolohe a me ka lapuwale iloko o ka Iseraela.
7 သင် တို့ရှိသမျှ သည် ဣသရေလ အမျိုး ဖြစ်ကြပါ၏။ ဤ အရပ်၌ တိုင်ပင် စီရင် ကြပါလော့ဟု ပြောဆို လေ၏။
Aia hoi, he poe mamo oukou a pau na Iseraela. E haawi mai i ko oukou manao a me ka oukou pono.
8 လူ အပေါင်း တို့သည် တယောက် သောသူ ကဲ့သို့ ထ ၍ ငါတို့သည် တယောက်မျှ မိမိ တဲ သို့ မ သွား ၊ မိမိ အိမ် သို့ မ ပြန်။
Ku mai la na kanaka a pau me he kanaka hookahi la, i mai la, Aole kekahi o kakou e hele i kona halelewa, aole hoi kekahi o kakou e hoi i kona hale.
9 ဂိဗာ မြို့၌ အဘယ်သို့ပြု မည်နည်း ဟူမူကား ၊ စာရေးတံ ချ၍ အတိုက်သွားမည်။
Eia ka mea a kakou e hana aku ai ia Gibea, ma ka hailona e ku e ia ia.
10 ၁၀ ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့သားတို့သည်၊ ဣသရေလ အမျိုးတို့၌ ပြု သမျှသော အဓမ္မ အမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက် ၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူ တို့စားစရိတ် ကို ပို့ စေခြင်းငှါ ဣသရေလ အမျိုး အနွယ်အပေါင်း တို့၌ လူ တရာ တွင် တဆယ် ၊ တထောင် တွင် တရာ ၊ တသောင်း တွင် တထောင် တို့ကို ရွေးကောက် ကြကုန်အံ့ဟု ဆို လျက်၊
E lawe kakou i umi kanaka o ka haneri, no na ohana a pau o ka Iseraela, a he haneri no ka tausani, a he tausani no ka umi tausani, na lakou no e lawe mai i ka ai na na kanaka, i hana lakou i ko Gibea no Beniamina, ke hiki lakou ilaila, e like me ka mea lapuwale a pau a lakou i hana'i maloko o ka Iseraela.
11 ၁၁ ဣသရေလ အမျိုးသား အပေါင်း တို့သည် ဂိဗာမြို့ တဘက်၌ စည်းဝေး ၍ တယောက် သောသူ ကဲ့သို့ သင်း ဖွဲ့လျက်နေကြ၏။
Alaila, hoakoakoa mai la na kanaka a pau o ka Iseraela, e ku e i ua kulanakauhale la, ua huipu e like me ke kanaka hookahi.
12 ၁၂ ဣသရေလ အမျိုးသား တို့သည်၊ ဗင်္ယာမိန် ခရိုင်တရှောက်လုံး သို့ စေလွှတ် ၍၊ သင် တို့တွင် ပြု သော ဤ အဓမ္မ အမှုကား အဘယ်သို့ နည်း။
Hoouna aku la na ohana o Iseraela i kanaka ma ka ohana a pau o Beniamina, i aku la, Heaha keia hewa i hanaia iwaena o oukou?
13 ၁၃ ယခု မှာ ဂီဗာ မြို့၌ ရှိသော ထိုအဓမ္မ လူ တို့ကို ငါတို့ယူ၍ သတ် သဖြင့် ဣသရေလ အမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှား မည်အကြောင်းထိုလူတို့ကိုအပ် ကြပါဟု မှာ လိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလ အမျိုးသားတို့စကား ကို နား မ ထောင်ဘဲ၊
Nolaila ea, e haawi mai oukou ia poe kanaka i na kanaka hewa hoi ma Gibea, i pepehi aku makou ia lakou, a hoopau aku i ka hewa, mai Iseraela aku. Aole i hoolohe mai ka Beniamina i ka leo o ko lakou poe hoahanau, na mamo a Iseraela.
