< ဟောရှေ 8 >

1 တံပိုး မှုတ် လော့။ ရန်သူသည် ရွှေလင်းတ ကဲ့သို့ ထာဝရဘုရား ၏အိမ် တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ ပဋိညာဉ် ကို ဖျက် ၍ ငါ့ တရား ကို လွန်ကျူး ကြပြီ။
אֶל־חִכְּךָ֣ שֹׁפָ֔ר כַּנֶּ֖שֶׁר עַל־בֵּ֣ית יְהוָ֑ה יַ֚עַן עָבְר֣וּ בְרִיתִ֔י וְעַל־תֹּורָתִ֖י פָּשָֽׁעוּ׃
2 သို့ရာတွင်၊ သူတို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်၊ အကျွန်ုပ်တို့သည် ဣသရေလ အမျိုးဖြစ်၍ကိုယ်တော် ကို သိ ကြပါ၏ဟု ငါ့ အား ကြွေးကြော် ကြသည်တကား။
לִ֖י יִזְעָ֑קוּ אֱלֹהַ֥י יְֽדַעֲנ֖וּךָ יִשְׂרָאֵֽל׃
3 ဣသရေလ အမျိုးသည် ကောင်း သောအရာကို စွန့်ပစ် သောကြောင့်၊ ရန်သူ ညှဉ်းဆဲ ခြင်းကိုခံရလိမ့်မည်။
זָנַ֥ח יִשְׂרָאֵ֖ל טֹ֑וב אֹויֵ֖ב יִרְדְּֽפֹו׃
4 သူ တို့သည် ငါ ၏အခွင့်မ ရှိဘဲ ကိုယ်အလို အလျောက်ရှင်ဘုရင်တို့ကို ချီးမြှောက် ကြပြီ။ ငါမ သိရ ဘဲ မင်းတို့ကို ခန့်ထား ကြပြီ။ ကိုယ်အကျိုးနည်း စေခြင်းငှါ ၊ ကိုယ် ရွှေ ငွေ နှင့် ကိုယ် အဘို့ ရုပ်တု များကိုလုပ် ကြပြီ။
הֵ֤ם הִמְלִיכוּ֙ וְלֹ֣א מִמֶּ֔נִּי הֵשִׂ֖ירוּ וְלֹ֣א יָדָ֑עְתִּי כַּסְפָּ֣ם וּזְהָבָ֗ם עָשׂ֤וּ לָהֶם֙ עֲצַבִּ֔ים לְמַ֖עַן יִכָּרֵֽת׃
5 အိုရှမာရိ ၊ သင် ၏ နွားသငယ် ကို စွန့်ပစ် လော့။ ကိုးကွယ်သော သူများကို ငါ အမျက် ထွက် ၏။ သူတို့သည် အဘယ်မျှ ကာလ ပတ်လုံးသန့်ရှင်း ခြင်းတရားကို မ မှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။
זָנַח֙ עֶגְלֵ֣ךְ שֹֽׁמְרֹ֔ון חָרָ֥ה אַפִּ֖י בָּ֑ם עַד־מָתַ֕י לֹ֥א יוּכְל֖וּ נִקָּיֹֽן׃
6 ထိုနွားသငယ်သည် ဣသရေလ အမျိုး ကြံစည်၍ ဖြစ်၏။ ဆရာသမား လုပ် သောကြောင့် ဘုရား မ ဟုတ်။ အကယ် စင်စစ်ရှမာရိ နွားသငယ် သည် အပိုင်းပိုင်း ကျိုးပဲ့ရလိမ့်မည်။
כִּ֤י מִיִּשְׂרָאֵל֙ וְה֔וּא חָרָ֣שׁ עָשָׂ֔הוּ וְלֹ֥א אֱלֹהִ֖ים ה֑וּא כִּֽי־שְׁבָבִ֣ים יִֽהְיֶ֔ה עֵ֖גֶל שֹׁמְרֹֽון׃
7 လေ မျိုးစေ့ကို ကြဲ ၍ လေဘွေ စပါး ကိုရိတ် ရကြ လိမ့်မည်။ စပါးပင် မ ရှိရ။ အနှံ ထဲက မုန့်ညက် မ ထွက် ရ။ ထွက် သော်လည်း တကျွန်း တနိုင်ငံသားတို့သည် စား ကြ လိမ့်မည်။
כִּ֛י ר֥וּחַ יִזְרָ֖עוּ וְסוּפָ֣תָה יִקְצֹ֑רוּ קָמָ֣ה אֵֽין־לֹ֗ו צֶ֚מַח בְּלִ֣י יַֽעֲשֶׂה־קֶּ֔מַח אוּלַ֣י יַֽעֲשֶׂ֔ה זָרִ֖ים יִבְלָעֻֽהוּ׃
8 ဣသရေလ အမျိုးသည် တိမ်မြုပ် လေပြီ။ အဘယ် သူမျှ မနှစ်သက် သော တန်ဆာ ကဲ့သို့ တပါးအမျိုးသား တို့ တွင် ရှိ ရလိမ့်မည်။
