< ယောဘ 31 >

1 ငါသည်အပျို ကို မျှမကြည့်ရှု မည်အကြောင်း ၊ ကိုယ် မျက်စိ နှင့် ပဋိညာဉ် ဝန်ခံခြင်းကို ပြု ပြီ။
A covenant, I solemnised for mine eyes, —How then could I gaze upon a virgin?
2 သို့မဟုတ်အထက် အရပ်က ဘုရား သခင်သည်အဘယ် ကျေးဇူးကို၎င်း၊ မြင့် ရာအရပ်က အနန္တ တန်ခိုးရှင်သည် အဘယ်သို့သော အမွေ ဥစ္စာကို၎င်း ပေးတော်မူမည်နည်း။
Or what would have been my portion of GOD from above? Or what inheritance of the Almighty from on high?
3 ဆိုး သောသူတို့ သည် ပျက်စီး ခြင်းသို့၎င်း၊ မ တရားသဖြင့် ကျင့် သောသူတို့သည် ဆုံးရှုံး ခြင်းသို့၎င်း ရောက်ရကြမည် မ ဟုတ်လော။
Is there not calamity, for the perverse? and misfortune, for the workers of iniquity?
4 ဘုရားသခင်သည် ငါ သွားရာလမ်း တို့ကို မြင် တော်မူသည်မ ဟုတ်လော။ ငါ့ ခြေရာ ရှိသမျှ တို့ကို ရေတွက် တော်မူသည်မဟုတ်လော။
Would, he, not see my ways? and of all my steps, take account?
5 မုသာ လမ်းသို့ ငါလိုက် မိသော်၎င်း ၊ လှည့်စား ခြင်းငှါငါပြေး မိသော်၎င်း၊
Verily I walked not in falsity, nor did my foot haste unto deceit: —
6 မှန် သောချိန်ခွင် ၌ ငါ့ ကိုချိန် ပါစေ။ ဘုရား သခင်သည် ငါ ဖြောင့်မတ် ခြင်းကို သိ တော်မူပါစေ။
Let him weigh me in balances of righteousness, —and let GOD take note of mine integrity!
7 ငါ သည်လမ်း လွှဲ မိသော်၎င်း ၊ ငါ့ စိတ် နှလုံးသည် ငါ့ မျက်စိ အလိုသို့လိုက် မိသော်၎င်း၊ ငါ့ လက် ၌ အညစ် အကြေးကပ် မိသော်၎င်း၊
If my goings have swerved from the way, —and, after mine eyes, hath gone my heart, and, to my hands, hath adhered any stain,
8 ငါကြဲ သောမျိုးစေ့၏ အသီးအနှံကို သူတပါး စား ပါစေ။ ငါ့ ပျိုးပင် များကို သူတပါးနှုတ် ပါစေ။
Let me sow but, another, eat. And let, what I have springing up, be uprooted!
9 သူ့မယား ကို ငါ တပ်မက် မိသော်၎င်း ၊ အိမ်နီးချင်း တံခါး နား မှာ ငါချောင်း မိသော်၎င်း၊
If my heart hath been enticed unto a woman, or, by the door of my neighbour, I have lien in wait,
10 ၁၀ ငါ့ မယား သည် သူတပါး ထံ ၌ ကြိတ်ဆုံကြိတ် ရ ပါစေ။ သူတပါး သည် ငါ့မယားကိုရှုတ်ချ ပါစေ။
Let my wife, grind to another, and, over her, let others bend!
11 ၁၁ ငါသည်ထိုသို့ ပြုမိလျှင် အပြစ် ကြီး၏။ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။
Surely that had been a shameful thing! and that an iniquity for the judges!
12 ၁၂ ထိုအပြစ်သည် အကုန်အစင်လောင် သောမီး ၊ ငါ့ စည်းစိမ် ရှိသမျှ ကိုသုတ်သင်ပယ်ရှင်း သောမီးဖြစ်၏။
Surely, a fire, had that been, which, unto destruction, would have consumed, and, of all mine increase, had it torn up the root.
13 ၁၃ ငါ့ ကျွန် နှင့် ငါ့ ကျွန် မသည် ငါ နှင့်တရား တွေ့စရာ အမှုရှိသောအခါ ၊ ငါနား မထောင်ဘဲနေမိလျှင်၊
If I refused the right of my servant, or my handmaid, when they contended with me,
14 ၁၄ ဘုရား သခင်ထ တော်မူသောအခါ အဘယ်သို့ ငါပြု ရမည်နည်း။ စစ်ကြော တော်မူသောအခါ အဘယ်သို့ ပြန် လျှောက်ရမည်နည်း။
What then could I have done when GOD rose up? And, when he visited, what could I have answered him?
