< ယောဟန် 3 >

1 ယုဒ လူတို့တွင် အရာရှိ ဖြစ်သော နိကောဒင် အမည် ရှိသောဖာရိရှဲ တစ်ယောက်သည်၊
There was a man of the Pharisees, named Nicodemus, a ruler of the Jews:
2 ညဉ့် အခါ ယေရှု ထံ တော်သို့ လာ ၍ ၊ အရှင် ဘုရား၊ ကိုယ်တော် သည်ပြ တော်မူသော ဤ နိမိတ် လက္ခဏာတို့ကို ဘုရားသခင် ၏အခွင့်မ ရှိ လျှင် အဘယ်သူ မျှမပြနိုင် သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော် သည် ဘုရားသခင် အထံတော်မှ ကြွလာ တော်မူသောဆရာ ဖြစ် ကြောင်းကို သိ ကြပါ၏ဟုလျှောက် သော်၊
The same came to Jesus by night, and said to him, Rabbi, we know that you are a teacher come from God: for no man can do these miracles that you do, except God be with him.
3 ယေရှု က၊ ဒုတိယ မွေး ခြင်းကို မ ခံသောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို မ မြင် ရ ဟု ငါ အမှန်အကန် ဆိုသည် ဟု ပြန် ၍မိန့် တော်မူ၏။
Jesus answered and said to him, Truly, truly, I say to you, Except a man be born again, he cannot see the kingdom of God.
4 နိကောဒင် ကလည်း၊ အသက်ကြီး သောသူ သည်မွေး ခြင်းကိုအဘယ်သို့ ခံနိုင် ပါမည်နည်း။ အမိ ဝမ်း ထဲသို့ တဖန် ဝင် ၍ မွေးခြင်းကို ခံနိုင် ပါမည်လောဟု လျှောက် ၏။
Nicodemus says to him, How can a man be born when he is old? can he enter the second time into his mother’s womb, and be born?
5 ယေရှု ကလည်း၊ ရေ နှင့် ဝိညာဉ် တော် မ မွေး သောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်သို့ မ ဝင် ရဟု ငါ အမှန်အကန် ဆို၏။
Jesus answered, Truly, truly, I say to you, Except a man be born of water and of the Spirit, he cannot enter into the kingdom of God.
6 ဇာတိ ပကတိမွေး သောအရာ သည် ဇာတိ ပကတိဖြစ် ၏ဝိညာဉ် တော်မွေး သောအရာ သည် ဝိညာဉ် ဖြစ် ၏။
That which is born of the flesh is flesh; and that which is born of the Spirit is spirit.
7 ဒုတိယ မွေး ခြင်းကို ခံရမည်ဟု ငါဟောပြော သည်ကို အံ့ဩ ခြင်းမ ရှိနှင့်။
Marvel not that I said to you, You must be born again.
8 လေ သည် အလိုရှိ တိုင်းသွားလာ ၏။ လေ ၏အသံ ကို သင်သည်ကြား ရသော်လည်း အဘယ် အရပ်က ဖြစ် သည်၊ အဘယ် အရပ်သို့သွား သည်ကိုမ သိ နိုင်။ ထိုနည်းတူ ဝိညာဉ် တော်မွေး သောသူ ဖြစ် သည် ဟု မိန့် တော်မူ၏။
The wind blows where it wants, and you hear the sound thereof, but can not tell from where it comes, and where it goes: so is every one that is born of the Spirit.
9 နိကောဒင် ကလည်း၊ ဤ အမှုအရာသည် အဘယ်သို့ ဖြစ် နိုင် ပါမည်နည်းဟု လျှောက် ပြန်လျှင်၊
Nicodemus answered and said to him, How can these things be?
10 ၁၀ တဖန် ယေရှု က၊ သင် သည် ဣသရေလ လူတို့တွင် ဓမ္မဆရာ ဖြစ် လျက်ပင်ဤ အမူအရာကို မ သိ သလော။
Jesus answered and said to him, Are you a master of Israel, and know not these things?
11 ၁၁ ငါအမှန်အကန် ဆို သည်ကား၊ ငါတို့သည် ကိုယ်သိ သောအရာ ကိုပြော ၏၊ ကိုယ်မြင် သောအရာ ကို သက်သေခံ ၏။ သို့သော်လည်း ငါ တို့၏ သက်သေခံ ချက်ကို သင်တို့သည် မ ခံ မယူကြ။
Truly, truly, I say to you, We speak that we do know, and testify that we have seen; and you receive not our witness.
12 ၁၂ မြေကြီး အရာကို ငါပြော ၍ သင် တို့သည် မ ယုံ လျှင် ၊ ကောင်းကင် အရာကို ငါပြော သောအခါ အဘယ်သို့ ယုံ ကြလိမ့်မည်နည်း။
If I have told you earthly things, and you believe not, how shall you believe, if I tell you of heavenly things?