נִבְלַ֖ע יִשְׂרָאֵ֑ל עַתָּה֙ הָי֣וּ בַגֹּויִ֔ם כִּכְלִ֖י אֵֽין־חֵ֥פֶץ בֹּֽו׃
9 အာရှုရိ ပြည်သို့ အလိုလိုသွား လေပြီတကား။ ဧဖရိမ် သည် ကိုယ် အဘို့ တကောင် တည်းနေသောမြည်းရိုင်း ကဲ့သို့ဖြစ်၍၊ ရည်းစား တို့အား ဆုချ လေပြီ။
כִּֽי־הֵ֙מָּה֙ עָל֣וּ אַשּׁ֔וּר פֶּ֖רֶא בֹּודֵ֣ד לֹ֑ו אֶפְרַ֖יִם הִתְנ֥וּ אֲהָבִֽים׃
10 ၁၀ တပါးအမျိုးသား တို့အား ဆုချ သော်လည်း ၊ ချက်ခြင်း လူ များကို ငါစုဝေး စေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်း များတင်သော ဝန် ကို ပင်ပန်း စွာ ထမ်းရကြ လိမ့်မည်။
גַּ֛ם כִּֽי־יִתְנ֥וּ בַגֹּויִ֖ם עַתָּ֣ה אֲקַבְּצֵ֑ם וַיָּחֵ֣לּוּ מְּעָ֔ט מִמַּשָּׂ֖א מֶ֥לֶךְ שָׂרִֽים׃
11 ၁၁ ဧဖရိမ် သည် များစွာသော ယဇ် ပလ္လင်တို့ကို အပြစ်အဘို့ လုပ် သောကြောင့် ၊ ယဇ် ပလ္လင်တို့ကို သူ ၏ အပြစ် ဟူ၍ မှတ် ရလိမ့်မည်။
כִּֽי־הִרְבָּ֥ה אֶפְרַ֛יִם מִזְבְּחֹ֖ת לַחֲטֹ֑א הָיוּ־לֹ֥ו מִזְבְּחֹ֖ות לַחֲטֹֽא׃
12 ၁၂ ငါ့ တရား ၏ ထူးဆန်း သောအရာတို့ကို သူ့ အဘို့ ငါရေး ထားပြီ။ သို့သော်လည်း၊ ရိုင်း သော အရာဟူ၍ သူသည် မှတ် လေပြီတကား။
אֶכתֹוב־ (אֶ֨כְתָּב)־לֹ֔ו רִבֹּו (רֻבֵּ֖י) תֹּֽורָתִ֑י כְּמֹו־זָ֖ר נֶחְשָֽׁבוּ׃
13 ၁၃ ငါ နှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော်သောသူတို့ သည် ပူဇော်၍ ကိုယ်တိုင်စား ကြ၏။ ထာဝရဘုရား သည် သူ တို့ကို လက်ခံ တော်မ မူ။ သူ တို့အပြစ် များ ကို ချက်ခြင်း အောက်မေ့ ၍ စစ်ကြော တော်မူသော အားဖြင့် ၊ သူ တို့သည် အဲဂုတ္တု ပြည်သို့ ပြန် သွားရကြ လိမ့်မည်။
זִבְחֵ֣י הַבְהָבַ֗י יִזְבְּח֤וּ בָשָׂר֙ וַיֹּאכֵ֔לוּ יְהוָ֖ה לֹ֣א רָצָ֑ם עַתָּ֞ה יִזְכֹּ֤ר עֲוֹנָם֙ וְיִפְקֹ֣ד חַטֹּאותָ֔ם הֵ֖מָּה מִצְרַ֥יִם יָשֽׁוּבוּ׃
14 ၁၄ ဣသရေလ သည် သူ့ ကို ဖန်ဆင်း တော်မူသောသခင်ကိုမေ့လျော့ ၍ ဘုံ ဗိမာန်များကို တည်ဆောက် တတ် ၏။ ယုဒ သည်လည်း ခိုင်ခံ့ သော မြို့ တို့ကို များပြား စေ တတ်၏။ သို့ရာတွင် ၊ ငါသည် ထို မြို့ များတို့ကို မီး ရှို့၍ ဘုံ ဗိမာန်များတို့ကို မီးလောင် ရလိမ့်မည်။
וַיִּשְׁכַּ֨ח יִשְׂרָאֵ֜ל אֶת־עֹשֵׂ֗הוּ וַיִּ֙בֶן֙ הֵֽיכָלֹ֔ות וִֽיהוּדָ֕ה הִרְבָּ֖ה עָרִ֣ים בְּצֻרֹ֑ות וְשִׁלַּחְתִּי־אֵ֣שׁ בְּעָרָ֔יו וְאָכְלָ֖ה אַרְמְנֹתֶֽיהָ׃ ס

< ဟောရှေ 8 >