15 ၁၅ ငါ့ ကို ဖန်ဆင်း တော်မူသောဘုရားသည် သူ့ ကိုလည်း ဖန်ဆင်း တော်မူသည်မ ဟုတ်လော။ တပါး တည်း သောဘုရားသည် ငါ တို့နှစ်ယောက်ကို အမိဝမ်း ထဲ ၌ဖန်ဆင်း တော်မူသည်မဟုတ်လော။
Did not he who, in the womb, made me, make him? And is not he who formed us in the body one?
16 ၁၆ ငါသည် ဆင်းရဲသား တောင့်တ သော အရာကို မ ပေးဘဲနေဘူးသလော။ မုတ်ဆိုးမ မျက်စိ ကို ပျက် စေခြင်းငှါပြုဘူးသလော။
If I withheld—from pleasure—the poor, or, the eyes of the widow, I dimmed;
17 ၁၇ မိဘ မရှိသောသူတို့အား စား စရာကိုမ မျှဘဲ၊ ငါတ ယောက်တည်း စား ဘူးသလော။
Or, used to eat my morsel alone, so that the fatherless did not eat thereof;
18 ၁၈ ဆင်းရဲသားသည် အဘ ထံမှာ နေသကဲ့သို့ ၊ ငါ့ အသက် ငယ်စဉ်ကာလမှစ၍ ငါ နှင့်အတူ ကျွေးမွေးခြင်းကိုခံ ပြီ။ ငါသည် ဘွားမြင် သောနေ့ မှစ၍ မုတ်ဆိုးမကို မစ ပြီ။
Surely, from my youth, he grew up to me, as to a father, and, from my birth, I acted as guide to her:
19 ၁၉ အဝတ် မ ရှိသောကြောင့်သေခြင်း သို့ ရောက် သော သူတစုံတယောက်နှင့် ၊ ခြုံ စရာမ ရှိဘဲ ဆင်းရဲ စွာနေသောသူ တစုံတယောက်ကို ငါမြင် ၍၊
If I saw one perishing for lack of clothing, or that the needy had no covering;
20 ၂၀ သူ ၏ခါး သည် ငါ့ ကို ကောင်းကြီး မ ပေး။ ငါ့ သိုး မွေး အားဖြင့် မနွေး ဘဲနေသော်၎င်း၊
If his loins did not bless me, or if, with the fleece of my lambs, he did not warm himself;
21 ၂၁ ရုံး တော်တွင် ငါ့ ဘက်၌ နေသောမင်းကို ငါသည် မြင် ၍ ၊ မိဘ မရှိသောသူကို ညှဉ်းဆဲ မိသော်၎င်း၊
If I shook—against the fatherless—my hand, when I saw, in the gate, his need of my help,
22 ၂၂ ငါ့ လက်မောင်း သည် ပခုံး က ကျ ပါစေ။ ငါ့ လက် ရိုး ကျိုး ပါစေ။
Let, my shoulder, from the shoulder-blade, fall, and, my arm, from the upper bone, be broken;
23 ၂၃ ငါ သည် ဘုရား သခင်ဖျက်ဆီး တော်မူခြင်းဘေး ကို ကြောက်ရွံ့ ၍ ၊ တန်ခိုး အာနုဘော်တော်ကြောင့် မ ပြစ်မှား ဝံ့ဘဲနေပါပြီ။
For, a dread unto me, was calamity from GOD, and, from his majesty, I could not escape.
24 ၂၄ ငါ သည်ရွှေ ကိုကိုးစား ၍ ရွှေစင် အား ၊ သင်သည် ငါ ခိုလှုံ ရာဖြစ်၏ဟုဆို မိသော်၎င်း၊
If I made gold my stay, and, to precious metal, said, My confidence!
25 ၂၅ ငါ ၌စည်းစိမ် ကြီး ၍ များစွာသော ဥစ္စာရ တတ် သောကြောင့် ၊ ငါဝါကြွားဝမ်းမြောက် မိသော်၎င်း၊
If I rejoiced because great was my substance, and, an abundance, my hand had discovered;
26 ၂၆ ရောင်ခြည် ထွက်သောနေ ၊ ထွန်းလင်း လျက် သွား သောလ ကိုငါကြည့်ရှု သောအခါ၊
If I looked at the sun, when it flashed forth light, or at the moon, majestically marching along;
27 ၂၇ ငါ့ စိတ် နှလုံးသည် တိတ်ဆိတ် စွာ နူးညွတ် ၍ ငါ့ လက် ကို ငါနမ်း မိသော်၎င်း၊
And befooled secretly was my heart, so that my hand kissed my mouth,
28 ၂၈ ရာဇဝတ် ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရား သခင်ကို ငြင်းပယ် ရာ ရောက်၏။
That too, had been a judicial iniquity, For I should have been false to GOD, above.