14 ၁၄ ထိုအမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ၊ အမြို့ မြို့အရွာရွာက ထွက် ၍ ဂိဗာ မြို့၌ စည်းဝေး ကြ၏။
Hoakoakoa mai la na mamo a Beniamina, mailoko mai o na kulanakauhale ma Gibea, e hele aku e kaua me na mamo a Iseraela.
15 ၁၅ ထိုအခါ ဂိဗာ မြို့သား ယောက်ျား ကောင်း ခုနစ် ရာ မှတပါး အမြို့ မြို့အရွာရွာက လာ သော ဗင်္ယာမိန် အမျိုးသား အရေအတွက်ကား၊ ထား လက်နက်စွဲကိုင် သောသူ နှစ်သောင်း ခြောက်ထောင်တည်း။
Ua heluia na mamo a Beniamina ia la, mailoko mai o na kulanakauhale, he iwakaluakumamaono tausani kanaka i unuhi i ka pahikaua, a koe aku ka poe i noho ma Gibea, a heluia lakou, ehiku haneri kanaka i waeia.
16 ၁၆ ထို လူ အပေါင်း တို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည် တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ် နိုင်သော ယောက်ျား ကောင်း ခုနှစ် ရာ ပါသတည်း။
Iloko o ia poe kanaka a pau, ehiku haneri kanaka i waeia, he poe lima hema; e hiki no ia lakou a pau ke maa aku i ka pohaku i ka lauoho, aole hoi e hala.
17 ၁၇ ဗင်္ယာမိန် အမျိုးသားမှတပါး ထား လက်နက်စွဲကိုင် ၍ စစ်သူရဲ ဖြစ်သော ဣသရေလ အမျိုးသား အရေအတွက်ကား လေးသိန်း တည်း။
A o na kanaka o ka Iseraela i heluia, eha haneri tausani lakou i unuhi i ka pahikaua, a koe aku ka Beniamina. He poe kanaka kaua keia a pau.
18 ၁၈ ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်၏ အိမ်တော်သို့ ထ ၍ သွား ပြီးလျှင် ၊ အကျွန်ုပ် တို့တွင် အဘယ်သူ သည် ဗင်္ယာမိန် အမျိုးကို အဦး ချီ သွားရပါမည်နည်းဟု ဘုရား သခင်ထံတော်၌ မေး လျှောက်ကြသော် ၊ ထာဝရဘုရား က၊ ယုဒ သည် အဦး ချီသွားရမည်ဟု မိန့် တော်မူ၏။
Ku mai la na mamo a Iseraela, a pii aku la i ka hale o ke Akua, ninau aku la i ke Akua, I aku la, Owai ko makou mea e pii mua aku ai, e kaua aku i na mamo a Beniamina? I mai la o Iehova, O Iuda mua.
19 ၁၉ နံနက် စောစောဣသရေလ အမျိုးသားတို့သည် ထ ၍ ဂိဗာ မြို့အနား ၌ တပ်ချ ပြီးမှ၊
Ku mai la na mamo o ka Iseraela i kakahiaka, a hoonohonoho ku e aku la ia Gibea.
20 ၂၀ ဗင်္ယာမိန် အမျိုးသားတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ဂိဗာ မြို့ရှေ့ မှာ စစ် ခင်းကျင်း လျက် နေကြ၏။
Hele aku la na kanaka o Iseraela e kaua aku i ka Beniamina; a hoomakaukau iho na kanaka o Iseraela e kana aku ia lakou ma Gibea.
21 ၂၁ ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ၊ ထို နေ့ တွင် ဣသရေလ လူ တသောင်း နှစ်ထောင်တို့ကို မြေ ပေါ် မှာ လှဲ ၍ သတ်ကြ၏။
Puka mai la na mamo a Beniamina, mailoko mai o Gibea, a luku iho la ilalo i ka lepo ia la, he iwakaluakumamalua tausani kanaka o ka Iseraela.
