< ယောဘ 17 >

1 ငါ့ အသက် ကုန်ပြီ။ ငါ နေရသော ကာလ လွန်ပြီ။ သင်္ချိုင်း သည် ငါ့ အဘို့ ဖြစ်၏။
רוּחִ֣י חֻ֭בָּלָה יָמַ֥י נִזְעָ֗כוּ קְבָרִ֥ים לִֽי׃
2 ကဲ့ရဲ့ တတ်သောသူတို့ သည် ငါ့ ရှေ့ မှာရှိကြသည်မ ဟုတ်လော။ သူ တို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါ ကြည့်မြင်ရသည်မဟုတ်လော။
אִם־לֹ֣א הֲ֭תֻלִים עִמָּדִ֑י וּ֝בְהַמְּרֹותָ֗ם תָּלַ֥ן עֵינִֽי׃
3 အပေါင် ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူ သည် ငါနှင့်ဂတိသစ္စာထားမည်နည်း။
שִֽׂימָה־נָּ֭א עָרְבֵ֣נִי עִמָּ֑ךְ מִֽי ה֝֗וּא לְיָדִ֥י יִתָּקֵֽעַ׃
4 ကိုယ်တော်သည် သူ တို့ဉာဏ် ကိုကွယ် စေတော်မူသည်ဖြစ်၍ ၊ သူတို့ကို ချီးမြှောက် တော်မ မူရ။
כִּֽי־לִ֭בָּם צָפַ֣נְתָּ מִּשָּׂ֑כֶל עַל־כֵּ֝֗ן לֹ֣א תְרֹמֵֽם׃
5 အကြင်သူသည် ဥစ္စာ ကိုလုယူအံ့သောငှါအဆွေ ခင်ပွန်းကို အပ်၏၊ ထိုသူ ၏သား တို့သည် မြော်လင့်၍ စိတ်ပျက် ရကြလိမ့်မည်။
לְ֭חֵלֶק יַגִּ֣יד רֵעִ֑ים וְעֵינֵ֖י בָנָ֣יו תִּכְלֶֽנָה׃
6 ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။
וְֽ֭הִצִּגַנִי לִמְשֹׁ֣ל עַמִּ֑ים וְתֹ֖פֶת לְפָנִ֣ים אֶֽהְיֶֽה׃
7 ဝမ်းနည်း ခြင်းအားကြီးသောကြောင့်ငါ့ မျက်စိ မှုန် ၏။ ကိုယ် အင်္ဂါများတို့သည် အရိပ် ကဲ့သို့ ဖြစ်ကြ၏။
וַתֵּ֣כַהּ מִכַּ֣עַשׂ עֵינִ֑י וִֽיצֻרַ֖י כַּצֵּ֣ל כֻּלָּֽם׃
8 ဖြောင့်မတ် သောသူတို့ သည် ဤ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ အပြစ် ကင်းလွတ်သောသူတို့ သည် အဓမ္မ လူများတစ်ဘက် က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။
יָשֹׁ֣מּוּ יְשָׁרִ֣ים עַל־זֹ֑את וְ֝נָקִ֗י עַל־חָנֵ֥ף יִתְעֹרָֽר׃
9 ဖြောင့်မတ် သောသူတို့ သည်လည်း တည်ကြည်ခြင်း၊ လက် စင်ကြယ် သောသူတို့သည် ခွန်အား တိုးပွါးခြင်း ရှိကြလိမ့်မည်။
וְיֹאחֵ֣ז צַדִּ֣יק דַּרְכֹּ֑ו וּֽטֳהָר־יָ֝דַ֗יִם יֹסִ֥יף אֹֽמֶץ׃
10 ၁၀ သင်တို့မူကား တယောက် မျှမကြွင်း၊ ပြန် သွားကြပါ တော့။ သင် တို့တွင် ပညာရှိ တစုံတယောက်ကိုမျှ ငါ မ တွေ့ နိုင်။
וְֽאוּלָ֗ם כֻּלָּ֣ם תָּ֭שֻׁבוּ וּבֹ֣אוּ נָ֑א וְלֹֽא־אֶמְצָ֖א בָכֶ֣ם חָכָֽם׃
11 ၁၁ ငါ့ နေ့ ရက်လွန် ပြီ။ ငါနှလုံး သွင်းမိသော အကြံအစည် တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
יָמַ֣י עָ֭בְרוּ זִמֹּתַ֣י נִתְּק֑וּ מֹ֖ורָשֵׁ֣י לְבָבִֽי׃
12 ၁၂ ညဉ့် သည် ငါ၌ နေ့ ကဲ့သို့ဖြစ်၍၊ ငါ့အလင်း သည် မှောင်မိုက် နှင့် နီးစပ် ၏။
לַ֭יְלָה לְיֹ֣ום יָשִׂ֑ימוּ אֹ֝֗ור קָרֹ֥וב מִפְּנֵי־חֹֽשֶׁךְ׃
13 ၁၃ သင်္ချိုင်း သည် ငါ့ နေရာ ဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့ အိပ်ရာ သည် မှောင်မိုက် ၌ ခင်း လျက်ရှိ၏။ (Sheol h7585)
אִם־אֲ֭קַוֶּה שְׁאֹ֣ול בֵּיתִ֑י בַּ֝חֹ֗שֶׁךְ רִפַּ֥דְתִּי יְצוּעָֽי׃ (Sheol h7585)
14 ၁၄ ပုပ်စပ် ခြင်းအား ၊ သင် သည် ငါ့ အဘ ဖြစ်၏ဟူ၍၎င်း၊ တီကောင် အား သင်သည်ငါ့ အမိ ၊ ငါ့ နှမ ဖြစ် သည်ဟူ၍၎င်း ငါဆို ရ၏။
לַשַּׁ֣חַת קָ֭רָאתִי אָ֣בִי אָ֑תָּה אִמִּ֥י וַ֝אֲחֹתִ֗י לָֽרִמָּֽה׃
15 ၁၅ သို့ဖြစ်၍ အဘယ်သို့ ငါ မြော်လင့် ရသနည်း။ ငါ မြော်လင့် စရာအကြောင်းကို အဘယ်သူ မြင် ရသနည်း။
וְ֭אַיֵּה אֵפֹ֣ו תִקְוָתִ֑י וְ֝תִקְוָתִ֗י מִ֣י יְשׁוּרֶֽנָּה׃
16 ၁၆ ထိုအကြောင်းသည် မရဏ နိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့် ၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။ (Sheol h7585)
בַּדֵּ֣י שְׁאֹ֣ל תֵּרַ֑דְנָה אִם־יַ֖חַד עַל־עָפָ֣ר נָֽחַת׃ ס (Sheol h7585)

< ယောဘ 17 >