13 ၁၃ ကောင်းကင် ဘုံက ဆင်းသက် ၍ ကောင်းကင်ဘုံ၌ရှိနေသော လူ သား မှတစ်ပါး အဘယ်သူ မျှကောင်းကင် ဘုံသို့ မ တက် ပြီ။
And no man has ascended up to heaven, but he that came down from heaven, even the Son of man which is in heaven.
14 ၁၄ မောရှေ သည်တော ၌ မြွေ ကို မြှောက် ထားသကဲ့သို့ လူ သား သည် မြှောက် ထားခြင်းကို ခံရမည်။
And as Moses lifted up the serpent in the wilderness, even so must the Son of man be lifted up:
15 ၁၅ အကြောင်းမူကား ၊ ထိုသား တော်ကို ယုံကြည် သောသူအပေါင်း တို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက် ကိုရ မည်အကြောင်းတည်း။ (aiōnios g166)
That whoever believes in him should not perish, but have eternal life. (aiōnios g166)
16 ၁၆ ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ အပေါင်း တို့သည်၊ ပျက်စီး ခြင်းသို့မ ရောက်၊ ထာဝရ အသက် ကို ရ စေခြင်းငှာ ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်း သော သား တော်ကို စွန့် တော်မူသည်တိုင်အောင် လောကီသား ကို ချစ် တော်မူ၏။ (aiōnios g166)
For God so loved the world, that he gave his only begotten Son, that whoever believes in him should not perish, but have everlasting life. (aiōnios g166)
17 ၁၇ လောကီသား တို့အားအပြစ် စီရင်ခြင်းငှာ ၊ ဘုရားသခင် သည်သား တော်ကို ဤ လောက သို့ စေလွှတ် တော်မူသည်မ ဟုတ်။ လောကီသား တို့သည် ကိုယ်တော် အားဖြင့် ကယ်တင် ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။
For God sent not his Son into the world to condemn the world; but that the world through him might be saved.
18 ၁၈ သား တော်ကိုယုံကြည် သောသူ သည် အပြစ် စီရင်ခြင်းကို မ ခံရ။ မ ယုံကြည် သောသူ မူကား ၊ ဘုရားသခင် ၌ တစ်ပါးတည်း သောသား တော်ကို မ ယုံကြည် သောကြောင့် ယခုပင် အပြစ် စီရင်ခြင်းကိုခံရ၏။
He that believes on him is not condemned: but he that believes not is condemned already, because he has not believed in the name of the only begotten Son of God.
19 ၁၉ အပြစ် စီရင်ခြင်းကို ခံရကြောင်း ကား၊ အလင်း သည် ဤလောက သို့ ဝင် ၍၊ လူ တို့သည် မကောင်း သောအကျင့် ကို ကျင့် သောကြောင့် ၊ အလင်း ထက် မှောင်မိုက် ကိုသာ၍ နှစ်သက် ကြ၏။
And this is the condemnation, that light is come into the world, and men loved darkness rather than light, because their deeds were evil.
20 ၂၀ ဆိုးယုတ် သောအကျင့်ကို ကျင့် သောသူ အပေါင်း တို့သည် အလင်း ကိုမြင်ပျင်း ၍ မိမိ တို့ အကျင့် ၌ အပြစ်ပါမည်ကိုမ ထင်ရှား စေခြင်းငှာ အလင်း သို့ မ ချဉ်းကပ် ကြ။
For every one that does evil hates the light, neither comes to the light, lest his deeds should be reproved.
21 ၂၁ သမ္မာတရား ကို ကျင့် သောသူ မူကား ၊ မိမိ အကျင့် တို့သည် ဘုရားသခင် ၏အလိုတော်နှင့်ညီသည်ကို ထင်ရှား စေခြင်းငှာ အလင်း သို့ ချဉ်းကပ် သည် ဟု ဟော တော်မူ၏။
But he that does truth comes to the light, that his deeds may be made manifest, that they are worked in God.
22 ၂၂ ထို နောက်မှ ယေရှု သည် တပည့် တော်တို့နှင့်အတူ ယုဒ ပြည်၏ကျေးလက် သို့ ကြွ တော်မူလျှင်၊ ထို အရပ်၌ တပည့် တော်တို့နှင့်တကွ နေ တော်မူ၍ ဗတ္တိဇံ ကို ပေးလေ၏။
After these things came Jesus and his disciples into the land of Judaea; and there he tarried with them, and baptized.
23 ၂၃ ယောဟန် သည်လည်း ၊ ရှာလိမ် မြို့နှင့်အနီး အဲနုန် အရပ်၌ ရေ များ သောကြောင့် ၊ ဗတ္တိဇံ ကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ ၍ ဗတ္တိဇံ ကို ခံကြ၏။
And John also was baptizing in Aenon near to Salim, because there was much water there: and they came, and were baptized.
24 ၂၄ ယောဟန် သည်ထောင် ထဲသို့ မ ရောက် သေး။
For John was not yet cast into prison.