22 ၂၂ သို့ရာတွင် ဣသရေလ အမျိုးသားတို့သည် ရဲရင့် သောစိတ်ကိုယူ၍ ပဌမ နေ့ တွင် စစ်ခင်းကျင်း သော အရပ် ၌ တဖန် ခင်းကျင်း ကြ၏။
Hooikaika iho la na kanaka o ka Iseraela, a hoomakaukau e hoouka hou i ke kaua ma kahi a lakou i hoouka ai i ka la mua.
23 ၂၃ ထာဝရဘုရား ထံ တော်သို့ သွား ၍ ညဦး ယံတိုင်အောင် ငိုကြွေး လျက် ၊ အကျွန်ုပ် တို့ညီ ဗင်္ယာမိန် အမျိုးသားတို့ကို တဖန် စစ်တိုက် ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ၊ ထာဝရဘုရား က ချီ သွားကြလော့ဟု မိန့် တော်မူ၏။
(Pii aku la na mamo a Iseraela, a uwe aku la imua o Iehova, a ahiahi, ninau aku la ia Iehova, i aku la, E pii hou anei au e kaua aku i na keiki a Beniamina, a kuu kaikaina? I mai la o Iehova, E pii ku e ia ia.)
24 ၂၄ ဒုတိယ နေ့ တွင် ဣသရေလ အမျိုးသားတို့သည် ဗင်္ယာမိန် အမျိုးတို့အနီးသို့ ချဉ်း ကြသောအခါ၊
A i ka lua o ka la hookokoke mai na mamo a Iseraela e ku e i na mamo a Beniamina.
25 ၂၅ ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာ မြို့ထဲက ထွက် ပြီးလျှင် ၊ ထား လက်နက်စွဲကိုင် သော ဣသရေလ လူတသောင်း ရှစ်ထောင်တို့ကို မြေ ပေါ် ၌ လှဲ ၍ သတ်ကြ၏။
Puka mai la ka Beniamina mailoko mai o Gibea, i ka lua o ka la, a luku honua mai la i na mamo a Iseraela, he umikumamawalu tausani kanaka he poe unuhi pahikaua keia a pau.
26 ၂၆ ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် ဘုရား သခင်အိမ်တော်သို့သွား ၍ ငိုကြွေး လျက် ၊ ထာဝရဘုရား ထံ တော်၌ ဝပ် လျက် ၊ တနေ့ လုံး ညဦး ယံတိုင်အောင် အစာ ကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
Alaila, pii aku la na mamo a Iseraela, a me na kanaka a pau, a hiki aku la i ka hale o ke Akua, a uwe aku la, a noho iho la imua o Iehova, a hookeai iho la ia la a po, a mohai aku la i na mohaikuni, a me na mohaimakana, imua o Iehova.
27 ၂၇ ထို ကာလ ၌ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ပါလျက်၊ အာရုန် ၏သား ဖြစ်သော ဧလာဇာ ၏ သား ဖိနဟတ် သည်၊ သေတ္တာ တော်ရှေ့ မှာ အမှု စောင့်သည် ဖြစ်၍၊
Ninau aku la na mamo a Iseraela ia Iehova, (no ka mea, malaila no ka pahuberita o ke Akua ia mau la,
28 ၂၈ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့ ညီ ဗင်္ယာမိန် အမျိုးသား တို့ကို တဖန် သွား ၍ တိုက်ရပါမည်လော၊ မ သွားဘဲနေရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်သော် ၊ ထာဝရဘုရား က သွား ကြလော့။ နက်ဖြန် နေ့တွင် သူ တို့ကို သင် တို့လက် ၌ ငါအပ် မည်ဟု မိန့် တော်မူ၏။
O Pinehasa, ke keiki a Eleazara ke keiki a Aarona, ka i ku imua ona ia mau la, ) e aku la, E hele hou anei au e kaua aku i na mamo a Beniamina, a kuu kaikaina, e oki anei? I mai la o Iehova, O pii, no ka mea, apopo, e haawi au ia lakou iloko o kou lima.
29 ၂၉ ဣသရေလ အမျိုးသားတို့သည် ဂိဗာ မြို့ပတ်လည် ၌ ကင်းစောင့် လူတို့ကို ထား ပြီးမှ၊
Hoonoho iho la ka Iseraela i poe hoohalua a puni o Gibea.