29 ၂၉ ငါ့ ကိုမုန်း သောသူသည် ပျက်စီး သောအခါ ငါဝမ်းမြောက် သလော။ သူ ၌ဘေး ရောက် သောအခါ ၊ ငါဝါကြွား သလော။
If rejoiced in the misfortune of him that hated me, or exulted when calamity found him; —
30 ၃၀ ငါသည်သူ့ အသက် ကို ကျိန်ဆဲ ၍၊ ကိုယ် နှုတ် ၌ အပြစ် ရောက်စေ ခြင်းငှါ အခွင့် မ ပေး။
Neither did I suffer my palate to sin, by asking, with a curse, for his life:
31 ၃၁ ငါ့ အိမ်သူ အိမ်သားတို့က၊ အဘယ်သူ သည် ငါတို့သခင်၏ အမဲသား ကို တောင့်တ၍ မ ဝ ဘဲနေရ သနည်းဟု မ ဆို တတ်သလော။
If the men of my household have not said, Oh for some of his flesh—we cannot get filled,
32 ၃၂ ဧည့်သည် သည် လမ်း ၌ ညဉ့် ကို မ လွန်ရမည်အကြောင်း၊ ငါသည် ခရီး သွားသောသူတို့ အား ကိုယ် တံခါး ကို ဖွင့် ထားပြီ။
Outside, the sojourner lodged not for the night, My doors—to the wayfarer, I threw open.
33 ၃၃ ငါသည်လူ ပြုတတ်သကဲ့သို့ ၊ ကိုယ် ဒုစရိုက် ကိုဖုံး ၍၊ ကိုယ် ရင် ထဲ ၌ကိုယ် အပြစ် ကိုဝှက် ထားဘူးသလော။
If I covered, like Adam, my transgressions, by hiding in my bosom mine iniquity,
34 ၃၄ ထိုသို့ပြုမိလျှင်၊ ကြီး သော ပရိသတ် ရှေ့မှာ ငါ့မျက်နှာ ပျက်ပါစေ။ လူ အမျိုးမျိုးတို့သည် ကဲ့ရဲ့ ၍ ငါ့ အရှက်ကွဲပါစေ။ အိမ်ပြင်သို့မ ထွက် ဘဲ တိတ်ဆိတ် စွာ နေရပါစေ။
Then let me be made to tremble at a great throng, yea let, the contempt of families, terrify me, so that, keeping silence, I shall not go out of the door!
35 ၃၅ တစုံတယောက် သောသူ သည် ငါ့ စကားကို နားထောင် ပါစေသော။ ငါ့ လက်မှတ် ကိုငါ ပေး မည်။ အနန္တ တန်ခိုးရှင်သည် ငါ့ ကိုစစ်ကြောတော်မူပါစေ။ ငါ့ တရား တွေ့ဘက်သည် စာ ထား ပါစေ။
Oh that I had one to hear me, Lo! my crossmark, May, the Almighty, answer me! And would that, a book, mine opponent had written!
36 ၃၆ အကယ် စင်စစ်ထိုစာကို ပခုံး ပေါ် မှာ ငါတင် ထားပါမည်။ ဗေါင်း ကဲ့သို့ဆောင်းပါမည်။
Oh! would I not, upon my shoulder, lift it, or bind it as a crown upon me;
37 ၃၇ ငါသည် ကိုယ် အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်း ကဲ့သို့ အထံတော်သို့ ချဉ်းကပ် ပါမည်။
The number of my footsteps, I would declare to him, Like a noble, would I draw near to him.
38 ၃၈ ငါ့ မြေ သည် ငါ့ ကို အပြစ်တင်သဖြင့်၊ အော်ဟစ် ၍ လည်ချောင်းတို့သည် တညီတည်း မြည်တမ်း သော်၎င်း၊
If, against me, my ground used to cry out, and, together, my ridges did weep;
39 ၃၉ စရိတ် မ ကုန်ဘဲမြေအသီးအနှံ ကို ငါစား ၍ မြေဆိုင် သောသူတို့ကို ညှဉ်းဆဲ မိသော်၎င်း၊
If, the strength thereof, I used to eat, without payment, and, the soul of the holders thereof, I made groan;
40 ၄၀ စပါး ပင်အတွက် ဆူး ပင်ပေါက် ပါစေ။ မုယော ပင်အတွက် ဗောရှ ပင်ပေါက်ပါစေဟုမြွက်ဆို၏။ ယောဘ မြွက်ဆိုသောစကား ပြီး ၏။
Instead of wheat, let there come forth bramble, and, instead of barley, a bad-smelling weed! Ended are the words of Job.

< ယောဘ 31 >