25 ၂၅ ထိုအခါယောဟန် ၏တပည့် တို့သည် စင်ကြယ် ခြင်းကို အကြောင်း ပြု၍ ယုဒ လူနှင့် ဆွေးနွေး ငြင်းခုံခြင်း ရှိ ကြသဖြင့်၊
Then there arose a question between some of John’s disciples and the Jews about purifying.
26 ၂၆ ယောဟန် ထံသို့ လာ ၍ ၊ အရှင် ဘုရား၊ ယော်ဒန် မြစ်တစ်ဘက် ၌ ကိုယ်တော် နှင့်တကွ ရှိ ၍၊ ကိုယ်တော် သက်သေ ပေးသောသူ သည် ဗတ္တိဇံ ကိုပေးလျက်နေ၏။ ထိုသူ ထံသို့ လူအပေါင်း တို့သည် ရောက် ကြပါ၏ဟု လျှေက် လျှင်၊
And they came to John, and said to him, Rabbi, he that was with you beyond Jordan, to whom you bore witness, behold, the same baptizes, and all men come to him.
27 ၂၇ ယောဟန် က၊ ကောင်းကင် ဘုံမှ ပေး တော်မ မူလျှင် လူ သည် အဘယ် အရာကိုမျှ မ ခံ နိုင် ရာ။ ငါ သည် ခရစ်တော် မ ဟုတ် ။
John answered and said, A man can receive nothing, except it be given him from heaven.
28 ၂၈ ခရစ်တော် ရှေ့ ၌စေလွှတ် သောသူဖြစ် သည်ဟု ငါ ဆိုသည်ကို သင် တို့သည် ငါ ၏သက်သေ ဖြစ်ကြ၏။
You yourselves bear me witness, that I said, I am not the Christ, but that I am sent before him.
29 ၂၉ မင်္ဂလာဆောင်သတို့သမီး ကိုရ သောသူ သည်မင်္ဂလာဆောင် လုလင်ဖြစ် ၏။ မင်္ဂလာဆောင်လုလင် ၏ အနားမှာ နေ၍ သူ ၏စကားကိုကြား ရသော အဆွေ ခင်ပွန်းသည်ထိုစကား သံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ ၏ဝမ်းမြောက် ခြင်းပြည့်စုံ ၏။
He that has the bride is the bridegroom: but the friend of the bridegroom, which stands and hears him, rejoices greatly because of the bridegroom’s voice: this my joy therefore is fulfilled.
30 ၃၀ ထိုသခင် သည် တိုးပွား ခြင်းရှိရ မည်။ ငါ မူကား ဆုတ်ယုတ် ခြင်းရှိရမည်။
He must increase, but I must decrease.
31 ၃၁ အထက် မှလာ သောသူ သည် အလုံးစုံ တို့၏ အထွဋ် ဖြစ် ၏။ မြေကြီး မှ ဖြစ် သောသူ သည် မြေကြီး နှင့် စပ်ဆိုင် ၍ မြေကြီး အရာ ကိုပြော တတ်၏။ ကောင်းကင် ဘုံမှ ကြွလာ သောသူ သည် အလုံးစုံ တို့၏အထွဋ် ဖြစ် တော်မူ၏။
He that comes from above is above all: he that is of the earth is earthly, and speaks of the earth: he that comes from heaven is above all.
32 ၃၂ မြင် သမျှ ကြား သမျှတို့ကိုလည်း သက်သေခံ တော်မူ၏။ ထို သက်သေခံ ချက်ကို အဘယ်သူ မျှမခံ မယူ၊
And what he has seen and heard, that he testifies; and no man receives his testimony.
33 ၃၃ သက်သေခံ တော်မူချက်ကို ခံယူ သောသူ သည်ကား ၊ ဘုရားသခင် သည် သစ္စာစောင့် တော်မူသည်ဟု တံဆိပ် ခတ်၏။
He that has received his testimony has set to his seal that God is true.
34 ၃၄ ဘုရားသခင် စေလွှတ် တော်မူသောသူ သည် ဘုရားသခင် ၏စကား တော်ကို ပြောဆို တတ်၏။ ထိုသူ အား ဘုရားသခင်သည် ဝိညာဉ် တော်ကို အတိုင်း အရှည် မ ရှိဘဲ ပေး တော်မူ၏။
For he whom God has sent speaks the words of God: for God gives not the Spirit by measure to him.
35 ၃၅ ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍၊ ခပ်သိမ်း သောအရာတို့ကို သား တော်လက် သို့ အပ်ပေး တော်မူပြီ။
The Father loves the Son, and has given all things into his hand.
36 ၃၆ သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။ သား တော်ကို ပယ် သောသူ မူကား အသက် ကို မ တွေ့ ရ။ ထိုသူ ၏အပေါ် ၌ဘုရားသခင် ၏ အမျက် တော်တည်နေ သည်ဟု ယောဟန်ဟော လေ၏။ (aiōnios g166)
He that believes on the Son has everlasting life: and he that believes not the Son shall not see life; but the wrath of God stays on him. (aiōnios g166)

< ယောဟန် 3 >