30 ၃၀ တတိယ နေ့ တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီ သွား၍ ၊ ယမန် ကဲ့သို့ ဂိဗာ မြို့အနား၌ စစ် ခင်းကျင်းလျက် နေကြ၏။
Pii aku la na mamo a Iseraela e ku e i na mamo a Beniamina, i ke kolu o ka la, a hoomakaukau e kaua i ko Gibea e like me na wa mamua.
31 ၃၁ ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက် ၍ မြို့ နှင့် ကွာ သွားကြ၏။ ဗေသလ မြို့သို့ သွား သောလမ်း ၊ ဂိဗာ တောရွာသို့ သွားသောလမ်းတွင် ယမန် ကဲ့သို့ ဣသရေလ အမျိုးသူရဲတို့ကို လုပ်ကြံ စ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။
Puka aku la na mamo a Beniamina e ku e i kanaka, a kaiia'ku la lakou, mai ke kulanakauhale aku; a hoomaka e luku aku i kanaka, me ka hou aku e like me ka wa mamua, ma na ala e pii aku ai i Betela, a i na kula o Gibea kekahi, he kanakolu paha kanaka o Iseraela.
32 ၃၂ ဗင်္ယာမိန် အမျိုးသားတို့က၊ သူ တို့သည် ယမန် ကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို သော်လည်း ၊ ဣသရေလ အမျိုးသားတို့က ပြေး ကြကုန်အံ့၊ သူ တို့ကို မြို့ နှင့် ဝေးသော လမ်း တို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆို လျက်၊
I iho la na mamo a Beniamina, Ua lukuia lakou imua o kakou e like me ka wa mamua. Olelo no hoi na mamo a Iseraela, E hee kakou, a e kai aku ia lakou, mai ke kulanakauhale aku, a i na alanui.
33 ၃၃ ဣသရေလ လူအပေါင်း တို့သည် မိမိ တို့ နေရာ အရပ်မှ ထ ၍ ဗာလတာမာ မြို့၌ စစ်ခင်း ကြ၏။ ကင်းစောင့် လျက်နေသော ဣသရေလ လူတို့သည်လည်း မိမိ တို့နေရာ ဂိဗာ လွင်ပြင် မှ ထ ကြသဖြင့်၊
Ku mai la na kanaka a pau o ka Iseraela, mai ko lakou wahi mai, a hoomakaukau iho la e kaua ma Baalatamara. A o ka poe hoohalua o ka Iseraela, lulumi mai la lakou mailoko mai o ko lakou wahi, mai na kula mai o Gibea.
34 ၃၄ ဣသရေလ အမျိုးသားယောက်ျား ကောင်း တသောင်း တို့သည် ဂိဗာ မြို့သို့ ချီ လာ၍ ၊ ဗင်္ယာမိန် အမျိုးသားတို့သည် ဘေး ရောက် လုနီးသည်ကို မ ရိပ်မိ သောကြောင့်၊ ကျပ်တည်း စွာ ဆီး၍ တိုက် ကြ၏။
Hele ku e mai la ia Gibea, he umi tausani kanaka i waeia mailoko mai o ka Iseraela a pau, a ikaika loa iho la ke kaua; aole nae lakou i ike, ua kokoke mai ka hewa ia lakou.
35 ၃၅ ထိုအခါ ထာဝရဘုရား သည် ဗင်္ယာမိန် လူတို့ကို ဣသရေလ လူတို့ရှေ့ မှာ ရှုံး စေတော်မူသဖြင့် ၊ ထို နေ့ တွင် ဣသရေလ လူတို့သည် ထား လက်နက်စွဲကိုင် သော ဗင်္ယာမိန် လူ နှစ်သောင်း ငါးထောင်တရာ တို့ကို ပယ်ရှင်း ကြ၏။
Luku mai la o Iehova i ka Beniamina imua o ka Iseraela. Luku ae la na mamo a Iseraela i ka Beniamina ia la, he iwakaluakumamalima tausani kanaka, hookahi haneri keu; unuhi keia poe a pau i ka pahikaua.
36 ၃၆ ဗင်္ယာမိန် အမျိုးသားတို့သည် မိမိတို့ ရှုံး သည်ကို သိမြင် ကြ၏။ ဣသရေ လူ တို့သည်၊ ဂိဗာ မြို့အနား၌ ထား သော ကင်း တပ်ကို ကိုးစား သောကြောင့် ၊ အစက ဗင်္ယာမိန် လူတို့ရှေ့ မှာ ဆုတ် ကြ၏။
Ike iho la na mamo a Beniamina, ua lukuia lakou; no ka mea, haawi ae la no hoi na kanaka o Iseraela i wahi no ka Beniamina, no ko lakou manao ana i ka poe hoohalua a lakou i hoonoho ai ma Gibea.
37 ၃၇ ကင်း တပ်သားတို့သည် ဂိဗာ မြို့သို့ တဟုန်တည်း ပြေး ဝင်၍ အနှံ့အပြားတိုက် သဖြင့် တမြို့ လုံး ကို ထား နှင့် လုပ်ကြံ ကြ၏။
A o ka poe hoohalua, wikiwiki iho lakou, a lele aku ia Gibea, a hoopalahalaha ae la ia lakou iho, a luku aku la i ua kulanakauhale la.
38 ၃၈ မြို့ ထဲမှာ ကြီးစွာ သော မီးခိုး တက် စေရမည်အကြောင်း ဣသရေလ လူ တို့သည် ကင်း စောင့်လူတို့အား အကြံ ပေးနှင့်ကြပြီဖြစ်၍၊
Ua hoomaopopoia ka manawa i na kanaka o ka Iseraela, a me ka poe hoohalua, i hana lakou i ka uwahi, i mea punohu aku iluna, mailoko aku o ke kulanakauhale.
39 ၃၉ ဣသရေလ လူ တို့သည် စစ်တိုက် ရာတွင် ဆုတ် သောအခါ၊ ဗင်္ယာမိန် လူတို့က၊ အကယ်၍သူတို့သည် ယမန် စစ် ရှုံး သကဲ့သို့ ငါ တို့ရှေ့ မှာ ရှုံး ကြပြီဟု ဆို လျက် သူရဲတို့ကို လုပ်ကြံ စ ပြု၍ လူ သုံးဆယ် ခန့် မျှ သေ ကြ၏။
A hee na kanaka o Iseraela i ke kaua, hoomaka iho la ko Beniamina e luku aku, me ka hou iho i kanaka o Iseraela, i kanakolu paha kanaka; no ka mea, olelo lakou, He oiaio no, ua lukuia lakou imua o kakou, e like me ke kaua mua ana.
40 ၄၀ တဖန် မီးလောင်၍ ထူထပ် သော မီးခိုး သည် မြို့ ထဲမှာ တက် စ ရှိသောအခါ ၊ ဗင်္ယာမိန် လူတို့သည် ပြန် ကြည့်၍ မြို့ ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင် သို့ တက် သည်ကို မြင် ကြ၍၊
A pii aku la ka lapalapa o ke ahi, mai ke kulanakauhale aku, a lilo i kiaao; alaila, nana aku la ko Beniamina mahope o lakou, aia hoi, punohu aku la ka wela ana o ke kulanakauhale a pau i ka lani.
41 ၄၁ ဣသရေလ လူ တို့သည် လှည့် ၍ ပြန်သောအခါ ၊ ဗင်္ယာမိန် လူ တို့သည် ဘေး ရောက် ကြောင်း ကို သိမြင် လျှင်၊
A huli hou na kanaka o Iseraela, alaila, hee pioloke iho la na kanaka o Beniamina; no ka mea, ua ike lakou ua hiki mai ka hewa maluna o lakou.
42 ၄၂ မိန်းမော တွေဝေ၍ ဣသရေလ လူ တို့ရှေ့ မှာ တော လမ်း သို့ ပြေး သော်လည်း ၊ စစ်တိုက် လိုက် လာသောသူတို့သည် မှီသဖြင့် ပြေးသောသူတို့ကို၎င်း၊ မြို့ ရွာများထဲက ထွက်လာသောသူတို့ကို၎င်း၊ တပြိုင်နက်ဖျက်ဆီး ကြ၏။
Nolaila, huli lakou, mai ke alo aku o na kanaka o ka Iseraela, a i ke ala e hiki aku ai i ka waonahele; aka, hahai no ke kaua ia lakou, a luku no lakou i ka poe mailoko mai o na kauhale iwaenakonu o lakou.
43 ၄၃ ဗင်္ယာမိန် လူတို့ကို ဝိုင်း လျက်လိုက် လျက်၊ နုခါရွာမှစ၍နေ ထွက် ရာဘက် ၊ ဂိဗာ မြို့အနား တိုင်အောင် နှိပ် နင်းကြ၏။
Hoopuni iho la lakou i ko Beniamina, a hahai aku la ia lakou, a hahi iho la maluna o lakou ma Menuka, ma ke alo o Gibea, ma ka hikina o ka la.
44 ၄၄ ထိုအခါ ဗင်္ယာမိန် သူရဲ တသောင်း ရှစ်ထောင်တို့သည် လဲ ၍ သေကြ၏။
He umikumamawalu tausani kanaka o Beniamina i haule, he poe kanaka koa keia a pau.
45 ၄၅ ကြွင်းသောသူတို့သည် လှည့် ၍ တော အရပ် ရိမ္မုန် ကျောက် သို့ ပြေး ကြစဉ်တွင်၊ လိုက်သောသူတို့သည် လူ ငါး ထောင် တို့ကို လမ်း မှာ ဖမ်း မိကြ၏။ ဂိဒုံ မြို့တိုင်အောင် အပြင်းလိုက် ၍ လူ နှစ်ထောင် တို့ကိုလည်း သတ် ကြ၏။
Huli lakou, a pee aku i ka waonahele, i ka pohaku o Rimona; a hoiliili lakou i ke koena ma na alanui, elima tausani kanaka, a hahai aku ia lakou a hiki i Gidoma, a luku aku la i elua tausani kanaka.
46 ၄၆ ထို နေ့ တွင် လဲ ၍ သေသော ဗင်္ယာမိန် ထား စွဲ သူရဲ တို့အရေအတွက်ကား၊ နှစ်သောင်း ငါးထောင်တည်း။
A o na kanaka a pau o Beniamina i haule. he iwakaluakumamalima tausani kanaka i unuhi i ka pahikaua. He poe kanaka koa keia a pau.
47 ၄၇ လူ ခြောက် ရာ တို့သည် လှည့် ၍ တော အရပ်ရိမ္မုန် ကျောက် ကို မှီအောင်ပြေး သဖြင့် ၊ ထိုကျောက် အောက်မှာ လေး လ နေ ကြ၏။
Eono haneri kanaka i huli a pee i ka waonahele, malalo o ka pohaku o Rimona, a noho ma ka pohaku o Rimona, i eha malama.
48 ၄၈ ဣသရေလ လူ တို့သည် တဖန် လှည့် ၍ ၊ ဗင်္ယာမိန် အမျိုးသား တို့ကို တိုက်လျက် မြို့ ရွာ၌ ရှိသောလူ ၊ တိရစ္ဆာန် တွေ့ သမျှ တို့ကို ထား နှင့် လုပ်ကြံ ၍၊ တွေ့ သမျှ သောမြို့ ရွာတို့ကို မီး ရှို့ ကြ၏။
Huli hou na kanaka o Iseraela e alo i na mamo a Beniamina, a luku aku la ia lakou i ka maka o ka pahikaua, mai na kanaka aku a na holoholona, a me na mea a pau, i loaa ia lakou. A puhi iho la lakou i na kulanakauhale a pau i ke ahi, ma na wahi a lakou i hiki aku ai.

< တရားသူကြီးမှတ်စာ 20 >